← Chapters

ရှောင်ယန်၏ ထိတ်လန့်ရမှု

Vol. 2 Ch. 14

ရှောင်ယန်၏ ထိတ်လန့်ရမှု

Vol. 2 Ch. 14

မွန်းစတားတောင်တန်း၏ အရှေ့ဘက်ရှိ တောအုပ်အတွင်း၌ ကြောက်မက်ဖွယ် အသံများနှင့် ပဲ့တင်ထပ်နေသည်။ မိုင်ပေါင်းများစွာအကွာမှ ရှောင်ယန်ပင်လျှင် မယုံနိုင်လောက်အောင် အော်သံများကို ကြားခဲ့ရသည်။

ထိုစူးရှသော အော်သံသည် အတော်လေး ခြိမ်းခြောက်မှုရှိပြီး၊ တစ်ကြိမ်တစ်ခါ ကြားလိုက်ရုံမျှပင် မကြုံစဖူး ကြောက်ရွံ့မှုကို ထည့်ပေးနိုင်သည်ဟု ထင်ရသည်။

ရှောင်ယန်သည် လျှာထွက်ပြကာ၊ "ဆရာ... ဘာတွေဖြစ်နေတာလဲ... အဲဒီဘက်မှာ ဘာလို့ ရုတ်တရက်..."

ရှောင်ယန်၏ ဘေးတွင် အဘိုးအိုတစ်ဦး ရပ်နေသည်။ ထိုလူကြီးသည် အဖြူရောင်ဝတ်ရုံရှည်၊ အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားပြီး၊ မျက်နှာတွင် အရေးအကြောင်းများ ရှိနေသော်လည်း ထူးခြားချက်မှာ ကြင်နာခြင်းပင် ဖြစ်သည်။

အသက်အရွယ်ကြီးသော်လည်း သူ၏မဖုံးကွယ်နိုင်သော ဉာဏ်ပညာရှိမှု၊ စူးရှသော မျက်လုံးများသည် လောကဓံတရားမျိုးစုံကို ကြုံတွေ့ခဲ့ရသည်ဟု သက်သေခံလျက်ရှိနေသည်။

သူကိုယ်တိုင်လည်း အတော်လေး တုန်လှုပ်နေခဲ့သည်။

"ဒါဟာ လူသားတစ်ယောက်ရဲ့ အော်သံပဲ။ ဒီလောက်ထိ ကြောက်စရာ‌‌ကောင်းလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးထားမိခဲ့ဘူး"

ရှောင်ယန်သည် လည်ချောင်းထဲမှ တံတွေးကို မျိုချလိုက်ပြီး မေးလိုက်သည်၊ "ဆရာ ကျွန်တော်တို့ သွားကြည့်ကြမလား?"

သူ ခေါင်းညိတ်လိုက်သည်။ သူလည်း ဘာတွေဖြစ်နေသလဲ သိချင်နေခဲ့သည်။

သို့သော် နှစ်‌ယောက်လုံး ဒီနေရာသို့ရောက်လာသောအခါ သူတို့မြင်လိုက်ရသည့်မြင်ကွင်းက အော်ဂလီဆန်စရာကောင်းလှသည်။ မဒမ် လန်သည် မျောက်ဝံဒါဇင်ပေါင်းများစွာ၏ ဝိုင်းရံခြင်းကို ခံနေရပြီး သူမလုပ်နေသည်ကို အကုန်လုံးလည်း သိကြလောက်ပေမည်။

မျောက်ဝံသည် မှော်သားရဲတောင်တန်းတွင် နေထိုင်သည့် မှော်သားရဲတစ်မျိုးဖြစ်ပြီး သူ၏အင်အားမှာ အဆင့်တစ် သို့မဟုတ် အဆင့်နှစ်သာရှိသည်။ ဤမှော်သားရဲမျိုးသည် သေလောက်အောင် အန္တရာယ်မရှိပေ။ သို့သော် သူတို့ ကြောက်စရာကောင်းသည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် ပုံမှန်အခြေအနေများတွင် ဘယ်သူကမှ သူတို့ကို စပြီး ရန်စလေ့မရှိပေ။

ထို့အပြင် မျောက်ဝံများသည် မူလသဘာဝအားဖြင့် ဉာဏ်နီဉာဏ်နက်များကြပြီး မိမိထက် အင်အားကြီးသူများနှင့် ဘယ်တော့မှ ရင်ဆိုင်တိုက်ခိုက်လေ့မရှိပေ။

မိမိထက် သာလွန်သူကို တွေ့လျှင် ပုန်းအောင်းရန်သာ လုပ်ကြသည်။

မျောက်ဝံတို့၏ အဓိကပစ်မှတ်မှာ အမျိုးသမီးများဖြစ်ပြီး၊ အထူးသဖြင့် အားနည်းပြီး အထိခိုက်လွယ်သူများအား မိမိတို့၏ အာသီသကို ဖြည့်ဆည်းရန် ရွေးချယ်တိုက်ခိုက်လေ့ရှိသည်။

ယခု သူတို့၏ မျက်စိကျရာဖြစ်သော မဒမ် လန် အနေဖြင့် စိတ်ကူးကြည့်၍မရနိုင်သော ညှဉ်းပန်းမှုဒဏ်ကို ခံစားရတော့မည်။

သို့သော် ရှောင်ယန်သည် ဝံပုလွေခေါင်းဆောင်အဖွဲ့၏ လူယုံတော်၊ သူ့နောက်လိုက်နေသည့်သူကို မြင်လိုက်ရသဖြင့်၊ သူသည် ထိတ်လန့်သွားခဲ့သည်။

"သေစမ်း... ဆရာ ဟယ်ယွမ်းကရော အမျိုးသားတွေကို စိတ်ဝင်စားတာလား?"

"ဒါက......"

ဆရာဝန်အဖိုးအိုသည် တိတ်ဆိတ်စွာ နေလိုက်သည်။

ဒါက ဘဝမှာ ပထမဆုံးအကြိမ် မျောက်တစ်ကောင်က အမျိုးသားတစ်ဦးအပေါ် သူ၏ စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်ကို တွေ့ရခြင်းဖြစ်ပြီး၊ အတော်လေး စိတ်ကျေနပ်နေပုံရသည်။

ရုတ်တရက် ယောင်လောင်၏ မျက်ဆံများ တော်တော်လေး ကျဉ်းသွားသည်။ အကြောင်းမှာ သူသည် လူသားအသွင် ပြောင်းထားသည့် မရမ်းစေ့ရောင်အတောင်ပံနဲ့ ခြင်္သေ့မင်းကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

သူသည် ချက်ချင်း ရှောင်ယန်၏ခေါင်းကို ဖိကာ အောက်သို့နှိမ့်လိုက်ပြီး၊ သူ၏ဝိညာဉ်စွမ်းအားကို ရှောင်ယန်၏ ကိုယ်ခန္ဓာပေါ်တွင် တွဲကပ်စေပြီး သူ့ကို ခရမ်းရောင်ခရစ်စတယ်အတောင်ပံရှိ ခြင်္သေ့မင်းက သတိထားမိမှာကို ကာကွယ်လိုက်သည်။

သူသည် ပါးစပ်ဟကာ အသံအောအောဖြင့် ပြောလိုက်သည်၊ "ဒါကြောင့်ပါလား။ မှော်သားရဲတစ်ကောင်က အမျိုးသားကို စိတ်ဝင်စားတယ်ဆိုတာ ငါမကြားဖူးဘူး။ ဒီလိုဆိုတော့ မရမ်းစေ့ရောင်အတောင်ပံရှိ ခြင်္သေ့မင်းက ဒီလိုဖြစ်အောင် လှုံ့ဆော်တဲ့သူ‌ပေါ့။"

"မရမ်းစေ့ရောင်အတောင်ပံရှိ ခြင်္သေ့မင်း?" ရှောင်ယန်၏ နှလုံးခုန်သံ မြန်လာခဲ့သည်။ ‌ဒီနာမည်ကို ကြားလိုက်ရသောအခါ သူသည် မြေပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုသတ္တဝါမှာ အဆင့်ခြောက်မှော်သားရဲဖြစ်ပြီး၊ သိုင်းဧကရာဇ်တစ်ပါးပင် ကြောက်ရွံ့ရသည့် သတ္တဝါဖြစ်သည်။

"ငါမထင်ထားခဲ့တာက မရန်းစေ့ရောင်အတောင်ပံနှင့် ခြင်္သေ့မင်းသည် ဘယ်လိုမျိုးကြီးမားတဲ့ အခွင့်အရေးကြောင့် အဆင့် ၇ အသွင်ပြောင်းဆေးလုံးကို ရရှိတာဘဲ!"

"အသွင်ပြောင်းဆေးလုံး..."

ရှောင်ယန်သည် သစ်ပင်နောက် ပုန်းကွယ်နေရာမှ သတိအနေအထားဖြင့် ထွက်လာပြီး၊ အံ့ဩသည့် မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်သည်။

"ဟုတ်တယ်၊ အသွင်ပြောင်းဆေးလုံးက လူသားတွေအတွက် အသုံးမဝင်ပေမယ့်၊ မှော်သားရဲ‌တွေ အတွက်တော့ တန်ဖိုးရှိတဲ့ ရတနာတစ်ပါးပဲ။ ဘယ်မှော်သားရဲမဆို ဒီဆေးလုံးကို မျိုချလိုက်ရင် သူတို့ရဲ့ခန္ဓာကိုယ်ကို လုံးဝပြောင်းလဲလိုက်နိုင်ပြီး ရှည်လျားသော လူ့သက်တမ်းကို ရရှိပေမည်။ လူသားဖြစ်လာမည့်ကျင့်စဥ်ကို ဆောင်ကျဉ်းပေးနိုင်သည့် ကောင်းကင်ကို ဆန့်ကျင်တဲ့ ဆဆေးလုံးတစ်လုံးပဲ"

ယောင်ချန်၏ မျက်နှာထားသည် တည်ကြည်လေးနက်နေသည်။ မကြာသေးမီက သူ၏ အဆင့်မြှင့်တင်ရန် မတတ်နိုင်ခဲ့သော မရမ်းစေ့ရောင်အတောင်ပံရှိ ခြင်္သေ့မင်းသည် လူသားအသွင်သို့ ပြောင်းလဲပြီး မိမိမရှိသောနေ့ ရက်များအတွင်း အဆင့်တိုးလာရသည်မှာ နားမလည်နိုင်ဖြစ်ခဲ့သည်။

ဘာတွေ ဘယ်လို ဖြစ်သွားခဲ့တာလဲ?

အနည်းငယ် စောင့်ကြည့်ပြီးနောက်၊ ယောင်ချန်သည် ရှောင်ယန်ကို ဤနေရာမှ ခေါ်ဆောင်သွားခဲ့သည်။ ဤနေရာသည် အတော်လေး အန္တရာယ်များပြီး၊ အနည်းငယ်မျှ မှားယွင်းမိပါလျှင် ထိုနေရာတွင်ပင် သေဆုံးနိုင်သည်။ မြန်မြန်ထွက်သွားခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

တိုက်ပွဲသည် ညဉ့်နက်သည်အထိ ကြာမြင့်ခဲ့သည်။ ဟာမွန်နှင့် အခြားသူများသည် ထိုနေရာတွင် သေဆုံးသွားပြီဖြစ်ကာ၊ မဒမ်လန်မှာ အသက်ရှင်နေသေးသော်လည်း မလှုပ်မယှက် အရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေပြီး၊ စိတ်ကြိုက် ခြယ်လှယ်ခံနေရသည်။

သူ၏အသံပင်လျှင် ပြာနှမ်းနေပြီးလျှင် နောက်ထပ် အသံ ထွက်မလာနိုင်တော့ပေ။

ကျန်းချန်လည်း မက်မွန်တောအုပ်မှ ထွက်လာခဲ့သည်။ ဖျက်ဆီးခံထားရသော စစ်မြေပြင်ကို ကြည့်ရင်း၊ မျောက်ဝံများ၏ ခံနိုင်ရည်ကို အံ့ဩမိသည်။ မနက်မှ ညအထိ ရပ်တန့်ခြင်းမရှိဘဲ လုပ်နေကြသည်က - တကယ့်ကို စိတ်ပျက်စရာပါပဲ။

မရန်းစေ့ရောင်အတောင်ပံရှိ ခြင်္သေ့မင်းလည်း ချဉ်းကပ်လာပြီး ရိုသေစွာဖြင့် ပြောသည်၊ "သခင်ကြီး၊ ရောက်ရှိလာပါပြီ။"

ကျန်းချန် ခေါင်းညိတ်လိုက်ပြီး၊ "ဒီ‌လောက်ဆို တော်လောက်ပြီ။ လူတွေကို ဒီလိုနည်းနဲ့ နှိပ်စက်တာဟာ သဘာဝမကျဘူး။ သတ်လိုက်စမ်းပါ။"

မရန်းစေ့ရောင်အတောင်ပံရှိ ခြင်္သေ့မင်းသည် စာနာစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူ၏သခင်ကြီးက ဤသို့ပြောသည်ဆိုလျှင်၊ အဘယ်ကြောင့် သူသည် ဤလူတွေကို ဆက်လက်နှိပ်စက်ဖို့ လိုအပ်ပါမည်နည်း။ သူသည် တိုက်ခိုက်လာသော မျောက်ဝံကို ရိုက်နှက်လိုက်ပြီး၊ သေလုနီးပါးဖြစ်‌နေပြီး မျက်နှာပေါ်တွင် ထူးဆန်းသောအရာများ ရှိနေသော မဒမ် လန်ကို ဆွဲယူလိုက်သည်။

"မင်းရဲ့သခင်က သေခွင့်ပေးထားတယ်၊ ကျေးဇူးမတင်ဘူးလား?!"

မဒမ် လန်သည် သူ့ကို ကျေးဇူးတင်သည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး မျက်ရည်တစ်စက်ကျလာသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ သေဆုံးသွားခဲ့သည်။

ကျန်းချန်သည် အခြားတစ်ဖက်သို့ ကြည့်နေလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းလှည့်လာခဲ့သည်။ ဖျက်ဆီးခံထားရသော မက်မွန်ပင်ကို ကြည့်ကာ၊ ခေါင်းတစ်ချက် ခါလိုက်သည်။ အမှားလုပ်တဲ့သူကို ဒဏ်ပေးရမည်!

ကျား မ ခွဲခြားမှုမရှိဘဲ စည်းကမ်းကို ချိုးဖောက်သူ၊ ဗဟိုတိုက်ကြီးမှ အင်အားကြီးသူတစ်ဦး ရောက်လာသည့်တိုင်အောင် မည်သူမဆို ပြစ်ဒဏ်ခံရမည်။

မျောက်ဝံများလည်း ငြိမ်သက်သွားပြီဖြစ်ကာ၊ ယခုအခါ မြေပြင်ပေါ်ရှိ အလောင်းများကို ကောက်ယူကာ ၎င်းတို့၏ပါးစပ်ထဲသို့ ပစ်ထည့်နေကြသည်။ သူတို့ကို ကစားလိုက် စားလိုက် လုပ်ကြသည်။ မျောက်ဝံများ၏ နာမည်ဆိုးနှင့် လိုက်ဖက်အောင် ပြုမူကြခြင်းပင်ဖြစ်သည်။

မရမ်းစေ့ရောင်အတောင်ပံရှိ ခြင်္သေ့မင်းသည် ဤကိစ္စကို ကိုင်တွယ်ရန် လေးတွဲ့နေသည်။ ပျင်းရိခြင်းသည် ကြောင်မျိုးနွယ်၏ မျိုးရိုးဗီဇပင်။ သူ့ကိုယ်ကို ဆန့်တန်းပြီးနောက်၊ သူသည် အဆင့်ငါးမှော်သားရဲ သုံးကောင်ကို မက်မွန်ပင်အနီးတွင် ခန့်ထားလိုက်သည်။ အကယ်၍ မည်သူမဆို ဤနေရာရှိ အပင်တစ်ပင်ပင်ကို လာရောက်ထိပါးသည်ကို မြင်ပါလျှင် သတ်ပစ်ရမည်!

ဟွိုင်မြစ်ကမ်းပါးရှိ ဝါး‌တောဆီသို့ ပြန်လာခဲ့သည်။

ကျန်းချန်သည် လှုပ်ကုလားထိုင်ပေါ်တွင် ဘေးတစောင်း နေကာ၊ ဘယ်ဘက်လက်တွင် စာအုပ်တစ်အုပ်ကိုကိုင်၍ ညာဘက်လက်မှာမူ မေးစေ့ကို ထောက်ထားသည်။ နတ်သမီးဆရာဝန်မလေးကလည်း သစ်သီးများ ရေဆေးပေးသည်။ သူသည် အလွန်ပျော်ရွှင်စရာကောင်းသော ဘဝကို ပိုင်ဆိုင်နေပေသည်။

"ဆရာ တစ်ခုလောက် အကူအညီတောင်းချင်ပါတယ်။"

ကျန်းချန်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော နတ်သမီးဆရာဝန်မလေးကို ဖျတ်ခနဲကြည့်ကာ၊ "ဘာများလဲ?" ဟု မေးလိုက်သည်။

"ဝံပုလွေခေါင်းဆောင်အဖွဲ့က ကျွန်မကို အချိန်အကြာကြီး လိုက်လံဖမ်းဆီးတဲ့အကြောင်းက ကျွန်မဆီမှာ ကြေးဝါသေတ္တာတစ်လုံးကို ဖွင့်နိုင်တဲ့ သော့တစ်ချောင်း ရှိနေလို့ပါ။ ကျွန်မ အဲဒီသေတ္တာကို ရှာချင်တယ်..."

နတ်သမီးဆရာဝန်မလေးသည် ရှက်ရှက်ဖြင့် ခေါင်းငုံ့လိုက်ပြီး၊ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများကို စုစည်းလိုက်သည်။

ကျန်းချန် ရယ်မောလိုက်ပြီး "နတ်သမီးဆရာဝန်မလေး၊ ငါ့ကို ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုတာက ဘယ်လောက်ဈေးကြီးတယ်ဆိုတာ မင်း သိလား?"

သူ၏အင်အားဖြင့် သိုင်းဝိဇ္ဇာတစ်ဦးတောင်မှ သူ့ကို လာရောက်ရန် ဖျောင်းဖျနိုင်မည် မဟုတ်ပေ၊ သို့သော် နတ်သမီးဆရာဝန်မလေးသည် သူ့ကို ထိုသေတ္တာကို ရှာဖွေရန် လိုက်ပါပေးဖို့ တောင်းဆိုနေသည်။

အထဲတွင် ပစ္စည်းကောင်း ရှိလျှင်တော့ ကောင်းပေမည်၊ သို့သော် ယင်းသည် အဆင့်မြင့် နက်နဲသောအဆင့် ကျင့်စဥ်တစ်ခုသာ ဖြစ်လျှင် သူ့အတွက် အသုံးမဝင်ပေ။

သူ့တွင် ထိုအဆင့်ရှိ ကျင့်စဥ်များစွာကို ပိုင်ဆိုင်ထားသည်။

ယင်းတို့ကို ထုတ်ယူအသုံးပြုရန် မလိုလားသောကြောင့်သာ ဖြစ်သည်။

နတ်သမီးဆရာဝန်မလေးသည် သူမဆရာ၏ စွမ်းအားကို မသိသေးသော်လည်း ဒီစွန့်စားမှုကို စိတ်ဝင်စားနေဆဲဖြစ်သည်။ ထိုနေ့က သူမသည် လိုဏ်ဂူထဲတွင် ခုနစ်ရောင်ခြယ် အဆိပ်ကျမ်းနှင့် အဆင့်မြင့် နက်နဲသောအဆင့် ပျံသန်းတိုက်ခိုက်ရေးနည်းလမ်းကို တွေ့ရှိခဲ့သဖြင့် ထိုသေတ္တာအတွင်း၌လည်း ပစ္စည်းကောင်းတစ်ခုခု ရှိမည်မှာ သေချာသည်။

"ဆရာ လိုချင်တာဘာဖြစ်ဖြစ် ကျွန်မ ကူညီပေးနိုင်ပါတယ်။"

"အို" ကျန်းချန်သည် ထထိုင်လိုက်ပြီး သူ့ရှေ့တွင် ရှက်နေသော နတ်သမီးဆရာဝန်မလေးကို ကြည့်ကာ သူ၏မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်၊ "အရှေ့မြောက်တိုက်ငယ်ထဲက ဘယ်သူမှ ငါ့ကို လာရောက်ဖျောင်းဖျလို့ မရဘူး၊ ဒါပေမယ့် မင်းရဲ့ သဘောထားကို မြင်ရတော့၊ ငါ မင်းနဲ့အတူ လိုက်ပါမယ်။"

"ဝံပုလွေခေါင်းဆောင်အဖွဲ့ကို ချေမှုန်းလိုက်တာကောင်းတယ်။ ဒါမှမဟုတ်ရင် ဟာမွန် ဒီမှာသေသွားတယ်ဆိုတာ သူတို့သိသွားရင် ထပ်ပြီး ဒုက္ခလာ‌ပေးမှာ သေချာတယ်။"

ဆိုရိုးအရ တစ်ကြိမ် ရန်သူဖြစ်ပြီးပါလျှင် ဘယ်တော့မှ ပြဿနာ၏ ရင်းမြစ်များကို မချန်ထားရ၊ သို့မဟုတ်ပါလျှင် ဒုက္ခအများဆုံးခံစားရမည့်သူက မင်း ကိုယ်တိုင်သာ ဖြစ်ပေလိမ့်မည်။

All Chapters