ယွင်ရှန်း၏ တည်ငြိမ်လေးနက်သော မျက်နှာထား
Vol. 2 Ch. 11
လူတစ်စုသည် အရက်သောက်လိုက် စကားပြောလိုက်လုပ်နေချိန်တွင် ကျန်းချန်နှင့် ယွင်ယွင်တို့သည် ပင်မခန်းမကြီး၏ အပြင်ဘက်သို့ ပြိုင်တူပင် လှမ်းကြည့်မိကြ၏။
ယွင်ယွင်သည် ထိုင်နေရာမှ ထလာကာ အံ့ဩဟန်ဖြင့် ပြောလိုက်သည်။ "ဒါ ဆရာ့ရဲ့ ခြေလှမ်းပဲ... ဘယ်လိုလို့ ဒီရောက်လာတာပါလိမ့်။"
အကြီးအကဲ ယွင်လင်းမှာ နှုတ်ခမ်းတွန့်ကာ တစ်ချက်ပြုံးလိုက်သည်။ ရှေ့ဆောင်ဂိုဏ်းချုပ်ကြီး၏ အစီအစဉ်ကို ခြိမ်းခြောက်သူတိုင်းကို စုံစမ်းရမည်ဟု ကြေညာလိုက်သည်။
ယွင်ရှန်းက လက်နှစ်ဖက်ကို ကျောနောက်တွင် ထားလျက် ရပ်နေသည်။ သူ့ရဲ့ တိုက်ခိုက်ရေး အတောင်ပံများကို ဆင့်ခေါ်ခြင်းမပြုပဲ လက်နက်မဲ့ဖြင့် ဖြတ်လျှောက်လာခဲ့သည်။
ခြေလှမ်းတစ်လှမ်း ချလိုက်တိုင်း ဟင်းလင်းပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်သွားသည်။ ထိုရိုက်ခတ်မှုများ ပျောက်ကွယ်သွားချိန်တွင် သူသည် မီတာတစ်ရာကျော် အဝေးသို့ ရောက်ရှိနှင့်ပြီး ဖြစ်၏။
ထိုသူ၏ လမ်းလျှောက်ပုံမှာ အလွန်ပင် ထူးခြားလှ၏။
လမ်းအနည်းငယ်သာ လျှောက်ပြီးနောက် ခဏအတွင်းမှာပင် သူ့ပုံရိပ်သည် ရင်ပြင်အလယ်၌ ပေါ်လာခဲ့၏။
လေပြေက ရှည်လျားသော ဝတ်ရုံကို လှုပ်ခတ်စေသည်။ ဝိညာဉ်လောကမှ ဆင်းသက်လာသူ ကဲ့သို့ လေထုကို ပေးစွမ်းသည်။
"ယွင်အာ၊ ထွက်လာပြီး ရှင်းပြစမ်း။"
ယွင်ရှန်း၏ အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း စကားလုံးတစ်လုံးချင်းစီတိုင်း ရှင်းလင်းပြတ်သား၍ ပဲ့တင်သံထွက်နေသည်။ ခန်းမတွင်းရှိ လူတိုင်း နားကွဲမတတ်ဖြစ်လာပြီး တိုက်ခိုက်လိုစိတ်များဖြစ်လာကြသည်။
ယွင်ယွင်သည် ခန်းမကြီးမှ ထွက်ပြေးကာ ရိုသေစွာဖြင့် ဦးညွှတ်ပြောဆိုလိုက်သည်။ "ဆရာ ဘယ်လိုလုပ် ဒီရောက်လာပါသလဲ"
"ငါက သိုင်းဘိုးဘေးအဆင့်ကို ရောက်နေပြီ အဲ့တော့ဆက်ပီး ပုန်းနေစရာ မလိုတော့ဘူး" ယွင်ရှန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။ ခန်းမတွင်းတွင် အရက်သောက်နေဆဲဖြစ်သော ကျန်းချန်ကို ငေးကြည့်ရင်း သူ၏မျက်နှာပေါ်တွင် ယွင်လဲ့နှင့် ဆင်တူသော သံသယအနည်းငယ်ကို ခံစားမိ၏။
ထိုလူတွင် တိုက်ခိုက်ရေးစွမ်းအားရဲ့ပုံစံ လက္ခဏာရပ်လုံးဝမတွေ့ရပဲ သာမန်လူတစ်ယောက်ကဲ့သို့သာ ဖြစ်နေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိနိုင်ဖို့ရာ မဖြစ်နိုင်ပေ။
ထိုလူတွင်တွင် ဒိုချီစွမ်းအင်မရှိပဲ အသုံးမကျသူတစ်ယောက်ဖြစ်နိုင်သလို သို့မဟုတ်ပါလျှင် သူ့စွမ်းအားသည် မိမိထက် သာလွန်ကာ သိုင်းဝိဇ္ဇာအဆင့်သို့ ရောက်နေသူလည်း ဖြစ်နိုင်သည်။
ယွင်ရှန်းသည် ချီတုံချတုံဖြင့် မြေပြင်သို့ ခြေချလိုက်၏။ ယွင်ယွင်၏ ဝတ်စားဆင်ယင်မှုကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ လေသံတိုးတိုးဖြင့် "ယွင်အာ၊ ဘာကြောင့် ဒီလိုအဝတ်အစားဝတ်ပြီး ထွက်လာရတာလဲ။ မင်းနဲ့ မလိုက်ဘူး"
ယွင်ယွင်သည် အောက်နှုတ်ခမ်းကို ဖွဖွလေးကိုက်လိုက်ပြီး မိမိပုံစံသည် ပညာရှင်မဆန်နေကြောင်း သိနေရကား ဤသို့ဖြေလိုက်၏၊ "တပည့် ချက်ချင်း ပြောင်းဝတ်လိုက်ပါ့မယ်။"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ယွင်ယွင်သည် နောက်ပြန်လှည်မကြည့်ဘဲ ယွင်လန်ဂိုဏ်း၏ ပင်မခန်းမကြီးမှ ထွက်ခွာသွားခဲ့၏။ ကျန်ရစ်သူ အားလုံး အံ့အားသင့် နေကြသည်။
သို့သော် မကြာမီပင် သူတို့ အဘယ်ကြောင့် ဤသို့ဖြစ်နေကြောင်းကို သိရှိသွားကြပြီး ချက်ချင်းပင် ဒူးထောက်၍ ဂါရဝပြုကြ၏။ သူတို့သည် ရှေ့ဆောင်ဂိုဏ်းချုပ်ကြီးကို နှစ်ပေါင်းများစွာ မမြင်ရတော့ဘဲ ယခုမှသာ သိုင်းဘိုးဘေးဘဝသို့ ရောက်ရှိသွားကြောင်း သိရသောအခါ အလွန်အံ့အားသင့်ကြသည်။
ယွင်ရှန်းသည် ရိုးရှင်းသော မျက်နှာထားကို ဆောင်နေသည်။ အခန်းတွင်းရှိ လူအများစုမှာ ယွင်လန်ဂိုဏ်း၏ အဆင့်မြင့်သိုင်းသမားများဖြစ်၍ တပည့်နှင့် အကြီးအကဲ ဘေးချင်းယှဉ်ထိုင်သူ နည်းပါးသည်။
ယွင်ရှန်းသည် အခြားသူများကို လျစ်လျူရှု၍ ကျန်းချန်ထံသို့ တည့်တည့်သွားကာ မမြင်ဖူးသူပမာ ထိုအစွမ်းထက်သောလူကို အပေါ်အောက် ကြည့်လိုက်သည်။
"မင်း ဗဟိုတိုက်ကြီးက လာတာလား။"
ကျန်းချန်သည် အရက်ခွက်ကို ဖြည်းဖြည်းချင်း ချလိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည်။
"ဒါက ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ပီးတော့ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေပြီးမှ ရုတ်တရက် ထွက်လာပြီး ငါ့ကိုမေးခွန်းထုတ်တဲ့ ယွင်လန်ဂိုဏ်းရဲ့ ရှေ့ဆောင်ဂိုဏ်းချုပ်ကြီးဟာ နည်းနည်းတော့ လွန်တယ်လို့ မထင်ဘူးလား။"
ယွင်ရှန်းက ပြုံးရင်း "ခင်ဗျားရဲ့ ထူးခြားတဲ့ပုံစံကြောင့်ပါ၊ ငယ်ရွယ်ပြီး စိတ်မြန်သော ယင်အာက ခင်ဗျားကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုလုပ်မိမှာစိုးလို့ ကျွန်တော်ကိုယ်တိုင် တောင်က ထွက်လာတာပါ။"
ကျန်းချန်က နှာခေါင်းရှုံ့လိုက်သည်။ ဘယ်လောက်တောင် ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးအိုကြီးပါလဲ။ အပြစ်အားလုံးကို ယွင်ယွင်အပေါ် လွှဲချလိုက်တယ်၊ သူ့ရဲ့ သဘောထားကြီးမှုနဲ့ စွမ်းအားကို ပြဖို့အတွက်ပေါ့။
ဒါက သူ လိုချင်တာဆိုရင် ဆက်ပြီး သရုပ်ဆောင်ဖို့ခွင့်ပြုလိုက်မည်။
ယွင်ရှန်း၏ လက်ချောင်းလေးများ အနည်းငယ်လှုပ်သွားသည်။ "မင်းတို့ အားလုံးပြန်ပြီး အနားယူကြ။ ဒီညကို ဘာမှမဖြစ်ခဲ့သလိုပဲ ဟန်ဆောင်ကြ။ တပည့်တွေကိုလည်း ငါ့ကိုမမြင်ခဲ့ဘူးလို့ ပြောလိုက်ကြ။ ပြောတဲ့လူတစ်စုံတစ်ယောက်ရှိရင် ဂိုဏ်းစည်းကမ်းနဲ့ အညီ အပြစ်ပေးခံရမယ်။"
"ဟုတ်ကဲ့ပါ”
ယွင်လဲ့နှင့် အခြားသူများမှာ ချက်ချင်းပင်အမူးပြေသွားပြီး ထိုနေရာရှိ လူအားလုံးကို နှင်ထုတ်လိုက်၏။ တပည့်များကိုလည်း ဒီနေ့ဖြစ်ပျက်ခဲ့သောအရာများကို မေ့ပစ်ရန်၊ စကားတစ်လုံးမျှ ထုတ်မပြောရန်၊ ထုတ်ဖော်ပြောဆိုပါက အကျိုးဆက်ကို ခံရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
လူအားလုံး ထွက်ခွာသွားပြီးနောက် အခန်းတွင်းတွင် ယွင်လန်ဂိုဏ်း၏ လူငယ်ဂိုဏ်းခေါင်းဆောင် နန်လန်ယန်ရန်၊ ဝါရင့်အကြီးအကဲ ယွင်လဲ့နှင့် ရှေ့ဆောင်ဂိုဏ်းချုပ်ကြီး ယွင်ရှန်းတို့သာ ကျန်ရစ်ခဲ့သည်။
အကြီးအကဲ ယွင်လင်းက ရှေ့သို့တက်လာကာ ပြောလိုက်၏၊ "ဂိုဏ်းချုပ်ကြီး၊ဒီကောင် မသင်္ကာစရာကောင်းလွန်းတယ်၊ပြီးတော့ အခြားနိုင်ငံမှ သူလျှိုလည်းဖြစ်နိုင်ခြေရှိတယ်။"
"အကြီးအကဲ၊ ဂိုဏ်းချုပ်ကြီးကို ဘယ်လိုပြောရပါမလဲ။ ဂိုဏ်းချုပ်ကြီးကတော့ သူလျှိုမဖြစ်နိုင်ေလာက်ဘူး။"
နှစ်ယောက်သားသည် မတွေ့ရတာကြာပြီဖြစ်သော်လည်း နန်လန်ယန်ရန်မှာ သူမ၏ခင်ပွန်းသည် ထိုကဲ့သို့သောလူစားမျိုး မဟုတ်ကြောင်း သိနေပါသည်။
"ယန်ရန် ဒါမင်းနဲ့မဆိုင်ဘူး " အကြီးအကဲ ယွင်လင်းက ဒေါသဖြင့် ပြောလိုက်၏၊ "အခု ပြန်တော့၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့ "
"အကြီးအကဲ!"
ယွင်ရှန်းက လက်ဖြင့် ထိုလူနှစ်ဦးကို တားမြစ်လိုက်ပြီးနောက် လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ "မင်းနာမည်က ကျန်းချန်လား။ ငါဒီေလာကကို နှစ်ပေါင်းများစွာ လျှောက်သွားနေခဲ့တာ ဒါပေမဲ့ မင်းနာမည်ကိုတော့ မကြားဖူးဘူး။ မင်းရဲ့နာမည်ကဘာလဲ အတုလား။"
"မင်းက မင်းရဲ့အကြောင်းကို မပြောပြချင်ရင် ငါဆက်မမေးတော့ဘူး။"
ကျန်းချန်က ရယ်မောကာဖြင့် " ငါမပြောစရာ ဘာရှိလို့လဲ၊ ငါ့နာမည်ကိုလည်း မပြောင်းဘူး၊ မျိုးနွယ်ကိုလည်း မပြောင်းလဲထားဘူး။ ငါ့မျိုးနွယ်က ကျန်း နာမည်က ချန် ။"
"ကျန်းချန်..." ယွင်ရှန်းသည် ဗဟိုတိုက်ရှိ စွမ်းအားရှိသူများအကြောင်း စဉ်းစား နေသော်လည်း ကျန်းချန်ဆိုသောနာမည်ကို မကြားဖူးခဲ့ပါ။
သူက ဒီတိုင်း ဘာမှမဟုတ်တဲ့ လူတစ်ယောက်ပဲ ဖြစ်နေမလား။
ယွင်ရှန်းက ပခုံးတွန့်လိုက်၏။ ထိုသို့ဆိုလျှင် သူသည် အဓိကအချက်ကို သိနိုင်သည်။
ထိုဂိုဏ်းအနည်းငယ်ထဲမှ လူတစ်ယောက်မဟုတ်သရွေ့ သူစိတ်ချလို့ရသည်။
"မင်းနာမည်က ကျန်းချန်ဆိုတော့၊လူကြီးမင်းက ကျွန်တော်တို့ရဲ့ ယွင်လန်ဂိုဏ်းကို ဘာကြောင့် ရောက်လာတာလဲဆိုတာ မေးလို့ရမလား။"
"အရက်သောက်ဖို့နဲ့ သီချင်းဆိုဖို့အတွက်ပါပဲ၊ တခြားကိစ္စတစ်ခုခု ရှိသေးလို့လား။"
ကျန်းချန်က ပြန်မေးလိုက်သည်။
"ဘာမှမမှားသော်လည်း ယွင်လန်ဂိုဏ်းသည် ယခုအချိန်တွင် အပြင်ဘက်မှ စွမ်းအားကြီးသူများနှင့် ထိတွေ့ဆက်ဆံမှု များ မရှိလိုပါ။ ယနေ့ဂုဏ်ပြုစားပွဲကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါမည်။ ဂိုဏ်းချုပ်က ခနနေလာတွေ့ပါလိမ့်မယ်။လူကြီးမင်းအတွက် အဆင်ပြေမလားလို့ သိချင်ပါတယ်။"
ယွင်ရှန်းရဲ့ စကားကိုကြားသောအခါ ကျန်းချန်သည် ဖြည်းဖြည်းချင်း ထလာကာ ယွင်ရှန်းနား သွားရင်း ရပ်လိုက်သည်။
ခေါင်းကိုဘေးသို့လှည့်ပြီး သူပြုံးလိုက်သည်။ "ဒီလိုဆိုလျှင် ငါ ဆက်ပြီး အနှောင့်အယှက်မပေးတော့ဘူး။ ဒါပေမဲ့ ငါမသွားခင် အကြံပေးချင်တာတစ်ခုရှိတယ်။ တစ်ခုခုလုပ်ဖို့ကြံစည်နေတာဆိုရင် ရပ်လိုက်တာက ပိုကောင်းမယ်ထင်တယ်၊ ဒါဆိုရင် မင်းအတွက် ဘေးကင်းလိမ့်မယ်။"
ယွင်ရှန်းက မျက်မှောင်ကြုတ်လိုက်၏။ ကျန်းချန် ဘာကို ဆိုလိုတာလဲ နားမလည်ချေ။ သို့သော် သူဆက်၍ မေးခွန်းမထုတ်မီ ကျန်းချန်သည် ပျောက်ကွယ်သွားပြီဖြစ်ကာ သူ ဘယ်လိုထွက်သွားတယ် ဆိုတာကိုတောင် မသိခဲ့ပါ။
သူဟာ တကယ်ပဲ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ဖြစ်နေမလား။
ဒီအကြောင်းကို တွေးမိသောအခါ ယွင်ရှန်းသည် ထိတ်လန့်လာရသည်။ တကယ်လို့ သူသာ သိုင်းဝိဇ္ဇာပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ခဲ့လျှင် သူသည် ကျန်းမအင်ပါယာအနီးတွင် ဘာကြောင့်ပေါ်လာရသနည်း။
ရည်ရွယ်ချက်တစ်ခုခု ရှိနေတာလား။
အကြီးအကဲ ယွင်လင်းက မြေကြီးပေါ်သို့ တံတွေးထွေးလိုက်သည်။ " သူတို့ ဒီလိုပဲ ထွက်သွားခိုင်းတော့မှာလား၊အကုန်လုံးက ရှေ့ဆောင်ဂိုဏ်းချုပ်ကြီးကို မရိုသေကြဘူးလေ။"
ဂျွတ်...
အသံတစ်ချက်ထွက်လာ၏။
ယွင်လန်၏မျက်နှာသည် ခဏအတွင်း နီမြန်းရောင်ရမ်းလာ၏။
"ဟင်?" ရှက်သည့်အခါ ယွင်လန်သည် မျက်လုံးများကျယ်ကာ သူ့မျက်နှာကို ဖုံးအုပ်တာက သူ၏အမှတ်အသားလိုဖြစ်နေသည်။ ရှေ့ဆောင်ဂိုဏ်းချုပ်ကြီးကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။ အဘယ်ကြောင့် မည်သူ့ကိုမှ အကြောင်းမဲ့ ရိုက်နှက်ရသနည်းဟု တွေးတောနေသည်။
"အရူးပဲ သူတို့ ဘယ်လိုပျောက်ကွယ်သွားတယ်ဆိုတာ မင်းမမြင်ခဲ့ဘူးလား။"
ယွင်လန်က တိတ်ဆိတ်စွာနှင့် ခေါင်းခါလိုက်၏။ အကယ်၍ သူသာသိပါလျှင် သူသည် သိုင်းဘုရင်ဘဝ၏ ထိပ်ဆုံးအဆင့်တွင် ရှိနေမည်မဟုတ်ပါ။
"အဲ့ဒီလူရဲ့စွမ်းအားက ငါ့ထက်သာတယ်။ အဆင့်အမြင့်ဆုံးကို ရောက်နေပြီထင်တယ်... အဲ့လိုမဟုတ်ရင် ငါ ယန်အာကိုသွားတွေ့ရမယ်၊ သူ့အကြောင်းကို သိမှဖြစ်မည်။ တကယ်လို့သူတို့ကသာ….. တကယ်ဆိုလျှင် မင်းက အပြစ်အကြီးကြီးကို ကျူးလွန်ခဲ့တာဘဲ။"
ယွင်ရှန်းက ဒေါသထွက်လျက် သူ၏ ပန်းထိုးထားသောဝတ်ရုံကို ယွင်လင်းထံသို့ ပစ်ပေါက်လိုက်ပြီး အလွန်စိတ်ပျက်သည့်ပုံစံနှင့် ကိုယ်ကိုလှည့်ကာ ပျောက်ကွယ်သွားသည်။ စိတ်ရှုပ်ထွေးနေသော အကြီးအကဲ ယွင်လင်သာ ကျန်ရစ်ခဲ့သည်။
ထိုအချိန်တွင် အကြီးအကဲ ယန်လင်းသည် ပါးစပ်ဟောင်းလောင်းဖြင့် ကြက်သေသေနေကာ မည်သို့ဖြစ်ပျက်ခဲ့သည်ကို မသိရှိခဲ့ချေ။
နန်လန်ယန်ရန်သည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောနေ၏။ သူတို့ပြောသလိုသာ အမှန်ပဲဆိုရင်၊ "မသေချင်ဘူးဆိုရင် သေခြင်းတရားကို ဖိတ်ခေါ်မှာ မဟုတ်ဘူး၊ စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့အလုပ်ကို လုပ်ရင် အသက်ရှင်မှာ မဟုတ်ေပ။"