အပိုင်း(၁၆၄)-ခြယ်လှယ်ခြင်းစစ်တပ်မှ လူများနှင့်တွေ့ဆုံခြင်း
Vol. 002 Ch. 164
“ငါတို့မစ်ရှင်အောင်တိုင်းသာဒီလိုဖြစ်ရမယ်ဆိုရင် စစ်တပ်လောကတစ်ခုလုံးမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကောင်းတော့မှာမဟုတ်ဘူး” ဘိုင်ယွန်ရွှီပြောလိုက်သည် “သူတို့မစ်ရှင်ပြီးသွားတာကို ငါတို့လက်ခံလို့မရဘူး၊ ပိုဆိုးတာက သူတို့က သူများတွေထက်အားသာတယ်ဆိုတဲ့ အချက်ကို သဘောကျကြတယ်၊ စစ်တပ်ငယ်ဆီတွေကနေ မစ်ရှင်တွေကို လုယူကြတယ်၊ ဒါက လူတွေကို စိတ်ပျက်စေတယ်”
“အဲစစ်တပ်ကလူတွေရဲ့ စရိုက်ကလည်း တကယ်ဆိုးတာပဲ” ဖက်တီးကျူပြောလိုက်သည်။
“ဆိုးရုံတင်မဟုတ်ဘူး၊ ငါတို့တွေ့ရင်တောင် တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေကြတာ” ဘိုင်ယွန်ရွှီပြောလိုက်သည် “ဒါပေမယ့် ဒီတစ်ခါ မစ်ရှင်အတွက် သူတို့လွှတ်လိုက်တဲ့လူတွေက ငါတို့ထက်သန်မာတယ်လို့ ကြားတယ်၊ သူတို့နဲ့ တွေ့ရင် ရှောင်သာရှောင်၊ ပြီးတော့ ငါတို့ကိုသတ်ရင်၊ ငါ့အဖေနဲ့ တခြားသူတွေက သူတို့ကိုရှာပြီးလက်စားချေဖို့မဖြစ်နိုင်ဘူး၊ သူတို့နဲ့ တွေ့ရင် ငါတို့နဲ့သိတယ်လို့မပြောနဲ့”
“အင်း ငါတို့နားလည်ပါတယ်” ဝေကျိရွှီ သဘောတူလိုက်သည်။
တဲများထိုးပြီးနောက် ရှီမာယူယူနှင့် တခြားသူများသည် စစ်တပ်မှလူများနှင့် နောက်ပြောင်ကြသည်။ ဖက်တီးကျူသည် ရှေ့နောက်မစဉ်းစားပဲ ဗိုက်ဆာသည်ဟု ပြောကြလိုက်သောကြောင့် စစ်တပ်မှ လူများသည် ပွဲကျသွားတော့သည်။
ဘိုင်ယွန်ရွှီသည် သူတို့နှင့် အတူလိုက်ရယ်မောသည်ကို ဖက်တီးကျူမြင်သော် ပြောလိုက်သည် “ညီအစ်ကို ဘိုင်၊ မင်းအခုရယ်လိုက်တာပဲ၊ နောက်မှ စားမယ်လို့မပြောနဲ့”
“အစ်ကိုကြီး၊ ကျွန်တော်အရင်ကလည်း မစားတာကို၊ ကျွန်တော် အစားစာကို အငမ်းမရဖြစ်ရမှာလား” ဘိုင်ယွန်ရွှီသည် ရယ်မောကာပြောလိုက်သည်။
“ဟီဟီ နောက်မှ ဒီလိုပြောနိုင်မလားဆိုတာ ကြည့်ကြတာပေါ့” ဖက်တီးကျူပြောလိုက်သည်။ သူပြောပြီးနောက် ရှီမာယူယူနှင့် ဘေဂုံထန်တို့ကို လှည့်ကြည့်လိုက်သည်။
ရှီမာယူယူ သူ့အား ကန်ကာ “မင်းစားချင်ရင် ကိုယ်ဘာသာ ချက် ငါတို့ကို ဒုက္ခမပေးနဲ့”
“ငါ့ရဲ့ ဒီလက်တွေက ကိုယ်ခံပညာလေ့ကျင့်ဖို့လောက်ပဲသိတာ၊ ဘယ်လိုလုပ် စားစရာကောင်းကောင်းလုပ်တတ်မှာလဲ၊ ဘေဂုန် မင်းဘာပြောမလဲ”
“ငါလာမှမကြားပါဘူး” ဘေဂုန်ထန်သည် ပြုံးပြီးပြောလိုက်ပြီးနောက် မျက်နှာလွှဲသွားသည်။
“ယူယူ မင်းစားစရာတွေမလုပ်တာ တစ်လလောက်ရှိနေပြီ၊ ဒီလိုအချိန်ရှိတာ ငါတို့အတွက်ရှားနေပြီလေ၊ ငါတို့အတွက် ချက်ပေးနိုင်မလား” ဖက်တီးကျူသည် အသနားခံကြည့်သည် “အခုတလော ငါဝိတ်ဘယ်လောက်ကျသွားလဲဆိုတာကြည့်တော့၊ ငါ့ဗိုက်ကအဆီတွေက ပျောက်သွားပြီ”
“ရွှတ်”
“မင်းက စားဖို့ပဲသိတယ်” ရှီမာယူယူသည် ဖက်တီးကျူအား စိုက်ကြည့်လိုက်သည်။ ကောင်းပြီ၊ လက်ရှိသူကလည်း ဖက်တီးနဲ့မှမတူတော့တာ။
သူမ ထိုသို့ပြောပြီးနောက် ပါဝင်ပစ္စည်းများထုတ်ကာ ချက်ပြုတ်ရန် ပြင်ဆင်တော့သည်။
ဒီညတွင် လူများလှသဖြင့် ဝက်သားကင်ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီး အားလုံးလည်း ကူညီကြသည်။
သူတို့အရင်က သတ်ခဲ့သော ဝိညာဉ်သားရဲများကို စားသောက်ခြင်းဖြစ်သည်။ ထို့အပြင် ဝိညာဉ်လေးသည် အတုံးများတုံးပေးခြင်းဖြင့် သူတို့အားကူညီပေးခဲ့သည်။
“မင်းဝက်သားကင်လုပ်မလို့လား” ဘိုင်ယွန်ရွှီသည် ရှီမာယူယူပြုလုပ်နေသည်များကို မြင်သော် မေးလိုက်သည်။
“ဟုတ်တယ်၊ ယူယူလုပ်တဲ့ ဝက်သားကင်က အကောင်းဆုံးပဲ”
ဖက်တီးကျူသည် ဘိုင်ယွန်ရွှီးဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ကမ္ဘာပေါ်တွင် အရသာအရှိဆုံး အစားအသောက်အားကြည့်သကဲ့သို့ပင် ပန်းကန်အပြည့်ပြင်ထားသော အသားစိမ်းများကို ကြည့်နေလေသည်။
“အရင်က ဘယ်သူကဝက်သားကင်မစားဘူးတာကျနေတာပဲ၊ အရသာကတော့ အကုန်အတူတူလောက်ပဲလေ” ဘိုင်ယွန်ရွှီ ခပ်တည်တည်နှင့် ပြောလိုက်သည်။
“ဟီဟီ အဲအချိန်ကျမှ မင်းသိလိမ့်မယ်”
ပြင်ဆင်ပြီးသွားသော ဝက်သားကင်ကို ရှီမာယူယူထုတ်လာချိန်မှပင် ဖက်တီးကျူပြောသည်ကို ဘိုင်ယွန်ရွှီယုံသွားတော့သည်။ အရင်က ဒီလောက်လှတဲ့ ဝက်သားကင်ကို မမြင်ဘူးခဲ့ပေ။
အားလုံးသည် တံစို့ဖြင့်ထိုးကာ မီးတွင် ကင်ကြတော့သည်။ အရင်က ဒီလိုအသားကင်မျိုးမစားဖူးကြပေ။
ဘေဂုံထန်သည်လည်း ပြီးခဲ့သည့်နှစ်နှစ်အတွင်းတွင် ရှီမာယူယူဆီမှ သင်ယူခဲ့ကာ သူမလက်ရာသည်လည် းး မဆိုးလှပေ။
ဝက်သားကင်မှ ရောင်ဝါသည်လျင်မြန်စွာထွက်လာသည်။ စစ်တပ်မှလူများ အနံ့ရသည်နှင့် အတူတကွ စုစည်းကြသည်။ ထို့နောက်တွင် ဖက်တီးကျူအား လှောင်ပြောင်ခဲ့သည်များကို မေ့လျော့သွားကြကာ စားသောက်ကြလေသည်။
ရှီမာယူယူနှင့် တခြားသူနှစ်ယောက် ကင်သော အသားများမှ အားလုံးအတွက်မလောက်ပေ၊ ထို့ကြောင့် မီးဖိုထပ်ထုတ်ကာ အားလုံးကို ကင်ရန် ကူညီခိုင်းရတော့သည်။
ထိုမီးဖိုများသည် ရှီမာယူယူ၏ ညွှန်ကြားချက်အတိုင်းလိုက်လုပ်သော ဖက်တီးကျူ၏ လက်ရာများသာဖြစ်သည်။ ထိုအချိန်မှပင် ဖက်တီးကျူသည် လက်နက်မွမ်းမံသူဖြစ်မည်ဟု ဘယ်သူမှထင်မထားကြပေ။ အဘယ့်ကြောင့်ဆိုသော် သူ့ပင်ကိုယ်စရိုက်သည် လက်နက်မွမ်းမံသူအဖြစ်နှင့် မတူညီသောကြောင့်ပင်။
သို့သော် သူ လက်နက်ပညာအား လက်ဆောင်ရလိမ့်မည်ဟု ဘယ်သူမှထင်မထားပေ။ ပုံမှန်အားဖြင့် သူသည် ဆူညံကာ အူမြူးတတ်သည်၊ သို့သော် လက်နက်မွမ်းမံခြင်းကို စတင်ချိန်မှစ၍ သူ့လိပ်ပြာကို ပြောင်းလဲပစ်ခဲ့သည်။ သူတည်ငြိမ်ကာ အာရုံစိုက်လာသည်၊ တကယ့် လက်နက်မွမ်းမံသူဖြစ်လာခဲ့သည်။
သူသည် အဆင့်မြင့်သော ဝိညာဉ်ပစ္စည်းများကို မထုတ်လုပ်နိုင်သေးသော်လည်း အသားကင်ရန်တော့ လုပ်နိုင်သေးသည်။
အစပိုင်းတွင် ဘိုင်ယွန်ရွှီသည် ဖက်တီးကျူအား ရယ်မောခဲ့သည်။ သို့သော် ရှီမာယူယူကင်ထားသော အသားကင်အား စားလိုက်သည့် အခိုက်အတန့်တွင် သူလုံးဝရပ်တန့်သွားခဲ့သည်။ ဒီလောက်များသော လူများစားရန်လာသည်ကို မြင်ပြီးနောက် သူတို့သည် တိုးကြိတ်ကာ ရှီမာယူယူပြင်ထားသော အသားများကို ယူကာ ကိုယ်တိုင်ကင်ကြတော့သည်။
ထိုလူများသည် ကိုယ်ဘာသာလုပ်ကြတော့သည်။
ရှီမာယူယူနှင့် တခြားသူများသည် သူတို့အားသင်ပေးကာ မကြာခင်တွင် သူတို့စတင်လုပ်ကြတော့သည်။ သူမနှင့် ဘေဂုံထန်သည် အနည်းငယ်ပိုလုပ်ကာ ဘေးသို့သွားပြီးစားကြလေသည်။
ဘိုင်ယွန်ရွှီသည် တံစို့နှစ်ခုအားယူပြီး အေးအေးဆေးဆေးလမ်းလျှောက်လာကာ မြေပေါ်တွင်လှဲပြီး ဗိုက်အားပုတ်ပြီးနောက် ပြောလေသည် “ဝါး ဒီလောက်ကောင်းတဲ့ အစားအစာကိုမစားရတာအတော်ကြာပြီ”
ဖက်တီးကျူသည် သူ့ဘေးတွင်ထိုင်ကာ ပြောလိုက်သည် “ဘယ်လိုလဲ မဆိုးဘူးမလား”
“တကယ်မဆိုးဘူး” ဘိုင်ယွန်ရွှီပြောလိုက်သည် “င့ါဘဝတစ်ခုလုံးမှာ ဒီလောက်ကောင်းတဲ့အသားကင်ကိုစားဖူးတာ ပထမဆုံးပဲ”
ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် စစ်တပ်မှလူများသည် နားရန် ပြန်သွားကြလေသည်။ နေရာအကန့်အသတ်ရှိသဖြင့် တချို့လူများသည် တဲများကိုမျှသုံးရသည်။
ရှီမာယူယူနှင့် ဘေဂုံထန်သည် အားလုံးရှင်းလင်းကာ အနားယူကြလေသည်။
အသားကင်ကြောင့်ပင် အားလုံးသည် ရင်းနှီးလာကြသည်။ နောက်တစ်နေ့တွင် အားလုံးသည် အားပြည့်ကာ လန်းဆန်းကြပြီး နောက်တစ်ခေါက်လည်းသူမအား ချက်ပြုတ်ခိုင်းမည်ဟူ၍ စဉ်းစားကြသည်။
မနက်အစောတွင် လီကီသည် အဖွဲ့တစ်ခုနှင့်အတူ ခရမ်းရောင်မြေခွေးအရှာထွက်တော့သည်။ စခန်းအားစောင့်ရှောက်ရန် လူတချို့ကို ချန်ထားခဲ့သည်။ ဘိုင်ယွန်ရွှီသည် ရှီမာယူယူနှင့် တခြားသူများကို လှည့်လည်ပြသကာ လအနောက်တိုင်းပြည်အကြောင်းကို ရှင်းပြပေးနေခဲ့သည်။
ရှီမာယူယူနှင့် တခြားသူများသည် စိတ်ဝင်တစားနားထောင်ကြသည်။ ထို့ကြောင့်ပင် သူတို့သည် စခန်းမှ ဝေးဝေးသွားသည်ကို သတိမပြုမိလိုက်ကြပေ။
“ခရမ်းရောင်မြေခွေးပဲ”
ဘိုင်ယွန်ရွှီသည် ရုတ်တရက် ကျယ်လောင်စွာအော်ကာ တဟုန်ထိုးပြေးသွားလေသည်။ သူသည် သူ၏ မျက်လုံးနီသုံးလုံးဝက်ကိုပင် ခေါ်ကာ ပြောလေသည် “အနီ အနီ၊ ဒီတစ်ခါ မင်းလွတ်သွားမယ်ဆိုရင်တော့ မင်းကိုဝက်သားကင်လုပ်စားပစ်မယ်”
သူတို့မျက်လုံးရှေ့တွင် ခရမ်းရောင်မြေခွေးဖြတ်ပြေးသွားသည်ကို အားလုံးမြင်ပြီးနောက် ဘိုင်ယွန်ရွှီသည် ချက်ချင်းပင် ပြေးလိုက်သွားလေသည်။ သူတို့ငါးယောက်သည်လည်း သူ့နောက်သို့ မသိဘာသာပင်လိုက်သွားကြလေသည်။
သူ့နောက်ကိုလိုက်ရခြင်းသည် မေ့မြောတော့မလိုပင်။
သူသည် အော်ကာ သွေးတောင်းကြည့်သည်၊ မြေခွေးပြေးမသွားသည်ကို ထူးဆန်းစွာတွေ့ရသည်။
လူခြောက်ယောက်သည် သားရဲအားလိုက်ရင်းနှင့် အဝေးသို့ရောက်သွားကြသည်။ စခန်းနေရာသည် မြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။
“ရွှတ် ရွှတ်”
ရုတ်တရက်ပင် ငိုသံတစ်သံသည် အရှေ့မှထွက်လာကာ မြေခွေးဆီမှလာသကဲ့သို့ထင်ရသည်။ သူ ဒဏ်ရာရသွာသည့်ပုံပင်။
ရှီမာယူယူနှင့် တခြားသူများသည် အလျင်စလိုပြေးသွားသည်၊ သို့သော် သူတို့နီးလာသည်နှင့် ရယ်မောသံအားကြားလိုက်ရသည်။
“ဟားဟား ခရမ်းရောင်မြေခွေးက သူ့ခြေထောက်နဲ့သူရောက်လာမယ်လို့ထင်မထားဘူး”
“အဖွဲ့ခေါင်းဆောင် ဒီခရမ်းရောင်မြေခွေးက ကောင်းကင်ပေါ်ကကျလာတာပဲ၊ ဒီခရမ်းရောင်မြေခွေးကို ဖမ်းလိုက်ရင် ကျွန်တော်တို့မစ်ရှင်တော့ ပြီးသွားမှာပဲ”
“ဟားဟား တကယ်မဆိုးဘူး”
“အဖွဲ့ခေါင်းဆောင် ကျွန်တော်တို့ အခုပြန်ရတော့မှာလား”
“ပြန်ရမယ် ဟုတ်လား၊ မရသေးဘူး ခဏစောင့်ဦး၊ ရောက်လာတဲ့ လူတွေကိုဖြေရှင်းပြီးမှ ဆုံးဖြတ်ကြမယ်”
ရှီမာယူယူနှင့် တခြားသူများသည် လှည့်ကြည့်ရာ ရှေ့တွင်စောင့်နေကြသော လူတစ်ချို့အားတွေ့လိုက်ရသည်။ တစ်ဖက်တွင် သူတို့သည် ခရမ်းရောင်မြေခွေးအား ကိုင်ထားကာ သူတို့မျက်နှာများသည် လှောင်ပြုံးပြုံးကာ သူတို့အားကြည့်နေကြသည်။
“ရှင်းဝူ” ဘိုင်ယွန်ရွှီသည် အလယ်တွင်ရပ်နေသောလူအား မြင်သော်အခါ မျက်နှာပျက်သွားသည်။
“သူတို့က ဘယ်သူတွေလဲ” ဖက်တီးကျူ လေသံဖြင့်မေးသည်။
“ရှင်းဝူ ခြယ်လှယ်ခြင်းစစ်တပ်က…စစ်တပ်က ကျွမ်းကျင်သူတစ်ယောက်ပဲ” ဘိုင်ယွန်ရွှီသည် လေးနက်စွာ ပြောသည်။