← Chapters

အပိုင်း(၁၆၅)-စားပွဲလှန်ခြင်း

Vol. 002 Ch. 165

အပိုင်း(၁၆၅)-စားပွဲလှန်ခြင်း

Vol. 002 Ch. 165

“ကြည့်ရတာ ဒီနေ့ငါတို့ကံက မဆိုးဘူးထင်တယ်၊ ခရမ်းရောင်မြေခွေးနဲ့လည်းတွေ့တယ်၊ မထင်မှတ်တဲ့ ဟာလည်းတွေ့တယ်” ရှင်းဝူသည် ဘိုင်ယွန်ရွှီနှင့် အမည်မသိငါးယောက်အားတွေ့သည်နှင့် ပီတိဖြာနေသည်။

သူတို့သည် ဘိုင်ယွန်ရွှီအား သတ်လိုက်ပါက သဲစင်ရော်စစ်တပ်၏ သက်ရောက်မှုကို သေချာပေါက်ခံရမည်ဖြစ်သည်။ သူသည် တစ်ဦးတည်းသောသားဖြစ်သောကြောင့်ပင်။

“ရှင်းဝူ သူတို့က စစ်တပ်ကလူတွေမဟုတ်ဘူး၊ သူတို့ကိုလွှတ်ပေးပါ” ဘိုင်ယွန်ရွှီသည် ရှင်းဝူ၏ မျက်လုံးထဲမှ လူသတ်ချင်သည့်အရိပ်အယောင်အားတွေ့သည်နှင့် ဒီနေ့ကိစ္စများသည် အဆင်မချောတော့မည်ကို သိလိုက်သည်။ သူသည် အားလုံး၏ ရှေ့တွင်ရပ်ကာ ရှီမာယူယူနှင့် တခြားသူများကို ကာကွယ်လိုက်သည်။

ရှီမာယူယူနှင့် တခြားသူများသည် သူလုပ်လိုက်သည်ကို သတိထားမိသည်နှင့် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“ဘိုင်လေး မင်းက ရိုးသားတာလား တုံးတာလား” ရှင်းဝူသည် အေးစက်စွာရယ်မောလိုက်သည် “ငါသူတို့ကို လွှတ်ပေးလိုက်ရင် သူတို့ လီကီကိုသွားပြီးပြောမှာပေါ့၊ သူတို့ဒီထိရောက်နေမှတော့ ဒီမှာပဲနေလိုက်တော့ပေါ့”

သူပြောပြီးနောက် လက်ဝှေ့ပြလိုက်ရာ ခြယ်လှယ်ခြင်းစစ်တပ်မှ လူများသည် သူတို့အား ဝိုင်းလိုက်ကြသည်။

“ရှင်းဝူ၊ မင်းဒီလိုလုပ်တာနဲ့ ဘာအကျိုးရှိမယ်ထင်လို့လဲ” ဘိုင်ယွန်ရွှီသည် ကျယ်လောင်စွာအော်လိုက်သည် “မင်းလုပ်တယ်ဆိုတာ ငါ့အဖေကြားတာနဲ့ လူတွေခေါ်လာပြီး မင်းတို့စစ်တပ်တစ်ခုလုံးကို မျိုးဖြုတ်မှာကို မကြောက်ဘူးလား”

“အမလေး မင်းအဖေကိုဆွဲထည့်တာလား အဲဒေါသကြီးတဲ့အဘိုးကြီးက ခေါင်းကိုက်စရာပဲ အဲဒါကြောင့်ပဲ မင်းကိုဒီနေ့ အလွတ်မပေးနိုင်ဘူး၊ ဒီနေ့ဖြစ်ခဲ့တာတွေကို သတင်းဖြန့်မယ်ဆိုရင်တော့ ပြဿနာဖြစ်လာမှာပဲ၊ ဘယ်ဉာဏ်ကောင်းတဲ့သူမဆို ပြဿနာကို မီးထွန်းမရှာဘူးကွ” ရှင်းဝူသည် ပြောလိုက်သည်။

ဘိုင်ယွန်ရွှီသည် လက်နက်ထုတ်ကာ ရှီမာယူယူနှင့် တခြားသူများကို ပြောလိုက်သည် “ခဏတော့ ငါသူတို့ကို ငါ့စွမ်းအားသုံးပြီး ခုခံထားလိုက်မယ်၊ သူတို့က အဲလောက်မသန်မာဘူး၊ သူတို့နဲ့ တိုက်ဖို့ အဖွဲ့မလိုဘူး၊ အခွင့်အရေးရှာပြီး ပြေးတော့ ဟုတ်ပြီလား”

“ဒါဆို မင်းကရော” ဖက်တီးကျူမေးလိုက်သည်။

“မင်းတို့လွတ်သွားပြီဆိုရင် ဦးလေးလီနဲ့ တခြားသူတွေကို သွားပြောလိုက် သူတို့ငါ့အတွက် လက်စားချေပေးလိမ့်မယ်” ဘိုင်ယွန်ရွှီပြောလိုက်သည် “အချိန်ရတာနဲ့ အခွင့်အရေးစောင့်ပြီး သေချာပေါက်ထွက်ပြေးပါ”

သူတို့အားနှင့်ပတ်သတ်၍ ဘိုင်ယွန်ရွှီသည် ယုံကြည်မှုအားနည်းသည်ကို စကားမရှိဖြစ်သော်လည်း ရှီမာယူယူနှင့် တခြားသူများသည် လက်နက်များကိုထုတ်လိုက်ကြသည်။

“ငါတို့ အတူလာမှတော့ ဒီနေရာကနေ အတူပြန်မယ်” ရှီမာယူယူပြောလိုက်သည် “ခရမ်းရောင်မြေခွေးလည်း ပါတာပေါ့”

သူတို့သည် ရှီမာယူယူပြောသည်ကို ကြားသည်နှင့် ရှင်းဝူနှင့် တခြားသူများသည် သူတို့ကြားဖူးသမျှထဲတွင် ရယ်စရာအကောင်းဆုံးအဖြစ်နှင့် ရယ်မောကြလေသည်။

“အဖွဲ့ခေါင်းဆောင် ဒီလူတွေက အတူပြန်မယ်ဆိုပြီးပြောနေသလားလို့၊ သူတို့ကို မြန်မြန်သင်္ချိုင်းကိုပို့လိုက်ရအောင်” ရွှေအိုရောင်ဆံပင်နှင့် လူသည် ရယ်မောရင်းပြောလေသည်။

ဘိုင်ယွန်ရွှီသည် လှည့်ကြည့်ရာ အားလုံးသည် ကိုယ်ပိုင်လက်နက်များထုတ်နေသည်ကို တွေ့လိုက်ရသည်။ သူပြောသည်မှာ “မင်းတို့ဒီလိုလုပ်ပေးတာ ငါပျော်ပါတယ်၊ ဒါပေမယ့် ငါတို့သိတာ တစ်ရက်ပဲရှိသေးတယ်၊ ငါ့အတွက်နဲ့ မင်းတို့အသက်ပေးဖို့မလိုပါဘူး”

“ဒါဆို ငါတို့အတွက် မင်းအသက်ပေးဖို့ဘာလို့လုပ်တာလဲ” ဝေကျိရွှီပြောလိုက်သည်။

ဘိုင်ယွန်ရွှီသည် ကြက်သေသေပြီးမှ သူမေးသည်ကို ပြန်ဖြေလိုက်သည် “အရှုပ်ထုတ်ထဲ မင်းတို့ကို ဝင်မပါစေချင်လို့ပါ”

“အဖွဲ့ခေါင်းဆောင် ဒီကောင်မလေးက ရုပ်ချောတာပဲ၊ သူ့ကိုထားပြီး ပျော်ပါးပြီးနောက်မှ သတ်မယ်ဆိုရင်ရော” အရပ်ပုပုနှင့်လူသည် ဘေဂုံထန်အား စေ့စေ့ကြည့်ကာ ရိုင်းပြစွာပြောလိုက်သည်။

“အခုတိုက်တော့မလား” ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် တိုက်ပွဲယန္တရားများဖြစ်ကြသည်။ ထိုလူများသည် သူတို့အား ထိုကဲ့သို့အကြည့်ဖြင့်ကြည့်ခြင်းသည် သူတို့အား သက်တောင့်သက်သာမဖြစ်စေပါ။

“မင်းတို့က ငါတို့ရဲ့ မိန်းကလေးကို အဲလိုပြောရဲမှတော့ မင်းတို့ကို အရှင်မထားဘူး” ဖက်တီးကျူသည် ထိုစကားပြောသော အဆင့်နိမ့်ကျသော လူသို့ပြေးသွားကာ လက်သီးဖြင့် ထိုးလိုက်လေသည်။

“ဒုတိယအဆင့် ဝိညာဉ်ဧကရာဇ်လား၊ အိုး ဒီလူက….အား…” ထိုလူသည် ဖက်တီးကျူအား ဂရုမစိုက်မိချိန်တွင် ဖက်တီးကျူသည် ရှေ့တွင်ပေါ်လာကာ သူ့ခေါင်းအား လက်သီးဖြင့်ထိုးလိုက်ရာ ချက်ချင်းပင် သတိမေ့သွားတော့သည်။

ဘိုင်ယွန်ရွှီ ထိုအရာအားမြင်သော် သူချက်ချင်းမဖြေရှင်းနိုင်မည်ကို သိလိုက်သည်။ ရှီမာယူယူနှင့် တခြားသူများသည် ထွက်ပြေးမည်မဟုတ်ကိုလည်း သူသိသည်။ သူပြောလိုက်သည် “ဒီရှင်းဝူက ဝိညာဉ်နယ်ရှှု် အဆင့်ငါးပဲ ငါက အဆင့်သုံးပဲရှိသေးတယ်၊ ဒါပေမယ့် ငါအချိန်ဆွဲလို့ရသေးတယ်၊ မင်းတို့အားလုံး တခြားသူတွေကို သွားခေါ်ပြီး ပြန်လာပြီး ငါ့ကိုကူညီပေး”

“အဆင့်ငါး ဝိညာဉ်နယ်ရှင်ဟုတ်လား”  ရှီမာယူယူသည် ရှင်းဝူအားကြည့်ကာ ပြောလိုက်သည် “သူက ဒီအတိုင်း အဆင့်ငါး ဝိညာဉ်နယ်ရှင်ပဲမလား၊ သူ စံတင်အဆင့် ဝိညာဉ်ဖြစ်တော့မယ်ထင်နေတာ၊ သူဘယ်လိုလုပ် ဒီလိုမြောက်ကြွမြောက်ကြွဖြစ်နိုင်ရတာလဲ”

“ဒီကောင်က ကြွစောင်းစောင်းပါလား” ရှီမာယူယူ သူ့အား ပေါ့ပေါ့ပါးပါးပြောလိုက်သည်ကိ ုရှင်းဝူဒေါသထွက်သွားသည်။

ရှီမာယူယူသည် လက်နက်အားပစ်လိုက်ကာ လက်အုပ်ချီပြီး သူမ အဆင့်အားဖြတ်ကာ စိတ်လှုပ်ရှားစွာကြည့်ပြီး “ငါသူတော်စင်သားရဲတွေနဲ့ အများကြီးတိုက်ဖူးတယ်၊ ဒါပေမယ့် အရင်က ကျွမ်းကျင်သူနဲ့မတိုက်ဖူးဘူး၊ ဟီ ဟီ  ဒါကိုအသုံးချပြီး လေ့ကျင့်ရမယ်”

“ယူယူ မင်းသူ့ကို နိုင်နိုင်လား” ဘိုင်ယွန်ရွှီသ်ည ရှီမာယူယူအား ကြည့်ကာ သူမပြောသည်များကို အံ့သြနေသည်။

“ငါအရင်ကတော့ ဝိညာဉ်နယ်ရှင်ကို မနိုင်ဖူးဘူး” ရှီမာယူယူ ပွင့်လင်းစွာ ပြန်ဖြေသည်။

သို့သော် သူမ အရင်က သူတော်စင်သားရဲများကို နိုင်ဖူးသည်။

“ဒါဆို မင်းအဆင့်ကဘာလဲ” ဘိုင်ယွန်ရွှီထပ်မေးပြန်သည်။

“အဆင့်တစ် ဝိညာဉ်နယ်ရှင်လောက်” ရှီမာယူယူ မရေရာစွာပြောလိုက်သည်။

သူမသည် အဆင့်ငါးမဟုတ်သေးသော်လည်း သူမအားသည် ဒီလိုမျိုး အကန့်အသတ်မရှိပေ။

“အဆင့်တစ် ဝိညာဉ်နယ်ရှင်ဟုတ်လား” ဘိုင်ယွန်ရွှီ်သည် ရှီမာယူယူ၏ စကားလုံးများကို လန့်သွားလေသည်။ သူမသည် ငယ်ရွယ်သောကြောင့် သူ့အားအမှီလိုက်နိုင်မည်ဟု ထင်မထားခဲ့ပေ။ “မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းက မဆိုးဘူးဆိုရင်တောင် ကျင့်စဉ်မှာ အဆင့်တိုင်းက မကျော်နိုင်တဲ့ကွာခြားချက်ရှိတယ်၊ မင်းအဆင့်က ငါနဲ့မတူရင်တောင် အဲလူကြီးနဲ့အဆင့်လေးဆင့်ကွာနေတယ်၊ မင်းကျိရွှီနဲ့ တခြားသူတွေနဲ့အတူသွားတာကောင်းမယ်”

ဝေကျိရွှီသည် ဘိုင်ယွန်ရွှီအားဆွဲကာ ပြောလေသည် “ယူယူက ကစားချင်နေတာ၊ သူမကိုထားလိုက်ပါ၊ မင်းငါတို့နဲ့ လိုက်ပြီး တခြားလူတွေကို ဖြေရှင်းပြီး သူမ လုပ်တာကိုသာစောင့်ကြည့်ရအောင်”

“ဒါပေမယ့်…”

ဘိုင်ယွန်ရွှီသည် စကားတောင်မဆုံးသေးခင်တွင် ရှီမာယူယူသည် ရှင်းဝူအားတိုက်ခိုက်ပြီး ဝေကျိရွှီနှင့် ကျန်သောသူများသည် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေကြပြီဖြစ်သည်။

“မိုးနတ်မင်းရေ ဒါဘယ်လိုမျိုးအရှိန်နှုန်းပါလိမ့်” ရှီမာယူယူသည် ရှင်းဝူဆီသို့ ပျံသွားလိုက်သည်ကို ကြည့်ပြီးနောက်တွင် ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် တစ်ယောက်ကိုအဆုံးသတ်ပြီးဖြစ်သည်။

ဖက်တီးကျူသည် သတိမေ့နေသော သူအားရိုက်ပြီးသည့်နောက်တွင်ပင် အားကုန်သွားခြင်းမရှိပေ။

ထိုလူများသည် အားတွင် သိပ်မရှင်းပါ၊ သူတို့ရဲ့တိုက်ခိုက်နိုင်တဲ့စွမ်းရည်က ဘာလို့အဲလောက်တောင် သန်မာတာလဲ။

ထို့အပြင် ဝိညာဉ်စွမ်းအင်၏ တိုက်ပွဲအရည်အချင်းဂရုမထားသော်လည်း လှုပ်ရှားမှုတိုင်းသည် စူးရှသည်။ စွမ်းအင်ဖြုန်းတီးခြင်းမရှိပေ။

ထိုသည်မှာ ရှည်လျားကြမ်းတမ်းသော ကြိုးစားအားထုတ်မှုကြောင့် ထိုသို့ဖြစ်လာသည်မှာ ထင်ရှားသည်။

သူတို့ ထိုသို့တိုက်ခိုက်နေသည်ကိုကြည့်ရင်းနှင့် သူသည်လည်း တိုက်ခိုက်ချင်စိတ်မှာ တက်ကြွလာကာ အနီးဆုံးလူအား တိုက်ခိုက်တော့သည်။

အခုဖြစ်နေသော အဖြစ်အပျက်မှာ ဒီနေ့ပျက်ဆီးမှာ သူတို့မဟုတ်ပဲ ရှင်းဝူနှင့် တခြားသူများသာဖြစ်သည်။

လျင်မြန်စွာပင် ဓားပြဆယ်ယောက်အားဖြေရှင်းပြီး၍ တခြားသူများသည် ဒဏ်ရာများများစားစား မရရှိပေ။

မြေပေါ်တွင်လဲနေသော ခန္ဓာကိုယ်များကို ကြည့်ပြီး သွေးတစ်စက်မှမထွက်သော လူလေးယောက်အား ကြည့်ရာ ဘိုင်ယွန်ရွှီသည်  အိမ်မက်ကဲ့သို့ပင်။

ဒါက တိုက်ပွဲမှမဟုတ်တာ၊ ဒါက အမြစ်ဖြုတ်ပစ်တာပဲ။

ရှီမာယူယူဘက်တွင် လူနှစ်ယောက်သည် ဟောဟဲလိုက်နေကြပြီး ရှင်းဝူသည် သူမအား ပေါ့ပေါ့တန်တန် မပြုမူရဲပေ။ သူ့မျက်လုံးများသည် လေးနက်သော ပုံစံဖြစ်နေသည်။

ရှီမာယူယူသည် ဝေကျိရွှီနှင့် တခြားသူများကိုကြည့်ကာ ပြောလိုက်သည် “မင်းရဲ့ လက်တွေတော့ ပြုတ်ကုန်ပြီ ကြည့်ရတာ မင်းပဲကျန်တော့တာပဲ”

ခြယ်လှယ်ခြင်းစစ်တပ်မှ လူများသည် သုတ်သင်ခံလိုက်ရသည်ကို ရှင်းဝူသတိထားမိသွားသည်။ ဝေကျိရွှီနှင့် တခြားသူများသည် လေတွင်ရပ်ကာ တိုက်ပွဲအားစောင့်ကြည့်နေကြသည်။

“ဝါး မင်းဦးနှောက်မရှိတဲ့အကောင်ပဲ မင်းက သခင်ကြီးရှင်းဝူနဲ့တိုက်ခိုက်ရဲတယ်၊ ဒါက ခံတွင်းတွေ့ရုံပဲရှိသေးတယ်၊ ဒီသခင်ကြီးရဲ့စွမ်းအား အရသာအစစ်အမှန်ကို ပြပေးမယ်” ရှင်းဝူရာပြောသည်နှင့် သူ့လက်များသည် ချိပ်ပုံစံပြောင်းသွားကာ သူ ဝိညာဉ်အရည်အချင်းအား သုံးတော့မည်ပုံစံဖြစ်နေသည်။

သူ့အနေနှင့်ကြည့်လျှင် ရှီမာယူယူသည် ထိုကဲ့သို့ထူးချွန်ရန် ငယ်ရွယ်လှသည်။ ဆိုလိုသည်မှာ သူသည် အချိန်များကို ကျင့်ကြံရာတွင်သုံးပြီး ဝိညာဉ်အရည်အချင်းများလေ့ကျင့်ရန် အချိန်မရှိခဲ့ပေ။

“ဝိညာဉ်အရည်အချင်းသုံးတာ ဟုတ်လား၊ ဒီလိုဆိုမှတော့ ရှီမာဒေါသမီးခုတ်ချက် အရည်အချင်းကိုစမ်းကြည့်ချင်တယ်” သူမပြောပြီးသည်နှင့် လက်နှစ်ဖက်အား ရင်ဘတ်တွင်ထားကာ လျင်မြန်စွာ လှန်လိုက်သည်။

All Chapters