အပိုင်း(၁၆၆)-ဒေါသမီးခုတ်ချက်
Vol. 002 Ch. 166
ဝိညာဉ်အရည်အချင်းအား ရှီမာယူယူလေ့ကျင့်သည်မှာ အချိန်မကြာသေးပါ၊ အဘယ့်ကြောင့်ဆိုသော် စာအုပ်တွင်ပြောထားသည်မှာ ဝိညာဉ်ဧကရာဇ်အဆင့်အောက်ဖြစ်လျှင် လေ့ကျင့်၍မရနိုင်ပါဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူမသည် ဝိညာဉ်ဧကရာဇ်အဆင့်ထိစောင့်ပြီးမှ စတင်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သူမ ဝိညာဉ်ဧကရာဇ်အဆင့်မှ ဝိညာဉ်နယ်ရှင်ဖြစ်လာသည့်အချိန်မှာ အချိန်သိပ်မကြာပေ။
အချိန်သိပ်မကြာသေးသော်လည်း သူမတွင် အရည်အချင်းပြည့်ဝနေပြီဖြစ်သည်။ သူမ လှုပ်ရှားမှုများမှာ သဘဝကျပြီး သပ်ရပ်ကျော့ရှင်းကာ တခြားသူများကို အံ့အားသင့်စေသည်။ ရှီမာမျိုးနွယ်မှလူများ မြင်လျှင် သူတို့ သေချာပေါက် အံ့သြမည်ဖြစ်သည်။
ထိုဒေါသမီးခုတ်ချက်သည် အလွန်အဆင့်မြင့်သော အဆင့်ရောက်မှသာ ရောက်ရှိနိုင်သော အစွမ်းဖြစ်သည်။ ထိုစွမ်းအင်သန်မာသည်မှာလွဲ၍ သခင်များအတွက် ခက်ခဲသော အရည်အချင်းတစ်ခုပင်။ ထိုသည်မှာ အနည်းငယ်ရှုပ်ထွေး၍ အသိခက်သည်၊ နားလည်ရန်ခက်၍ ဆက်သွယ်ရန် ခက်ခဲသည်။ ရှီမာမျိုးနွယ်မှာပင် ဝိညာဉ်အရည်အချင်း၏ လွှမ်းမိုးမှုကို မျိုးရိုးမဆက်ခံနိုင်သော လူများရှိသည်။
ရှီမာယူယူတွင် ထိုကဲ့သို့ အရည်အချင်းရှိမည်ဟု ရှင်းဝူထင်မထားသဖြင့် အလွန်အံ့သြသွားသည်။
“မင်း ဝိညာဉ်အစွမ်းကိုသိလိမ့်မယ်လို့ ငါထင်တောင်မထင်ထားဘူး၊ ဒါပေမယ့် မင်းဘယ်တော့မှ မကျော်ဖြတ်နိုင်တဲ့ ငါတို့ကြားက အဆင့်တွေရဲ့ ကွာဟချက်ကို မင်းမြန်မြန်သဘောပေါက်လာမှပါ”
ရှီမာယူယူ ကျယ်လောင်စွာရယ်မောကာ “တကယ်လား၊ ဒါဆို မင်းဆန်းကြယ်တယ်ဆိုတာကို မတွေ့ဖူးလို့နေမှာပါ၊ ဆန်းကြယ်တယ်ဆိုတဲ့ အရသာကို မင်းကိုဒီနေ့ မြည်းစမ်းကြည့်ခိုင်းမယ်”
ထို့နောက်တွင် သူတို့နှစ်ယောက်သည် စကားများမပြောတော့ပဲ လက်ထဲမှ စွမ်းအင်များကို မြန်မြန် အသက်သွင်းလိုက်သည်။ ရှင်းဝူ၏ ဝိညာဉ်စွမ်းအင်သည် စိတ်ဓာတ်အရည်အချင်းထဲမှ တစ်ခုဖြစ်သည်။ ချွန်ထက်သော ဓားသွားရှည်များသည် သူ့ရှေ့တွင်ပေါ်လာသည်။ ထိုစူးရှသောအရာများသည် သူ့ထိန်းချုပ်မှုဖြင့် ရှီမာယူယူဆီသို့ ဦးတည်သွားလေသည်။
ရှီမာယူယူ၏ စွမ်းအင်သည် ဓားသွားကဲ့သို့ ပေါ်လွင်သည်၊ ပြီးခဲ့သည့်တစ်ခေါက်က ရှီမာလိုင်၏ တိုက်ပွဲနှင့် ဆင်တူသည်။ သူတို့နှစ်ယောက်ကြားမှ စွမ်းအင်ကွာခြားမှုသည် ကြီးမားသည်။
ထိုသို့ဖြစ်ပြီးနောက် သူမ၏ ဒေါသမီးခုတ်ချက်သည် ရှီမာခိုင်အဆင့်သို့ လျင်မြန်စွာ လိုက်မှီလာသည်။
“သွားတော့”
ရှီမာယူယူသည် သူမ ဓားသွားများ အရှေ့သို့သွားရန် ကျယ်လောင်စွာအော်လိုက်သည်နှင့် ရှင်းဝူ၏ စူးရှသော ဓားသွားရှည်နှစ်ထပ်ဆီသို့ ဦးတည်ကာ ခုတ်တော့သည်။ ဓားသွားရှည်နှစ်ထပ်သည် မီးတောက်ဓားသွားနှင့် ထိမိချိန်တွင် အစိပ်စိပ်အမြွာမြွာကွဲသွားလေသည်။ သူ့ဓားသွားရှည်များသည် သူမ၏ မီးတောက်ဓားသွားများှင့် မယှဉ်နိုင်သည်ကို ရှင်းဝူတွေ့ရသည်နှင့် ကျန်ရှိသော ဓားသွားရှည်နှစ်ထပ်အား မီးတောက်ဓားသွားနှင့် မျက်နှာချင်းဆိုင်တွင် ရပ်တည်နိုင်ရန် ထိန်းချုပ်လိုက်သည်။
အောက်တွင် ဘိုင်ယွန်ရွှီသည် တိုက်ပွဲအားစောင့်ကြည့်ကာ ရှီမာယူယူအား ပါးစပ်အဟောင်းသားဖြင့် ကြည့်လေသည်။ သူသည် ရှင်းဝူရာနှင့် ဆန့်ကျင်၍ ပြဿနာများဖြစ်ထားသော်လည်း သူ့ထက်အဆင့်တစ်ဆင့်နိမ့်သော လူယ်သည် သူ့အား လွယ်ကူစွာပင် တိုက်နေခဲ့သည်။
ထို့အပြင် မီးတောက်ဓားသွားမှလာသော အပူရှိန်ကို ခံစားမိသဖြင့် သူဝေးဝေးမှ ရပ်နေခဲ့သည်။
“မိုးနတ်မင်းရေ ဒီလူက ဘယ်လိုပါလိမ့်၊ ယူယူမှာ ဒီလောက်သန်မာတဲ့ တိုက်ပွဲစွမ်းရည်ရှိနေတာလား”
ဖက်တီးကျူသည် ပြုံးကာပြောလိုက်သည် “မင်းလည်း ဆိုဖီယာတောင်တန်းမှာ နှစ်နှစ်လောက်နေ၊ နေ့တိုင်းတိုက်ခိုက်ဖို့ ဝိညာဉ်သားရဲတွေရှာရင် မင်းရဲ့တိုက်ပွဲအရည်အချင်းကလည်း ဒီဆို ပြောင်မြောက်လာမှာပဲ”
“မင်းတို့အားလုံး ဆိုဖီယာတောင်တန်းမှာ နှစ်နှစ်လောက်နေခဲ့တာလား” ဘိုင်ယွန်ရွှီသည် ဖက်တီးကျူအား အံ့သြစွာကြည့်လိုက်သည်။
“အင်း၊ ဒီကိုမလာခင်က ငါတို့က တောင်တန်းမှာနေခဲ့ပြီး လမ်းတစ်လမ်းလုံး လေ့ကျင့်ခဲ့တာ၊ ဝိညာဉ်သားရဲတွေ တိုက်ပြီးတစ်နေ့လုံးကို ကုန်ဆုံးခဲ့တာ” ဖက်တီးကျူပြောလိုက်သည်။
“အဲဒါကြောင့် မင်းတို့တိုက်ပွဲအရည်အချင်းတွေ အဲလောက်ကောင်းကြတာကိုး” ဘိုင်ယွန်ရွှီသည် မှတ်ချက်ပေးသည်။
ဆိုဖီယာတောင်တန်းသို့ လာကြသော လူအများစုသည် ဝိညာဉ်ပါဝင်ပစ္စည်းများကို ရှာဖွေကြသည်၊ ဝိညာဉ်သားရဲအနည်းငယ်ကို ရှာဖွေကြသည်။ မစ်ရှင်ပြီးဆုံးသည်နှင့် ထွက်လာကြသည်။ ထိုနေရာသို့ လေ့ကျင့်ရန် လာကြသည်မှာ နည်းပါးသည်၊ ထို့အပြင် သူတို့သည် နှစ်နှစ်နေထိုင်ခဲ့သည်။
ထိုအချက်အားစဉ်းစားလိုက်လျှင် ရှီမာယူယူနှင့် အသင်းသားငါးယောက်တို့ကို လေးစားမိသည်။
ရှင်းဝူ၏ တိုက်ပွဲအရည်အချင်းသည် ရှီမာယူယူထက် အဆင့်လေးဆင့်မြင့်သော်လည်း သူ၏ ဝိညာဉ်စွမ်းအင်သည် သူမအား မကျော်ဖြတ်နိုင်ပေ။ ထပ်ပေါင်းပြောလျှင် သူမ၏ ဝိညာဉ်ရေကန်သည် ကြက်သွေးရောင်မီးတောက်မှ လုပ်ထားသည်ဖြစ်၍ သာမာန်လူများထက်ကြီးမားသည်၊ သူမတွင် လုံလောက်သော ဝိညာဉ်ချီရှိသည်။ ထို့ကြောင့် ရှင်းဝူ၏ ကျန်ရှိသော ဓားသွားရှည်နှစ်ထပ်သည် ဖြည်းညင်းစွာ သူမ၏ မီးတောက်ဓားသွားကြောင့် အရည်ပျော်သွားလေသည်။
“အိုး”
ဓားသွားများသည် အမြစ်ဖြုတ်ခံရကာ ရှင်းဝူသည်ဒဏ်ရာအနည်းငယ်ရရှိသွားသည်။ သူ့လည်ချောင်းမှ သွေးများလိမ့်တက်လာသည်ကို ခံစားမိကာ ဘေးသို့စီးကျလာပြီး သူသည် မြေပေါ်တွင်လဲကျသွားတော့သည်။
ရှီမာယူယူ ရှင်းဝူအား ငုံ့ကြည့်လိုက်သည်။ ဒီလူ၏ တိုက်ပွဲစွမ်းအင်က ဒီလောက်ပဲရှိတာလား၊ သူတို့ထင်သလောက်လဲမဟုတ်ပါဘူး။ ခက်ခဲသော တိုက်ပွဲဖြစ်မည်ဟုထင်သော်လည်း သူမ လွယ်ကူစွာပင် အနိုင်ရခဲ့သည်။
“ငါအရှုံးပေးပါပြီ” ရှင်းဝူ၏ မျက်လုံးများသည် အေးစက်ကာ ခေါင်းမော့ပြီးရှီမာယူယူအား ကြည့်ကာ ပြောလိုက်သည် “ငါ့ကို လွှတ်ပေးပါ၊ ဒီနေ့ဖြစ်ခဲ့သမျှကို ငါမေ့ပစ်လို့ရပါတယ်၊ ပြီးတော့ ငါခြယ်လှယ်ခြင်း စစ်တပ်ကလူတွေကို ခေါ်ပြီး ပြဿနာလာမရှာပါဘူး”
ရှီမာယူယူ သူ့စကားများကို နှာခေါင်းရှုံ့လိုက်သည် “အစက မင်းမှာဦးနှောက်တော့ နည်းနည်းရှိမယ်ထင်တာ ဒီလိုစကားမျိုးပြောမယ်လို့မထင်ဘူး၊ မင်းအသက်ကြီးပြီလို့ မင်းပဲပြောတာလေ၊ မင်းက ရိုးတာလား တုံးတာလား လို့ငါပြောရမှာလား၊ မင်းက လက်စားချေမယ့်အမျိုးဆိုတာ တစ်ချက်ကြည့်တာနဲ့သိတယ်၊ ငါ့ပြဿနာငါရှာဖို့ မင်းကိုချန်ထားရမှာလား၊ တော်တဲ့လူက ပြဿနာကို အမြစ်ကနေရှင်းပစ်တယ်လေ”
“ရွှတ်”
သူမပြောသည်များကို တိုက်ပွဲအားစောင့်ကြည့်နေသူများ ကြားသောအခါ အားလုံးရယ်ကြလေသည်။ အထူးသဖြင့် ဘိုင်ယွန်ရွှီ… သူသည် အခုလေးတင် ရှင်းဝူထံမှ ထိုစကားများကို ကြားထားသည်။ အခု ရှီမာယူယူသည် ရှင်းဝူအားပြန်ပြောကာ သူ့အား အဆုံးတွင် ပျော်ရွှင်စေခဲ့သည်။
ရှီမာယူယူ၏ စကားများကို ကြားသောအခါ ရှင်းဝူ၏မျက်နှာသည် မှောင်မိုက်လာကာ ရုတ်တရက် ရှီမာယူယူဆီသို့ လက်နက်တစ်ခုပစ်လိုက်ပြီး လျင်မြန်စွာပြေးသွားလေသည်။ သို့သော် သူ မီတာအနည်းငယ်လောက်ပြေးပြီးနောက်တွင် ဓားရှည်တစ်ခုနှင့် ရိုက်ခြင်းခံလိုက်ရတော့သည်။
ရှင်းဝူသည် သူ့ရင်ဘတ်တွင် စိုက်နေသော ဓားသွားရှည်နှစ်ထပ်အားကြည့်ပြီး ဝူရန်ဖေအား ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် မယုံနိုင်ခြင်းများ ဖြတ်သန်းနေသည်။
သူသေချာပေါက် လူတစ်ယောက်မှကို မခံစားမိပါ၊ ဒီလူက ဘယ်လိုလုပ်ရုတ်တရပ်ပေါ်လာတာလဲ။
ဝူရန်ဖေသည် ရှင်းဝူ၏ ရင်ဘတ်တွင်စိုက်နေသော ဓားရှည်အား ဆွဲထုတ်လိုက်သည်နှင့် သူလဲကျသွားတော့သည်။ သူသေသည့်တိုင်အောင် ဘယ်လိုလုပ် ထိုဓားသွားကြောင့် ရိုက်မိသွားသည်ကို သူဘယ်တော့မှ မသိနိုင်တော့ပေ။
ပိုင်ရှင်သေသွားသည်နှင့် လက်ရှိတွင် မျက်လုံးနီသုံးလုံးဝက်နှင့် တိုက်ခိုက်နေသော ဝိညာဉ်သားရဲသည် အော်လိုက်ကာ မြေတွင် လဲကျသွားတော့သည်။
မျက်လုံးနီသုံးလုံးဝက်သည် စိတ်လှုပ်ရှားစွာတိုက်ခိုက်နေခဲ့သည်။ သူ့ပြိုင်ဘက်မှာ ရုတ်တရက်သေဆုံးသွားသည်ကို မြင်သော် သူသည် မတုန့်ပြန်ပဲ ကြက်သေသေကာကြည့်နေတော့သည်။
ရှင်းဝူ၏ စာချုပ်သားရဲအော်လိုက်သည်ကို ဘိုင်ယွန်ရွှီအာရုံစိုက်မိသွားသည်။ သူ့ဝက်သည် ကြောင်တောင်တောင်ရပ်နေသည်ကို မြင်ပြီးနောက် ဘာဖြစ်သလဲဆိုသည်ကို စိတ်ထဲမှသိပြီးနောက် သူ့အားခေါ်လိုက်လေသည် “ပိုင်ရှင်သေသွားတော့ စာချုပ်ဝိညာဉ်သားရဲလည်း လိုက်သေရတာပဲ၊ ဒီလောက် ရိုးရှင်းတာကို မင်းနားမလည်ဘူး၊ ဘာလို့အဲတောက်တုံးရတာလဲ၊ မင်းက ဝက်လားဘာလား”
မျက်လုံးနီသုံးလုံးဝက်သည် ရှင်းဝူ၏ အလောင်းအားကြည့်ပြီး ဘိုင်ယွန်ရွှီ သူ့အား ထပ်မံဆူပူနေသည်ကို ကြားသည်နှင့် ပြေးသွားလေသည်။
“ငါက ဝက်ပဲ၊ ဒါလေးတောင် မင်းမသိဘူးလား၊ တုံးလိုက်တာ မင်းက ဝက်လားဘာလား”
“ရွှတ်”
လူနှင့် သားရဲကြားမှ စကားများကို ကြားသောအခါ အားလုံးသည် ရယ်မောလိုက်ကြသည်။ ရှင်းဝူအားသတ်ရာတွင် ခံစားချက်မဲ့သော ဝူူရန်ဖေပင်လျှင် လှောင်ပြုံးပြုံးလိုက်သည်။
ဖက်တီးကျူနှင့် တခြားသူများသည် လေးဖက်လေးလံမှ ထွက်လာသည်။ ထိုအခါမှသာ ဝူရန်ဖေနှင့် သူတို့လေးယောက်သည် လေးဖက်လေးလံမှ ပျံသန်းလာသည်ကို ဘိုင်ယွန်ရွှီ သတိထားမိလိုက်သည်။
“အခု မင်းတို့ငါ့ကို မပြောပြကြတော့ဘူးလား၊ မင်း… ဘယ်တုန်းက မင်းတို့အားလုံးပျံသွားကြတာလဲ” ဘိုင်ယွန်သည် သူတို့လေးယောက်အား သိချင်စိတ်ဖြင့်ကြည့်လိုက်သည်။
“ယူယူ ဆင်းလာတော့ ငါတို့သွားကြတာပဲ” ဝေကျိရွှီပြောလိုက်သည် “မင်းသေချာအာရုံစိုက်နေတာမဟုတ်ဘူးလား၊ သတိမထားမိလိုက်ဘူးလား”
“ငါအဲလောက် စူးစူးစိုက်စိုက်ကြည့်မိတာလား” ဘိုင်ယွန်ရွှီသည် ရှက်ရှက်နှင့် လည်ပင်းအား ပွတ်နေလေသည်။
ဝေကျိရွှီနှင့် တခြားသူများသည် ဘေးဖက်လေးလံမှ တိတ်ဆိတ်စွာ နေရာယူသည်ကိုကြည့်လျှင် သူတို့သည် ကိုယ်ရောင်ကိုယ်ဝါများ လျင်မြန်စွာဖျောက်ဖျက်နိုင်သည်ကို သက်သေပြနိုင်သည်။ သို့သော် သူသည် တိုက်ခိုက်ရာတွင် အာရုံစိုက်မိသည်ကို သူကိုယ်တိုင်ပင် ဂရုမပြုမိပေ။ ဘိုင်ယွန်ရွှီသည် လွယ်ကူစွာ အလိမ်ခံရာကာ သူသည် ရိုးသားသော စိတ်ဓာတ်ရှိသည်ကို သိလိုက်ရသည်။
သူမသည် ရှင်းဝူနှင့် မဝေးသော နေရာသို့လျှောက်သွားရာ ဒဏ်ရာရထားသော ခရမ်းရောင်မြေခွေးအား ဖမ်းမိလိုက်သည်။ သူမ ဘိုင်ယွန်ရွှီရှိရာသို့ ချီသွားကာ ဘာစကားမှမပြောပဲ လွှဲပေးလိုက်သည်။ ရုတ်တရက်ပငက် သူမသည် သူတို့လာခဲ့သော လမ်းကို သတိရှိစွာကြည့်လိုက်သည်။
လူအနည်းငယ်ဆီမှ ထွက်လာသော ခြေသံဖြစ်သည်။ နီးကပ်ရင်း နီးကပ်လာသည်………..