← Chapters

အဆိပ်သင့်နေသော၊ ဒုက္ခသည်လေး ရှောင်ရီရှန်

Vol. 1 Ch. 4

အဆိပ်သင့်နေသော၊ ဒုက္ခသည်လေး ရှောင်ရီရှန်

Vol. 1 Ch. 4

မှော်တိရစ္ဆာန်တောင်တန်း၊ အရှေ့မြောက်ပိုင်းဒေသ။

ဒီနေရာသည် လှပပြီးတော့ ငှက်တွေရဲ့ သီချင်းဆိုသံ၊ ပန်းရနံများဖြင့် မွှေးကြိုင်နေသည်။ ပတ်ပတ်လည်တွင် သစ်ပင်အမျိုးမျိုး စိုက်ပျိုးထားပြီး၊ အထင်ရှားဆုံးမှာ စနစ်တကျ တန်းစီစိုက်ထားသော မက်မွန်သီးပင်များဖြစ်ကာ အပင်တိုင်းတွင် မှည့်ဝါနေသော အနီရောင်အသီးများ ပြွတ်သိပ်နေသည်။

ဟွိုင်မြစ်အတွင်းရှိ ရေပန်းအောက်တွင် စိတ်ဝိညာဉ်ငါးများသည် ရေပေါ်သို့တစ်ကောင်ပြီးတစ်ကောင် ခုန်တက်ကစားနေကြပြီး ငါးတစ်ကောင်ရေထဲသို့ ပြန်ဆင်းသွားတိုင်း သန့်စင်သောရေများသည် အပေါ်သို့လှပစွာ ရေပန်းများသဖွယ် ပင့်တက်လာသည်။

ရေးရေးလေးရသည့် ပန်းရနံ့ကို ရှူရှိုက်လိုက်ရုံမျှဖြင့် လန်းဆန်းစေသည်။

မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းက အံ့အားသင့်သောလေသံဖြင့် ပြောသည်- "အရမ်းလှတဲ့နေရာပဲ။ အရှေ့မြောက်ပိုင်း‌ဒေသမှာ ဒီလိုအံ့သြဖွယ်ရာကောင်းတဲ့နေရာရှိမယ်လို့ မမျှော်လင့်ထားဘူး။"

အဆင့်သုံး မရန်းစေ့ရောင်အတောင်ပံခြင်္သေ့လေးကလည်း ဒီနေရာကို အတော်လေး ကြိုက်နေသည်၊ ဒီနေရာသည် ပျက်စီးနေသော လိုဏ်ဂူထက် သာ၍ ကောင်းမွန်သည်။

"လွန်ခဲ့တဲ့ဆယ်နှစ် ဒီနေရာကို ကျွန်တော်စရောက်တုန်းက စိုက်ခဲ့တာ။ ဒီမက်မွန်သီးတွေကလည်း ဝိုင်ချက်ဖို့ ကုန်ကြမ်းတွေပဲ၊ ရလာတဲ့ဝိုင်က အနံ့အရသာကောင်းပြီး အတောမသတ်နိုင်သည့် အရသာခံစားမှုကို ပေးစွမ်းတယ်။"

ကျန်းချန်က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ လက်ချောင်းအနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့်၊ ဆယ်နှစ်သက်တမ်းရှိ မက်မွန်ပန်းဝိုင်တစ်အိုးသည် မြေအောက်ခန်းမှ ထွက်လာသည်။ ထို့နောက် သူကိုယ်တိုင် ခွက်တစ်ခွက်ထဲသို့ လောင်းထည့်ပြီး အနည်းငယ် သောက်လိုက်သည်။

ပါးစပ်ထဲဝင်သည်နှင့်၊ အတော်ကောင်းတဲ့ဝိုင်ပဲ!

"အခုကနေစပြီး၊ မင်းတို့နှစ်ယောက် ဒီမှာနေကြ။" ကျန်းချန်က လှုပ်ကုလားထိုင်ပေါ် ထိုင်ပြီး၊ ဝိုင်သောက်ခြင်း၊ စာဖတ်ခြင်းဖြင့်ပင် ပျော်ရွှင်စွာ ဖြတ်သန်းနေသည်။

မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းက အရင်ကရထားသည့် အဆင့် ၇ အသွင်ပြောင်းဆေးလုံးကို ထုတ်ယူကာ မတွန့်ဆုတ်ဘဲ မျိုချလိုက်သည်။ ချက်ချင်းလက်ငင်းမှာပင် သူ၏ခန္ဓာကိုယ်၌ ပူနွေးသော လှိုင်းတစ်ခုသည် သွေးကြောများတစ်လျှောက် ရှေ့နောက်စီးဆင်းနေသည်ကို ခံစားမိသည်။

ခရမ်းရောင်အလင်းတစ်ချက် လင်းလက်သွားပြီးနောက်၊ မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်း၏ ကိုယ်ခန္ဓာ ပျောက်ကွယ်သွားပြီး၊ သန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ်လူတစ်ဦးက အစားထိုးဝင်ရောက်လာသည်။

ထိုလူက သူ့လက်များကို ကြည့်ရင်း အကြီးအကျယ် ရယ်မောလိုက်သည်- "နောက်ဆုံးတော့ ငါ အသွင်ပြောင်းလို့ရသွားပြီကွ!"

ကျန်းချန်က မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းရှိရာကို ဖျတ်ခနဲလှမ်းကြည့်လိုက်ပြီး၊ သူ့လက်ထဲက စာအုပ်ကို ဆက်ဖတ်သည်။ စာအုပ်ထဲတွင် ခမ်းနားထည်ဝါသောအိမ်ရှိသည် ဆိုသောစကားမှာ အမှန်ပင်ဖြစ်သည်။

စာအုပ်ဖတ်တိုင်း၊ ကျန်းချန်မှာ အတွေ့အကြုံစွမ်းရည်က တိုးပွားလာသည်။ အကြိမ်တစ်ရာ ရောက်သောအခါ၊ သူသည် ကြယ်နှစ်ပွင့် သိုင်းသူတော်စင်အဆင့်ကို ဖြတ်ကျော်‌အောင်မြင်နိုင်ခဲ့သည်။

၂/၁၀၀

သို့သော်၊ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်၊ ကျင့်ကြံမှုအရှိန်သည် သိသိသာသာ နှေးသွားပြီး ရှေးကထက် ပိုခက်ခဲလာသည်။ ကံကောင်း ထောက်မစွာဖြင့် စစ်စတမ်၏ အကူအညီနဲ့အတူ အချိန်လုံလောက်စွာ ပေးပါလျှင် သူသည် သိုင်းနတ်ဘုရားလောကတည်းဟူသော အတားအဆီးဖြတ်ကျော်နိုင်မည်ဖြစ်သည်။

သတင်းစကားအရ၊ သိုင်းနတ်ဘုရားသည် လက်ဗလာနဲ့ ကောင်းကင်ကို ဆွဲဖြဲနိုင်ပြီး အထင်ကရလောကကမ္ဘာကြီးသို့ တက်လှမ်းနိုင်သည်ဟု ဆိုသည်။ သိချင်မိတာက အဲ့ဒီနေရာ၏ ရှုခင်းကရော အဘယ်သို့ရှိမည်နည်း။

"ချီးကျူးလောက်စရာပဲ၊ ချီးကျူးလောက်စရာပဲ။"

ကျန်းချန်က သူ့လက်ထဲက ခေါက်ယပ်‌တောင်ကို ချောမွေ့စွာ လှုပ်ရှားလိုက်သည်။ မမြင်ရသော စွမ်းအင်လှိုင်းတစ်ခုသည် မြေပြင်ပေါ်သို့ ကြဲဖြန်းထားသော ပွင့်ဖတ်အားလုံးကို သယ်ဆောင်သွားသည်။ ပွင့်ဖတ်များသည် လေထဲတွင် ရှေ့နောက်လည်ပြီးနောက် ပေါက်ကွဲထွက်လာသည်က မီးရှူးမီးပန်းများ ဖောက်သကဲ့သို့ လှပနေသည်။

ယပ်‌တောင်ကို ဓားအဖြစ်အသုံးပြုခြင်းက အဆုံးမရှိသော အစီအစဉ်ကျနမှုကိုဖြစ်စေသည်။

နောက်နှစ်ရက်အတွင်းမှာပင် ကျန်းချန်သည် သူ၏အတွင်းအားကို မြှင့်တင်ရန်နှင့် ကောင်းကင်ဘုံအဆင့် သိုင်းပညာ 'မိုးပြာရောင်ကြာပန်း ဓားရိပ်' ကို လေ့ကျင့်ရန် စာအုပ်များကို လေ့လာရန် သူ့ကိုယ်သူ နှစ်မြှုပ်ထားလိုက်သည်။

ထင်ထားသည့်အတိုင်း ကောင်းကင်ဘုံအဆင့် သိုင်းပညာသည် တစ်ချက်တည်းဖြင့် တောင်စိမ်းတစ်လုံးကို နှစ်ပိုင်းဖြစ်‌အောင် ပိုင်းနိုင်သည်။ အကယ်၍ အင်အားအပြည့်ထည့်မည်ဆိုပါက၊ မှော်တိရစ္ဆာန်တောင်တန်း အရှေ့ပိုင်းတစ်ခုလုံးသည် ကမ္ဘာမြေကြီးတစ်ခုလုံး ယူကြုံးမရသည့်အဖြစ်ကို ခံစားရမည်ဖြစ်ပြီး ကမ္ဘာ‌မြေကြီးရွေ့လျားမှုပင်လျှင် မဖြစ်နိုင်ဟု မဆိုနိုင်ပေ။

"သခင်က တကယ့်ကို အတွင်းအားကောင်းတာပဲ။" မသေမျိုး ဆရာတစ်ဆူအသွင်အဖြစ်သို့ ပြောင်းလဲထားသော မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းသည် နှစ်ပိုင်းပိုင်းထားသော တောင်စိမ်းကို စိုက်ကြည့်ရင်း၊ တံတွေးကို မျိုချိုလိုက်သည်။ လူသားတစ်ယောက်က တောင်စိမ်းတစ်ခုလုံးကို အားထုတ်စရာမလိုဘဲ နှစ်ပိုင်းပိုင်းနိုင်သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်ဖြစ်သည်။

ဒါ့အပြင်၊ နှစ်ပိုင်းပိုင်းထားခြင်းသည် အလွန်တိကျပြီး အနုစိတ်ရှိလှသည်။ ယင်းမှာ သဘာဝအတိုင်း ဖြစ်‌ပေါ်‌နေသကဲ့သို့ ဖြစ်နေသည်။

"ဟေ့...ဟေ့ နောင်တစ်ချိန်မှာ ကျင့်ကြံတာကို ကြိုးကြိုးစားစားလုပ်ရင် မင်းလည်းပဲ ဒီလိုဖြစ်လာနိုင်တယ်။"

ကျန်းချန်က ပြုံးပြီး မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်း၏ ပခုံးကို ပုတ်လိုက်သည်။ သူ၏ မျိုးရိုးကောင်းသူဖြစ်သည့်အတွက် နောင်တစ်ချိန်တွင် သိုင်းဝိဇ္ဇာတည်းဟူသော အဆင့်ကိုဖြတ်ကျော်ရန် အတွက် ပြဿနာမရှိသင့်ပေ။

အဲ့ဒီအချိန်မှာပင် ကျန်းချန်သည် တစ်ခုခုကို ခံစားမိသကဲ့သို့ ဖြစ်လာသဖြင့် လှည့်ကြည့်လိုက်ရာ တောင်ခြေရင်းတွင် ထွက်ပြေးနေသော အမျိုးသမီးကို တွေ့လိုက်ရသည်။

"ဟင်?"

ကျန်းချန်သည် မျက်လုံးများကို ကျဉ်းသွားစေသည်။ ထိုသို့ပြေးလွှားနေသော အမျိုးသမီးထံမှ ထူးဆန်းသော ကိုယ်ရောင်ကိုယ်ဝါထွက်ပေါ်နေပြီး၊ သူ့သွားရာလမ်းတစ်လျှောက်ရှိ ပန်း နှင့် အပင်များသည် သိသိသာသာ ညှိုးနွမ်းသွားသည်။

"ဒါက အန္တရာယ်ရှိတဲ့ အဆိပ်ခန္ဓာကိုယ်များလား?"

'ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း' ၏ အစဉ်အလာကို လက်ကိုင်ထားသူတစ်ဦးအနေဖြင့်၊ ကျန်းချန်သည် အန္တရာယ်ရှိတဲ့ အဆိပ်ခန္ဓာကိုယ်ဆိုသည်မှာ အလိုအလျောက် သိရှိသည်။

အန္တရာယ်ရှိတဲ့ အဆိပ်ခန္ဓာကိုယ်သည် ရှားပါးသော ပုံသဏ္ဌာန်တစ်မျိုးဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအင်တိုက်ကြီးတစ်ခုလုံးမှာ ယခင်က မှတ်တမ်းတင်ထားသူ အနည်းငယ်သာ ရှိသည်။ ထို့အပြင် ထိုပုဂ္ဂိုလ်များသည် အလွန်ထူးခြားပြီး၊ သူတို့၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကို ထိန်းချုပ်ရန်အတွက် အလွန်အဆိပ်ပြင်းသော အရာများကို စားသုံးရမည်ဖြစ်သည်။ သူတို့၏ အတွင်းအားတိုးပွားလာသည်နှင့်အမျှ၊ ဒီအဆိပ်ရှိသောပစ္စည်းများသည် ရှားပါးပြီး ရရှိရန် ခက်ခဲသော ရတနာများ ဖြစ်လာကြသည်။

အန္တရာယ်ရှိတဲ့ အဆိပ်ခန္ဓာကိုယ်ရှိသူ အများစုသည် ယင်းခန္ဓာက်ိုယ်အတွင်းရှိ အဆိပ်များ၏ စားသုံးခြင်းကို ခံရပြီး၊ နောက်ဆုံးတွင် အဆိပ်‌ပေါင်းတစ်သောင်း၏ နာကျင်မှုက သူတို့၏နှလုံးသားကို တစိမ့်စိမ့်ကိုက်ဖြတ်သကဲ့သို့ ဝေဒနာကို ခံစားရကာ၊ ငရဲတွင်း၌ သေဆုံးကြရသည်။

"ထားလိုက်ပါတော့။ ဒါကို ကြုံလိုက်ရတဲ့အတွက်၊ ကျွန်တော် ကူညီမယ်။"

ကျန်းချန်က ခေါင်းခါလိုက်သည်။ အလင်းရောင်က မှိတ်တုတ်မှိတ်တုတ်ဖြစ်နေစဉ်မှာပင်၊ သူသည် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

တောင်ခြေရင်းရှိ ထူထပ်သော တောအုပ်ထဲတွင်၊ အဖြူရောင်ဝတ်စုံတစ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် သူ့နောက်က လိုက်ဖမ်းနေသော ကြေးစားလူသတ်သမားများကို ပုန်းအောင်းနေသည်။

မိန်းကလေး၏ ပုံပန်းသွင်ပြင်က ပြိုင်ဘက်ကင်းသူတစ်ယောက်ဟု မခေါ်နိုင်သော်လည်း၊ ရှားပါးသော အလှတရားပိုင်ရှင်ဟု ခေါ်ဆိုနိုင်သည်။ သူမမျက်နှာ၏ အေးချမ်းမှု၊ ပြုံးရွှင်နေသော မျက်နှာတို့က တက်ကြွပြီး နူးညံ့သိမ့်မွေ့သည့်စိတ်ရင်းကို ဖော်ပြ‌နေပြီး၊ ဤထူးခြားသော ဆွဲဆောင်မှုက ပြိုင်ဘက်ကင်းသည့် အဆင့်အတန်းကို မြှင့်တင်ပေးနေသကဲ့သို့ဖြစ်နေသည်။

"ညီအစ်ကိုတို့၊ သူ့ကိုဖမ်းပေးကြပါ! ခေါင်းဆောင်ကြီးက သူ့ကိုဖမ်းရင်၊ ငါတို့ညီအစ်ကိုတွေကို ဇနီးအဖြစ် ဆုချပေးမယ်လို့ ပြောတယ်။"

"ဟားဟား၊ ဒါမျိုးကို ငါစောင့်နေတာပဲ။"

ဝံပုလွေဦးခေါင်းပုံစံ ကြေးစားလူသတ်သမားအဖွဲ့၏ ကြေးစားလူသတ်သမားများသည် အကြီးအကျယ် ရယ်မောကြသည်၊ ၎င်းတို့၏ မျက်နှာများတွင် ရိုင်းပျသည့်ပုံစံများ ပြသသည်။ အကယ်၍ သူတို့သည် ရှောင်ရီရှန်ကို ဖမ်းမိပါက၊ သူမအား လူ့အဖွဲ့အစည်း၏ ဆိုးယုတ်မှုကို မြည်းစမ်းစေမည်မှာ အသေအချာပင်ဖြစ်သည်။

ရှောင်ရီရှန်၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်ပြီး အားနည်းနေသည်။ အဘယ်ကြောင့်ဆိုသည်မှာ သူသမသည် အဆိပ်ရှိသော အပင်များ မစားသုံးရသေးသောကြောင့်၊ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ရှိတဲ့ အဆိပ်ခန္ဓာကိုယ်သည် စတင်လှုပ်ရှားနေပြီဖြစ်သည်။ ဒီအတိုင်းသာဆက်ဖြစ်သွားပါကာသူမ မသေဆုံးသည့်တိုင်အောင်၊ အပြစ်မဲ့သူများကို ထိခိုက်နိုင်သည်။

တကယ့်ကို စိတ်လှုပ်ရှားစရာ မိန်းကလေးပဲ။

သည်အခြေအနေမှာပင် သူမသည် အပြစ်မဲ့သူများကို စိုးရိမ်နေသည်။

ထိုအချိန်တွင် ဝံပုလွေဦးခေါင်း ကြေးစားလူသတ်သမားအဖွဲ့မှ သိုင်းဆေးပညာကျွမ်းကျင်တစ်ဦးသည် လျင်မြန်စွာ ရှေ့သို့ ခုန်ဆင်းလာကာ၊ သူ၏ ဓားကြီးကို ရှောင်ရီရှန်၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ ရည်ရွယ်လိုက်သည်။ အကယ်၍ ထိခိုက်မိပါလျှင် ရှောင်ရီရှန်သည် ထပ်မံ၍ လမ်းလျှောက်နိုင်တော့မည်မဟုတ်ပေ။

"မင်းတို့ ဒီလောက် မိန်းကလေးငယ်တစ်ယောက်အပေါ် ရက်စက်လိမ့်မယ်ဆိုတာ ငါမျှော်လင့်မထားမိဘူး။"

အသံကြားရသည်နှင့်တစ်ပြိုင်နက်၊ ယခင်က ဝံပုလွေဦးခေါင်း ကြေးစားလူသတ်သမားအဖွဲ့မှ သိုင်းဆေးပညာကျွမ်းကျင်သူသည် ကျည်ဆန်တစ်တောင့်ကဲ့သို့ နောက်သို့ ဆုတ်လိုက်ပြီး၊ မြေပြင်ကို ထိကာ တိမ်တိုက်အပေါ်ကို မော့တက်သွားသည်။

ဝံပုလွေဦးခေါင်း ကြေးစားလူသတ်သမားအဖွဲ့၏ အဖွဲ့ဝင်များသည် တစ်ပြိုင်နက် ရပ်တန့်သွားကြပြီး၊ ခုနကဖြစ်ပျက်ခဲ့သည်ကို အနည်းငယ် မယုံကြည်နိုင်ကြ- သိုင်းဆရာသခင်တစ်ဦး အရိုက်နှက်ခံရခြင်း... ရှောင်ရီရှန်သည်လည်း လူသစ်ကို စိုက်ကြည့်ပြီး၊ လက်အုပ်ချီကာ အမြန်ဦးညွှတ်သည်- "ကျေးဇူးတင်ပါတယ်၊ ကျွန်မအသက်ကို ကယ်တင်ပေးတဲ့အတွက်။ အဆင့်နိမ့်သိုင်းသမားတစ်ယောက်အနေနဲ့ တကယ့်ကိုကျေးဇူးတင်ပါတယ်။"

ကျန်းချန်က တည်ငြိမ်စွာဖြင့် "ခင်ဗျားတို့ လူကြီးလူ‌ကောင်းတွေက မိန်းကလေးတစ်ယောက်ကို ဒီလောက် မညှာမတာ လိုက်ဖမ်းနေစရာ မလိုပါဘူး၊ ဟုတ်တယ်မဟုတ်လား? အခု ထွက်သွားရင် နောက်မကျသေးဘူး။"

"ဟေ့၊ မင်း ဘာတွေပြောနေတာလဲ? ငါတို့က ဝံပုလွေဦးခေါင်း ကြေးစားလူသတ်သမားအဖွဲ့က!

မင်းက ငါတို့ကို တိုက်ခိုက်ရဲတယ်လား? အသက်မရှင်ချင်တော့ဘူးလား?"

"ဘယ်ဟာက မင်းအတွက်ကောင်းတယ်ဆိုတာသိရင်၊ ဒူးထောက်ပြီး တောင်းပန်လိုက်!

အဲ့လိုမှမဟုတ်ရင် ဝံပုလွေဦးခေါင်း ကြေးစားလူသတ်သမားအဖွဲ့ရဲ့ အဆုံးမရှိတဲ့ လက်စားချေမှုခံရမယ်ဆိုတာကို ကြိုသိထားလိုက်ပါ!"

ကျန်းချန်က မျက်မှောင်ကြုပ်ပြီး ပြောသည်- "မင်း သိလား၊ ငါ့ဘဝမှာ အမုန်းဆုံးအရာက ခြိမ်းခြောက်ခံရခြင်းပဲ"

"မင်းက..."

ဖျပ်ဖျပ်!

သွေးများ တစက်စက်ကျ‌နေသည်!

အခုလေးတင် မာန်မာနထောင်လွှားစွာ ပြောခဲ့သော ကြေးစားလူသတ်သမားသည် ချက်ချင်းပင် သူ၏ လည်ပင်းကို ကိုင်ပြီး၊ မျက်လုံးများကျယ်ကာ၊ စိတ်ရှုပ်ထွေးစွာဖြင့် နောက်သို့ လဲကျသွားသည်။ သို့သော် ဒဏ်ရာ၏ အနက်သည် သူ့လက်ဖြင့် တားဆီးနိုင်သည်ထက် ပိုနက်နေသည်။ သူသည် မြေပြင်သို့ ပြင်းထန်စွာ ကျပြီး၊ အချိန်ကြာမြင့်စွာ လှုပ်ရှားရုန်းကန်ပြီးနောက်၊ လုံးဝ ငြိမ်သက်ကျသွားသည်။

ဝံပုလွေဦးခေါင်း ကြေးစားလူသတ်သမားအဖွဲ့၏ ကျန်အဖွဲ့ဝင်များသည် မျက်မြင်ကိုယ်တွေ့ မြင်ရသော အရာများကြောင့် တုန်လှုပ်သွားကြပြီး၊ ယခုမှသာ သူတို့ရှေ့ရှိလူသည် သူတို့တို့ ယှဉ်နိုင်‌သောသူမဟုတ်ကြောင်း ရိပ်မိလာကြသည်။ သူတို့သည် ချက်ချင်းပင် မြေပြင်ပေါ်တွင် ဒူးထောက်ကာ၊ တောင်းပန်ရန် ပျာပျာသလဲ လုပ်ကြတော့သည်။

All Chapters