← Chapters

ဆရာသခင်တစ်ပိုင်းအဆင့် နှင့် ဒဏ္ဍာရီတစ်ပိုင်းအဆင့်

Vol. 15 Ch. 212

ဆရာသခင်တစ်ပိုင်းအဆင့် နှင့် ဒဏ္ဍာရီတစ်ပိုင်းအဆင့်

Vol. 15 Ch. 212

* ဒုတိယ လက်ဖဝါးချက်နဲ့အတူ ငါ မင်းပခုံးကို ဖြတ်လိုက်ပြီ*

ယဲ့ဖန်၏ ခက်ထန်သော အသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသောအခါ ခန်းမတစ်ခုလုံး တဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

စင်အောက်မှ ဟွာရှ သိုင်းပညာရှင်များအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ ဤမျှ သွေးထွက်သံယို များသော မြင်ကွင်းမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

လူတစ်ယောက်က တစ်စုံတစ်ယောက်၏ ဓားရှည်၊ လက်မောင်း၊ လက်သီးနှင့် ပခုံးတို့အား သွေးများ ပန်းထွက်လာအောင် ရိုက်နှက်လိုက်နိုင်သည်တဲ့လား။

သူ၏ ပြိုင်ဘက်က ဆရာသခင်အဆင့် ဖြစ်နေတာတောင်မှလေ။

မဖြစ်နိုင်လိုက်တာ။

ကြည့်ရှုနေသူများ၏ အကြည့်များတွင် ဧရာမ သားရဲရိုင်းကြီးအား ကြည့်နေရသကဲ့သို့ အလွန် ထိတ်လန့် တုန်လှုပ်နေဟန်များ ပြည့်နှက်နေသည်။

သို့သော် သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်တွင် ယဲ့ဖန်၏ ခက်ထန်သော စကားလုံးများကို ထပ်ကြားလိုက်ရပြန်သည်။

"တတိယ လက်ဖဝါးချက်နဲ့အတူ ငါ မင်းခေါင်းကို ဖြတ်ပစ်မယ်"

လေတိုးသံနှင့်အတူ ယဲ့ဖန်က သူ၏ လက်ဖဝါးနှင့် နောက်ထပ် တိုက်ကွက် တစ်ကွက် ထုတ်ဖော်၍ ဖျောင်ကျိုးယိုထံသို့ ပြေးဝင်သွားသည်။

"မဖြစ်ဘူး"

ဖျောင်ကျိုးယို ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ ဖျောင်ကျိုးယို သေမတတ် ကြောက်လန့်နေ၏။

အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။

သည်လောက် ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးမျိုး သူ အရင်က တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ဟွာရှ သိုင်းပညာရှင်များအား သူ စိန်ခေါ်ခဲ့စဉ်အခါက ယဲ့ဖန်လို လူမျိုးကြောင့် သူ ထိခိုက်ရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပါ။

ဖျောင်ကျိုးယို သာမက စင်နောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားကြီးသည်လည်း စိုးရွံ့စိတ်ကြောင့် တုန်လှုပ်သွားရသည်။

"အညတရကောင် …. ရဲတင်းလှချည်လား"

ယဲ့ဖန်၏ တိုက်ခိုက်မှုက အလွန် လျင်မြန်လှသဖြင့် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကြီး မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာတင် ဖျောင်ကျိုးယို၏ လက်ဖဝါးနှင့် ပခုံးတို့ ကျိုးသွားလေသည်။

ထို့ကြောင့် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကြီး မျက်လုံးပြူးကာ ယဲ့ဖန်အား ဒေါသတကြီး မာန်မဲ၍ လက်သီဖြင့် ထိုးလိုက်သည်။

"သေပေတော့"

ဝုန်း!

လက်သီး နှင့် လက်ဖဝါး။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကြီးသည် သူ့တိုက်ခိုက်မှု ပြီးသည်နှင့် ချက်ချင်း နောက်ဆုတ်လိုက်ရသည်။

သို့သော် ယဲ့ဖန်၏ လက်ဖဝါးက ယခင်အတိုင်း မပြောင်းလဲဘဲ ရှိနေသေးသည်။

ရွှစ်!

သူက ဖျောင်ကျိုးယို၏ခေါင်းအား အားမာန်ပါပါနှင့် ဖြတ်လိုက်လေ၏။

ချက်ချင်းဆိုသလိုပင် ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီးမှ သွေးများက ကြမ်းပြင်ပေါ်သို့ ရေတံခွန်အလား ပန်းထွက်လာသည်။

ထိုအချိန်တွင် ခန်းမတစ်ခုလုံး တိတ်ကျလို့သွားလေ၏။

လူတိုင်းက သူတို့၏ နှလုံးသားအား သူခိုးခိုးခံလိုက်ရသကဲ့သို့ အသက်မရှူနိုင်ဘဲ ကျိုးဖျောင်ယို၏ အလောင်းကို ငေးကြည့်နေမိကြသည်။

*သေသွားပြီ*

ဆယ်ကျော်သက် အရွယ်က ဆရာသခင် ဖြစ်ခါနီးအဆင့်ကသူကို အနိုင်ယူနိုင်ခဲ့ပြီး အသက် နှစ်ဆယ်စွန်းစွန်းတွင် ဆရာသခင်အဆင့်သို့ အဆင့်တက်လာခဲ့သည့် ထိုလူစွမ်းကောင်းလေးက လက်ဖဝါးသုံးချက်တည်းဖြင့် သေသည်အထိ ရိုက်နှက်ခံ လိုက်ရသတဲ့လား။

လူအုပ်ကြီးက သေမတတ် ကြောက်လာကြသည်။ သူတို့အားလုံး ယဲ့ဖန်အား အလွန် ထိတ်လန့် ကြောက်ရွံ့ဟန်ဖြင့် ကြည့်နေမိကြသည်။

သည်လောက် ပိန်သေးသေး လူငယ်လေးက ကြောက်မက်ဖွယ် ကောင်းသည့် နတ်ဆိုးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိပါ။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခန်းမတစ်ခုလုံး ဆူညံစွာ ဟစ်ကြွေးသံများဖြင့် ပြည့်နှက်လာသည်။

"ဟဟ …. သေပြီ၊ အဲဒီ မောက်မာတဲ့ကောင်စုတ်လေး သေသွားပြီဟ၊ ငါတို့ စစ်သည်တော်ရဲ့ မသေမချင်း ရိုက်သတ်တာကို သူ ခံလိုက်ရပြီကွ"

"ဘုရားရေ…စောက်ရမ်း မိုက်တယ်ကွာ၊ သူက လန်ထွက်နေတာပဲ၊ သည်လောက် မိုက်တဲ့လူမျိုး ငါ တစ်ခါမှ မမြင်ခဲ့ဖူးဘူး"

"စောက်ရမ်းလန်းတဲ့ကောင်ကွာ၊ ငါ လန့်ပြီး သေတော့မလို့၊ သူက ဟွာရှ သိုင်းသမား ဖြစ်နေလို့ တော်သေးတယ်"

….

ခန်းမတစ်ခုလုံး အုတ်အော်သောင်းနင်း ဆွေးနွေးသံများဖြင့် ပြည့်နှက်လာသည်။

မဟာဆရာသခင်ကျန့်တောင်မှ စိတ်လှုပ်ရှားမှုကြောင့် အလွန် တုန်လှုပ်နေသည်။

မာစတာရွှယ်နှင့် ရွှယ်ထောင်တို့က တိုက်ပွဲအား လူအုပ်ကြီးနောက်ဘက်မှ ကြည့်ရှူနေခဲ့ကြသည်။ တိုက်ပွဲအဆုံးတွင် နှစ်ယောက်လုံး ကြက်သီး တဖြန်းဖြန်း ထသွားကြရသည်။

သူတို့ ယဲ့ဖန်၏ ရက်စက်တတ်မှုအကြောင်းနှင့် ပတ်သက်၍ တစ်ခါမှ မကြားခဲ့ဖူးပါ။ သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်လိုက်ရမှ သေမတတ် ကြောက်လန့်သွားရသည်။

"သူ ရူးနေပြီပဲ၊ ရူးနေတဲ့သူသာလျင် ဒီလောက်ထိ ကြောက်ဖို့ကောင်းနိုင်တာ"

ရွှယ်ထောင် စိတ်မတည်ငြိမ်နိုင်သေးဘဲ သူ့နဖူးမှ ချွေးများ တဒီးဒီးကျနေသည်။

သူနှင့် ဆန့်ကျင်ဘက် ပိုင်ယီကတော့ မချိတင်ကဲ ပြုံးလို့နေသည်။ ယဲ့ဖန်က ကြောက်ဖို့ကောင်းမှန်း သူမ သိပြီးသားပင်။

"ခွေးမသားလေး မင်း ငါ့သားကို သတ်ရဲတယ်ပေါ့လေ"

ရုတ်တရက် ခက်ထန်သော အသံတစ်သံက စင်နောက်ဘက်မှ ထွက်ပေါ်လာသည်။

ခန်းမထဲမှ လူများအားလုံး ထိုအသံပိုင်ရှင်အား လှမ်းကြည့်မိလိုက်သောအခါ လူလတ်ပိုင်းအရွယ် ကိုရီးယားလူမျိုး ယောက်ျားတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသားကြီးက ဖိနှိပ်နိုင်သော ချီဓာတ်များကို ထုတ်လွှတ်နေသဖြင့် ခန်းမထဲ ရှိသမျှ လူများအားလုံး ကြောက်လန့်သွားကြသည်။

"ဒဏ္ဍာရီတစ်ပိုင်းအဆင့်ဟ သေစမ်း"

ထိုလူ၏ ချီစွမ်းအင်ကို သူတို့ အာရုံခံမိသည်နှင့် ခန်းမထဲမှ လူများအားလုံး မှင်တက်သွားကြသည်။

သာမန်လူ ဖြစ်ဟန်တူနေသည့် လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ဒဏ္ဍာရီတစ်ပိုင်းအဆင့် ရောက်နေလိမ့်မည်ဟု သူတို့ လုံးတ ထင်မှတ်မထားခဲ့မိပါ။

စနစ်ကျသော ခြေသံများနှင့်အတူ ထိုလူလတ်ပိုင်းအရွယ် ကိုရီးယားလူမျိုး အမျိုးသားကြီးက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ချီဓာတ်များကို ပိုမို ထုတ်လွှင့်လာရင်း ယဲ့ဖန်ထံသို့ လျှောက်လာသည်.

သူ၏ အမုန်းတရားနှင့် နာကြည်းမှုတို့က စင့်မြင့်အား ဖြိုချမိတော့မလို ဖြစ်နေ၏။

"ငါ့သားဆီ မင်း တိုက်ကွက်မထုတ်ခင် ငါ မင်းကို မသတ်လိုက်မိတာကို ငါ နောင်တရမိတယ်"

"မင်းလို ဆရာသခင် တစ်ပိုင်းအဆင့်ကောင်က ငါ၊ ဖျောင်ကျင်းတျောင်ရဲ့သားကို သတ်နိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး"

*ဆရာသခင် တစ်ပိုင်းအဆင့်*

ထိုလူလတ်ပိုင်းအရွယ် ကိုရီးယားလူမျိုးကြီး၏ စကားကို ကြားပြီး လူတိုင်း မှင်တက်သွားကြသည်။ ခန်းမထဲ ရှိနေသည့် သူတော်တော်များများက ယဲ့ဖန်၏ အကာအကွယ်ကို ဖောက်၍ မမြင်နိုင်ကြပါ။ သို့သော် ဤလူကြီးကတော့ အစောပိုင်းတုန်းက တခဏလေး တွေ့လိုက်သည့်အခိုက်မှာပင် ယဲ့ဖန်၏ အဆင့်ကို ထိုးထွင်း၍ မြင်သွားခဲ့သည်။

သို့သော် ထိုလူကြီး ထင်မထားခဲ့မိသည်က ဆရာသခင် တစ်ပိုင်းအဆင့် ပညာရှင်က ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပညာရှင်အား တွန်းလှန်နိုင်ပြီး ပါရမီရှင် ဆရာသခင်အဆင့် ပညာရှင်ကိုလည်း သုံးချက်တည်းဖြင့် သတ်နိုင်လိမ့်မည်ဟုပင်။

"ဆရာသခင်တစ်ပိုင်းအဆင့်က ဆရာသခင်အဆင့်ကို ဖိနှိပ်နိုင်တယ်တဲ့လား။ ဒီ…ဒီလူငယ်လေးက ဘယ်လို လူစားပါလိမ့်"

"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ပင်ကို အစွမ်းအစမျိုးပါလိမ့်။ ဖျောင်ကျိုးယိုကလည်း တော်တော်လေး ကြောက်ဖို့ ကောင်းတဲ့ ပင်ကို အစွမ်းအစ ရှိပါတယ်၊ ဒါပေမဲ့ ဒီလူငယ်လေးက လူထူးလူဆန်းတွေထက်တောင် ပိုကြောက်ဖို့ ကောင်းနေသေးတယ်"

ခန်းမထဲမှ ဟွာရှ သိုင်းပညာရှင်တိုင်း အလွန် ထိတ်လန့်သွားကြသည်။

သို့သော် တစ်ခဏမျှကြာသော် လူအုပ်ထြမှ တစ်ယောက်က ရုတ်တရက် ထအော်လေသည်။

"ဖျောင်ကျင်းတျောင်၊ သူ…သူက ကိုရီးယားက ဖျောင်ကျင်းတျောင်ပဲ"

ခန်းမတစ်ခုလုံး တစ်ဖန် တိတ်ကျသွားပြန်သည်။ လူတိုင်းက လူလတ်ပိုင်းအရွယ် ကိုရီးယား အမျိုးသားကြီးအား မကောင်းဆိုးဝါးတစ်ကောင်အား ကြည့်နေသကဲ့သို့ စိုက်ကြည့်နေမိကြသည်။

ထိုစဉ် သူတို့၏ နဖူးမှ ချွေးများ တဒီးဒီးကျလာ၏။ သူတို့၏ အမူအရာကို သတိထားမိပြီး ပိုင်ယီ တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားကာ မာစတာရွှယ်အား အလျင်အမြန် ပြန်မေးလိုက်သည်။

"ဖျောင်ကျင်းတျောင်ဆိုတာ ဘယ်သူလဲ။ သူက တော်တော် အင်အားကြီးတာလား"

မာစတာရွှယ်က မျက်ခုံး ခပ်လှုပ်လှုပ်နှင့် အသံ တုန်တုန်ယင်ယင်နှင့် ပြန်ပြောလိုက်သည်။

"ပိုင်ယီ၊ ဖျောင်ကျင်းတျောင်က ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံက သိုင်းပညာ အသိုင်းအဝိုင်းမှာ ကြောက်စရာအကောင်းဆုံး ထိပ်တန်း ပါရမီရှင်ပဲ"

"သူက သူ့ကျင့်ကြံမှု အဆင့်တစ်လျှောက်လုံးမှာ အင်အားအကောင်းဆုံးလူလို့ လူအများ လက်ခံခြင်းကို ခံထားခဲ့ရတာ၊ ကြယ်တစ်လုံးအဆင့်ကနေ ကြယ်သုံးလုံးအဆင့်ထိပေါ့။ သူ ဆရာသခင် တစ်ပိုင်းအဆင့်လည်း ရောက်ရော သူက အခြားဆရာသခင် တစ်ပိုင်းအဆင့်တွေရဲ့ အိပ်မက်ဆိုး ဖြစ်လာပါလေရော"

"သူ ဆရာသခင် ဖြစ်လာတဲ့ အခါကျတော့ သူက ကိုရီးယားက ပြိုင်ဘက် ဆရာသခင်တွေကို ဖိနှိပ်ထားနိုင်ခဲ့တာ"

"တစ်ခါတုန်းက ဆရာသခင်အဆင့် ပညာရှင် သုံးဆယ့်နှစ်ယောက်ကို တစ်ရက်တည်းနဲ့ ထိုးနှက်နိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်း ရှိတယ်"

မာစတာရွှယ် ဆက်၍ ပြောပြနေရင်း သူ့မျက်နှာက ပို၍ သုန်မှုန်လာသည်။

"အဲ့လူက ဟွာရှ နိုင်ငံကို မုန်းနေတာ။ သည်လို ကြောက်မက်ဖွယ်ကောင်းတဲ့ ကိစ္စကို သူ အကွက်ချနိုင်တာ အံ့ဩစရာ မရှိဘူး၊ သူက ဒီအခွင့်အရေးကို အမိအရ အသုံးချပြီး ဟွာရှ သိုင်းပညာရှင် အားလုံးကို သတ်ဖြတ်ပစ်ချင်နေတာ"

……

မာစတာရွှယ်၏ စကားကို ကြားပြီးနောက် ပိုင်ယီ၏ လှပသော မျက်နှာလေးက သွေးမရှိတော့သလို ဖြူဖပ်ဖြူရော် ဖြစ်လာ၏။

ထိုလူက သူ့ကျင်ကြံခြင်းအဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်နေသည် မဟုတ်ပါလား။

*ဒါဆို ဖျောင်ကျင်းတျောင်က ဒဏ္ဍာရီတစ်ပိုင်းအဆင့်မှာ အင်အားအကြီးဆုံးသူလို့ ပြောချင်နေတာမလား*

ထို့နောက် ပိုင်ယီအား ယဲ့ဖန်အား စိုးရိမ်တကြီး လှမ်းကြည့်လိုက်မိသည်။ မာစတာရွှယ် ထပ်ပြောလိုက်သည့် စကားက သူမ၏ မျက်နှာလေးအား ပြာနှမ်းသွားစေ၏။

"ဆရာသခင် တစ်ပိုင်းအဆင့်နဲ့ ဒဏ္ဍာရီ တစ်ပိုင်းအဆင့်၊ သူတို့နှစ်ယောက်ကြားမှာ အဆင့်ကွာခြားချက်က ခြောက်ဆင့်တောင် ရှိနေပါလား"

စကားချက်။ ။(ကျင့်ကြံခြင်း အဆင့်ခြောက်ဆင့် ကွာတယ်လို့ ပြောတာက ဆရာသခင်တစ်ပိုင်းအဆင့်က စရေရင် ကြားထဲမှာ ဆရာသခင် ဖြစ်ခါနီးအဆင့်၊ ဆရာသခင် ဖြစ်ခါစ/စဦးအဆင့်၊ ဆရာသခင် အလယ်အလတ် အဆင့်၊ ဆရာသခင် အထွတ်အထိတ်အဆင့်နဲ့ ဒဏ္ဍာရီ တစ်ပိုင်းအဆင့် ဆိုပြီး ခြောက်ဆင့် ကွာတယ်လို့ ပြောခြင်း ဖြစ်ပါတယ်)

မာစတာရွှယ်က တုန်ယင်နေပြီး အလွန် ကြောက်ရွံ့ဟန်ဖြင့် ဆက်ပြောလိုက်သည်။

"မစ္စတာယဲ့တော့ ဒီပွဲကို သေချာပေါက် ရှုံးတော့မှာပဲ၊ သူ့အတွက် ဒီပွဲကို နိုင်၊နိုင်ခြေ မရှိဘူး"

*ဘာ*

သူ့စကားကို ကြားပြီး ပိုင်ယီ ထိတ်လန့်၊ကြောက်ရွံ့စိတ်ကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။

ယဲ့ဖန် ထွက်ပြေးနိုင်အောင် သူမ အမှန်တကယ် ကူညီချင်သော်လည်း သူ့ပင်ကိုစရိုက်ကိုလည်း သူမ ကောင်းကောင်းသိနေသည်။

သူက နောက်ဆုတ်ခြင်းထက် သေသည်အထိ တိုက်ပွဲဝင်မည့် စိတ်ရှိသူ ဖြစ်သည်။ ဒါကြောင့်လည်း ယဲ့ဖန်ဟု နာမည်တွင်နေခြင်း ဖြစ်သည်။

ထိုစဉ် ဟွာရှ သိုင်းပညာရှင်များက ယဲ့ဖန်အား သနားသလို ကြည့်နေမိကြသည်။ ဟွာရှ၏ ထိပ်တန်း လူထူးလူဆန်း၏ ကျဆုံးချိန်အား သူတို့ မြင်ရတော့မည်ကို သူတို့ သိရှိနေသည်။

"သနားစရာပဲ"

ထိုစဉ် ယဲ့ဖန်အား သက်တောင့်သက်သာဖြင့် ပြောလိုက်သည်။

"ခင်ဗျားက ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်မှာ ပြိုင်ဘက်ကင်း ဖြစ်နေမှတော့ ခင်ဗျား ဒီနေ့ သေကို သေရမယ်"

All Chapters