← Chapters

အပိုင်း(၁၆၃)-အမုန်းတရားက နက်ရှိုင်းတယ်

Vol. 002 Ch. 163

အပိုင်း(၁၆၃)-အမုန်းတရားက နက်ရှိုင်းတယ်

Vol. 002 Ch. 163

“ဘာလို့လဲ” ရှီမာယူယူသည် နားမလည်ပါ၊ ထို့ကြောင့်အားလုံး စဉ်းစားနေသော မေးခွန်းကိုမေးလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းတို့မှာ မင်းတို့သရုပ်မှန်ကိုပြဖို့ ဘာသက်သေမှမရှိဘူး” ဘိုင်ယွန်ရွှီပြောလေသည် “ဒီနေရာက မင်းတို့ ဖြတ်လမ်းတည်ဆောက်မှုကိုသုံးချင်ရင် သရုပ်မှန်ကို သက်သေပြဖို့လိုတယ်၊ မင်းတို့မှာ မရှိရင် ကတ်လုပ်ပေးတဲ့ ဝိညာဉ်သခင်ကျောင်းတော်ကိုသွားရမယ်၊ အပြင်က ငါတို့ အဟွတ် အဟွတ်… ငါတို့က ပြည်နှင်ဒဏ်ပေးခံရတဲ့သူတွေနဲ့ မတူဘူး… မင်းတို့က ပြည်နှင်ဒဏ်ပေးခံတဲ့နေရာကလာတာဆိုတာ သိသွားရင် ရမလားဆိုတာ အာမမခံနိုင်ဘူး၊ ငါ့နောက်လိုက်ခဲ့ရင် ဘာပြဿနာမှမရှိဘူး”

“မင်းက လူတကာအသိအမှတ်ပြုလား” ဖက်တီးကျူမေးလိုက်သည်။

“ငါတို့စစ်သားတွေက တည်ဆောက်မှုကို သုံးတဲ့အခါမှာ သက်သေခံကတ်ပြားကို တစ်ယောက်ချင်းစီပြဖို့ မလိုဘူး၊ အဲအချိန်ကျရင် မင်းတို့က ငါတို့စစ်သားတွေလိုပဲ လိုက်လာခဲ့မယ်ဆိုရင် အဆင်ပြေမှာပဲ” ဘိုင်ယွန်ရွှီပြောလိုက်သည်။

ဒီနေရာတောင်မှ သက်သေခံကတ်ပြားလိုအပ်သည်။ တစ်ခဏတွင် ရှီမာယူယူသည် အရင်က ဘယ်သွားသွား သက်သေခံကတ်ပြားလိုသည်ကို တွေးမိသွားသည်။

သူမ တခြားသူများကိုကြည့်လိုက်ရာ သူတို့သည် အဆင်ပြေသည့်ပုံစံဖြင့်ပြန်ကြည့်သဖြင့် သူမ ပြန်ဖြေလိုက်သည်။ “ဒီလိုဆိုလည်း ငါတို့ မင်းနောက်ကို အရင်လိုက်ခဲ့မယ်၊ ဒါပေမယ့် ဒါက မင်းတို့ကို အနှောင်အယှက်ဖြစ်သွားလား”

“မဖြစ်ပါဘူး၊ ငါတို့ဒီနေရာကိုလာတာ မစ်ရှင်လုပ်ဖို့ပဲ အခု ခရမ်းရောင်မြေခွေးကို ငါတို့ဖမ်းရမယ်”

သူ ခရမ်းရောင်မြေခွေးအကြောင်းပြောမှပင် အားလုံးသည် သူနှင့် မျက်လုံးနီသုံးလုံးဝက်တို့ ပြောသော စကားများအား စဉ်းစားမိကာ ပြုံးမိကြလေသည်။

ရှီမာယူယူနှင့် တခြားသူများ စဉ်းစားနေကြသည်ကို ဘိုင်ယွန်ရွှီသိသဖြင့် ခေါင်းကုတ်ကာ ရှက်ရှက်ဖြင့် ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် ခရမ်းရောင်မြေခွေးဘယ်ပြေးသွားလဲ မသိလိုက်ဘူး၊ မင်းတို့ကို ငါတို့ စခန်းကိုအရင်ခေါ်သွားမယ်”

“ကောင်းပြီ”

ဘိုင်ယွန်ရွှီသည် သူတို့အား စခန်းရှိရာဘက်သို့ခေါ်သွားလေသည်။ လမ်းတွင် သူတို့သည် တစ်စုံတစ်ခုအား သတိထားမိကြသည်။ ဒီလူသည် အရည်အချင်းရှိသောလူဖြစ်၍ လမ်းကြောင်းသွားရာတွင် တုံးသည်။ သူသည် လမ်းကြောင်းသွားရာတွင် မျက်လုံးနီသုံးလုံးဝက်ကိုသာ လုံးဝမှီခိုသည်။

ထို့ကြောင့် အမဲလိုက်ခွေးအပြင် ဒီမျက်လုံးနီသုံးလုံးဝက်သည် လမ်းပြခွေးလိုအသုံးခံရတာပေါ့။

ဒီလိုပိုင်ရှင် ရှိသည်မှာ… အားလုံးသည် မျက်လုံးနီသုံးလုံးဝက်အား သနားသဖြင့်ကြည့်လိုက်ကြသည်။

နေ့တစ်ဝက်လောက်လျှောက်ပြီးချိန်တွင် သူတို့သည် ကျယ်ပြန့်သော နေရာသို့ရောက်လာကြကာ သစ်ပင်များ၏ အလယ်တွင် တဲဆယ်ခုထိုးထားလေသည်။

ဘိုင်ယွန်ရွှီပေါ်လာသည်ကို မြင်သည်နှင့် သဲစင်ရော်စစ်တပ်မှ လူများသည် ရောက်လာကြသည်။ သတ်လတ်ပိုင်းအရွယ်လူကြီးသည် လျှောက်လာကာ သူ့နောက်ကျောအားပုတ်လိုက်ပြီး ပြောလိုက်သည် “သခင်လေး ကိုယ့်ဘာသာဘယ်တွေသွားနေတာလဲ၊ စိုးရိမ်လို့သေတော့မယ်”

ရှီမာယူယူနှင့် တခြားသူများသည် ဘိုင်ယွန်ရွှီအား အံ့သြစွာကြည့်လိုက်ကြသည်။ သူသည် သဲစင်ရော်စစ်တပ်၏ သခင်လေးဖြစ်မည်ဟု ဘယ်သူမှထင်မထားပေ။

ဘိုင်ယွန်ရွှီသည် အားလုံးအား တောင်းပန်သလိုကြည့်ကာ ပြောလိုက်သည် “ဦးလေးလင်း၊ ကျွန်တော် ခရမ်းရောင်မြေခွေးမြင်တာနဲ့ ဖမ်းချင်လို့ အနီးအနားတွေ လျှောက်ကြည့်နေတာ”

“ဘာလို့ ကိုယ့်ဘာသာ လိုက်နေတာလဲ” လီကီသည် ဘိုင်ယွန်ရွှီအား ခွင့်မပြုသည့်သဘောနှင့် ပြောလိုက်သည် “သွားရင်းနဲ့ အံ့ဖွယ်သားရဲနဲ့တွေ့ရင် ဘာဖြစ်မလဲ သွားရင်းနဲ့ လမ်းရှာမတွေ့တော့ပဲ ဝေးဝေးသွားရင်ရော”

“ကျွန်တော်ပြန်မလာတော့ဘူးလား” ဘိုင်ယွန်ရွှီသည် ခေါင်းအားထိလိုက်သည် “ပြီးတော့ ကျွန်တော် လူတချို့ခေါ်လာတယ်၊ ကောင်းပြီ အကုန်လုံးကိုမိတ်ဆက်ပေးမယ်၊ ဒါက တောင်ပေါ်မှာ တွေ့လာတဲ့ သူငယ်ချင်းတွေပဲ၊ ဒါက ရှီမာယူယူ၊ ဝေကျိရွှီ၊ ဖက်တီးကျူ၊ ဝူရန်ဖေနဲ့ ဒီမိန်းမလှလေးကတော့ ဘေဂုံထန်”

“ရှီမာယူယူ ဟုတ်လား၊ ရှီမာမျိုးနွယ်က လူလား” လီကီသည် ရှီမာယူယူအား ကြည့်ရာ သူ့မျက်လုံးတွင် အကြင်နာမဲ့သော အရိပ်အယောင်များပေါ်နေသည်။

“မဟုတ်ဘူး မဟုတ်ဘူး” ဘိုင်ယွန်ရွှီသည် အလျင်အမြန်ရှင်းပြသည် “ရှီမာယူယူက ဒုံချန်းတိုင်းပြည်ကပဲ သူက ရှီမာမျိုးနွယ်ကမဟုတ်ဘူး”

သူတို့သည် ဒုံချန်းတိုင်းပြည်ကလူဖြစ်သည်ကို ကြားချိန်တွင် သူတို့အားအထင်သေးလိမ့်မည်ဟု ရှီမာယူယူနှင့် တခြားသူများသည်ထင်ခဲ့ကြသည်။ သို့သော် အားလုံး၏ မျက်နှာအမူအရာသည် ပြောင်းလဲခြင်းမရှိပေ။

“ရှီမာမျိုးနွယ်ကလူမဟုတ်ရင်ပြီးတာပဲ” လီကီပြာလိုက်သည်။

ကြည့်ရသည်မှာ အားလုံးသည် ရှီမာမျိုးနွယ်နှင့်ပတ်သတ်၍ ကြီးမားသော ထင်မြင်ချက်ရှိသည့်ပုံပင်။

“ယူယူ ဒါကဦးလေးလီ” ဘိုင်ယွန်ရွှီသည် လီကီအားညွှန်ပြလေသည် “သူက ဒီမှာအသန်ဆုံးပဲ”

“မင်းလျှောက်ကြည့်လို့ရပါတယ်” ဦးလေးလီသည် သူတို့အားပြောပြီးနောက် ဘိုင်ယွန်ရွှီဘက်လှည့်ကာ “သခင်လေးကို ကျွန်တော်တင်ပြစရာရှိတယ်”

ဘိုင်ယွန်ရွှီသည် တခြားသူများကို ပြောလိုက်သည် “ယူယူ ကျိရွှီ မင်းတို့လျှောက်ကြည့်လို့ရတယ်နော်၊ ငါခဏသွားပြီး ပြန်လာမယ်”

ရှီမာယူယူခေါင်းညိတ်လိုက်သည်။ သူတို့သည် သူစိမ်းငါးယောက်၊ ဘိုင်ယွန်ရွှီအား လီကီဆွဲပြီး ကိစ္စများရှင်းလင်းချင်သည်မှာ အမှန်ပေ။

ထို့နောက်တွင် လီကီနှင့် ဘိုင်ယွန်ရွှီတို့သည် လျှောက်လာကာ သူတို့အားပြောလေသည် “သခင်လေးဝေ ကျွန်တော်တို့မှာ လုပ်စရာမစ်ရှင်ရှိသေးတယ်၊ အဲအချိန်ထိ ဒီမှာရက်နည်းနည်းလောက်နေလို့ရပါတယ်၊ တဲတွေရိကြတယ်မလား၊ မရှိရင် အကုန်အတူတူမျှသုံးလို့ရပါတယ်”

“ဦးလေးလီ မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ ကိုယ့်တဲကိုယ်ပါပါတယ်” ဝေကျိရွှီသည် အပြုံးဖြင့် ပြန်ဖြေသည်။

“သွားရအောင် တဲလုပ်ဖို့နေရာကို ခေါ်သွားပေးမယ်” ဘိုင်ယွန်ရွှီသည် လျှောက်လာကာ ဝေကျိရွှီပခုံးအားကိုင်ပြီး နေရာလွတ်ဆီသို့လျှောက်လာကြသည်။

ရှီမာယူယူနှင့် တခြားသူများသည် လီကီအားခေါင်းညိတ်ပြပြီး နောက်မှလိုက်လာခဲ့လေသည်။

လူတစ်ယောက်သည် လျှောက်လာကာ ရှီမာယူယူနှင့် တခြားသူများကိုကြည့်ပြီးပြောလေသည် “ဦးလေးလီ ဒီလူတွေကို စခန်းမှာထားရင် ပြဿနာမရှိဘူးလား”

“သခင်လေးက သူတို့ကို ကူညီချင်နေတာ၊ သူဖြစ်ချင်သလို လုပ်ပါစေ၊ ပြီးတော့ သူတို့ကလုပ်ချင်တယ်ဆိုရင်တောင် လုပ်မှာမဟုတ်ပါဘူး”

“ဒါပေမယ့် သူတို့က တခြားစစ်တပ်က သူလျှိုတွေဖြစ်နေရင်ရော”

“ခြယ်လှယ်ခြင်းစစ်တပ်ကို ပြောတာလား” လီကီမေးလိုက်သည်။

“ဟုတ်တယ်၊ သူတို့က မသန်မာဘူးဆိုရင် ဘယ်လိုလုပ် ဆိုဖီယာတောင်တန်းကိုဖြတ်ပြီးသွားနိုင်ရတာလဲ၊ ဒုံချန်းနိုင်ငံကိုသွားတဲ့ လမ်းတစ်လျှောက်က ဒီလောက်အန္တရာယ်များတာ၊ ဒါပေမယ့် ဒီလူတွေကြည့်ရတာ ဒဏ်ရာလည်းရတဲ့ပုံမပေါ်ဘူး သူတို့လိမ်နေတာလို့ ကျွန်တော်ထင်တာပဲ” ထိုလူသည် ဆင်ခြင်သုံးသပ်လိုက်သည်။

“ဒါလည်းဖြစ်နိုင်တာပဲ” လီကီပြောလိုက်သည် “အထူးသဖြင့်တော့ ခြယ်လှယ်ခြင်းစစ်တပ်ကလည်း ဒီလို တာဝန်တွေပေးတတ်တယ်ဆိုတာ ငါတို့လည်းသိထားတာပဲ၊ သူတို့က ငါတို့ထက်မြန်မြန်ပြီးသွားမယ်ဆိုရင် ဒီလမှာငါတို့စိုက်ထုတ်ထားတဲ့ အားစိုက်တာတွေက အလကားဖြစ်သွားမှာ၊ သူတို့ကိုနည်းနည်းလောက် စောင့်ကြည့်ထားပြီး မသင်္ကာစရာတွေ့လားဆိုတာ ကြည့်နေ”

“ဟုတ်ကဲ့ ဦးလေးလီ”

ရှီမာယူယူနှင့် တခြားသူများသည် တဲများထိုးရင်း ဘိုင်ယွန်ရွှီပြောသော မစ်ရှင်အကြောင်း နားထောင်နေလေသည်။ ထိုမှသာ သူတို့သည် ဆိုဖီယာတောင်တွင် လပေါင်းများစွာနေခဲ့သည်ကို သိရတော့သည်။

“ခရမ်းရောင်မြေခွေးသွေး၊ ကျူးလစ်ပင်အမြစ်နဲ့ ဘူးသီးအစေ့….တစ်ယောက်ယောက် ဒဏ်ရာရထားလို့လား” ရှီမာယူယူမေးလိုက်သည်။

“မင်းဘယ်လိုသိလဲ” ဘိုင်ယွန်ရွှီသည် ရှီမာယူယူအား ပဟေဠိဆန်စွာကြည့်ုလိုက်သည်။

“မင်းပြောတဲ့ ပစ္စည်းစာရင်းက သွေးလှည်ပတ်မှုဆေးဖော်ရမှာသုံးတဲ့ ဟာတွေပဲ၊ ဒါကြောင့် တစ်ယောက်ယောက်ဒဏ်ရာရာထားတယ်ဆိုတာ ငါသိလိုက်တာ” ရှီမာယူယူရှင်းပြသည်။

“အိုး… ရှီမာယူယူ မင်းက အဂ္ဂိရတ်ပညာရှင်လား” ဘိုင်ယွန်ရွှီသည် ရှီမာယူယူအား အံ့သြသော မျက်လုံးများဖြင့်ကြည့်ကာ မေးလိုက်သည်။

“ငါနည်းနည်း သိတာပါ” ရှီမာယူယူပြောလိုက်သည်။

“မင်းမှန်းတာမှန်တယ်၊ ငြိမ်းချမ်းရေးမြို့တော်က ဒီတစ်ခါပေးလိုက်တဲ့မစ်ရှင်က တစ်ယောက်ယောက် ဒဏ်ရာရထားတယ်ဆိုတဲ့ ကြောက်စရာသတင်းပဲ ငါတို့ရထားတာ၊ ဘယ်သူလဲဆိုတာတော့ မထုတ်ပြန်ထားဘူး” ဘိုင်ယွန်ရွှီပြောလိုက်သည် “ဒီတစ်ခါ မစ်ရှင်အတွက် ဆုကတော့ တော်တော်ကောင်းတယ်၊ လူတော်တော်များများက လက်ခံကြတယ်၊ ငါတို့လို စစ်တပ်သုံးခုကလည်း အကုန်လှုပ်ရှားကြတယ်”

“မင်းတို့ကလွဲပြီး စစ်တပ်သုံးခုထဲက ဘယ်သူတွေရှိသေးလဲ” ဖက်တီးကျူမေးလိုက်သည်။

“နဂါးပျံစစ်တပ်နဲ့ ခြယ်လှယ်ခြင်းစစ်တပ်” ဘိုင်ယွန်ရွှီပြောလိုက်သည် “ဟုတ်တယ်၊ မင်းတို့ဒီကိုရောက်တုန်း မဆင်မခြင်မလှုပ်ရှားနဲ့၊ ခြယ်လှယ်ခြင်းစစ်တပ်နဲ့ တွေ့ရင် ငါတို့ဆီကလို့မပြောနဲ့”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ငါတို့ကြားက အမုန်းတရားက အရမ်းကြီးတယ်၊ ငါတို့တွေ့တယ်ဆိုတာနဲ့ တိုက်ခိုက်ကြတော့တာပဲ၊ မင်းတို့က ငါတို့နဲ့အတူတူဆိုတာ သိတာနဲ့ မင်းတို့အပေါ်ဒေါသတွေ ပုံချမှာစိုးတယ်” ဘိုင်ယွန်ရွှီရှင်းပြသည်။

“မင်းတို့က အမြဲတမ်း မစ်ရှင်တွေမှာ နိုင်နေလို့လား” ဝေကျိရွှီမေးလိုက်သည်။

ခြယ်လှယ်ခြင်းစစ်တပ်… နာမည်ကြားရုံနှင့်ပင် နှစ်မြို့စရာမကောင်းပေ။ ဒီလိုနာမည်မျိုးရှိတဲ့ စစ်တပ်ရှိတယ်ဆိုတာ ဘယ်သူသိမှာလဲ။

All Chapters