← Chapters

မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းကို စီးနင်းတော်အဖြစ် သိမ်းပိုက်ခြင်း

Vol. 1 Ch. 1

မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းကို စီးနင်းတော်အဖြစ် သိမ်းပိုက်ခြင်း

Vol. 1 Ch. 1

ကျွိ တိုက်ကြီးကို တိုက်ခိုက်ခြင်း ၊ မှော်တိရစ္ဆာန်တောင်တန်းဒေသ

ကြေးဝါရောင် ကောင်းကင်လျှပ်စီးများသည် မြွေ၊ နဂါးများသဖွယ် တိတ်ဆိတ်နေသော မိုးကောင်းကင်ကို ဖြတ်သန်းလျက်၊ ပေါက်ကွဲသံများနှင့်အတူ အသံဗလံများ ထွက်ပေါ်လာသည်။

စိုထိုင်းသော တောအုပ်အတွင်းမှာ ထူးဆန်းသည့်ပုံသဏ္ဌန်ရှိသည့် မကောင်းဆိုးရွားသတ္တဝါဒါဇင်လိုက် ရွှံ့ထဲတွင် တိတ်တဆိတ်စွာ လဲလျောင်းနေကြပြီး အိပ်ပျော်နေသကဲ့သို့ အသံမထွက်ကြပေ။

သူတို့၏ရှေ့မှာ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် အေးဆေးတည်ငြိမ်စွာဖြင့် အဝေးကို စိုက်ကြည့်နေသည်။ ထိုလူငယ်တွင် ခံ့ညားတည်ကြည်သော ဟန်အမူအရာ၊ ထူးခြားသောအသွင်အပြင်၊ ဖြူစွတ်သောအသားအရေနှင့် နူးညံ့ပြီး နွေးထွေးသော ပုံစံရှိသည့် မျက်လုံးပြာပြာတစ်စုံရှိ‌လေသည်။

ထိုလူငယ်ကို ကျန်းချန် ဟုခေါ်ပြီး ဒီနှစ်မှာတော့ သူ့အသက် ၂၁ နှစ်ပြည့်သွားခဲ့ပြီ

ဟုတ်ပါသည်၊ သူဟာ ဤလောက က လူတစ်ဦးမဟုတ်ဘဲ၊ ဘွဲ့ရပြီးခါစ အလုပ်လက်မဲ့လူငယ်တစ်ဦးသာဖြစ်သည်။ သူအပြင်ထွက်သည့် နောက်တစ်ရက်မှာ အရက်မူး‌သမားတစ်‌ယောက်‌မောင်းလာတဲ့ကားနဲ့ အတိုက်ခံလိုက်ရသည်။

ပြန်လည်နိုးထလာချိန်မှာတော့ ကျန်းချန်သည် ယနေ့ခေတ် နာမည်အကြီးဆုံးဖြစ်သည့် ကာတွန်းဇာတ်လမ်းဟု ဆိုရလောက်သည့် "ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း"ဆိုသည့် ကမ္ဘာထဲတွင် ရောက်နေကြောင်း သိရှိခဲ့သည်။

သူဟာ မမျှော်လင့်ဘဲနဲ့ ကွန်ဖြူးရှပ်ပညာရှိစနစ်က နိုးကြားလာတာကို ကြုံတွေ့လိုက်ရသည်။ နေ့စဉ်ပေးပို့သည်များကို ဖတ်ပြီး စစ်စတမ်မှပေးအပ်သော တာဝန်များကို ပြီးမြောက်အောင်လုပ်‌ဆောင်ခြင်းဖြင့် မိမိစွမ်းအားကို မြှင့်တင်နိုင်ပြီး သင့်လျော်သော တိုက်ခိုက်‌ရေး အတတ်ပညာများနှင့် ကျင့်စဉ်နည်းလမ်းများကို ရရှိနိုင်ပေသည်။

ထို့ကြောင့် ကျန်းချန် သည် စိတ်ရောကိုယ်ပါ အားထုတ်ကာ ကြိုးကြိုးစားစား လေ့လာခဲ့သည်။ ဆယ်နှစ်အတွင်းမှာပင် ကျန်းချန်သည် သိုင်းသခင်အဆင့်မှ ကြယ်တစ်ပွင့် သိုင်းသူတော်စင်အဆင့်သို့ တိုးတက်ခဲ့သည်မှာ ကွန်ဖြူးရှပ်ပညာရှိစနစ်ကို အရှက်မရစေခဲ့ပေ။

ကျန်းချန်သည် လေပူကို နက်နက်ရှိုင်းရှိုင်း ရှူထုတ်လိုက်ပြီး မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်မှုက ရှိနေသည်။ ဘာကြောင့် စီးနင်းတော် တစ်စီး ရှာရန် ဤမျှ‌လောက် ခက်ခဲနေရပါသနည်း။

လွန်ခဲ့သော သုံးရက်က၊ စစ်စတမ်က သူ့အား သတ်မှတ်ကာလအတွင်း ဆဌမအဆင့် (သို့မဟုတ်) ထို့ထက်မြင့်သော မကောင်းဆိုးရွားတစ်ကောင်ကို စီးနင်းတော်အဖြစ် ဖမ်းဆီးရန် အကြံပေးခဲ့သည်။ ဆုလာဘ်အဖြစ်ကောင်းကင်အဆင့် တုန်းနည်းပညာသာ မရှိပါက၊ သူသည် ဒီလိုဆိုးရွားရိုင်းစိုင်းသော မှော်တိရစ္ဆာန်တောင်တန်းဒေသသို့ မလာလိုပါ

စစ်စတမ်ကို ဖွင့်လိုက်သောအခါ၊ သူ၏ ကိုယ်ရေးအကျဉ်းအားလုံးကို မြင်တွေ့ရသည်။

အမည်- ကျန်းချန်

အသက်- နှစ်ဆယ့်တစ်နှစ်

တန်းစား- ကြယ်တစ်ပွင့် သိုင်းသူတော်စင်

တိုက်ခိုက်ရေးအတတ်ပညာ- သုံးထောင်သော စိတ်လှည့်စားမှု (မြေကြီးအဆင့် - အလယ်အလတ်)၊ နတ်ဘုရားလုပ်ကြံခြင်းလက်ဖဝါး(မြေကြီးအဆင့် - အဆင့်မြင့်)

ကျင့်ကြံခြင်း အတတ်ပညာ- ဝိညာဉ်စုဆောင်းခြင်းအတတ် ( ကောင်းကင်ဘုံအဆင့် - အစောပိုင်းအဆင့်)

အဖိုးတန်ပစ္စည်းများ- မရေတွက်နိုင်လောက်အောင် များပြားသည်။

လက်ရှိရည်မှန်းချက်- သတ်မှတ်ကာလအတွင်း အဆင့်ခြောက်ရှိသည့် မကောင်းဆိုးရွားသတ္တဝါကို ဖမ်းဆီးရန်၊ ကျန်ရှိချိန် - ၁၃:၁၀

အသက်နှစ်ဆယ့်တစ်နှစ်အရွယ်မှာ တုန်းရှန်းအဆင့်သို့ ရောက်ရှိခြင်းသည် ဤလောကမှာ ရှားပါးလှသည်။ ပါရမီရှင်များ ပေါကြွယ်ဝလှသော ဗဟိုမြေပြန့်တိုက်ကြီးတွင်ပင် အသက်နှစ်ဆယ်အရွယ်တွင် တုန်းရှန်းအဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်ခဲ့သူ မရှိခဲ့ဖူးပေ။

"ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း"ဇာတ်လမ်းထဲက ဇာတ်လိုက် ရှောင်းယန် ပင် အသက်နှစ်ဆယ့်တစ်နှစ်တွင် တုန်းဟွမ်းအဆင့်သာ ရှိခဲ့ပြီး၊ အသက်သုံးဆယ်နား ရောက်မှသာ တုန်းရှန်းအဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်ခဲ့သည်။

ကျန်းချန် သည် လက်တစ်ဖက်ကို ကျောနောက်တွင် ထားကာ ညာဖက်ခြေဖြင့် ခြေလှမ်းလှမ်းလိုက်သည်။ ခြေဖဝါးသည် မြေပြင်နှင့် ထိကပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မီတာတစ်ထောင်ကျော် ဝေးရာသို့ ပေါ်လာလေသည်။ သူ၏ခြေလှမ်းကြောင့် ဖြစ်ပေါ်လာသော အာကာသလှိုင်းများသည် တန်ခိုးကြီးမားသော လှိုင်းများသဖွယ် ဖြာထွက်သွားသည်။

ယခုအချိန်မှာ မိနစ်ပိုင်းအနည်းငယ်သာ ကျန်တော့သဖြင့် အဆင့်ခြောက်ရှိသည့် မကောင်းဆိုးရွားသတ္တဝါတစ်ကောင်ကို ရှာဖွေမည်ဟု သူဆုံးဖြတ်လိုက်သည်။

ထိုအခိုက်မှာပင် ကျန်းချန်သည် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ မျက်ခုံးအနည်းငယ် လှုပ်လိုက်ပြီး သူ၏ မျက်လုံးများသည် ဝေးကွာလှသော နေရာတစ်ခုဆီသို့ ငေးကြည့်နေလေသည်။ သီးသန့်လှိုင်းရိပ်တစ်ခု ဖြည်းဖြည်းမှန်မှန် သူ့ဆီသို့ ချဉ်းကပ်လာနေကြောင်း ခံစားမိသည်။

"သိုင်းဧကရာဇ် အဆင့် မကောင်းဆိုးရွားသတ္တဝါတစ်ကောင်လား... တကယ့်ကို ကိုယ်တိုင်ပဲ ကျွန်တော့်အိမ်တံခါးဝထိ အရောက်လာခဲ့တာပေါ့။"

စကားလုံးများ မပြီးဆုံးမီမှာပင် ကျန်းချန် သည် အာကာသဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

ကျန်းချန်မှ မိုင်တစ်ရာအကွာ ချိုင့်ဝှမ်းတစ်ခုအတွင်း၊ ခန္ဓာကိုယ်ကြီးမားလှသော မကောင်းဆိုးရွားသတ္တဝါတစ်ကောင်သည် အဆင့်ငါးရှိသည့် မကောင်းဆိုးရွားသတ္တဝါ၏ အလောင်းကို ကိုက်ဖြတ်စားသောက်ရင်း ဤအသားများသည် အလွန်ချဉ်နေပြီဟု အဆက်မပြတ် ညည်းညူနေသည်။

ထိုမကောင်းဆိုးရွားသတ္တဝါ၏ ဦးခေါင်းသည် အလွန်ရက်စက်ကြမ်းတမ်းသော ခြင်္သေ့ဦးခေါင်းပုံသဏ္ဍာန်ရှိပြီး၊ သွေးနီရောင်မျက်လုံးများအကြားတွင် သဘာဝလွန်ခရမ်းရောင်အလင်းတန်းများ ဝင်းလက်နေသကဲ့သို့ဖြစ်နေသော သားရဲမျက်လုံးနှင့် အစွယ်များဖြင့် ပြည့်နှက်နေသည့် ဧရာမပါးစပ်ကြီးတစ်ခု ရှိသည်။

ဧရာမခြင်္သေ့ကိုယ်ကြီး၏ ဘေးဘက်မှာ ခရမ်းရောင်ဖြင့် လိမ်ခွေနေသော ဦးချိုတစ်ချောင်းရှိပြီး၊ ထိုဦးချို၏ ထိပ်ဖျားတွင် ခရမ်းရောင် မီးလျှံအစုအဝေးများ ဝေ့ဝန်းလျက် ရှိနေသည်။

ကြီးမားလှသော ခြင်္သေ့ကိုယ်ထည်၏ နှစ်ဖက်စလုံးတွင် ခရမ်းရောင် အတောင်ပံများ ပေါက်ရောက်နေသည်။ ခရမ်းရောင်အတောင်ပံများ တဖျန်းဖျန်းလှုပ်ရှားသည့်အခါတိုင်း ခရမ်းရောင် မီးတောက်အစုငယ်များသည် မီးသတ်ဖြန်းစက်များကဲ့သို့ လွှမ်းခြုံကာ လှိုင်းတံပိုးသဖွယ် ထွက်ပေါ်လာသည်။

၎င်း၏ လေးဘက်လေးတန်မှာ ထူထဲကြီးမားသော ခြေသည်းလက်သည်းများကိုလည်း ခရမ်းရောင်ပုံဆောင်ခဲအလွှာတစ်ခုက ထုပ်ပိုးထားပြီး၊ ခြေလှမ်းတစ်လှမ်း ချလိုက်တိုင်း အာကာသကိုပင် တုန်ခါသွားစေနိုင်သော တန်ခိုးကြီးမားမှုမျိုး ဖြစ်ပေါ်စေသည်။

မှန်ပါသည်၊ သူတို့ရှေ့က သတ္တဝါသည် မှော်တိရစ္ဆာန်တောင်တန်းဒေသ၊ အရှေ့ဘက်တောအုပ်ကြီး၏ အရှင်သခင်ဖြစ်သော အဆင့်ခြောက် မကောင်းဆိုးရွားသတ္တဝါဟုခေါ်သော နီလာခရမ်းရောင်အတောင်ပံရှိသည့် ခြင်္သေ့မင်းပင်ဖြစ်သည်။

ထိုအခိုက်မှာပင် မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် သစ္စာဖောက်များကို ရှင်းလင်းနေချိန်ဖြစ်သည်။ သူ့ရှေ့ရှိ အဆင့်ငါး မကောင်းဆိုးရွားသတ္တဝါသည် ထိုသို့သော သစ္စာဖောက်တစ်ကောင်ဖြစ်ပြီး အခြားအဆင့်ခြောက် မကောင်းဆိုးရွားများနှင့် ပူးပေါင်းကာ အရှေ့တောင်တန်းဒေသကို သိမ်းပိုက်ရန် ကြံစည်ခဲ့သူဖြစ်သည်။ နောက်ဆုံးတွင် ခြင်္သေ့မင်းက ရှာဖွေတွေ့ရှိသွားပြီး ရက်စက်စွာ သတ်ဖြတ်လိုက်သည်။

ထိုအချိန်တွင်ပင် မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် အနည်းငယ်မျှသော စိုးရိမ်စိတ်ကို ခံစားလ်ိုက်ရသည်။ သူ့ဦးခေါင်းကို မြှောက်ကြည့်လိုက်သည့်အခါ မည်သည့်အချိန်က ရောက်လာမှန်းမသိသည့် လူသားတစ်ယောက်သည် သူ့အပေါ်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

မရန်းစေ့ရောင် အတောင်ပံရှိသည့်ခြင်္သေ့မင်းသည် အမြင်လွဲမှားနေသည်ဟု ထင်ကာ မျက်လုံးကို အားပါးတရ ပွတ်ကြည့်သော်လည်း တုန်းချီ အတောင်ပံပုံစံရှိသည့် ထိုအင်အားကြီးပုဂ္ဂိုလ်ကို မြင်နေရဆဲပင်။

"မင်း..." မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် လေအေးကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။ "သိုင်းဘိုးဘေးလား?!"

ကျန်းချန် သည် ပြုံးရင်း ပြောသည်၊ "မမှားဘူး၊ မင်းဟာ ကြယ်သုံးပွင့် သိုင်းဧကရာဇ်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပြီထင်တယ်။ အချိန်လည်း နီးကပ်နေပြီ၊ ဒါကြောင့် မင်းပဲ ဖြစ်ရမယ်။"

မရန်းစေ့ရောင် အတောင်ပံရှိသည့်ခြင်္သေ့မင်းသည် သူ၏ တံတွေးကို မျိုချလိုက်ပြီး ပါးစပ်ထောင့်မှ ကျန်ရစ်သည့် တံတွေးများကိုတောင် သုတ်ဖို့ အချိန်မရတော့ပေ။ သူ့ရှေ့က လူသားသည် တုန်းဟွမ်း အဆင့်ကို ကျော်လွန်ကာ သိုင်းဘိုးဘေးအဆင့်သို့ ရောက်ရှိ‌နေပြီးဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်း သိသည်။ ထို့ကြောင့်ပဲ သူသည် ထိုလူသား ရောက်ရှိလာမှုကို မခံစားမိခဲ့ခြင်းဖြစ်သည်။

ကျန်းချန်သည် ခံ့ညားတည်ကြည်စွာပြောသည်၊ "အခုကစပြီး သင်သည် ကျွန်‌တော်၏ စီးနင်းတော်ဖြစ်လာပြီး ကျွန်တော်နှင့်အတူ ကျင့်ကြံမှုတွေကို လေ့ကျင့်ရမယ်"

မရန်းစေ့ရောင်အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် သူ၏ခန္ဓာကိုယ်ကြီးကို မဝံ့မရဲလှုပ်ရှားကာ ထိုလူသား၏ လှုပ်ရှားမှုကို စောင့်ကြည့်ရင်း နောက်သို့ ဆုတ်လာသည်။

ထိုအခိုက်တွင် သူသည် အကြောက်တရားဖြင့် စိတ်ရှုပ်နေပြီး သူ၏စိတ်ထဲတွင် တွေးနေသော တစ်ခုတည်းသော အတွေးမှာ- ထွက်ပြေးရမယ်! တတ်နိုင်သမျှ ဝေးဝေးပြေးရမယ်၊ အကောင်းဆုံးက အရှေ့တောင်တန်းဒေသကြီးတစ်ခုလုံးကနေ ရှောင်တိမ်းနိုင်ရမယ်။ တုန်းကျုံ တစ်ယောက်လုံးရဲ့ရှေ့မှာ ခုခံဖို့ စွမ်းအားလုံးဝ မရှိတော့ပါဘူး။

ကျန်းချန် သည် အရင်မလှုပ်ရှားဘဲ၊ သူ၏ စက္ကူထီးကို သိမ်းလိုက်ပြီး လက်စွပ်ကွင်းထဲမှ ခေါက်ယပ်တောင်ကို ဖြည်းဖြည်းချင်း ထုတ်ကာ သူ့ကိုယ်သူ ညင်သာစွာ ယပ်ခတ်၍ နေ‌လေသည်။

ဒါကို မြင်တွေ့လိုက်ရသည့်အခါ မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် ချက်ချင်းပင် ပျံတက်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ငှက်တစ်ကောင်ကဲ့သို့ စတင်ထွက်ပြေးလေသည်။ သိုင်းဧကရာဇ်အဆင့်တွင်ရှိသောကြောင့် သူ၏ အမြန်နှုန်းသည် မြန်ဆန်လှသည်။ တစ်ခဏအတွင်းမှာပင် မိုးတိမ်များတို့ကို ဖြတ်ကျော်ကာ မှော်တိရစ္ဆာန်တောင်တန်းဒေသ ကို ကျော်လွန်ကာ ပျောက်ကွယ်လုနီးပါးဖြစ်သွားပြီဖြစ်သည်။

မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် ထိုလူသားဆီမှ လွတ်မြောက်သွားပြီဟု စဉ်းစားချိန်တွင် ကျန်းချန် သည် ဘာကြောင့်မှန်းမသိ သူ၏ဦးခေါင်းပေါ်သို့ ရပ်နေပြီဖြစ်သည်။ သူသည် ရယ်မောရင်း "အမြန်နှုန်းက ကောင်းတယ်၊ အမွေးတွေလည်း ထူတယ်။ နောက်ခါ စီးရရင် အရမ်းသက်သောင့်သက်သာ ဖြစ်မှာပဲ။"

"ဆင်းပါ။"

ရိုးရှင်းသော စကားလုံးနှစ်လုံးသည် ကျန်းချန် ၏ ပါးစပ်မှ ထွက်လာသော်လည်း မရန်းစေ့ရောင် အတောင်ပံရှိသည့်ခြင်္သေ့မင်း၏ နားထဲတွင် အနီးအနားရှိ ရထား၏ခရာ မှုတ်သံကဲ့သို့ ကြားရသည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးသည် အင်အားတစ်စုံတရာ မထုတ်နိုင်တော့ဘဲ မြေပြင်သို့ ထိုးကျသွားသည်က ဖုန်ထုကြီးကို ကန်လိုက်သကဲ့သို့ တစ်ခုလုံးကို မြှုပ်သွားစေသည်။

ကျန်းချန် သည် အေးဆေးတည်ငြိမ်စွာဖြင့် သူ၏ ခေါက်ယပ်တောင်ကို လှုပ်ယမ်းကာ ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်အားလုံးကို လွင့်စင်သွားစေသည်။

မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်း၏ မျက်နှာသည် နီမြန်းနေပြီး ဤသို့လျှောက်ထားသည်၊ "အရှင်၊ အသက်ချမ်းသာပေးပါ! ကျွန်တော်မျိုး ကျင့်ကြံအားထုတ်ရတာ မလွယ်ကူပါဘူး၊ အကယ်၍ ကျွန်တော်မျိုး သေသွားရင် တစ်သက်လုံး အားထုတ်ခဲ့ရတာ အချည်းနှီးဖြစ်သွားမှာပါ!"

ကျန်းချန် သည် နူးညံ့ချိုသာစွာဖြင့် "ကျွန်တော် ဘယ်တုန်းက သင့်အသက်ကို ယူမယ်လို့ ပြောခဲ့ပါသလဲ။ သင်ဟာ ကျွန်တော်နဲ့ ဝိညာဉ်စာချုပ် တစ်ခု ချုပ်ဖို့ပဲ လိုတယ်။"

ထိုစကားကို ကြားလိုက်ရသည့်အခါ မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် တံတွေးကို မျိုချလိုက်သည်။ ဝိညာဉ်စာချုပ်ဆိုတာက ဘာလဲဆိုတာ သူသဘောပေါက်သည်။ ယင်းသည် မကောင်းဆိုးရွားသတ္တဝါအား လူသား၏ စီးနင်းဖော်(ခိုင်းဖက်)အဖြစ် လိုလိုလားလား လုပ်ပေးရသော စာချုပ်တစ်ခုဖြစ်သည်။ တစ်ကြိမ်တည်း ချုပ်ဆိုပြီးသည်နှင့် ၎င်း၏ အင်အား သို့မဟုတ် ဆန့်ကျင်ဘက်၏ ကျင့်ကြံမှုအဆင့် ဘယ်လောက်ပဲဖြစ်ဖြစ်၊ ဒီအရာကို တုန်းဆေးကုသမားတော်သာ အလွယ်တကူ ဖျက်သိမ်းနိုင်သည်။

သို့သော် သဘောတူညီချက်မရရှိပါက ၎င်း၏အသက်သည် ဒီနေရာမှာပဲ ကုန်ဆုံးသွားနိုင်သည်... နှစ်ပေါင်းရာချီ အားထုတ်မှုများသည် ပူဖောင်းကဲ့သို့ ပျောက်ကွယ်သွားနိုင်သည်။

စဉ်းစားမဆုံးဖြတ်နိုင်ဘဲ တုံ့ဆိုင်းနေမှုအောက်တွင်ရှိနေသည့် မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်း ကို မြင်တွေ့ရသောအခါ ကျန်းချန် သည် စကားများကို ရပ်တန့်လိုက်ပြီး သူ၏လက်ချောင်းကို အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် ထူးဆန်းသော အလင်းရောင်ရှိသော ဆေးတစ်လုံးသည် မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်း ရှေ့သို့ ပျံသန်းလာလေသည်။

"ဒါက..."

"ဒါ... ဒါက..."

မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်း၏ မျက်လုံးသည် ချက်ချင်းပြူးသွားပြီး အံအားသင့်စွာအော်ဟစ်လိုက်မိသည်၊ "အဆင့်ခုနစ်...

အသွင်ပြောင်းလဲခြင်း ဆေးလုံးပဲ!!!”

All Chapters