← Chapters

အပိုင်း(၁၆၇)-ဆိုဖီယာတောင်တန်းမှ ထွက်ခွာခြင်း

Vol. 002 Ch. 167

အပိုင်း(၁၆၇)-ဆိုဖီယာတောင်တန်းမှ ထွက်ခွာခြင်း

Vol. 002 Ch. 167

“ခုနက ရန်ဖြစ်တာကြောင့်လူတွေရောက်တာဖြစ်မယ်၊ ခြယ်လှယ်ခြင်း စစ်တပ်ကလူတွေဆိုရင်တော့ ပြဿနာဖြစ်မယ့် အရိပ်အယောင်ပဲ” ခြေသံများကိုကြားသည်နှင့် ဘိုင်ယွန်ရွှီသည် မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

ခြယ်လှယ်ခြင်းစစ်တပ်မှ လူများဖြစ်နေလျှင် သူတို့လူများ အသတ်ခံရသည်ကို မြင်သောအခါ သေချာပေါက် တိုက်ပွဲဖြစ်မည်ဖြစ်သည်။ တခြားသူဖြစ်နေလျှင် သူတို့ဖွင့်မပြောရန် ခက်ခဲသည်၊ သို့သော် မျက်မြင်သက်သေအားလုံးကို သတ်ရန်မဖြစ်နိုင်ပေ။ သူတို့သည် ထိုမျှ ရက်စက်သော လူများမဟုတ်ပေ။

“ချွတ်..” ဘိုင်ယွန်ရွှီလက်ရမ်းပြသည်နှင့် ကျိဟူသည် လှုပ်ရှားသံကြားလိုက်သည်။

လျင်မြန်စွာပင်၊ လူတစ်စုသည် ဒေါင့်တစ်နေရာမှ ထွက်လာသည်။ မည်သူမည်ဝါဖြစ်ကြောင်းသိပြီးနောက်တွင် အားလုံးသည် သက်ပြင်းချမိတော့သည်။

“သခင်လေး”

“ဦးလေးလီလား”

ဘိုင်ယွန်ရွှီနှင့် လီကီတို့သည် တပြိုင်နက်ခေါ်မိကြသည်။

“သခင်လေး ဒီမှာဘာလုပ်နေတာလဲ” လီကီသည် ဘိုင်ယွန်ရွှီအား ကြည့်ပြီး နောက်မှအလောင်းများကို မြင်လိုက်သဖြင့် ပြေးလာသည်။

“ကျွန်တော်တို့ ခရမ်းရောင်မြေခွေးကို လိုက်ရင်း၊ ခြယ်လှယ်ခြင်း စစ်တပ်ကလူတွေနဲ့ ပက်ပင်းတိုးတာပဲ” ဘိုင်ယွန်ရွှီပြောလိုက်သည် “ဦးလေးလီ ဒီကို ဘယ်လိုရောက်လာတာလဲ”

လီကီသည် ရှင်းဝူ၏ အလောင်းအားတွေ့ပြီးနောက် အံ့သြမှုများပြည့်နှက်သွားရသည်။ သူ ရှီမာယူယူနှင့် ကျန်ငါးယောက်ကို ခိုးကြည့်ကာ ပြန်ဖြေလိုက်သည်။ “ဒီနားမှ ရန်ဖြစ်တယ်ကြားလို့ ကျွန်တော်တို့လူတွေ ဖြစ်မှာစိုးလို့ လာကြည့်တာ၊ သခင်လေး အဆင်ပြေရဲ့လား၊ ဒါက…ရှင်းဝူလား”

“ဦးလေးလီ ကျွန်တော်တို့အဆင်ပြေပါတယ်၊ ရှင်းဝူကို ယူယူကသတ်လိုက်တာ ကျန်တာကတော့….”

ဘိုင်ယွန်ရွှီသည် အခြေအနေအား ရိုးရှင်းစွာရှင်းပြသည်။ ရှီမာယူယူသည် ငယ်ရွယ်သည့်အရွယ်မှာပင် ဝိညာဉ်နယ်ရှင်အဖြစ်ရောက်ရှိသည့်အပြင် အဆင့်လေးရောက်ရှိနေသော ရှင်းဝူအားရိုက်နိုင်ကာ သူအံ့သြစွာပင် သေဆုံးခဲ့ရသည်။

မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ခြယ်လှယ်ခြင်းစစ်တပ်မှ လူများမဟုတ်သည်ကို ယုံကြည်လာရသည်။ အဘယ့်ကြောင့်ဆိုသော် ရှင်းဝူသည် ခြယ်လှယ်ခြင်းစစ်တပ်တွင် အရေးပါသော လူတစ်ယောက်ဖြစ်သောကြောင့်ပင်။ ဘိုင်ယွန်ရွှီနှင့် တခြားသူများ၏ ယုံကြည်ချက်ရရန် ရှင်းဝူအား စွန့်လွှတ်ရန် မလိုပေ။

ထိုအချက်အားစဉ်းစားလျှင် လီကီသည် ရှီမာယူယူနှင့် ကျန်သောလူများ၏ လက်ကိုဆုပ်ကိုင်ကာ ကျေးဇူးတင်စွာပြောကြားလေသည် “ကျွန်တော်တို့ သခင်လေးကို ကယ်ပေးတဲ့အတွက်ကျေးဇူးပါ”

“ပြောစရာမလိုပါဘူး ဦးလေးလီ ကျွန်တော်တို့က ယွန်ရွှီရဲ့ သူငယ်ချင်းတွေပါ၊ ပြီးတော့ တစ်ဖက်ကလည်း ကျွန်တော်တို့ကို သတ်ဖို့ကြိုးစားလို့ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်တာပါ” ဝေကျိရွှီသည် လက်ဝေ့ရမ်းကာ ပြောလေသည်။

“ဦးလေးလီ သူတို့ကို အဲလောက်ယဉ်ကျေးဖို့မလိုပါဘူး” ဘိုင်ယွန်ရွှီသည် ပြောလေသည် “အဲလိုပြောမယ့်အစား ပြန်ပြီး တစ်ခွက်လောက်သောက်ရအောင်လေ ဟုတ်တယ်မလား ကျိရွှီ”

ဝေကျိရွှီသည် ပြုံးကာ ခေါင်းညိတ်ပြီးပြောလိုက်သည် “ဟုတ်တယ်”

“ဦးလေးလီ ဒီခရမ်းရောင်မြေခွေးကို ဖမ်းမိပြီ၊ ကျွန်တော်တို့မစ်ရှင်လည်း ပြီးသွားပြီ၊ ဘယ်တော့ပြန်ကြမလဲ၊ အခုတော့ သူတို့နဲ့ အရမ်းသောက်ချင်နေတယ်” ဘိုင်ယွန်ရွှီသည် ခရမ်းရောင်မြေခွေးအား ဦးလေးလီ လက်ထဲထည့်ကာ ပြောလိုက်သည်။

“ဒီနေ့မှ ကောင်းကင်က တောက်ပလိုက်တာ၊ ပြန်ပြီး လူစုပြီးရင် သွားဖို့ပြင်ကြတာပေါ့” လီကီသည် ပြုံးရင်းပြောလိုက်သည် “ဒါပေမယ့် ငါတို့မသွားခင် လုပ်စရာရှိသေးတယ်”

“ဘာလုပ်စရာလဲ” ဘိုင်ယွန်ရွှီ ပြန်တွေးကြည့်သည်၊ သူတို့မစ်ရှင်ပြီးသွားပြီလေ၊ ဘာလုပ်စရာကျန်သေးတာလဲ။

လီကီသည် လက်ဝေ့ပြလိုက်ရာ ကြေးစားနှစ်ယောက်ပေါ်လာသည်။ သူတို့သည် လက်နှစ်ဖက်အား ချည်နှောင်ကာ မီးတုတ်ဖြင့် ရှင်းဝူနှင့် တခြားသူများ၏ အလောင်းအားမီးရှို့လိုက်ကြသည်။

“ဒီရှင်းဝူက ခြယ်လှယ်ခြင်းစစ်တပ်ရဲ့ ကျောရိုးပဲ၊ သူ့ကို ငါတို့သတ်လိုက်တယ်ဆိုတာ သူ့လူတွေသိရင် ပြဿနာကိုရှောင်ဖို့ခက်သွားပြီ အခုရသွားပြီ ပြန်ရအောင်” လီကီပြောလိုက်သည်။

ဘိုင်ယွန်ရွှီသည် နားလည်သောအကြည့်ဖြင့်ကြည့်လိုက်သည်။ ရှီမာယူယူနှင့် ကျန်သောသူများသည် အစကတည်းကပင် ထွက်မသွားခင်ကို အလောင်းများအား လက်စဖျောက်ချင်ကြသည်။ သူတို့သည် လီကီလုပ်သည်ကို ကြည့်ကာ မအံ့သြတော့ပေ။

“သခင်လေး ပြန်ရအောင်” မီးရှို့ခြင်းပြီးစီးသည်ကို ကြည့်ပြီးနောက် လီကီပြောလိုက်သည်။ “ကောင်းပြီ ပြန်ရအောင် ဒီတောင်မှာ နှစ်ပတ်လောက်လျှောက်သွားနေရတော့ ကျွန်တော်တို့ခန္ဓာကိုယ်တွေက မှိုတွေတောင်စွဲတော့မယ်” ဘိုင်ယွန်ရွှီသည် ခါးဆန့်ရင်းပြောလိုက်သည်။

ရှီမာယူယူနှင့်တခြားသူများ တောင်တွင်နှစ်နှစ်နေခဲ့သည်ကို စဉ်းစားကြည့်လျှင် သူတို့အား လေးစားအားကျသည့်ပုံစံဖြင့် ကြည့်မိသည်။ သူသာဆိုလျှင် သေချာပေါက်လုပ်နိုင်မည်မဟုတ်ပေ။

သူတို့စခန်းပြန်ရောက်သည်နှင့် လီကီ လူစစ်လိုက်သည်။ သူတို့သည် တဲများကို သိမ်းကာ အားလုံးပြန်လာရန် စောင့်နေစဉ်အတွင်း ထွက်သွားရန် ပြင်ဆင်လိုက်ကြသည်။ တောင်မှထွက်ခွာရန် အကွာအဝေးသည် သွားမည်ဆိုလျှင် ရက်အနည်းငယ်ကြာဦးမည်ဖြစ်သည်။ သူတို့တွင် လူအင်အားတောင့်သဖြင့် သူတို့အင်အားသည်လည်း မနည်းပေ။ သူတို့ကို မြင်သည်နှင့် တချို့သော ဝိညာဉ်သားရဲများသည် ရှောင်ရှားသွားကြသဖြင့် လမ်းခရီးမှာချောမွေ့နေခဲ့သည်။

ရက်အနည်းငယ်အကြာတွင် သူတို့သည် ဆိုဖီယာတောင်တန်းမှ ထွက်ခွာလာနိုင်ကြသည်။ သူတို့ရှေ့တွင် တောင်ရှိကာ မြိုု့တော်သည်လည်း သူတို့ရှေ့တွင်ရှိသည်၊ အဝေးမှ နံရံကိုလည်းမြင်နေရသည်။

ဘိုင်ယွန်ရွှီသည် ရှေ့တွင်ရှိသော မြို့တော်အားညွှန်ပြကာ ပြောလိုက်သည် “ယူယူ အဲဒါက ငါတို့နဲ့အနီးဆုံး မြို့တော်ပဲ သုံးနွေဦးမြို့တော်ပဲ၊ ဒီကနေ မဝေးဘူးလို့ထင်ရတယ်မလား၊ မင်းထင်သလောက်တော့ မနီးဘူး”

နေရာလွတ်များ၏ သဘောတရားကို ရှီမာယူယူသိကာ နေရာလွတ်သည် မြင်ရသည်ထက် ပို၍ နီးဟန်ပေါ်သည်။ ပစ္စည်းများသည် နီးဟန်ရှိသော်လည်း တကယ်တော့ ကွာဝေးသည်။

“ဒီ သုံးနွေဦးမြို့တော်ရဲ့ နယ်ရှင်က ငါ့ဦးလေးပဲ၊ ငါတို့ရောက်တာနဲ့ မင်းတို့နဲ့မိတ်ဆက်ပေးပြီး သက်သေခံကတ်ပြား လုပ်ခိုင်းပေးမယ်၊ ပြီးတော့ ငါတို့နဲ့အတူ ငြိမ်းချမ်းရေးမြို့တော်ကို လိုက်ခဲ့လို့ရတယ်၊ မင်းမှာ အဲကတ်ရှိရင် မင်းတို့နောက်ကို ထွက်သွားရင်တောင် ပြဿနာမရှိနိုင်တော့ဘူး” ဘိုင်ယွန်ရွှီပြောလိုက်သည်။

ဖက်တီးကျူသည် ပခုံးတွန့်ကာပြောလိုက်သည် “အရင်က မင်းဒါကိုမပြောပါဘူး”

ဘိုင်ယွန်ရွှီသည် ရယ်မောကာ ပြောလိုက်သည် “အစက ငါ့ဦးလေးကို သွားရှာဖို့အစီအစဉ်မရှိဘူး၊ သူတို့ကို နှုတ်မဆက်ပဲ ပြန်သွားတယ်ဆိုတာ ငါ့အဒေါ်သိရင် ထပ်ပြီး ပွစိပွစိလုပ်မှာသေချာတယ်၊ မင်းတို့ကို သက်သေခံကတ်ပြား ပေးမယ်ဆိုတာ စဉ်းစားလိုက်လို့ သူတို့ကိုသွားရှာဖို့ တွေးလိုက်တာပဲ”

အားလုံးသည် ထိုအချက်အားနားလည်ကြသည်။ အစပိုင်းတွင် သူတို့အား ငြိမ်းချမ်းရေးမြို့တော်သို့ သွားရာလမ်းကိုပဲ ခေါ်ဆောင်သွားရန် သူဆုံးဖြတ်ခဲ့သည်။ သို့သော် ရက်အနည်းငယ်အတူနေပြီးနောက်တွင် သူတို့အား စိတ်ထဲမှ ခင်တွယ်မိသောကြောင့် သက်သေခံကတ်ပြားလုပ်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ဒီလိုဆိုရင် မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ” ဝေကျိရွှီသည် ယဉ်ကျေးစွာပြောလိုက်သည်။

“ဟား ဟား မြို့တော်ရဲ့ ပင်မအိမ်တော်ကိုရောက်တဲ့ အထိစောင့်ဦး၊ အဲကျရင် ငါတို့သောက်ဖို့ကျန်သေးတယ်” သူတို့သည် သူ့အား အပြစ်မတင်သည်ကို မြင်သည်နှင့် ဘိုင်ယွန်ရွှီသည် ရယ်မောကာပြောလိုက်သည် “သွားရအောင် နေမဝင်ခင် သုံးနွေဦးမြို့တော်ကို အမြန်ဝင်ရမယ်၊ မြို့တော်ဂိတ်ပိတ်သွားရင် ဝင်ဖို့အတွက် နောက်တစ်ရက်ထပ်စောင့်ရလိမ့်မယ်” လီကီပြောလိုက်သည်။

ရှီမာယူယူသည် ဆိုဖီယာတောင်တန်းတွင် ကျန်နေခဲ့သော ဟိန်းသံလေးအား လေသံဖြင့်ပြောလိုက်သည်။

“ဟိန်းသံလေး ဒီလောက်အကြာကြီးပေါ်မလာတာ၊ တခြားဝိညာဉ်သားရဲကို ထပ်ပြီးသွေးဆောင်နေတာတော့ မဟုတ်လောက်ပါဘူး” ပြီးခဲ့သည့်တစ်ခေါက် ဟိန်းသံလေးသည် ဝိညာဉ်သားရဲနှင့် ကျီစားနေသည်ကို မြင်သည်ကို ပြန်တွေးလိုက်လျှင် ဘိုင်ယွန်ရွှီ မစမနောက်ပဲမနေနိုင်ပေ။

ရှီမာယူယူသည်လည်း ထိုသို့တွေးသည်။ ဟိန်းသံလေးသည် ဟိန်းသံတစ်ထောင်ဆီမှ အရိုက်ခံပြီးသော်လည်း ပြောင်းလဲခြင်းမရှိပေ။ သူသည် ဘယ်ရောက်ရောက် ပရောပရီလုပ်တတ်သဖြင့် သူမ အရှက်ရသည်၊ သို့သော် သူမ မတတ်နိုင်ပေ။ အချိန်ကြာပြီးသော် ဟိန်းသံလေး၏ သေးငယ်သော ပုံရိပ်သည် တောင်တန်းမှ ထွက်ပေါ်လာတာ ရှီမာယူယူ၏ လက်ထဲသို့ ဝင်ခွေလိုက်သည်။

ရှီမာယူယူသည် သူ့လည်ပင်းမှ ဆွဲလိုက်သည်။ သူမ သူ့အား မငေါက်ခင် သူလျင်မြန်စွာပြောလိုက်သည် “ယူယူ ငါ ဒီတစ်ခါ ဘယ်ဝိညာဉ်သားရဲနဲ့မှ ပရောပရီမလုပ်ဘူး”

ရှီမာယူယူ သူ့အားစိုက်ကြည့်လိုက်သည် “မဟုတ်ဘူးလား၊ ဒါဆို ဒီတစ်ခါ တစ်နေ့လုံး မင်းဘယ်ရောက်နေတာလဲ၊ မင်းထွက်လာဖို့ တော်တော်ကြာတာပဲ”

“ယူယူ တောင်တွေက ဝိညာဉ်သားရဲတွေ မူမမှန်တာတွေ့လို့ တောင်ပတ်လည်ကို သွားစူးစမ်းတာ” ဟိန်းသံလေးပြောလိုက်သည်။

“ဘာမူမမှန်တာလဲ” ဖက်တီးကျူသည် နီးကပ်လာကာ မေးလိုက်သည်။

“အဲဒီ ဝိညာဉ်သားရဲတွေရူးနေတာ တွေ့ခဲ့တယ်၊ ဘာလို့လဲတော့ငါမသိဘူး၊ ပြီးတော့ အထဲက ဝိညာဉ်မိူစ္ဆာတွေလည်း ပြောင်းရွှေ့ကြတာ မနည်းမနောပဲ” ဟိန်းသံလေးပြောလိုက်သည်။

သူပြောသည်ကို နားထောင်ပြီးနောက်တွင် ရှီမာယူယူနှင့် ကျန်သောသူများသည် မရေမရာဖြစ်နေကြသော်လည်း လီကီနှင့် ဘိုင်ယွန်ရွှီတို့၏ မျက်နှာပျက်သွားကြသည်။

“ဦးလေးလီ သားရဲပြောင်းရွှေ့တာလို့တော့ မပြောလိုက်နဲ့” ဘိုင်ယွန်ရွှီသည် စိုးရိမ်စွာပြောလိုက်သည်။ “ငါသိသလောက်ဆိုရင် သုံးနွေဦးမြိုု့တော်ရဲ့ နောက်ဆုံးပြောင်းရွှေ့တာက ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဘယ်လိုလုပ်ဒီလောက် မြန်မြန်ဖြစ်ရတာလဲ” လီကီပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ဆိုဖီယာတောင်တန်းမှ လှုပ်လှုပ်ရှားရှားဖြစ်လာပြီဆိုတော့ မင်းဦးလေးကလို မြန်မြန်ပြောတာကောင်းမယ်”

All Chapters