မြွေကြီး၏ ကြောက်ရွံ့မှု
Vol. 2 Ch. 15
နတ်သမီးဆရာဝန်မလေး ဦးဆောင်သည့် အဖွဲ့သည် မကြာမီမှာပင် ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့စခန်းချရာ မွန်းစတားတောင်သို့ ရောက်ရှိလာခဲ့သည်။
အကြောင်းမှာ သူတို့၏ ခေါင်းဆောင် မူရှီသည်လည်း ရှောင်ယန်၏ လက်ထဲက သော့နှင့် နတ်သမီးဆရာဝန်မလေး၏ လက်ထဲရှိ ခုနစ်ရောင်ခြယ် အဆိပ်အသုံးပြုနည်းကို အသည်းအသန် လိုချင်နေသောကြောင့် ဤနေရာတွင် အခြေစိုက်စခန်းတစ်ခု ပြုလုပ်ထားခြင်းဖြစ်သည်။
ဤသို့ပြုလုပ်ခြင်းက ရှောင်ယန်အတွက် မြန်မြန်ဆန်ဆန်ရှာဖွေနိုင်မည်ဖြစ်ပါသည်။
နတ်သမီးဆရာဝန်မလေး၏ နောက်ကွယ်တွင် ဝမ်ယောင်းဆေးဆိုင်သာ မရှိခဲ့ဘူးဆိုလျှင် မူရှီသည် ဂရင်းတောင်မြို့သို့ ချက်ချင်းဝင်ရောက်တိုက်ခိုက်ကာ သူမအား ကွပ်မျက်လိုက်မည်ဖြစ်သည်....
မူရှီသည် ၎င်း၏ လက်အောက်ငယ်သားကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်ပြောဆိုလိုက်သည်၊ "မိန်းမတွေနဲ့ပဲ ကစားတတ်တဲ့ အရူး! ငါတို့ အရေးကြီးတဲ့အခြေအနေမှာ ရှိနေတယ်ဆိုတာသိပါလျက်နဲ့ တခြားမိန်းမတွေနဲ့ ပရောပရည်လုပ်နိုင်သေးတယ်။ မင်းက သူတို့တွေကို အလွယ်တကူနိုင်မယ်လို့ ထင်နေသလား?!"
နားကွဲလုမတတ်အော်လိုက်သည့် အသံကြောင့် ထိုလက်အောက်ငယ်သားသည် ထိတ်လန့်၍ ခြေထောက်များ အားပျော့ပြီး မြေပြင်ပေါ် လဲကျသွားပြီးနောက် အသံမထွက်ရဲတော့ပေ။
"အဖေ... ဟာမွန်က ရှစ်ပွင့် ဒိုချီဖြစ်တယ်။ သူ တကယ် ရှောင်ယန်ကို တွေ့ခဲ့ရင် သူဂရုစိုက်ပေးလောက်မှာပါ။"
မူရှီဘေးမှာ ရပ်နေသူမှာ အရှက်မရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုသူသည် ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့၏ လူငယ်ခေါင်းဆောင် ဖြစ်ပြီး ဗျူဟာမှူးလည်း ဖြစ်သည်။
မူရှီသည် ညာဘက်လက်သီးဖြင့် စားပွဲကို ထိုးကာ ဒေါသသံဖြင့် "အဲဒီကောင်၏ ဦးနှောက်နဲ့ ဆိုလျှင် အသက်ရှင်ပြီး ပြန်လာရင်တောင် အံ့ဩသင့်ဖို့ကောင်းနေပီ။"
မူလိ၏ မျက်လုံးများကို ကျဉ်းသွားသည်။ ဟာမွန်၏ စွမ်းအားမှာ အားလုံးအသိပင်။ သူ့အဖေလောက် မကောင်းသော်လညအခြားသူတို့နှင့် နှိုင်းယှဉ်၍မရနိုင်သူဖြစ်သည်။
ဘယ်လောက်ပဲရှောင်ယန် စွမ်းအားကြီးပါစေ၊ဟာမွန်ကို မသတ်နိုင်ပါ။
သို့သော် ထိုအချိန်တွင် ကြေးစားလူသတ်သမားတစ်ဦးသည် စိုးရိမ်တကြီးဖြင့် ပြေးလာခဲ့သည်။ သူ၏ လှုပ်ရှားမှုများမှ ကြည့်လျှင် ဤကြေးစားလူသတ်သမား၏ စွမ်းအားမှာ သုံးပွင့်သိုင်းသမား ဖြစ်သည်မှာ ထင်ရှားသည်။
အသံမှာ ကြောက်ရွံ့တုန်လှုပ်နေသည်၊ "တပ်ရင်းမှူးကြီး၊ လူငယ်ခေါင်းဆောင်..."
"ဘာတွေ ထိတ်လန့်တကြားဖြစ်နေတာလဲ!"
မူရှီမှ တောင်ကုန်းပေါ်တွင် စခန်းချထားသော ကြေးစားလူသတ်သမားများကို တစ်ချက်ကြည့်လိုက်သည်။
"တပ်ရင်းမှူးကြီးကို အစီရင်ခံပါရစေ... မွန်းစတားတောင်သို့ စေလွှတ်လိုက်သော ကျွန်တော်တို့ရဲ့ ကြေးစားလူသတ်သမားများမှ သတင်းပို့လာပါတယ်..."
"အိုး" မူရှီမှ မျက်ခုံးကို ပင့်တင်လိုက်ပြီး မေးလိုက်သည်။ "ရှောင်ယန်ကို ဖမ်းမိပြီလား?"
"တပ်ရင်းမှူးကြီး...တပ်ရင်းမှူးကြီး..." သတင်းပို့သူမှာ ချီတုံချတုံဖြစ်နေပြီး သူရှေ့တွင် ဒေါသထွက်နေသော တပ်ရင်းမှူးကြီးကို ကြည့်နေသည်။ သူ့ရင်ထဲမှာ ထိတ်လန့်မှုဖြစ်နေပြီး ထိုအဖြစ်အပျက်များကို တပ်ရင်းမှုးကို ပြောပြရန် ဝန်လေးနေမိသည်။
"ရှင်းပြစမ်း!"
မူရှီ စိတ်လေးလာပြီး သူ၏မျက်လုံးများတွင် ကြောက်မက်ဖွယ် အလင်းရောင်များ ထွက်ပေါ်လာသည်။ ကျယ်လောင်သောအသံနှင့်အတူ ကြေးစားလူသတ်သမားကို မြေပြင်ပေါ် လဲကျသွားအောင် လက်သီးနဲ့ထိုးလိုက်ဟန် ပြုလိုက်သည်။
"ကျွန်တော်တို့ လွှတ်လိုက်တဲ့ ကြေးစားလူသတ်သမားအားလုံး သေဆုံးသွားကြပါပြီ... ပြီးတော့... ပြီးတော့ တတိယတပ်ရင်းမှူးကြီးလည်း..."
"ဘာဖြစ်လဲ?"
မူရှီသည် ရှေ့သို့ ပြေးလာပြီး အခြားတစ်ယောက်၏ လည်ပင်းကို ညစ်ကာ မေးမြန်းလိုက်သည်၊ "တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့တာလဲ?!"
"တတိယတပ်ရင်းမှူးကြီးကိုလည်း မျောက်ဝံတို့က နှိပ်စက်ပြီး သူတို့ခန္ဓာကိုယ်ကို စားလိုက်ပါတယ်။"
ဒီစကားကိုကြားလိုက်ရသည်နှင့် တပြိုင်နက် စစ်မြေပြင်ရှိ စွမ်းအားရှိသူအားလုံးတို့သည် အံ့အားသင့်သွားကြသည်။
ရှစ်ပွင့် သိုင်းသမားဖြစ်သော ဟာမွန်သည် ဟယ်ယွမ်းတို့၏ လက်ချက်ဖြင့် နှိပ်စက်ခံခဲ့ရသည်ဟူသောအချက်မှာ ယုံကြည်ရန် ခက်ခဲလှသည်။
မူရှီသည် ဝါးစားတော့မတတ်ကြည့်ကာ ပြောလိုက်သည်၊ "ငါ့ကို လိမ်မယ်ဆိုရင်တောင် လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်ပေးပါလား! ဟာမွန်ဟာ ခန္ဓာကိုယ်တုတ်ခိုင်ပြီး ကြမ်းတမ်းတဲ့ အသွင်အပြင်ရှိတယ်။ ဟယ်ယွမ်းတို့က သူ့ကို ဘယ်လိုလုပ် ကြိုက်မှာလဲ!"
"အမှန်ပါ တပ်ရင်းမှူးကြီး။ မဒမ် လန်တောင် သူတို့လက်ချက်က မလွတ်မြောက်နိုင်ခဲ့ပါဘူး၊ သူမလည်း.. ဗလက္ကာရပြုကျင့်ခံလိုက်ရတယ်... ဒါ့အပြင် တစ်ဖက်မှာလည်း ယောင်္ကျားတစ်ဦးက ထိုမှော်သားရဲတွေကို အမိန့်ပေးနေပါတယ်။"
"ယောင်္ကျား?"
မူရှီ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ မှော်သားရဲကို ထိန်းချုပ်နိုင်သော သူကား အဘယ်သူနည်း။
ဒါပေမဲ့ ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့၏ တတိယတပ်ရင်းမှူးကြီးကို သတ်ဖြတ်ခဲ့သူမှာ မည်သူဖြစ်ပါစေ၊ ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့၏ လက်စားချေခြင်းခံရမည်သာဖြစ်သည်!
သို့သော် မူရှီမှ အမိန့်ပေးရန် ဟန်ပြင်နေစဉ်မှာပင် စူးရှလှသော အော်ဟစ်သံနှင့်အတူ ပေါက်ကွဲသံများသည် ကြေးစားအဖွဲ့၏ အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
မူရှီ မတုန့်ပြန်မီ အချိန်တွင် သူရှေ့ရှိ တံခါးကြီး၏ရှေ့တွင်ရပ်နေသောသူသည် လွင့်ပျံလာပြီး ဒုန်းဟူသောအသံနှင့်အတူ အရန်သင့်ရှိနေသောသူနဲ့ ဝင်တိုက်ကာ ပြိုလဲကျသွားသည်။
ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့တစ်ခုလုံးကို မီးတောက်မီးလျှံများက ဝါးမျိုသွားပြီး ဒေါင် ..ဒေါင် ဟူသော မြည်သံများသည် ကျယ်လာလိုက် တိုးသွားလိုက် ဖြစ်နေသည်။ သို့သော် သူတို့သည် လူစိမ်းကို အလွယ်တကူ ရှုံးနိမ့်ခဲ့သည်။ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် အနီးအနားရှိ ကြေးစားလူသတ်သမားများသည် သူတို့အပေါ် ကျောက်တုံးကြီး ပြိုကျလာသကဲ့သို့ ခံစားရပြီး ချက်ချင်းပင် ပိုင်မုန့်များအသွင် ဖြစ်သွားသည်။
ဆူညံသံများကို ကြားလိုက်ရသည်နှင့် တပြိုင်နက် မူရှီသည် အလန့်တကြား ပြေးလာခဲ့သော်လည်း သူဘဝတစ်လျှောက်လုံး ကြိုးစားတည်ဆောက်ခဲ့သော ကြေးစားအဖွဲ့ ပျက်စီးသွားသည်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်လုံးများ နီမြန်းသွားခဲ့သည်။
"ခွေးမသား!"
မူရှီ၏ အကြည့်သည် နတ်သမီးဆရာဝန်မလေးဆီသို့ ရောက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ "မင်းလား! မင်းက ငါတို့ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့ကို ရောက်လာရဲတယ်ဆိုတာ ငါမထင်ထားဘူး။ မင်း သေချင်လို့လား?!"
"ရှင်က ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင် မူရှီမလား?"
ကျန်းချန်သည် ခန္ဓာကိုယ်ကြီးမားသည့် မူရှီကို ကြည့်ကာ အေးဆေးစွာပြောလိုက်သည်၊ "ဒိုချီ အဆင့်သာသာလေးပါပဲ။ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရှိမယ်လို့ ငါထင်ခဲ့တာ။"
မူရှီ၏ မျက်ဆံများ ကျဉ်းသွားပြီး အလိုအလို နောက်သို့ နှစ်လှမ်းဆုတ်လိုက်ပြီး သူ၏မျက်လုံးများတွင် အန္တရာယ်ပြုမည့် အရိပ်အယောင်များ ပြည့်နေသည်။
ဒါပေမဲ့ ဒီလူသည် သူ့အား ကြောက်စရာကောင်းသော ခံစားချက်ကို ပေးတာကြောင့် သူ့ကို ရိုးရိုးလေး တစ်ချက်ကြည့်ရုံမျှနှင့် သူသည် လုံးဝ အားအင်ကုန်ခမ်းသွားသလို ခံစားချက်ကို ရရှိစေသည်။
မူရှီသည် ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ယခုလာရောက်သူသည် သာမန်လူမဟုတ်ကြောင်း နားလည်သဘောပေါက်လာကာ သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ပြီး ရိုသေစွာဖြင့် လက်အုပ်ချီကာ ကြိုဆိုလိုက်သည်။
"ခင်ဗျား ဘယ်သူလဲဆိုတာ မသိဘူး ငါတို့ရဲ့ ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့ရဲ့ နယ်မြေထဲကို ဘာကြောင့် ကျူးကျော်လာတာလဲဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော်က ခင်ဗျားကို အနှောင့်အယှက်မပေးခဲ့ဘူးလို့ ထင်တယ်။"
"ခင်ဗျားက အနှောင့်အယှက်မပေးခဲ့ဘူး၊ ဒါပေမဲ့ ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့ကတော့ ပေးခဲ့တယ်" ဟု ကျန်းချန်က အေးဆေးစွာ ပြောသည်။ "ခင်ဗျားတို့ရဲ့ တတိယတပ်ရင်းမှူးကြီးက ငါ့နယ်မြေထဲကို ခွင့်မပြုဘဲ ဝင်ရောက်ပြီး ငါ့မက်မွန်ပင်တွေကို ခုတ်ခဲ့တယ်။ ငါတို့အချင်းချင်း ကြေပြီမလား။"
ဤစကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် မူရှီသည် အသက်ရှူရပ်သွားသည်။ ဒါကြောင့်ပဲ ဟာမွန်ဟာ ဒီကောင်ရဲ့ လက်ချက်နဲ့ သေခဲ့ရတာပဲ။
မူရှီသည် သူ့ထံ ပေးအပ်လိုက်သော လခြမ်းပုံသဏ္ဍာန် ဓားကို ကိုင်ဆောင်လျက် ခက်ထန်စွာဖြင့် ပြောဆိုသည်။ "အခု ထွက်သွားရင် တပ်ရင်းမှူးကြီးရဲ့ကိစ္စကို ဒီတိုင်းထားလိုက်မယ်။ ငါ သတိမပေးဘူးမပြောပါနဲ့ ဒီလိုမှမဟုတ်ရင် ငါ့ဓားက မင်းကို အသက်ချမ်းသာပေးမှာ မဟုတ်ဘူး။"
ကျန်းချန်သည် ရိုးရိုးလေးပင် ပြုံးရွှင်လိုက်သည်။ ခွင့်လွှတ်မှုမရှိဘူးလို့ ဆိုတာ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ နည်းလမ်းပါလဲ! မင်းတို့အဖွဲ့နဲ့ ဆက်ဆံရတာက တကယ်ပဲ ကွန်ဖြူးရှပ်ပညာရှိရဲ့ နာမည်နဲ့ မလိုက်ဘူး။ ထို့နောက် သူသည် လက်ချောင်းလေးကို ခေါက်လိုက်ရာ လှံတံတစ်ချောင်းကို ကိုင်ဆောင်ထားသော အဆင့်လေးရှိသည့် မှော်သားရဲတစ်ကောင် ဝင်ရောက်လာသည်။
မူရှီသည် အဆင့်လေးရှိသည့် မှော်သားရဲကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ဟာမွန်သေဆုံးရသည်မှာ သူ့ကြောင့်ဖြစ်သည်ဆိုသော အချက်မှာ လုံးဝ သေချာသွားသည်။ ဒေါသတကြီး ရုတ်တရက် ပြေးဝင်၍အော်ဟစ်ကာ "ခွေးကောင်... ဟာမွန်ကိစ္စအတွက် လက်စားချေဖို့ ငါမင်းကို သတ်မယ်။"
"ငါ့ဘေးက မှော်သားရဲကို အရင်ဆုံး ကိုင်တွယ်ဖို့ ကြိုးစားကြည့်ပါ။"
ကျန်းချန်သည် ဘေးဘက်သို့ လှည့်ကာ "နတ်သမီးဆရာဝန်မလေး၊ မင်းရဲ့ ရတနာရှာဖွေရေးကို စတင်လိုက်ပါ။"
"အာ... ဟုတ်ကဲ့။"
နတ်သမီးဆရာဝန်မလေးသည် ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ကာ လက်များကို ကျောဘက်တွင် ထားလိုက်ပြီး မူရှီအား သွားဖြဲပြကာ ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းရာ အခန်းဆီသို့ လျှောက်သွားလိုက်သည်။
မူရှီသည် သူ့ကို တားဆီးရန် ရည်ရွယ်ခဲ့သော်လည်း တစ်ဖက်လူ၏ ထိုးချက်ကြောင့် လွင့်စင်သွားခဲ့သည်။ အဆင့်လေးရှိသည့် မှော်သားရဲ၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး လူသားများထဲက ကြယ်ငါးပွင့် ဒိုချီလင် အဆင့်သာ သူ့ကိုယှဉ်နိုင်သည်။ ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့၏ ခေါင်းဆောင်ဟု ဆိုသော သူမှာ ဒိုချီအဆင့် သေးသေးလေးသာ ဖြစ်သည်။
ထိုသူတို့၏ရှေ့တွင် အရုပ်တစ်ခုကဲ့သို့ ဖြစ်နေကာ မြေကြီးတွင် ချုပ်နှောင်ခံထားရသည်။ ပြီးတော့ ထပ်တလဲလဲ ရိုက်နှက်ခံနေရသဖြင့် ညည်းသံများသည် သူ၏ပါးစပ်မှ ထွက်လာသည်။
အခြားတစ်ဖက်မှာတော့...
နတ်သမီးဆရာဝန်မလေးသည် ရတနာများပါဝင်သော အခန်းကို ဖွင့်လိုက်သောအခါ တစ်ခန်းလုံးရွှေရောင်အလင်းတန်းတွေနဲ့ ပြည့်နှက်နေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။
"ဝိုး... ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့က အတော်လေး ချမ်းသာတာပဲ။ နှစ်ပေါင်းများစွာ ပြည်သူတွေရဲ့ ငွေတွေကို လုယူခဲ့ကြတယ် ထင်တယ်။"
"ဟုတ်တယ်၊ အမှန်ပဲ။"
ကျန်းချန်သည် ခေါင်းညိတ်လိုက်သည်။ ဤနေရာမှာ အနည်းဆုံး ရွှေဒင်္ဂါးများ တစ်သန်း ရှိလောက်သည်။ ဝံပုလွေဦးခေါင်း ကြေးစားအဖွဲ့သည် တတိယတန်းစား ကြေးစားအဖွဲ့သာ ဖြစ်သည်ဟု သူထင်ခဲ့သော်လည်း နောက်ကွယ်တွင် ဤမျှလောက် ချမ်းသာကြွယ်ဝနေသည်ဟု မထင်မှတ်ထားခဲ့ပေ။