← Chapters

ယွင်ယွင် နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်း

Vol. 1 Ch. 2

ယွင်ယွင် နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်း

Vol. 1 Ch. 2

"ဒါ တကယ်ပဲ အဆင့်ခုနစ် အသွင်ပြောင်းလဲခြင်း ဆေးလုံးလား?!!"

မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် တံတွေးကို မျိုချလိုက်သည်။ သူသည် သွင်ပြင်ပြောင်းလဲခြင်းဆေးလုံးကို ရရှိရန် အိပ်မက်မက်ခဲ့ဖူးသည်။ ယင်းဆေးလုံးသည် ၎င်း၏ သတ္တဝါပုံစံကို အပြည့်အဝ ပြောင်းလဲ‌စေနိုင်သော၊ မကောင်းဆိုးရွားသတ္တဝါတစ်ကောင်၏ သက်တမ်းရှည်ကြာမှုနှင့် လူသားတို့၏ ကျင့်ကြံခြင်းပါရမီကို ရရှိစေသော အထွတ်အထိပ် ရတနာတစ်ပါးဖြစ်ပြီး၊ မကောင်းဆိုးရွားသတ္တဝါများ လိုချင်တောင့်တသော အရာတစ်ခုပင်ဖြစ်သည်။

သူ့ရှေ့က ဤလူသားက ဤကဲ့သို့သော ရတနာကို ထုတ်ယူရဲသည်က ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန်ရတနာတို့ကို ဖြုန်းတီးနေခြင်းပင် မဟုတ်ပါလော?!

ထိုအချိန်တွင်ပင် မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်း၏နှလုံးသားသည် စတင်တုန်လှုပ်လာသည်။ အဖြစ်မှန်များကို ဖယ်ထုတ်ထားလိုက်ပါလျှင်၊ သိုင်းဘိုးဘေးမဖြစ်ခင်က ထိုသူသည် ကောင်းကောင်း အကာအကွယ်ပေးခဲ့သည့်သူလည်း ဖြစ်သည်။ နောင်အခါ ကျင့်ကြံအားထုတ်ရာတွင် အတားအဆီးတစ်ခုခုနဲ့ ကြုံတွေ့ပါက ၎င်းကို အားကိုးနိုင်ဖွယ် ရှိသည်။

တခဏလောက် စဉ်းစားပြီးနောက် မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် ဦးခေါင်းကို မြှောက်ကာ ပြောသည်၊ "ကောင်းပြီ၊ ငါဘုရင် သဘောတူပါသည်။ အခုကစပြီး သင်သည် ကျွန်ုပ်၏ သခင်ဖြစ်သည်။ ကျွန်တော်မျိုး သခင်ကို သွင်ပြင်ပြောင်းဆေး နောက်တစ်လုံးထပ်ပေးနိုင်မလားလို့ပဲ မေးချင်ပါတယ်။"

ကျန်းချန်သည် ပြုံးရင်း မတွန့်မဆုတ်ဘဲ ပြန်‌ဖြေလိုက်သည်၊ "ရပါတယ် ပြဿနာမရှိပါဘူး။"

ထိုသို့‌သောအချက်ကို ဤမျှလွယ်ကူစွာ သဘောတူညီသည်ကို မြင်တွေ့လိုက်ရသောအခါ မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် မကောင်းဆိုးရွားသတ္တဝါများ၏ အခြေခံစည်းမျဥ်းအချို့ကို ဖောက်ဖျက်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ စွမ်းအားကို တိုးမြှင့်ရန် အနည်းငယ်သော သိမ်ငယ်ရတာက ဘာများပါလဲ?

ငွေရောင်-အဖြူရောင် အလင်းတန်းတစ်ခုသည် မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်း၏ ဂမ္ဘီရဉာဏ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသောအခါ၊ သူ၏ နဖူးပေါ်တွင် ပန်ကာပုံသဏ္ဍာန် သင်္ကေတတစ်ခုသည် ယဲ့ယဲ့ကလေး လင်းလက်နေပြီး၊ ၎င်းသည် လူသား၏ စီးနင်းတော်အဖြစ် လုံးဝဖြစ်လာကြောင်း သက်သေပြနေသည်။

【ဂုဏ်ယူပါတယ် သခင်၊ စစ်စတမ်ရဲ့ မစ်ရှင်ကို ပြီးမြောက်အောင်မြင်ပါတယ်- သတ်မှတ်ကာလအတွင်း အဆင့်ခြောက် မကောင်းဆိုးရွားသတ္တဝါကို ဖမ်းဆီးခြင်း။ ဆုလာဘ်- ကောင်းကင်ဘုံအဆင့် ‌အခြေခံ သိုင်းအတတ်ပညာ၊ Azure Lotus Sword Shadow (မိုးပြာ‌ရောင်ကြာပန်း ဓားရိပ်)!】

【နောက်မစ်ရှစ်၏ အချိန် - သုံးရက်ကြာပြီးနောက်】

ကျန်းချန်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မငြိမ်မသက်ဖြစ်‌နေသော စွမ်းအားကို ခံစားမိသည်။ စစ်စတမ်လည်းပဲ ဤကောင်းကင်ဘုံအဆင့် သိုင်းလေ့ကျင်ခြင်း ကို အောင်မြင်စွာ သင်ယူခဲ့သည်။ ဤသည်မှာ သူအလေးထားသော အချက်ဖြစ်သည်- သူကိုယ်တိုင် ကျင့်ကြံစရာမလိုဘဲ တိုက်ရိုက်သင်ယူခြင်းဖြင့် အချိန်များစွာ ချွေတာနိုင်သောကြောင့်ဖြစ်သည်။

မရန်းစေ့ရောင် အတောင်ပံရှိသည့်ခြင်္သေ့မင်းသည် ရိုသေစွာဖြင့် ပြောသည်။ "သခင်၊ ကျွန်တော့်အိမ်မှာ ခြင်္သေ့ပေါက်လေးတစ်ကောင် ရှိပါသေးတယ်။ သူ့ကိုပါ ခေါ်လာလို့ ရမလား?"

ကျန်းချန်သည် "ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း"ဇာတ်လမ်းကို ပြန်စဥ်းစားကြည့်သည်။ မရန်းစေ့မရန်းစေ့ရောင် အတောင်ပံရှိသည့် ခြင်္သေ့မင်းတွင် အဆင့်သုံး ခြင်္သေ့လေးတစ်ကောင် ရှိကြောင်း၊ ပြီးလျှင် ခရမ်းရောင် ခရစ်စတယ်စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားကြောင်း၊ ၎င်းသည် အံ့ဩဖွယ်ကောင်းသော အရာဝတ္ထုတစ်ခု ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

မရန်းစေ့ရောင် အတောင်ပံ ခြင်္သေ့မင်းသည် ထူးခြားသော ပါရမီရှိပြီး အရောင်အသွေးစုံလင်လှသော မကောင်းဆိုးရွားသတ္တဝါတစ်ကောင် ဖြစ်သည်။ ယင်းသတ္တဝါသည် မည်သည့်အချိန်မဆို မျိုးပွားနိုင်ပြီး ခြင်္သေ့ပေါက်ကလေးနှင့်အတူ ခရမ်းရောင် ခရစ်စတယ်စွမ်းအင်ကို ထုတ်လုပ်နိုင်သည်။

ခရမ်းရောင် ခရစ်စတယ်စွမ်းအင်သည် ခြင်္သေ့မင်း၏ ဝမ်းဗိုက်အတွင်း အလွန်ကြာမြင့်စွာ ရှိနေသောကြောင့်၊ ယင်းတွင်ပါရှိသော စင်ကြယ်သည့် စွမ်းအင်သည် တော်တော်လေး ကြီးကျယ်ခမ်းနားလှသည်။ ခြင်္သေ့ပေါက်ကလေးသည် အဆင့်လေး မှော်တိရစ္ဆာန်အဖြစ်သို့ ရောက်လာသည့်အခါ ဤခရမ်းရောင် ခရစ်စတယ်စွမ်းအားကို စားသုံးရုံဖြင့် တိုက်ရိုက် အဆင့်ငါးဆင့်ရှိ မှော်တိရစ္ဆာန်အဖြစ်သို့ ပြောင်းလဲစေနိုင်သည်။

ဤသည်ကို မကောင်းဆိုးရွားသတ္တဝါများကြားတွင် ရှားပါးသော ကောင်းကင်နှင့် မြေကြီး၏ ရတနာတစ်ပါးဟု ခေါ်ဆိုနိုင်သည်။

"သွားကြရအောင်။"

ကျန်းချန်သည် မရန်းရောင် ခရစ်စတယ် စွမ်းအင်ကို မပိုင်ဆိုင်ရသေးသဖြင့် လုံခြုံစေရန် သူနဲ့အတူယူသွားဖို့ ဆုံးဖြတ်လိုက်သည်။

မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်း၏ လမ်းပြမှုဖြင့် မိမိတို့နှစ်ဦးသည် သူ၏ နေအိမ်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာသည် အလွန် လူသူကင်းမဲ့ပြီး နေရာတိုင်းတွင် မကောင်းဆိုးဝါး သတ္တဝါအ‌သေများ ရှိနေသည်။ ဤမရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းသည် အဆင့်မြင့် မကောင်းဆိုးဝါးသတ္တဝါများကို ဝါးမျိုပြီး အင်အားတိုးချင်သည်မှာ အသေအချယူရို ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ အဆင့်သုံး မကောင်းဆိုးဝါးသတ္တဝါများသည် လူသားတစ်ဦးကို မြင်သည်နှင့် ရှေ့သို့ ပြေးလာကြသော်လည်း ခြင်္သေ့မင်း၏ စူးရှသော ဟိန်းသံကို ကြားရသောအခါ ကြောက်လန့်ပြီး နောက်ဆုတ်သွားကြသည်။

"ထွက်သွားကြစမ်း!"

မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်း၏ တစ်ဟုန်ထိုးထနေသော စွမ်းအင်အောက်တွင် အသိစိတ်ရှိခါစ ဤမကောင်းဆိုးဝါးသတ္တဝါအုပ်စုသည် ကြမ်းပြင်ပေါ်တွင် ဆက်တိုက် ဒူးထောက်ကာ အရိုအသေပြုကြသည်။

ဒီအချိန်မှာပင် အဆင့်သုံးသို့ ရောက်ရှိခဲ့သော ငယ်ရွယ်သည့် မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းသည် သူ့ဖခင်ကျွိ၏ စွမ်းအင်ကို ခံစားမိပြီး စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေးလာခဲ့သည်။

သို့သော် လူသားကို မြင်သည့်အခါ ထိုအဆင့်သုံး ခြင်္သေ့လေးထံမှ မာန်ဖီသံများ ထွက်‌ပေါ်လာသည်။ အဘယ်‌ကြောင့် သူ၏ဖခင်က ထိုလူသားကို အိမ်သို့ ခေါ်လာရသည်ကို နားမလည်ပေ။

မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းက ရှင်းလင်းချက်တစ်ခု ပေးပြီးနောက် မရန်းစေ့ရောင် အတောင်ပံခြင်္သေ့လေး၏ ဒေါသအနည်းငယ် ပြေလျော့သွားသော်လည်း ထိုလူသားကိုမူ သတိထား စောင့်ကြည့်နေဆဲပင်ဖြစ်သည်။

"သခင်၊ သူက ကျွန်တော်၏ သနားစရာကောင်းလှသည့်သား ဖြစ်ပါသည်။ သူ၏ မလျော်ကန်မှုကို ခွင့်လွှတ်တော်မူပါ။"

ကျန်းချန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး လိုဏ်ဂူထဲသို့ ခြေလှမ်းကျဲကျဲလျှောက်ကာ ဝင်သွားသည်။ မရန်းစေ့ရောင် အတောင်ပံခြင်္သေ့လေးသည် သူ၏ ဖခင်ကို မေးမြန်းလိုသော်လည်း ဖခင်ဖြစ်သူက တားမြစ်လိုက်ပြီး စည်းကမ်းကို လိုက်နာရန်သာ ပြောဆိုခဲ့သည်။

လိုဏ်ဂူအတွင်းသို့ ရောက်လာသောအခါ အဂ္ဂိရတ်ဆရာတို့ လိုလားတောင့်တနေကြသော မရန်းရောင် ခရစ်စတယ် စွမ်းအင်သည် သူ့မျက်လုံးနဲ့ စတင်မိတ်ဆက်သလို မျက်လုံးထဲ ဝင်လာသည်။ ရွှေရောင်ဖျော့ဖျော့လေး လင်းထွက်နေသော အလုံးကို ကြည့်ရင်းနှင့် သူ အနည်းငယ် ပြုံးလိုက်သည်။

ကျန်းချန်၏ လက်ချောင်း အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မရန်းရောင် ခရစ်စတယ် စွမ်းအင်ကို ပတ်ထားသော အထူးကျောက်တုံးသည် ချက်ချင်း ကြေမွသွားသည်။ ယောင်ချန်က မရန်းရောင် ခရစ်စတယ် စွမ်းအင်ကို အင်အားသုံးကာ ဖွင့်၍မရဟု အရင်က ပြောခဲ့ဖူးသော်လည်း သိုင်းသူတော်စင်တစ်ဦးအနေဖြင့် မဖွင့်နိုင်ဟု မဆိုလိုပေ။

စင်ကြယ်သော စွမ်းအင်အစက်များသည် အက်ကွဲကြောင်းများမှ ထွက်လာသောအခါ ကျန်းချန်က မပြောမဆိုနဲ့ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူပြီး စုဆောင်းလိုက်သည်။ နောက်ပိုင်းတွင် မရန်းစေ့ရောင် အတောင်ပံခြင်္သေ့လေးသည် အဆင့်လေး မှော်သတ္တဝါအဖြစ်သို့ ရောက်ရှိနိုင်ဖို့အတွက် ပုလင်းတစ်လုံးကို ပေးလိုက်ရုံပင်။

လိုဏ်ဂူအပြင်ဘက်မှာတော့ မရန်းစေ့ရောင် အတောင်ပံခြင်္သေ့လေး၏ မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။ သူ၏ အရင်းအမြစ် စွမ်းအင်ကို ဖျက်စီးခံလိုက်ရသည်ကို သေချာပေါက် ခံစားမိသည်။ မခံမရပ်နိုင်ဖြစ်နေသော်လည်း ဖခင်၏ ဖိအားပေးမှုကြောင့် ကြမ်းပြင်ပေါ် ဒူးထောက်ကာ မာန်ဖီသံတိုးတိုးလေးသာ ထွက်နေရသည်။

မရန်းရောင် ခရစ်စတယ်စွမ်းအင်ကို သိမ်းဆည်းပြီးသည့်နောက် ကျန်းချန်သည် မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းအား အနှစ်နှစ်ဆယ်လျှင် တစ်ကြိမ်သာ အရေခွံလဲနိုင်သော မရန်းစေ့ရောင် ဝိညာဉ်ကျောက်ကိုပါ တစ်ပါတည်း ယူလိုက်သည်။ အချုပ်ဆိုရလျှင် နောက်ပိုင်းတွင် သူတို့အဖို့ ဒါကိုမလိုအပ်တော့ဘဲ သူနှင့်အတူ တောနက်ထဲတွင် ကျင့်ကြံသွားကြမည်ဟု ထင်သောကြောင့်ပင်ဖြစ်သည်။

ရုတ်တရက် ကျန်းချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ အကြောင်းမှာ သူသည် ဤနေရာသို့ လာနေသော သိုင်းဧကရာဇ်၏စွမ်းအင်ကို ခံစားမိသောကြောင့် ဖြစ်သည်။ လေထဲရှိ လှိုင်းဂယက်စွမ်းအားကို ခန့်မှန်းကြည့်ပါလျှင် လာမည့်သူသည် လူသား သိုင်းဧကရာဇ်တစ်ဦးဖြစ်ကြောင်း သိရှိနိုင်သည်။

မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းသည် ခေါင်းကို မြှောက်လိုက်ပြီး ရက်စက်သော မျက်လုံးများဖြင့် သူတို့ဆီသို့ ဦးတည်လာနေသော အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။ ချက်ချင်းပင် မျက်‌မှောင်ကြုတ်သွားပြီး လေထဲတွင် ပျံသန်းရင်း အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။

"လူသားမိန်းမ၊ ငါတို့ဘုရင် အနားယူချိန်ကို နှောင့်ယှက်ရဲသလော! အလွန်အတင့်ရဲပါလား!"

ရောက်ရှိလာသူမှာ ကိုယ်လုံးကိုယ်ထည် သွယ်လျသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ခရမ်းရောင်ဖြင့် ရွှေစီထားသည့် တင်းကျပ်သော ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ အနက်ရောင်ဆံပင်ရှည်ကို ဖီးနစ်ငှက်ပုံစံ စည်းထားကာ အထက်တန်းကျသည့် ပုံစံကို ထုတ်ဖော်ပြလျက်ရှိပြီး မျက်နှာတွင်မူ အေးချမ်းသော အလှတရားကို ပိုင်ဆိုင်ထားသည်။

သူမ၏ နောက်ကျောတွင် အပြာနုရောင် အတောင်ပံတစ်စုံ ပါရှိသည်။ အတောင်ပံများမှာ အနည်းငယ် မှိန်နေသော်လည်း စွဲမက်ဖွယ်ကောင်းသော ဖိအားသဘောကို ပေးစွမ်းနေသည်။

အမျိုးသမီးသည် လေထဲတွင်ရပ်နေရင်း တစ်ဖက်တွင် ဓားကိုင်ကာ တည်ငြိမ်သောအသံဖြင့် ပြောသည်။ "ယနေ့အဖို့ ကျွန်မမှာ မကောင်းကြံလိုစိတ် မရှိပါ။ ခြင်္သေ့မင်း၏ မရန်းစေ့ရောင် ဝိညာဉ်ကျောက်ကို ခဏတာ အသုံးပြုရန်အတွက် ဌားရမ်းရန်သာ ဆန္ဒရှိပါသည်။"

မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းက နှာခေါင်းသံပြင်းပြင်းနှင့် အေးစက်စက်စကားဆိုသည်။ "ငါ မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းသည် အနှစ်နှစ်ဆယ်လျှင် တစ်ကြိမ်သာ သေးငယ်သောအရာကိုသာ ပြောင်းလဲနိုင်သည်! ဒါကို မင်းက ဒီအတိုင်း ရိုးရိုးတောင်းရုံနဲ့ရမယ် ထင်သလား"

ယွင်ယွင်သည် နူးညံသောမျက်ခုံးများ အနည်းငယ်ကြုံ့သွားသည်။ သူ့ရှေ့ရှိ မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းသည် ထင်ထားသည်ထက် အင်အားပိုကြီးနေပြီး အထူးသဖြင့် သူ့ခန္ဓာကိုယ်မှ ပေါ်ထွက်နေသော ထူးခြားသည့် စွမ်းအင်ဖြစ်သည်။ ထိုခြင်္သေ့မင်းတွင် ကြီးမားသောစွမ်းအားရှိခြင်းမှာ သူ့အား ကျွမ်းကျင်သူတစ်ဦးက ကူညီပေးနေသည်ဟု ခံစားရသည်။

မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းသည် ကျန်းချန်၏ စီးနင်းတော်ဖြစ်လာချိန်မှစ၍ သူ၏စွမ်းအင်သည် အတိုင်းမသိ ပြောင်းလဲသွားသည်။ ယခင်က မရှိခဲ့နေသော ခရမ်းရောင်ကျောက်များသည် ထူးခြားစွာဖ့င့် အရောင်တောက်ပလာခဲ့သည်။

မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းသည် သူမကို တိုက်ခိုက်ရန် ဟန်ပြင်စဉ် သူ့သခင်ကျန်းချန်၏ အသံက နောက်မှ ထွက်ပေါ်လာသည်။

"ရပ်လိုက်"

မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းက ဘေးတိုက်လှည့်လိုက်ပြီး မျက်လုံးတွင် အတတ်နိုင်ဆုံး လေးစားမှုကို ပြသကာ အစောက ထုတ်ထားသော လက်သည်းကို ပြန်ရုပ်သိမ်းလိုက်သည်။

ယွင်ယွင်က အောက်ဘက်ရှိ အဖြူရောင်ဝတ်စုံဝတ်ထားသော လူငယ်လေးကို စူးစိုက်ကြည့်လိုက်ပြီး အံ့အားသင့်မှုအနည်းငယ်ကို ပြလိုက်သည်။ "အရှင်၊ အရှင်က ဒီနေရာသို့ အဘယ်သို့ ရောက်ရှိလာပါသနည်း။"

အကြောင်းမှာ ဒီနေရာသည် မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်း၏ နယ်မြေဖြစ်ကြောင်း သိထားခြင်းဖြစ်သည်။ သိုင်းဧကရာဇ်ရာထူးဂုဏ်ကို ပိုင်ဆိုင်ထားသော သူမပင် ဒီနေရာသို့ အလွယ်တကူ ချိုးဖောက်ဝင်ရောက်ရန် မဝံ့ရဲပေ။ မရန်းစေ့ရောင် ဝိညာဉ်ကျောက် မရှိပါက ယွင်ယွင်သည် အဆင့်ခြောက် မှော်သတ္တဝါတစ်ကောင်နှင့် ရန်သူဖြစ်ရန်အတွက် စွန့်စားမည် မဟုတ်ပေ။

"ကျွန်တော် ကျန်းချန်ပါ။ ဒီမရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းက ကျွန်တော်၏ စီးနင်းတော်ပါ။ အပြစ်မမြင်ပါနဲ့"

"စီးနင်းတော်လား?"

ယွင်ယွင်၏ နှလုံးသားတစ်ချက် ခုန်သွားသည်။ သူမသည် ရည်မွန်တဲ့ ကျန်းချန်ကို စူးစမ်းစိတ်ဖြင့်ကြည့်လိုက်သည်။ သူ၏ ယဉ်ကျေးရည်မွန်မှုက သူမအတွက်တော့ ရင်းနှီးတဲ့မိတ်‌ဆွေတစ်ယောက်ကဲ့သို့ ခံစားရသဖြင့် ယခင်က အေးစက်စက်ဖြင့် ပြောနေသော အသံသည်လည်း အနည်းငယ် ပျော့ပျောင်းသွား‌လေသည်။

All Chapters