← Chapters

သတ္တဝါအားလုံး ဦးညွှတ်ကြကုန်!

Vol. 2 Ch. 13

သတ္တဝါအားလုံး ဦးညွှတ်ကြကုန်!

Vol. 2 Ch. 13

"အာ…!"

အော်ဟစ်သံနှင့်အတူ စောစောကလေးတင် ရှိခဲ့သော ကြေးစားလူသတ်သမားသည် သွေးထွက်ရာနေရာကိုဖိလျက် လျက် သူ၏ဦးခေါင်းမှာ လေပေါ်ပျံနေပြီး ကိုယ်မှာမူ မြေကြီးပေါ်သို့ ဒုတ်ခနဲ ကျသွားလေသည်။

ရုတ်ရုတ်သဲသဲဖြစ်သည်ကို ကြားရသည်နှင့် ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့၏ တတိယခေါင်းဆောင် ဟာမွန်လည်း မိမိဘောင်းဘီကို ဆွဲတင်ရင်း ကျိန်ဆဲလိုက်သည်။ "ဘာတွေအော်နေကြတာလဲ? မင်းတို့ သူဌေးသေမှာကို ကြောက်နေကြတာလား!"

သူစကားဆုံးသည်နှင့် ရှေ့ဘက်ရှိ ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့ဝင်စစ်သားများသည် မလှုပ်ရှားတော့ဘဲ မြေပေါ်တွင် လဲလျက်ရှိပြီး အသေအချာပင် သူတို့ခေါင်းများပြတ်ကာ အချိန်ခန‌လေးအတွင်းပင် သေသွားကြသည်။

ကျန်သော ကြေးစားလူသတ်သမားများသည်လည်း အလွန်ထိတ်လန့်ကြောက်ရွံ့ကာ သူတို့ကိုယ့်သူတို့ ဂရုမစိုက်နိုင်အောင် ဖြစ်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေကြသည်။ ရန်သူကိုပင် မမြင်ရသေးမီ သူတို့ညီအစ်ကိုအချို့ သေကုန်ကြပြီ။

ဟာမွန်၏ သူငယ်အိမ် ကျုံ့ဝင်သွားပြီး ကြိမ်းဝါးလိုက်သည်။ "ဘယ်အကန်းက ငါတို့ ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့ကို ချုံခိုတိုက်ခိုက်ရဲတာလဲ? ငါ့ဘဝမှာ နောက်ကနေ တိုက်တာကို အမုန်းဆုံးဆိုတာ သိလား? ချက်ချင်းထွက်လာစမ်း၊ မဟုတ်လို့ကတော့ မသေမရှင်ဖြစ်အောင်လုပ်ပလိုက်မယ်!"

"သေလည်းမသေ၊ ရှင်လည်းမရှင် ဖြစ်အောင်လုပ်မယ်ဆိုတဲ့စကားက ကောင်းလိုက်တဲ့စကားပဲ! ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့က ဒီနေရာမှာ ဘယ်လိုများ ရဲရင့်ပြီး ရိုင်းစိုင်းမလဲဆိုတာ သိချင်ပါရဲ့!"

အဲ့ဒီအချိန်မှာပင် ကျန်းချန်သည် သစ်ပင်၏နောက်မှ ဖြေးဖြေးချင်း ထွက်လာခဲ့သည်။ သူ့မျက်လုံးထဲတွင် သွေးအိုင်ထဲ လဲလျက်ရှိသော ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့ဝင်များ၏ လူယုံတော်များကို ထင်ဟပ်တွေ့နေရသည်။ ဒီလူတွေက တကယ်ကို ဇွဲကောင်းကြတာပဲ။ ဘာလို့ ငါနဲ့ နေရာတိုင်းမှာ ဆုံနေရတာလဲ။

ဟာမွန်လည်း အလွန်ဒေါသထွက်ကာ ပြောလိုက်သည်။ "ငါ့လူတွေကို သတ်ခဲ့တာ မင်းပဲဆိုရင် အခုပဲ ဒူးထောက်ပြီး အရှုံးပေးလိုက်၊ မဟုတ်ရင် သံလက်သီးရဲ့ စွမ်းအားကို ငါပြလိုက်မယ်!"

"ဟားဟား... ဒါဆိုရင် ဒီဝတုတ်ကြီးရဲ့ စွမ်းအားကို ငါလည်း စမ်းကြည့်ချင်ပါတယ်။"

"ဝတုတ်ကြီးလို့ ငါ့ကိုခေါ်ရဲတာလား? မင်းသေချင်နေပြီလား!"

တစ်ဖက်သားရဲ့ ခေါ်ပုံကို ကြားရသည်နှင့် ကြယ်ရှစ်ပွင့် ဒိုချီအဆင့်ရှိသူ ဟာမွန်သည် ဤသို့ ရှက်ဖို့ကောင်းသည့် စကားကို ဘယ်တုန်းကမှ မကြားဖူးခဲ့သဖြင့် ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။

အထူးသဖြင့် ဝတုတ်ကြီးလို့ ခေါ်တာကို အမုန်းဆုံးဖြစ်ပြီး၊ ကြည့်ကောင်းပြီး ကိုယ်လုံးကိုယ်ပေါက်လှသည့် သူများက ခေါ်လျှင် အသက်ရှင်နေသမျှ ကာလပတ်လုံး သတ်ပစ်ချင်စိတ် ဖြစ်သည်။

ဟာမွန်သည် တဟုန်ထိုး ပြေးဝင်လာပြီး သဲအိတ်အရွယ်အစားရှိသော သူ၏လက်သီးကို ကျန်းချန်၏ဦးခေါင်းဆီသို့ အပြင်းအထန် ထိုးချလိုက်သည်။ သို့သော် ကျန်းချန်သည် ထိတ်ထိတ်ပျာပျာမဖြစ်နေဘဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြစ်နေသည်။

ဟာမွန်က ကျန်းချန်မှင်သေသေနဲ့ရပ်နေသည်ကို မြင်သောအခါ သူ့ရဲ့ အဟန့်က တစ်ဖက်သားကို ခြိမ်းခြောက်နေပြီဟု ထင်ကာ ချက်ချင်းပင် ရယ်မောလိုက်သည်။ မသိနားမလည်သော လူငယ်တစ်ဦးပမာ လေထဲမှာ အသက်ရှူနေရုံသက်သက်သာ ဖြစ်ပြီး မြေခွေးဖြူကို ဆွဲဆောင်ဖို့ အဆာအဖြစ် လုပ်လိုက်ရင် ပိုကောင်းမယ်လို့ ထင်ခဲ့သည်။

သို့သော် နောက်ပိုင်း အဖြစ်အပျက်များက သူ့ကို တစ်သက်တာ နောင်တရစေခဲ့သည်။

ကျန်းချန်က လက်ချောင်းတစ်ချောင်းကို မြှောက်ရုံဖြင့် ဟီမန်၏ လက်သီးကို အလွယ်တကူ တားဆီးလိုက်သည်။ ဟာမန်က အထင်မှားသည်ဟု ထင်မိပြီး လက်သီးနှစ်ချက် ဆင့်ထိုးလိုက်သော်လည်း ကျန်းချန်၏လက်ချောင်းတစ်ချောင်းဖြင့် ထပ်မံတားဆီးခံရပြန်သည်။

ဟာမွန်၏နှလုံးသား တုန်လှုပ်သွားပြီး ကြီးမားသော ကိုယ်ခန္ဓာက အလိုလို ခြေလှမ်းနှစ်လှမ်းစာ နောက်ပြန်ဆုတ်သွားကာ စိတ်ထဲတွင် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာသည်။

ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော မူရှီပင်လျှင် သူ၏ ရေလိုအဆက်မပြတ်တိုက်ခိုက်မှုကို လက်ချောင်းတစ်ချောင်းတည်းဖြင့် တားဆီးနိုင်မည် မဟုတ်ပေ။ ဒီလူက ဒိုချီဆရာတစ်ဆူဖြစ်နိုင်သလော။

ဟာမွန်သည် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီး နောက်တစ်ကြိမ်တိုက်ခိုက်ရန် မဝံ့မရဲဖြစ်နေသော်လည်း သူ့လူများအား စုံစမ်းစစ်ဆေးရန် စေလွှတ်ခဲ့သည်။ ဤလူသည် အားနည်းဟန်ဆောင်နေပေမဲ့ တကယ်တော့ အတွင်းအားအပြည့်နဲ့ဖြစ်နေသူတစ်ဦးဖြစ်မဖြစ် စုံစမ်းရန် ဖြစ်သည်။

သူက ချက်ချင်း အော်လိုက်သည်၊ "အသက်ရှင်‌‌နေသေးတဲ့လူတိုင်း သူ့ကို သတ်ပစ်! သူ့ကိုသတ်နိုင်တဲ့သူက မဒမ် လန်ကို တစ်ညလုံး အပြည့်အဝ ခံစားရစေမယ်!"

ဤစကားကိုကြားရသည်နှင့် ကျန်ရှိနေသေးသော ကြေးစားလူသတ်သမားများသည် မဒမ် လန်၏အရသာကို မြည်းစမ်းဖို့ ကြာရှည်စွာမျှော်လင့်နေခဲ့ကြပြီး၊ ယခု သူတို့အတွက် အခွင့်အရေးရသွားပြီဖြစ်သည့်အတွက် လက်လွှတ်မခံနိုင်ပေ။

ကျန်းချန်သည် ရက်စက်ကြမ်းကြုတ်သော ကြေးစားလူသတ်သမားများကို ကြည့်ရှုရင်း အေးစက်စွာ နှာ‌ခေါင်းရှုံ့လိုက်သည်။ သူသည် မည်သည့်အချိန်တွင်မဆို လက်ချောင်းဖြင့် လျှင်မြန်စွာတိုက်ခိုတ်နိုင်သည်။ထိုအချိန် ခရမ်းရောင်ပုံသဏ္ဍာန်နှစ်ခုသည် သတိမပေးဘဲ စစ်မြေပြင်အတွင်းသို့ဝင်ရောက်လာသဖြင့် ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့၏ သွေးရူးသွေးတန်းဖြစ်နေသောကျန်ရှိနေသည့် တိုက်ခိုက်သူများကို အပြတ်အသတ်အနိုင်ယူလိုက်သည်။

ဟာမွန်သည် ဘယ်သူလုပ်သည်ကို မြင်ရသောအခါ ချက်ချင်းအေးခဲသွားပြီး သူငယ်အိမ်များကျုံ့ဝင်ကာ အသံတုန်လှုပ်နေလျက် ပြောလိုက်သည်၊ "ဒါ… ဒါက … အဆင့် ၆ … မှော်တိရစ္ဆာန် … မရမ်းစေ့ရောင်… ခရစ်စတယ် … တောင်ပံ… ခြင်္သေ့ … ဘုရင် …"

မွန်းစတားတောင်၏ ကြေးစားလူသတ်သမားတစ်ယောက်အနေဖြင့် အရှေ့တောင်တန်းရှိ ဘယ်လိုမှော်တိရစ္ဆာန်မျိုးရှိတာကို သိသောသူဖြစ်သည်။ အကြောက်ဆုံးမှာ အရှေ့တောင်တန်း၏ ဘုရင်ဖြစ်သည့် အဆင့် ၆ ရှိသော မှော်တိရစ္ဆာန် မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းပင် ဖြစ်သည်။

အဆိုပါသတ္တဝါများသည် တိုက်ခိုက်ရေးအင်ပါယာထဲတွင် လူသား သိုင်းဧကရာဇ်အဆင့် စွမ်းအားရှင်များဖြစ်သည်။ ၎င်းတို့အား မဆိုထားဘိ၊ ဂါမာအင်ပါယာရှိ ကြေးစားအဖွဲ့အားလုံး စုရုံးလာသည့်တိုင် ၎င်းတို့၏ လှုပ်ရှားမှုတစ်ခုကိုပင် မခံနိုင်ကြပေ။

မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် ကြေးစားလူသတ်သမားတစ်ဦး၏ဦးခေါင်းကို ကိုက်ဖြတ်ပြီး အရသာခံကြည့်ပြီးနောက် စက်ဆုပ်ရွံရှာစွာဖြင့် ဘေးဘက်သို့ လွှင့်ပစ်လိုက်သည်။ "တကယ့်ကို ရွံစရာပဲ! ကျင့်စဉ်နိမ့်ပါးလွန်းတဲ့သူတွေက ဒီမှာ ငါတို့ကိုတိုက်ခိုက်ဖို့ ရဲရဲကြီးလာတာလား? ငါမင်းတို့ကို သင်ခန်းစာမပေးရင် ငါ့မှာ စိတ်ကောင်းရှိ‌ေနမယ်လို့ မင်းတို့ထင်နေကြတော့မှာပေါ့!"

ဝေါင်း!

ကျယ်လောင်သော ဟိန်းဟောက်သံဖြင့် အရှေ့တောင်တန်းတစ်ခုလုံးသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သစ်ပင်များတုန်လှုပ်ကာ ထိုအသံလှိုင်းများသည် အနီးအနားရှိတောင်တွေဆီပါ ပျံ့နှံ့သွားတော့သည်။

မြေကြီးသည် ပြင်းထန်စွာလှုပ်နေသည်က ငလျင်လှုပ်သကဲ့သို့ဖြစ်နေသည်။ မရေတွက်နိုင်သော ငှက်များသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ပျံသွားကြပြီး ခြင်္သေ့ဘုရင်၏ ဒေါသကြောင့် သူတို့ကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် သေးငယ်သော မှော်သားရဲတိရစ္ဆာန်များပင် သူတို့၏ အမြီးများကို ခြေထောက်များကြားတွင် ဖွက်ထားပြီး မြို့စွန်များတွင် ပုန်းနေခဲ့ကြသည်။

တိရစ္ဆာန်များ၏ခြေသံများသည် ဒီရေအလား ရှေ့သို့တက်လာနေသည်။ အချိန်တိုအတွင်းမှာပင် အဆင့် ၃ နှင့် အထက်ရှိသော မှော်တိရစ္ဆာန် ရာပေါင်းများစွာသည် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ယင်းတို့ကို ဦးဆောင်နေသူမှာ အဆင့် ၅ ရှိသော မှော်တိရစ္ဆာန်သုံးကောင် ဖြစ်ပြီး လူသား သိုင်းဘုရင်အဆင့်နှင့် ညီမျှပေသည်။

အရှေ့တောင်တန်း၏ဘုရင်အား အကြီးမားဆုံးသော ‌စော်ကားခံရမှုအတွက် အကူအညီပေးရန် သူတို့ကို ရွေးချယ်ခြင်းဖြစ်ကြောင်း သူတို့ကောင်းကောင်းနားလည်ကြပေလိမ့်မည်။

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် မြေကြီးပေါ်သို့ အားပြင်းပြင်းနှင့် ဖိနှိပ်လိုက်သည့်အခါ မြေကြီးသည် အက်ကြောင်းရာများ ထင်ထင်ရှားရှားပေါ်လာသည်။

အဆင့် ၅ ရှိသော မှော်သားရဲသုံးကောင်သည် အချင်းချင်း မျှော်ကြည့်လိုက်ကြသည်။ သူတို့၏ဘုရင်် ဤမျှလောက်ဒေါသထွက်သည်ကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်သည်။

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် ကြောက်လန့်တုန်လှုပ်နေသော ဟာမွန်ကို ကြည့်လိုက်ပြီး မှော်သားရဲအားလုံးရှေ့တွင် လူသားအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထိုအခါ မှော်သားရဲအားလုံးသည် အသက်ရှုမှားလောက်အောင် ဖြစ်သွားကြသည်။ သူတို့ဘုရင်သည် လွတ်လပ်စွာ လူသားအသွင်ပြောင်းလဲနိုင်သည်ကို သူတို့ ဘယ်သောအခါမှ မမျှော်လင့်ခဲ့ကြပေ။ သူသည် မှော်သားရဲအဆင့် ၇ သို့ ရောက်ရှိသွားပြီလော။

ဒီအကြောင်းကို တွေးမိသည်နှင့် အဆင့် ၅ ရှိသော မှော်တိရစ္ဆာန်သုံးကောင်သည် ရိုသေစွာဖြင့် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ကြသည်။ အဆင့် ၇ ရှိသော မှော်သားရဲသည် သူတို့အဖို့ တစ်ခါမှ မတွေးတောနိုင်သော အဆင့်တစ်ခုပင် ဖြစ်ကြောင်း သူတို့ရှင်းရှင်းလင်းလင်း သိထားသည်။

ဟာမွန်သည် အလွန်ကြောက်ရွံ့သွားပြီး ဆီးဝမ်းမထိန်းနိုင်ဖြစ်ပြီး မဒမ်လန်မှာမူ သတိလစ်သွားလေသည်။ ဤသို့သော အခြေအနေကို သူတို့ ဘယ်တုန်းအခါကမှ မမြင်ဖူးကြချေ။ အနည်းဆုံး ဒိုချီဆရာတစ်ဆူအဆင့်ရှိသော မှော်သားရဲတစ်ကောင်ရှိနေပြီ ဖြစ်သည်။

မည်သည့် မှော်သားရဲမဆို ယင်းတို့၏ ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့ကို ဖျက်စီးနိုင်ပြီး၊ သူ့လို ကြယ်ရှစ်ပွင့် ဒိုချီသမားတစ်ဦးကိုတော့ ပြောမနေစရာမလို။

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် မှော်သားရဲဘာသာစကားဖြင့် ပြောဆိုလိုက်သောအခါ မှော်သားရဲအားလုံးကို အံ့အားသင့်စေခဲ့သည်။ သို့ရာတွင် ဘုရင်၏ အမိန့်အောက်တွင် သူတို့သည် ကျန်းချန်ရှေ့တွင် ရိုရိုသေသေဖြင့် ဒူးထောက်ကာ နာခံလိုက်ကြသည်။

ဒီလို အသက်ရှူမှားလောက်သည့် မြင်ကွင်းမျိုးကို သမိုင်းထဲတွင် မှတ်တမ်းတင်ထားရပေမည်။

ကျန်းချန်က လက်လှုပ်လိုက်သည်။ မှော်သားရဲများ နာခံမှုရှိ မရှိကို သူဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ သူ၏မက်မွန်ပင်များသာလျှင် ဖြစ်သည်။ ဤမက်မွန်ပင်များကို သူကိုယ်တိုင် ဆယ်နှစ်ကြာ စိုက်ပျိုးခဲ့ရသည်။ ယခုမှာမူ နှစ်ပင်မှာ ခုတ်လှဲခံခဲ့ရသည်။

မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် ခုတ်လှဲခံခဲ့ရသော မက်မွန်ပင်နှစ်ပင်ကို မြင်ရသောအခါ အတောလေးဒေါသထွက်သွားတော့သည်။ ဒီလို လူလိုနားမလည်တဲ့သူတွေ!

"ဆရာ ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ?"

ကျန်းချန်က ပြောသည်။ "သူတို့က အမျိုးသမီးတွေကို မကြိုက်ဘူးဆိုရင် မှော်သားရဲတွေကို ကစားခိုင်းလိုက်ပါ!"

ဒီစကားကို ကြားရသော ကျန်ကြေးစားလူသတ်သမားများသည် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ချက်ချင်းပင် သူတို့ကို သတ်ပစ်လိုက်ပါဟု ပြောလိုက်သည်။

သို့‌သော်မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် သူတို့အား လွယ်လွယ်ကူကူ သေခွင့်မပေးနိုင်ပေ။ သူသည် မျောက်ဝံတစ်ဒါဇင်ကို စေလွှတ်ကာ သူတို့၏အူများကို ရှင်းလင်းရန် ပြောလိုက်သည်!

All Chapters