အခန်းယ(၂၄၁-၂၄၂)
Vol. 22 Ch. 241-242
(၂၄၁)။
ချန်ပီယံမြို့စားသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး၊ နိုင်ငံတော်ညစာစားပွဲမှ ထွက်ခွာသွားသည်ကို မြင်သောအခါ၊ ဘုရင် ချန်ဟွေ့ချန်အပါဝင် ယွန်နိုင်ငံ၏ အရာရှိများသည် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာကြသည်။
လူတိုင်းသိကြသည်မှာ ချန်ပီယံမြို့စားသည် နှုတ်ဆက်စကားမဆိုဘဲ ထွက်ခွာရခြင်းမှာ ဒေါသထွက်နေသောကြောင့်ပင် ဖြစ်သည်။
ဤမျှများပြားလှသော လူအများရှေ့၌ ဟုန်ယွိ၏ ပြင်းထန်စွာ ဝေဖန်ခံရရုံသာမက၊ နောက်ဆုံးတွင် ချန်ယင်းရှာ၏ လှည့်ကွက်ကိုပါ ခံရသေးသည်။ ထိုချန်ပီယံမြို့စားသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး၊ ယွန်မင်ဧကရာဇ်ပင် အိပ်မပျော်စားမဝင်ဖြစ်ရလောက်အောင် အင်အားကြီးမားသူဖြစ်ရာ၊ ဤသည်မှာ မျက်နှာကို ဖြတ်ရိုက်ခံရုံမျှမက၊ ထိုထက်ပင် ဆိုးရွားစွာ အရှက်ခွဲခံရခြင်းပင် ဖြစ်သည်။
“ဘယ်လောက် ဉာဏ်ကောင်းလိုက်လဲ။ ငွေငါးမန်းဘုရင်ရဲ့ လှုပ်ရှားမူက အလွန် အစွမ်းထက်လွန်းတယ်။ ချန်ပီယံမြို့စားဟာ တည်ကြည် အေးဆေးပြီး အစွမ်းထက်သူ ဖြစ်ပေမယ့်၊ ဓလေ့ထုံးတမ်းကို မထီမဲ့မြင်ပြုပြီး၊ နိုင်ငံတော်ဧည့်ခံပွဲကနေ ဒေါသတကြီး ထွက်ခွာသွားရခြင်းက သူ တကယ်ကို ဒေါသထွက်သွားလို့ ဖြစ်ရမယ်။”
ချန်ပီယံမြို့စား ဒေါသတကြီး ထွက်ခွာသွားသည်ကို မြင်သောအခါ ဟုန်ယွိသည် အခြေအနေကို နားလည်သွားပြီး၊ သူသည် ချန်ယင်းရှာ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းစွမ်းရည်ကို တိတ်တဆိတ် ချီးကျူးလိုက်မိသည်။
ဟုန်ယွိ သိထားသည်မှာ ချန်ပီယံမြို့စားသည် ယွန်နိုင်ငံသို့ လာရောက်ရခြင်းမှာ အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်သည်။ ပထမတစ်ခုမှာ ဖူဘိုရေတပ်၏ ဗိုလ်ချုပ် ရှောင်ထျန်းယောင်ကို စုံစမ်းရန်ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ ချန်ယင်းရှာကြောင့်ပင် ဖြစ်သည်။
ချန်ပီယံမြို့စားလို ပုဂ္ဂိုလ်တစ်ဦးအတွက် တာအိုလက်တွဲဖော် ရှာဖွေရန်ဆိုလျှင် ချန်ယင်းရှာလို နတ်ဆိုးအင်မော်တယ်တစ်ဦးသည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ သို့သော် သူသည် အခုလေးတင် တော်ဝင်ခန်းမထဲ၌ ဟုန်ယွိဆိုသည့် အားနည်းသူတစ်ဦးထံမှ ပြင်းထန်စွာ ဝေဖန်ခံရရုံမျှမက၊ နောက်ဆုံးတွင် ချန်ယင်းရှာက ဟုန်ယွိကို သူမ၏ တာအိုလက်တွဲဖော်ဟု အများရှေ့ ကြေညာခဲ့သည်။
ဤသိမ်မွေ့သော စိတ်ပညာဆိုင်ရာ ထိုးနှက်ချက်သည် ချန်ပီယံမြို့စား၏ တာအိုနှလုံးသားထဲ၌ ရှုံးနိမ့်ခြင်းဆိုသည့် မျိုးစေ့ကို စိုက်ပျိုးသွားခဲ့ပြီ။
“အံ့ဩစရာ အကောင်းဆုံးက မဟာဆရာသခင်အဆင့် အားနည်းသူ တစ်ဦးက သူ့ကို ဝေဖန်ခဲ့ပြီး၊ သူ့မျှော်လင့်ချက်များ ပြိုလဲသွားခဲ့ခြင်းပင် ဖြစ်သည်။ ဤအခြေအနေသည် နာမည်ကြီး ပညာရှင် အရာရှိတစ်ဦးသည် လမ်းမပေါ်တွင် ဆင်းရဲသားတစ်ဦး၏ အရှက်ခွဲခြင်း ခံရသော်လည်း၊ ဘာမှမတတ်နိုင်ဘဲ သူ့နှလုံးကို ဖိနှိပ်ထားရသည့်အတိုင်းပင်။ လူတိုင်းတွင် စိတ်ခံစားမှု ခုနစ်မျိုးနှင့် ဆန္ဒခြောက်မျိုး ရှိကြသည်။ သူတို့ ကျင့်ကြံနေသော အရာသည် တိုင်ရှန်တာအိုဂိုဏ်း၏ အထွက်အထိပ် တာအိုပညာရပ်ဖြစ်သည့် စိတ်ခံစားမှုများကို မေ့လျော့ခြင်း မဟုတ်ချေ။”
ဟုန်ယွိသည် စိတ်ထဲ၌ တွက်ချက်နေမိသည်။
“ဒီနေ့ ဖြစ်ရပ်က မင်းအတွက် အသေးဖွဲ့ အရှက်ခွဲခံရမူသက်သက်ပါပဲ။ မင်းရဲ့တာအိုနှလုံးသားကို လှုပ်ခတ်နိုင်စွမ်း ရှိကောင်းမှရှိလိမ့်မယ်။ ဒါပေမယ့် မင်းကတော့ ငါ့ကို သေချာပေါက် ပြန်လက်စားချေလိမ့်မယ်။ အချိန်တန်ရင်, ငါက မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ပိုင်း ဖြစ်နေပြီဆိုတာ မင်း သိရှိရမယ်။… ဒီနောက် ငါ မင်းကို ရက်ရက်စက်စက် အနိုင်ယူပြီး ဖိနှိပ်ပြမယ်။ အဲဒီအခါ မင်းရဲ့တာအိုနှလုံးသားလည်း သေချာပေါက် ပြိုလဲသွားလိမ့်မယ်။ ဒါဆို, မင်းလည်း သိုင်းသူတော်စင်အဆင့်မှာ ထာဝရ ရပ်တန့်သွားလိမ့်မယ်။ ဒါ့ပြင်၊ ငါက မင်းကို ယွန်နိုင်ငံ အရာရှိတွေရှေ့မှာ အရှက်ခွဲခဲ့တာဆိုတော့, ငါ့နဲ့ပတ်သက်ပြီး မင်း ဘာတွေ ဆက်လက် စုံစမ်းဦးမလဲ ကြည့်ရမယ်။ သက်သေ ခိုင်ခိုင်မာမာ မရှိရင်, တကယ်လို့, ဒီသတင်း ထွက်ပေါ်သွားရင်တောင်, မင်းက ရာထူးအာဏာကို အလွဲသုံးစားပြီး ကိုယ်ပိုင်ရန်ငြိုးအတွက် လက်စားချေတတ်တဲ့ မကောင်းတဲ့ လူတစ်ယောက် အဖြစ် လူများက စွပ်စွဲကြလိမ့်မယ်။”
ဟုန်ယွိသည် ချန်ပီယံမြို့စားကို အနည်းငယ် သိက္ခာကျရုံသာ လုပ်ဆောင်နိုင်ခဲ့သည် သိထားသည်။ သူသည် တဖက်လူ၏ တာအိုနှလုံးသားကို အမှန်တကယ် ဖျက်ဆီးနိုင်သည် မဟုတ်သော်လည်း၊ ချန်ပီယံမြို့စားသည် လုံးဝ လက်မခံနိုင် ဖြစ်နေမည်ကို အသေချာ သိသည်။ သူသည် သူ့ကို ရှာဖွေကာ အနိုင်ယူပြီး ပြန်လည် အရှက်ခွဲရန် ကြိုးစားလိမ့်မည်။ မျက်လုံးတစ်ဖက်အတွက် မျက်လုံးတစ်လုံးဆိုသည့် စကားပုံအတိုင်းပင်။
သို့သော် သူ့ပြိုင်ဘက်သည် သူ့ကို ရှာလာသောအခါ၊ သူသည် မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ပိုင်း ဖြစ်နေသည်ဟု ရုတ်တရက် သိရှိရပြီး၊ ချက်ချင်း အနိုင်ယူခံရလိမ့်မည်။
ထိုအခါ ချန်ပီယံမြို့စားသည် အမှန်တကယ် ဝမ်းနည်းကြွေကွဲရမည်ဖြစ်ပြီး၊ သူ၏ တာအိုနှလုံးသားသည် လုံးဝ ပြိုလဲသွားလိမ့်မည်။
ဟုန်ယွိ၏ တွက်ချက်မှုများသည် အလွန်တိကျသည်။ ချန်ပီယံမြို့စားသည် ဤကိစ္စအတွက် သူ့ကို အနှေးနှင့်အမြန် ရှာလာမည်ကို သိထားသည်။ “ကြင်နာမူကို ကြင်နာမူဖြင့် ပေးဆပ်ရမည်။ မတရားမှုကို တရားမူဖြင့် အနိုင်ယူနိုင်သည်” ၎င်းသည် စာပေပညာရှင်များ၏ သံမဏိစည်းမျဉ်း ဖြစ်ပြီး၊ တာအိုကျင့်ကြံသူ၊ သိုင်းပညာရှင်၊ စာပေပညာရှင်အရာရှိ မည်သည့် ပညာရှင်မဆို လိုက်နာရမည့် စည်းမျဉ်းဖြစ်သည်။
အလွန်အမင်း ဘာသာရေးကိုင်းရှိုင်းသော ဘုန်းတော်ကြီးများနှင့် ကြက်ဥလုံးလို ပျော့ညံ့သော ပညာရှင်များသာ နားကျည်းမူကို ခံစားရသော်လည်း လက်စားမချေကြချေ။ စစ်မှန်သော ပညာရှင်များ၊ ကွန်ဖြူးရှပ်ဘာသာ၊ ဗုဒ္ဓဘာသာ၊ တာအိုပညာရှင်များသည် ရက်စက်စွာ လက်စားချေတတ်ကြ သည်။
ဗုဒ္ဓပင်လျှင် အမျက်ဒေါသ ထွက်တတ်သည်။ ဗုဒ္ဓ၏ အမျက်ဒေါသသည် အထူးပြင်းထန်ပြီး၊ တစ်ကြိမ် အမျက်ဒေါသ ဖြစ်ပေါ်လာလျှင် ဖျက်ဆီးခြင်း မင်စီလာဘုရင်အသွင်သို့ ပြောင်းလဲကာ ကမ္ဘာကြီးကို ဖျက်ဆီးတတ်သည်။
“ဒီနေ့ ငါ့ရဲ့တိုက်ခိုက်မှုကြောင့် ဒီချန်ပီယံမြို့စား ဘယ်လောက် ခံနိုင်ရည်ရှိမလဲ။ ဘယ်အချိန်မှာ ငါ့ကို လက်စားချေဖို့ ရောက်လာမလဲ။” ဟုန်ယွိသည် စိတ်ထဲ၌ တွေးတောနေမိသည်။
ဟုန်ယွိ၏ လက်ရှိ ကျင့်စဉ်အဆင့်ဖြင့် ချန်ပီယံမြို့စား၏ လက်စားချေမှုကို ကြောက်ရွံ့စရာမလိုချေ။
ယခင် ကောင်းကင်စုန်းမြို့မှာကတည်းက ဟုန်ယွိသည် ချန်ပီယံမြို့စားကို သေသည်အထိ ကြိတ်ချေနိုင်မည်ဟု ယုံကြည်ခဲ့သည်။ ယခု သူသည် နတ်ဆိုးနတ်ဘုရားသွေးနှင့် သူတော်စင်တူယွမ်၏ ဝိညာဉ်တစ်ဝက်ကို စုပ်ယူပြီးနောက်၊ မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ပိုင်းအဖြစ်သို့ ရောက်ရှိခဲ့ပြီ။
သူ၏ လက်ရှိ အောင်မြင်မှုများဖြင့် တာအိုပညာရှင်များ၏ ကမ္ဘာတွင် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလေပြီ။ အချိန်ပေးလျှင်, သူသည် ဉဒေါင်းဘုရင်ကဲ့သို့ ဖြစ်လာနိုင်သည်။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၏ ခန်းမသခင်များ၊ အစစ်မှန်ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ အနှစ်သာရ နတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ်ကြီးတို့နှင့် တန်းတူ ရပ်တည်နိုင်မည်မှာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ သူသည် ချန်ပီယံမြို့စားကို ကြောက်ရွံ့စရာမလိုချေ။
ထို့ပြင် ဟုန်ယွိ၏ တိုက်ခိုက်မှုကြောင့် ချန်ပီယံမြို့စားသည် ဤကိစ္စကို ဆက်လက်စုံစမ်းရန် မတတ်နိုင်တော့ချေ။
ဆက်လက်စုံစမ်းပြီး ခိုင်မာသော သက်သေ ရှာမတွေ့ပါက၊ ရာထူးအာဏာကို အလွဲသုံးစားပြီး ကိုယ်ပိုင်ရန်ငြိုးအတွက် လက်စားချေလိုသည်ဟု သံသယရှိလာမည်။ သူသည် ယွန်နိုင်ငံ၏ လူဦးရေ ၈၀၀,၀၀၀ လုံးကို သတ်ဖြတ်နိုင်မှသာ ဖြစ်နိုင်မည်။
ဤကိစ္စက သေချာပေါက် မဖြစ်နိုင်ချေ။
ချန်ပီယံမြို့စားနှင့် ရင်ဆိုင်မှုတွင် ဟုန်ယွိသည် သေးငယ်သော တိုက်ပွဲတစ်ခုကို အနိုင်ရခဲ့သည်။ သို့သော် လျှောက်လှမ်းရမည့် လမ်းခရီးသည် အဝေးကြီး ရှိပါသေးသည်။
ဖူဘိုရေတပ်ဗိုလ်ချုပ် ရှောင်ထျန်းယောင်ကို သတ်ဖြတ်ပြီး ဧကရာဇ်စေတမန်၏ နဂါးအလံကို သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ ဟုန်ယွိသည် ချန်ပီယံမြို့စားနှင့် ရန်ငြိုးဖွဲ့ပြီးသားဖြစ်ပြီး ပူးပေါင်းရန် မဖြစ်နိုင်တော့ချေ။
ထို့ပြင် ဖူဘိုရေတပ် ဗိုလ်ချုပ်ကို မသတ်ခဲ့လျှင်ပင်, ဟုန်ယွိသည် ချန်ပီယံမြို့စားကို အကောင်းမြင်စိတ် မရှိချေ။ သူ၏ မသိစိတ်ထဲ၌ ချန်ပီယံမြို့စားကို ရန်သူအဖြစ် သတ်မှတ်ထားခဲ့သည်။
ဟုန်ယွိသည်လည်း လူငယ်တစ်ဦးပင်။ သူသည် သဘာဝအတိုင်း မာန်မာနရှိပြီး၊ သွေးဆူလွယ်ကာ၊ ရဲရင့်သည်။ သူကိုယ်တိုင်ကရော ချန်ပီယံမြို့စား၏ ဖိနှိပ်မှုကို မည်သို့ လက်ခံနိုင်မည်နည်း။
ဟုန်ယွိသည် သူ၏စိတ်ထားကို ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ သို့သော် သူ့စိတ်ကို ချုပ်တည်းထားရန် ရည်ရွယ်ချက် မရှိချေ။
လူငယ်တစ်ဦး၏ မနာလိုမှုနှင့် ယှဉ်ပြိုင်လိုစိတ်သည် မွေးရာပါဗီဇ ဖြစ်သည်။ မျက်လုံးစုံမှိတ်ပြီး ရင့်ကျက်ဟန်ဆောင်ခြင်းသည် ရေကာတာကို သဲအိတ်ဖြင့် ပိတ်ဆို့နေသလို။ ဤအရာသည် ကောင်းကင်ဘုံနှင့် ဆန့်ကျင်နေရုံသာမက၊ ပြဿနာများ အလွယ်တကူ ဖြစ်ပေါ်လာတတ်သည်။ ထုတ်ဖော်ပြီး လွှတ်ချလိုက်ခြင်းက ပိုကောင်းသည်။
“မင်းက နေမင်းကြီးလို ဒီလောက် တောက်ပနေမှတော့, ငါကလည်း မင်းကို ရက်ရက်စက်စက် ဖိနှိပ်ပြရမှာပေါ့။ မင်းက ငါ့ထက် နိမ့်ကျတဲ့အကြောင်း သိရှိစေမယ်။” ဟုန်ယွိသည် စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။ ချန်ပီယံမြို့စား၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း သူ့နှလုံးသားထဲ၌ စိတ်ကျေနပ်မူကို လှိုက်လှိုက်လှဲလှဲ ခံစားရပြီး၊ မထိန်းချုပ်နိုင်သော ပျော်ရွှင်မှုခံစားချက်များ ဖြစ်ပေါ်လာသည်။
“ဝမ်အာ..၊ မင်း ဘာလုပ်မလဲ။”
ချန်ပီယံမြို့စားသည် ရှောင်အန်ရန်၊ နတ်လင်းယုန်ဘုရင်၊ အစောင့်အကြပ်များအတူ ထွက်ခွာသွားသည်ကို မြင်သောအခါ၊ ယွန်နိုင်ငံ၏ ဘုရင် ချန်ဟွေ့ချန်နှင့် မဟာအတွင်းဝန်တို့သည် မျက်နှာချင်းဆိုင် ကြည့်ကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
ချန်ပီယံမြို့စားကို စော်ကားခြင်းသည် ရယ်စရာကိစ္စ မဟုတ်ချေ။
“ဝမ်အာ…၊ တာအိုလက်တွဲဖော် ရွေးချယ်ခဲ့ပြီးသားဆိုရင်၊ နန်းတော်စာကြည့်ခန်းကို ပြန်ပြီးမှ ဖမည်းတော်နဲ့ ဆွေးနွေးနိုင်တယ်လေ။ ချန်ပီယံမြို့စားရှေ့မှာ အခုလိုကြီး ထုတ်ပြောစရာ မလိုပါဘူး။ ချန်ပီယံမြို့စားက ခမည်းတော်နဲ့ တွေ့တွေ့ချင်း, သမီးတော်ကို တွေ့ချင်တယ်လို့ ချက်ချင်း တောင်းဆိုခဲ့တာ။ သူက သမီးတော်အတွက် လာတယ်ဆိုတာ ထင်ရှားတယ်။ အခု အရာရှိတွေရှေ့မှာ အခုပြောလိုက်တာက သူ့ကို အရှက်ခွဲဖို့ ရည်ရွယ်ချက်ရှိလို့ မဟုတ်လား။ ယွန်နိုင်ငံဟာ အခုချိန်မှာ အနည်းငယ် တိုးတက်လာပြီး၊ ပြည်သူတွေလည်း ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ကြပြီး၊ ဓလေ့ထုံးတမ်းတွေကိုလည်း တည်ထောင်ထားပြီးပြီ။ ခမည်းတော်ကတော့ ဒီအခြေခံအုတ်မြစ် ဖျက်ဆီးခံရမှာကို သည်းမခံနိုင်ပါဘူး။ အတိတ်က ချန်မျိုးနွယ် ဘိုးဘေးတွေဟာ အတားအဆီးအမျိုးမျိုးကို ကျော်လွှားပြီး ပင်လယ်ပြင်ကို ထွက်ခွာကာ ဒီအခြေခံအုတ်မြစ်ကို တည်ထောင်ထားခဲ့တာ။ ခမည်းတော်လက်ထဲမှာ ဖျက်ဆီးခံရမယ်ဆိုရင်, ဒါက…”
ချန်ဟွေ့ချန်၏ အသံသည် အလွန်တိုးဖျော့သွားသည်။ သူသည် ချန်ယင်းရှာကို စိတ်ပျက်စွာ ကြည့်နေသော်လည်း၊ အပြစ်မတင်နိုင်သောကြောင့် သက်ပြင်းချရုံသာ ချနိုင်ပါတော့သည်။
ထိုအချိန်တွင် ခန်းမထဲ၌ အရာရှိများလည်း တိတ်ဆိတ်နေကြသည်။
“ယွန်နိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေဟာ ကောင်းမွန်ပြီး ပညာရပ်တွေက ကောင်းမွန်ပေမယ့်၊ ကွန်ဖြူးရှပ် ပညာရှင်တစ်ဦး စစ်မှန်တဲ့သမာဓိ အားနည်း တယ်။ ချန်ပီယံမြို့စား တစ်ယောက် ကြောင့် နိုင်ငံတစ်ခုလုံး ငိုကြွေးမြည်တမ်းနေရတယ်။ တော်ဝင်ချန်တရားရုံးမှာ တကယ်ကို ကိုယ်ကျင့်တရား အားကောင်းတဲ့ အရပ်ဖက်အရာရှိတွေဆိုရင်, တပ်တွေ မြို့ရိုးကို ဝိုင်းထားချိန်မှာတောင် ချန်ပီယံမြို့စားကို ဝေဖန်ရဲကြတယ်။ ဒါက သူတော်စင် တာအိုကနေ ဆင်းသက်လာတဲ့ မျိုးစေ့ပင်။ ဒီမှတစ်ဆင့် ထုံးတမ်းစဉ်လာ သိပ်မထွန်းကားတဲ့ နိုင်ငံတစ်ခုနဲ့ ကောင်းကင်နိုင်ငံရဲ့ ကွာခြားချက်ကို တွေ့မြင်နိုင်တယ်။”
ထိုအချိန်တွင် ဟုန်ယွိသည် ယွန်နိုင်ငံ အရာရှိများကို ကြည့်ရင်း လျှို့ဝှက်စွာ နှိုင်းယှဉ်နေမိသည်။ ချက်ချင်း ကောင်းကင်နိုင်ငံရှိ အရာရှိများနှင့် ယဉ်ကျေးမှုအားနည်းသည့် ပြင်ပနိုင်ငံ အရာရှိများ၏ ကွာခြားချက်ကို နှိုင်းယှဉ်မိသည်။
ကောင်းကင်နိုင်ငံ၏ အရာရှိများ၊ စစ်မှန်သော ပညာရှင်အရာရှိများသည် သူတော်စင်တာအို၏ အင်အားကို အမွေဆက်ခံကြသည်။ လွန်ခဲ့သော အနှစ်ဆယ်နှစ်က ယွန်မင်တပ်များ ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်လာချိန်တွင်၊ ဧကရာဇ်စောင့်များ အပါအဝင် ကိုယ်ကျင့်တရား အားကောင်း သော အရာရှိများသည် မြို့ရိုးပေါ်တွင် ရပ်တည်ကာ သေရမည်ကို မကြောက်ရွှံ့ဘဲ ကျယ်လောင်စွာ ဆဲဆိုခဲ့ကြသည်။ အချို့အရာရှိများသည် ယွန်မင် လက်ထဲတွင် ဖမ်းဆီးခံရသော်လည်း သေဆုံးအချိန်ထိ ဆဲဆိုခဲ့ကြသည်။ သူတို့သည် ယဉ်ကျေးမှုကင်းမဲ့သည့် လူရိုင်းများကို အထင်သေးကြသည်။
ဤသည်မှာ သူတော်စင်တာအို၏ စစ်မှန်သော အင်အားပင် ဖြစ်သည်။ ယဉ်ကျေးမှုကင်းမဲ့သည့် နိုင်ငံများ၏ အရာရှိများတွင် ထိုသို့သော ကိုယ်ကျင့်တရား စွမ်းအားမျိုး မရှိချေ။
“အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံရဲ့ ထင်ရှားတဲ့ နှစ်ထောင်ပေါင်းစွာ သမိုင်းကြောင်းများနဲ့ ပညာရှင်တွေရဲ့ အရိုးထဲအထိ စွဲမြဲစွာ စွဲကပ်နေတဲ့ မာန်မာနက ပြင်ပလူတွေ လေ့လာနိုင်တဲ့ အရာ မဟုတ်ဘူး။ ငါ ကောင်းကင်နိုင်ငံမှာ မွေးဖွားခဲ့တာ ကံကောင်းတယ်။” ဟုန်ယွိသည် သူ့နှလုံးသားထဲ၌ စိတ်လှုပ်ရှားစွာ သက်ပြင်းချသည်။
“ခမည်းတော်…၊ စိတ်ပူစရာ မလိုပါဘူး။ ချန်ပီယံမြို့စား တစ်ဦးတည်းနဲ့ ယွန်နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ သူ လက်စားချေချင်ရင်, သမီးတော်က သူ့ကို သေချာပေါက် တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင်တွေကြားမှာ သတ်ဖြတ်ပစ်မယ်။”
ချန်ဟွေ့ချန် စိတ်ရှုပ်ထွေးနေသည်ကို မြင်သောအခါ ချန်ယင်းရှာက ပြုံးလိုက်သည်။
ဤစကား ထွက်လာသောအခါ ချန်ဟွေ့ချန်သည် အံ့အားသင့်သွားသည်။ သူ့လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ပါ တုန်ရီသွားပြီး၊ ချန်ယင်းရှာ၏ ပါးစပ်ကို ပိတ်ချင်သလို ဖြစ်သွားခဲ့သည်။ ထို့နောက် သူသည် အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ချန်ပီယံမြို့စား၏ ခြေသံသည် အဝေးသို့ ရောက်ရှိနေပြီ။ ချန်ပီယံမြို့စား ကြားမသွားကြောင်း သေချာမှ သူသည် သက်ပြင်းချလိုက်ပါသည်။
“ဝမ်အာ၊ စကားကို သတိထားပြောပါ။ သူ ထွက်သွားပေမယ့် သိုင်းသူတော်စင်တစ်ပါးရဲ့ နားအကြားအာရုံနဲ့ ရှင်းရှင်းလင်းလင်း ကြားနိုင်တယ်။ သမီးတော်ရဲ့စကားက တကယ်ကို ရန်စလိုက်တာပဲ။ ချန်ပီယံမြို့စား ကြားသွားရင်, သူ မသေမချင်း လိုက်ခံတိုက်ခိုက်လိမ့်မယ်” ချန်ဟွေ့ချန်က ချက်ချင်း ပြောသည်။
“ခမည်းတော်, ဒီလောက် စိတ်ရှုပ်ခံနေစရာ မလိုပါဘူး။ တစ်နေ့ ခမည်းတော် ပိုင်ဆိုင်ထားတဲ့ ဒီဘုရင်ဆိုတဲ့ဘွဲ့တောင် ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တယ်။ ဧကရာဇ်ဘွဲ့ကို မခံယူနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။” ချန်ယင်းရှာက ပြုံးလိုက်သည်။ “ဒါပေမယ့်, ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ နန်းတော်စာကြည့်ခန်းသို့ သွားကြပါစို့။ ခမည်းတော်နဲ့ ဆွေးနွေးရမယ့် အရေးကြီး ကိစ္စတွေ ရှိနေသေးတယ်။”
“သမီးတော် ကိုယ့်စကားကို သတိထားပါ။”
ချန်ဟွေ့ချန်က ချက်ချင်း ပြောသည်။
ယွန်နိုင်ငံကဲ့သို့သော နိုင်ငံများတွင် အုပ်ချုပ်သူကို ဘုရင်ဟုသာ ခေါ်ဆိုနိုင်ပြီး ဧကရာဇ်ဟု မခေါ်နိုင်ကြပေ။ မဟုတ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မည်။ ကောင်းကင်နိုင်ငံဟု သိကြသည့် တော်ဝင်ချန်၊ ဟွာလျှို၊ ယွန်မင်နိုင်ငံတို့တွင်သာ အုပ်ချုပ်သူကို ဧကရာဇ်ဟု ခေါ်ဆိုနိုင်သည်။ ယွမ်တူနှင့် နတ်ဘုရားလေနိုင်ငံတို့မှာပင် ဧကရာဇ်ဟု မခေါ်နိုင်ဘဲ ဘုရင်ဟုသာ ခေါ်ဆိုရသည်။
“ကောင်းပါပြီ။ သမီးတော်, နောက်ထပ် မပြောတော့ပါဘူး။ ခမည်းတော်၊ အရာရှိတွေကို ပြန်ခိုင်းလိုက်ပါတော့။” ချန်ယင်းရှာက ပြောသည်။
ချန်ဟွေ့ချန်က ချက်ချင်း လက်ဟန်ပြပြီး အခမ်းအနားကို အဆုံးသတ်ကာ အရာရှိများကို လူစုခွဲရန် အမိန့်ပေးသည်။
ခမ်းနားကြီးကျယ်လှသော နိုင်ငံတော် ဧည့်ခံပွဲသည် စိတ်ပျက်ဖွယ်ရာ အဆုံးသတ်ဖြင့် ပြီးဆုံးသွားသည်။ အရာရှိများသည် ဧည့်ခံပွဲမှ ထွက်ခွာလာရင်း ကပ်ဘေးဒုက္ခကြီး ရောက်တော့မည့်အလား ကြောက်ရွံ့နေကြသည်။
ချန်ပီယံမြို့စားကို စော်ကားခြင်းသည် ကပ်ဘေးဒုက္ခကြီး ကျရောက်လာတော့မည်ဟု ခံစားရစေသည်။ ယွန်မင်နိုင်ငံပင် ချန်ပီယံမြို့စားကို ကြောက်ရွံ့နေရသည်။ ယွန်နိုင်ငံဆို စာဖွဲ့နေစရာပင် မလိုပါချေ။
“ဘယ်လောက် အတင့်ရဲလိုက်လဲ။ ငွေငါးမန်းဘုရင်က အလွန်မာန်တက်ပြီး အာဏာရှင် ဆန်လွန်းတယ်။ သူမက ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။ သူမစွမ်းရည်ကို စမ်းသပ်ဖို့ ကျွန်တော် သွားပြီး တိုက်ခိုက်မယ်။ သူမ ဘာလို့ ဒီလောက် မာန်တက်ရဲနေရတဲ့အကြောင်းရင်းကို ကြည့်ရမယ်။”
နတ်လင်းယုန်ဘုရင်က ဒေါသတကြီး ဖြစ်နေသည်။
“ဉဒေါင်းဘုရင်၊ ကောင်းကင်မြွေဘုရင်၊ အဖြူရောင်မျောက်ဘုရင်တို့တောင် ဒီလိုစကားမျိုး မပြောရဲကြဘူး။ ငွေငါးမန်းဘုရင်က တကယ်ကို မာန်တက်လွန်းတယ်။”
ရှောင်အန်ရန်လည်း သိသာထင်ရှားစွာ ဒေါသထွက်နေသည်။
သူတို့သုံးဦးသည် ခန်းမမှ ထွက်ခွာပြီးနောက်၊ အဝေးသို့ ရောက်ရှိနေကြသော်လည်း၊ သူတို့၏ ကျင့်စဉ်အဆင့်ဖြင့် ချန်ယင်းရှာ၏ နောက်ဆုံး စကားများကို ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့ကြ သည်။ သူတို့သည် ဒေါသကို မထိန်းနိုင်ကြတော့ပေ။
“ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ။”
အံ့အားသင့်စွာ ချန်ပီယံမြို့စားသည် ယခုတစ်ကြိမ် ဒေါသ မထွက်ချေ။ အပြုံးတစ်ခု ပေါ်လာသည်။ “ငွေငါးမန်းဟာ ငါ့ရဲ့သိုင်းပညာနဲ့ လက်သီးဆန္ဒက ဖန်ဆင်းမှုအင်အားနဲ့ လှည့်ပတ်ထားကြောင်း သိရှိနေတယ်။ ဒါ့ကြောင့်၊ သူမက ငါ့တာအိုနှလုံးသားကို ဖျက်ဆီးဖို့ ကြံစည်လိုက်တာပဲ။ ဒါဆို ငါက လူသားအင်မော်တယ်တစ်ပါး ဖြစ်လာဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ဘယ်လောက် ရယ်စရာကောင်းလဲ။ မနှစ်မြို့ဖွယ် စကားစစ်ထိုးရုံနဲ့ ဒီဟုန်ယွိလေးက ငါ့တာအိုနှလုံးသားကို ဖျက်ဆီးနိုင်မှာတဲ့လား။ ငါ့တာအိုနှလုံးသားကို တိုဟူးလိုဖြစ်အောင် လုပ်နိုင်မှာတဲ့လား။ ဟမ့်။ ဒီမြို့စားနဲ့ ငွေငါးမန်းတို့ကြားမှာ ရန်ငြိုးရန်စ မရှိခဲ့ဖူးဘူး။ သူမက ငါ့တာအိုနှလုံးသားကို ဖျက်ဆီးဖို့ ကြံစည်ရဲတယ်ပေါ့။ ဖူဘိုရေတပ်ဗိုလ်ချုပ် ရှောင်ထျန်းယောင် ပျောက်ဆုံးမှုက သူမနဲ့ သေချာပေါက် ဆက်စပ်နေမယ်လို့ ငါ ကောက်ချက်ချရဲတယ်။”
“သူမနဲ့ ဆက်စပ်နေမှတော့, သူမကို သွားပြီး ဖမ်းဆီးကြစို့။ အတင်းအကြပ် ဝန်ခံချက် ရယူရမယ်။” ရှောင်အန်ရန်က ချက်ချင်း ပြောသည်။
“လောစရာ မလိုဘူး။” ချန်ပီယံမြို့စားက ပြုံးလိုက်သည်။ “အခုက သက်သေ မရှိဘူး။ ငါတို့ ယွန်နိုင်ငံထဲ ဝင်လာရုံလောက်နဲ့ အရှင်မင်းမြတ်ကို ရှင်းပြဖို့ ခက်ခဲမယ်။ ဒါ့ပြင်, ငါက ဒီနေ့ အဲဒီပညာရှင်စုတ်လေးရဲ့ ဝေဖန်တိုက်ခိုက်မူ ခံခဲ့ရတယ်။ အခု, လှုပ်ရှားလိုက်ပါက လက်စားချေဖို့ သက်သက်လို့ သံသယရှိလိမ့်မယ်။ ဒါပေမယ့် ဒီပညာရှင်ကလေးက အတော်လေး စိတ်ဝင်စားဖွယ် ကောင်းတယ်။ ငွေငါးမန်းက ငါ့တာအိုနှလုံးသားကို ဖျက်ဆီးဖို့ သူနဲ့ တာအိုလက်တွဲဖော် ဖြစ်လိုက်တဲ့လား။ သူ့ရဲ့ မဟာဆရာသခင်အဆင့်ဆိုတဲ့ သိုင်းပညာအပေါ် အခြေခံကြည့်ရင် ဒါက တကယ်ကို ယုံကြည်ဖို့ ခက်ခဲလှတယ်။”
“မြို့စား၊ ကျွန်တော်တို့ ဒီကောင်စုတ်လေး သတ်ပစ်ကြစို့။” နတ်လင်းယုန်ဘုရင်သည် သူ၏ နတ်ဆိုးဘုရင်၏ ခက်ထန်သော သဘောသဘာဝကို ပြသလာသည်။
ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ယောက်စလုံးသည် လူများကို မြက်ပင်ကဲ့သို့ သတ်ဖြတ်တတ်သူများ ဖြစ်သည်။
“ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ ကလေးတစ်ယောက်ကို သတ်ပစ်လိုက်မယ်ဆိုရင်, နှမြောစရာ ကောင်းတာပေါ့။ ဝက်တောင် မသတ်ခင် ဆူဖြိုးအောင် ကျွေးမွေးထားရသေး။” ချန်ပီယံမြို့စားက ရယ်မောသည်။ “ဒါ့ပြင် ဒီချန်ယင်းရှာလည်း စိတ်ဝင်စားစရာပဲဓ သူမကို သတ်ပစ်ရမယ်ဆိုရင်, နှမြောစရာကြီး၊ ဒီလောက် မာန်တက်နေတဲ့ နတ်ဆိုးဘုရင်တစ်ပါးကို မပျော်ရွှင်ရဘဲ လွှတ်ပေးရမယ်ဆိုရင် အလဟဿ ဖြစ်သွားမှာပေါ့။”
“ဒီကမ္ဘာကြီးက ငါ့ရဲ့ကစားကွင်းကြီးပဲ။ ပျော်ရွှင်သဘောနဲ့ ချဉ်းကပ်ဖို့ လိုတယ်။ တော်ဝင်ချန်ကို ပြန်ကြစို့။” ချန်ပီယံမြို့စားသည် သူ့ယပ်တောင်ကို ခတ်လိုက်ပြီး လှုပ်ရှားကာ ထွက်ခွာသွားခဲ့သည်။
“သူ့တာအိုနှလုံးသားကို ဖျက်ဆီးနိုင်ခဲ့လား။”
ရွှေပင့်ကူက ခုန်ပေါက်တက်လာသည်။
“ဒီလောက် ဘယ်လွယ်မလဲ။ ငါက သူ့နှလုံးသားထဲမှာ မျိုးစေ့သေးသေးလေး တစ်စေ့ပဲ စိုက်ပျိုးနိုင်ခဲ့သာ။ အစစ်မှန် ဖျက်ဆီးဖို့ရင်, သူ့ကို စွမ်းအားနဲ့ အနိုင်ယူရမယ်။” ဟုန်ယွိက ပြောသည်။ “ဒါပေမယ့်, ဒီနေ့ သူနဲ့ငါ ရန်သူဖြစ်သွားခဲ့ပြီ။ ငါ စိုးရိမ်တာက ဖူဘိုရေတပ် ဗိုလ်ချုပ်ကို ငါတို့ သတ်ခဲ့တယ်လို့ သူ သေချာပေါက် ယုံကြည်ထားမှာကိုပဲ။ ယင်းရှာ၊ မင်းရဲ့ဩဇာအာဏာကို အသုံးပြုပြီး ယွန်မင်နိုင်ငံက လူတွေကြောင့် ဖူဘိုရေတပ်ဗိုလ်ချုပ် သေဆုံးပြီလို့ သတင်းလွှင့်ခိုင်းလိုက်ပါ။ သူတို့အနေနဲ့ သေချာပေါက် ကမ္မကောင်းမူအတွက် ဆုလာဘ်တွေ တောင်းခံကြမယ်လို့ ငါ ထင်တယ်။ အဲဒီအခါ ကမ္ဘာတစ်ဝှမ်းကလူတွေလည်း ဖူဘိုရေတပ် ဗိုလ်ချုပ် ကို ယွန်မင်ကလူတွေ သတ်ခဲ့တယ်လို့ သိရှိကြလိမ့်မယ်။ ဒါဆို ချန်ပီယံမြို့စားလည်း ဒီအမှုကို ပြန်လည် ဖော်ဆောင်နိုင်မှာ မဟုတ်တော့ဘူး။”
အခန်း (၂၄၂)။
“ဟင်..၊ ဒါက အကြံကောင်းတစ်ခုပဲ။ နတ်ဘုရားလေနိုင်ငံမှာ ဖူဘိုရေတပ်က ဗိုလ်ချုပ်ကြီး ရှောင်ထျန်းယောင်ဟာ အကြောင်းမဲ့ ပျောက်ဆုံးသွားတယ်လို့ ချူယွန်ကုန်သွယ်ရေးအဖွဲ့ကို သတင်းဖြန့်လိုက်ရုံပဲ။ အဲဒီအခါ, မဟူရာဝံပုလွေဘုရင်နဲ့ အခြားလူတွေလည်း ယွန်မင်ဧကရာဇ်ထံ ယွန်မင်ရေတပ်ဟာ ရှုံးနိမ့်ခဲ့ပေမယ့် ဖူဘိုရေတပ်ဗိုလ်ချုပ် ရှောင်ထျန်းယောင်ကို သတ်ခဲ့တယ်လို့ အစီရင်ခံကြလိမ့်မယ်။ ဒီလိုကိစ္စမျိုးတွေ ဖြစ်နေကျပဲ။”
ချန်ယင်းရှာသည် ဟုန်ယွိ၏အကြံကို ကြားသောအခါ သူမမျက်လုံးများက တဖျပ်ဖျပ် တောက်ပလာသည်။ သူမသည် ဟုန်ယွိ၏ ဉာဏ်ပညာနှင့် အကြံစည်အပေါ် အလွန်ကျေနပ်နေသည်။
ဤအချိန်၌ သူမ၏ နှလုံးသားထဲတွင် ဟုန်ယွိသည် သိုင်းပညာနှင့် တာအိုပညာအပြင် သာမန်ထက် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူထားလေပြီ။ သူသည် လွန်ခဲ့သော ရာစုနှစ်၊ သို့မဟုတ် ထောင်စုနှစ်များစွာက အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံ၏ ပရမ်းပတာခေတ်တွင် ပေါ်ပေါက်လာခဲ့သော မဟာဗျူဟာပညာရှင်တစ်ဦးနှင့် တူနေလေသည်။
ပါးစပ်တစ်ပေါက်ဖြင့် ဧကရာဇ်ကို လက်နက်ချစေကာ၊ ကျွမ်းကျင်သူများကို အရှက်ရစေပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်အောင် ပြောဆိုနိုင်သည်။
ဤသည်မှာ အဆင့်မြင့်ဆုံး မဟာဗျူဟာပညာရှင်၊ နာမည်ကျော် ပညာရှင်တစ်ဦး၏ အရည်အချင်း ဖြစ်သည်။ လက်ခြေများသည် အားနည်းသော်လည်း၊ ပါးစပ်တစ်ပေါက်သည် မြင်းတပ်သား ထောင်ချီနှင့် နှိုင်းယှဉ်နိုင်သည်။
“ဝမ်အာ၊ မင်း ဖူဘိုရေတပ်ဗိုလ်ချုပ် ရှောင်ထျန်းယောင်ကို တကယ် သတ်ခဲ့တာလား။”
ဤအချိန်၌ ဟုန်ယွိ၊ ရွှေပင့်ကူနှင့် ချန်ယင်းရှာတို့သည် ယွန်နိုင်ငံ နန်းတော်၏ အတွင်းခန်းမတွင် ရှိနေကြသည်။ ယွန်နိုင်ငံ ဘုရင် ချန်ဟွေ့ချန်သည်လည်း ဤလျှို့ဝှက် စာကြည့်ခန်းထဲတွင် ရှိနေသည်။
ဤအချိန်၌ ချန်ဟွေ့ချန်သည် ချန်ယင်းရှာနှင့် ဟုန်ယွိတို့၏ စကားကို ကြားသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး၊ ဆောင်းရာသီ အေးခဲနေသော်လည်း သူ့မျက်နှာတစ်ခုလုံးမှာ ချွေးတွေ စီးကျလေသည်။
အထူးသဖြင့် ယွန်နိုင်ငံ ဘုရင်သည် သိုင်းပညာကို ကျင့်ကြံခဲ့ပြီး ရှင်တန်သိုင်းသခင်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း၊ သူ့နှလုံးသားထဲမှ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်ခဲ့ပါချေ။
“မှန်တယ်။ ရှောင်ထျန်းယောင်က ပင်လယ်ပြင်မှဦ ငါတို့ကို အနိုင်ကျင့်လို့ ဒေါသထွက်ပြီး၊ ငါတို့လည်း သူ့ကို မီးသွေးဖြစ်တဲ့အထိ မီးရှို့ပစ်ခဲ့တယ်။” ရွှေပင့်ကူက အေးစက်စွာ ရယ်မောပြီး စာကြည့်ခန်းကို တစ်ချက်ကြည့်လိုက်သည်။ “ဒီနေရာရဲ့ အလှဆင်မှုတွေက တကယ်ကောင်းလွန်းတယ်။ ငါတို့ ရိုးရန်နိုင်ငံရဲ့ စာကြည့်ခန်းထက် အများကြီး ပိုကောင်းပါတယ်။”
ဟုန်ယွိသည် ရွှေပင့်ကူက လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်းကို မတားဆီးခဲ့ချေ။ မည်သို့ပင်ဆိုစေ ရှောင်ထျန်းယောင်၏ သင်္ဘောပေါ်ရှိ ကျွန်များစွာသည် ယွန်နိုင်ငံသို့ ရောက်ရှိနေပြီ။ ယခု ဘုရင်ကို သိရှိစေပြီး သင့်တင့်လျောက်ပတ်စွာ စီမံခန့်ခွဲခြင်းက ပိုကောင်းသည်။ အခြားသူများ သံသယမရှိစေရန်နှင့် အဆုံးတွင် ဖော်ထုတ်ခံရခြင်း မဖြစ်စေရန် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ယွန်နိုင်ငံ ဘုရင်သည် ကျွန်ထောင်ချီကို ချောမွေ့စွာ ဖုံးကွယ်နိုင်ပြီး၊ မည်သူမျှ ရှာမတွေ့နိုင်ချေ။
“သူက ဘယ်သူလဲ။”
ချန်ဟွေ့ချန်သည် ရွှေရောင်ကြီးမားသော ရွှေပင့်ကူကြီးကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာ မေးသည်။ ယွန်နိုင်ငံ ဘုရင်သည် ‘ရိုးရန်’ ဟူသော စကားနှစ်ခွန်းကို ရှင်းရှင်းလင်းလင်း ကြားခဲ့သည်။
“သူမက ရိုးရန်နိုင်ငံ၊ ဧကရာဇ်အကြံပေးရဲ့ မြေးမလေးဖြစ်တဲ့ ရွှေတောင်ကြား နတ်ဘုရာမလေးပဲ။” ဟုန်ယွိ၏ စကားက ဘုရင်ကို ထပ်မံ အံ့အားသင့်စေသည်။
ချန်ဟွေ့ချန်သည် သက်ပြင်းချလိုက်ပါသည်။ သူ့ဘဝတစ်သက်လုံး သက်ပြင်းချရမည့် အရာအားလုံးကို ယနေ့တွင် ချခဲ့ပြီးပြီဟု ခံစားရသည်။
သို့သော် ဘုရင်သည် ခဏစဉ်းစားပြီး ရုတ်တရက် ထိုင်ချလိုက်သည်။ သူက လက်နှစ်ဖက်ကို အဝါရောင် တောက်ပသော ပိုးသားစားပွဲပေါ် ဖိထားကာ ဟုန်ယွိကို ကြည့်ရင်း မေးသည်။ “မင်းက တော်ဝင်ချန် ဝူဝမ်မြို့စား ဧကရာဇ်အကြံပေးဟုန်ရဲ့ သားမဟုတ်လား။ ဝူဝမ်မြို့စားက တော်ဝင်ချန်ကို သစ္စာရှိတာ လူတိုင်း သိကြတယ်။ မင်းက တော်ဝင်ချန် ဖူဘိုရေတပ်ရဲ့ ဗိုလ်ချုပ်ကြီးကို ရိုးရန်နိုင်ငံနဲ့ ပူးပေါင်းပြီး သတ်ပစ်ခဲ့တယ်။ ကျွန်တွေကိုတော့ ယွန်နိုင်ငံကို ပို့ဆောင်ခဲ့တယ်။ နိုင်ငံတော် ညစာစားပွဲမှာ ချန်ပီယံမြို့စားကို ဒေါသထွက်စေခဲ့တယ်။ မင်း ဘာလုပ်ချင်နေတာလဲ။ မကောင်းတဲ့ ရည်ရွယ်ချက်များ ရှိနေလား။ မင်းရဲ့သိုင်းပညာက အားကောင်းပေမယ့် ချန်ပီယံမြို့စားနဲ့ ယှဉ်ပြိုင်နိုင်တဲ့အထိ အရင်းအမြစ် မရှိဘူး။ ပြီးတော့ ဘယ်လိုစကားတွေသုံးပြီး ငါ့ဝမ်အာကို ဆွဲဆောင်ခဲ့တာလဲ၊ ဟင်…။”
“ဝမ်အာ၊ ဒီလူက အလွန်ဉာဏ်များပုံရတယ်။ သူ့စကားတွေနဲ့ လှည့်စားခံရမှာ မစိုးရိမ်ဘူးလား။ ခမည်းတော်တို့မှာက တော်ဝင်ချန်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အရင်းအမြစ် မရှိဘူး။ သူ့ကြံစည်မှုထဲမှာ ခမည်းတော်တို့ ခြေနင်းကျောက်တုံး မဖြစ်စေပါနဲ့။”
ချန်ဟွေ့ချန်က ရုတ်တရက် ချန်ယင်းရှာကို ပြောသည်။
ရွှေပင့်ကူသည် ချန်ဟွေ့ချန်ကို အရူးတစ်ယောက်လို ကြည့်ကာ အသံစူးစူးဖြင့် ပြောသည်။ “အာယွိက ရှင်ခြင်းသေခြင်း စက်ဝန်းကို ကျော်လွန်ပြီး တစ္ဆေအင်မော်တယ်နယ်ပယ်ထဲ ဝင်ရောက်ပြီးတာ ကြာလှပြီ။ အခုတစ်ကြိမ် ဘီရှီဟွာ၊ ယွန်မင်နိုင်ငံက ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ အမှောင်ခန်းမသခင်၊ ဖျက်ဆီးခြင်းခန်းမသခင်နဲ့ ရွှေဝံပုလွေတပ်ဖွဲ့ရဲ့တပ်မှူး ရှင်းယုဆန်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာတောင် အာယွိကို ရှုံးနိမ့်ခဲ့တာ။ ဟမ့်။ တကယ်လို့ အာယွိကြောင့်သာ မဟုတ်ရင်၊ ချန်ပီယံမြို့စားက ပင်လယ်ပြင်မှာ ယွန်မင်ရေတပ်ဖွဲ့ကို အနိုင်ယူနိုင်မှာတဲ့လား။”
“ဘာ။ မင်းက ဒီလောက် အစွမ်းထက်တာလား။”
ချန်ဟွေ့ချန် အံ့အားသင့်သွားသည်။
“ဟုတ်တယ်။ ဒါပေမယ့် အရှင်မင်းမြတ်၊ ဒီလောက် သံသယမများပါနဲ့။ ကျွန်တော်က ဖူဘိုရေတပ်ဗိုလ်ချုပ်ကို ကိုယ်ပိုင်ရန်ငြိုးကြောင့် သတ်ဖြတ်ခဲ့တာဖြစ်ပြီး တော်ဝင်ချန်နိုင်ငံရဲ့ နိုင်ငံရေးကိစ္စနဲ့ ဘာမှမပတ်သက်ဘူး။ ယွန်နိုင်ငံက ကျွန်တော့် အင်အားကို အသုံးချပြီး တော်ဝင်ချန်ကို သိမ်းပိုက်ဖို့တော့ မတွေးတောနဲ့နော်။ ဒီကျွန်းပေါ်မှာ အနားယူကာ ငြိမ်းချမ်းစွာ နေထိုင်ခြင်းက မှန်ကန်တဲ့ လမ်းစဉ်ပဲ။”
ဟုန်ယွိသည် ချန်ဟွေ့ချန်ကို ယဉ်ကျေးစွာ ဆက်ဆံသည်။ မည်သို့ပင်ဆိုစေ သူသည် ချန်ယင်းရှာ၏ ဤယခုဘဝ ဖခင်တစ်ဦးပင်။ သို့သော် ဟုန်ယွိသည် ဖူဘိုရေတပ်ဗိုလ်ချုပ်ကို သတ်ခြင်းသည် ကိုယ်ပိုင်ရန်ငြိုးကြောင့်ဖြစ်ပြီး တော်ဝင်ချန်နိုင်ငံ၏ နိုင်ငံရေးကိစ္စနှင့် ပတ်သက်ခြင်းမရှိကြောင်းကို ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ တဖက်လူက အခြားအရာများကို မတွေးတောစေရန် ဖြစ်သည်။
“ဝမ်အာ…”
ချန်ဟွေ့ချန်သည် ချန်ယင်းရှာကို ကြည့်သည်။
“ဒီအတိုင်း မှန်ပဲလေ။ မဟုတ်ရင်, ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ငွေငါးမန်းဘုရင်က သာမန်လူတစ်ယောက်နဲ့ တာအိုလက်တွဲဖော် ဖြစ်မှာတဲ့လား။” ချန်ယင်းရှာက ပြောသည်။ “ခမည်းတော်၊ ဒီနိုင်ငံရဲ့ အရေးကိစ္စတွေကိုပဲ စိုးရိမ်ပါ။ ဟုန်ယွိနဲ့ သမီးတော်တို့က ယွန်နိုင်ငံရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ သမီးတော်တို့က လောကီလူသားနယ်ပယ်ကို ကျော်လွန်ပြီး တစ္ဆေအင်မော်တယ် ဖြစ်အောင် ကျင့်ကြံထားပြီးသား။ သမီးတော်တို့အတွက် ဩဇာအာဏာဆိုတာ တိမ်တိုက်တွေ ပျောက်ကွယ်သလိုပဲ။ ဒါပေမယ့် အခွင့်အရေးရှိရင်, ဟုန်ယွိနဲ့ သမီးတော်တို့က အချို့ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ ယွန်နိုင်ငံမှာ တာအိုဂိုဏ်းတစ်ခု တည်ထောင်မယ်။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမ ဒါမှမဟုတ် မက်မွန်နတ်ဘုရားဂိုဏ်းလို မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာရမယ်။”
“အိုး။ ခမည်းတော် နားလည်ပါပြီ။” ချန်ဟွေ့ချန်သည် ကုလားထိုင်တွင် ပြန်ထိုင်သည်။
ယွန်နိုင်ငံ၏ ကျွန်းများပေါ်တွင် မက်မွန်နတ်ဘုရားတာအိုဂိုဏ်းကဲ့သို့ မြင့်မြတ်နယ်မြေတစ်ခု ရှိခဲ့လျှင် သူတို့၏ အနေထားသည် များစွာ တည်ငြိမ်လာမည်ကို သူ သိသည်။ ပတ်ဝန်းကျင် ကျွန်းနိုင်ငံများ၏ အလိုလောဘအကြည့်များကို ကြောက်ရွံ့နေစရာမလိုတော့ချေ။
ဤမျှ ကြီးမားကျယ်ပြောလှသော သမုဒ္ဒရာထဲတွင် နိုင်ငံတစ်ရာကျော် ရှိသည်ကို သတိပြုရန် လိုအပ်သည်။ ယွန်နိုင်ငံထက် အင်အားကြီးမားသော နိုင်ငံ ဆယ်ခုကျော် ရှိသေးသည်။
“ဒါ့ပြင်, ဟုန်ယွိနဲ့ သမီးတော်တို့ ကိစ္စက လျှို့ဝှက်ချက်ပဲ။ ခမည်းတော်၊ အပြင်ကို မပြန့်စေနဲ့။ မဟုတ်ရင်, ယွန်နိုင်ငံ ပျက်သုန်းသွားလိမ့်မယ်။” ချန်ယင်းရှာက ပြောသည်။ “ဖူဘိုရေတပ်က ဗိုလ်ချုပ်ကြီးကို သတ်ဖြတ်ရာကနေ ရွှေငွေအမြောက်မြား ရရှိခဲ့တယ်။ ခမည်းတော်၊ အလုပ်သမားရေးရာ ဝန်ကြီးဌာနကို ဒီရွှေငွေတွေကို တိတ်တဆိတ် အရည်ကျိုခိုင်းပြီး ကျွန်တွေအတွက် စီမံခန့်ခွဲပါ။ သမီးတော် ဟုန်ယွိနဲ့အတူ တော်ဝင်ချန်ကို ခရီးထွက် ရဦးမယ်။”
စကြာဝဠာအိတ်ထဲက ရွှေငွေဒင်္ဂါးသန်းချီကို အသုံးမပြုခင် အရည်ကျိုဖို့ လိုအပ်သည်။
ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် ရွှေငွေတွေကို ကိုယ်တိုင် အရည်မကျိုနိုင်သော်လည်း၊ ယွန်နိုင်ငံတွင် ငွေဒင်္ဂါးများ သွန်းလုပ်နိုင်သော ကျွမ်းကျင်လက်မူပညာရှင်များ များစွာ ရှိပြီး၊ သေချာပေါက် ကူညီနိုင်မည်။
ဟုန်ယွိသည် ရွှေငွေပမာဏ များစွာနှင့်အတူ အထွက်အထိပ် မှော်ပညာရပ်များဖြင့် တော်ဝင်ချန်သို့ ပြန်ကြလိမ့်မည်။
မူလက သူသည် ဝူအိမ်တော်ထိန်း၊ ကောင်းကင်အထွဋ်အထိပ်နယ်မြေနှင့် ဝေတိုင်ကန်တို့ လိုက်ခံဖမ်းဆီးခြင်းက ပုန်းအောင်းနေကာ သူ့စွမ်းအားကို စုဆောင်းရန် စီစဉ်ခဲ့သည်။ ယခု သူ့စွမ်းအား စုဆောင်းမှုသည် အောင်မြင်ပြီး၊ တော်ဝင်ချန်သို့ ပြန်ကာ ဟုန်ရွန်ကျိနှင့် တိုက်ရိုက် ရင်ဆိုင်ရန် အချိန်တန်ပြီ။
“ဟုန်ရွန်ကျိ၊ အို… ဟုန်ရွန်ကျိ၊ ကျုပ် ဘယ်အဆင့်အထိ ရောက်နေပြီဆိုတာ ခင်ဗျား သိရဲ့လား။ ကျုပ် ကျောက်စိမ်းမြို့တော် ပြန်ရောက်တဲ့အခါ ခင်ဗျားတို့ အားလုံးကို ကြီးမားတဲ့ အံ့ဩမူကြီး သေချာပေါက် ပေးဦးမယ်။ မဒမ်ကျောက်၊ ဝူအိမ်တော်ထိန်း၊ ပြီးတော့, ဟုန်ရှီ၊ ဟုန်ခမ်း၊ ဟုန်ရွန်ကျိက မင်းတို့ကို ပြုစုပျိုးထောင်ခဲ့တာ အချည်းနှီးပဲ။ သူက မင်းတို့ကို ငယ်ငယ်ကတည်းက လက်သီးပညာ သင်ကြားပေးခဲ့တယ်။ ဒါပေမယ့်, အခု ဘယ်လိုလဲ။ မင်းတို့ ငါ့လက်ချောင်း တစ်ချောင်းကိုတောင် ခံနိုင်ကြပြီလား။ လက်လေးတစ်ချောင်းနဲ့တောင် ငါ မင်းတို့ကို ချေမွပစ်နိုင်တယ်။”
ဟုန်ယွိသည် တော်ဝင်ချန်သို့ ပြန်ရန် စဉ်းစားရင်း သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမူက ဆူနာမီ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာသည်။
သူသည် သူ့လက်သီးများကို တင်းတင်းဆုပ်လိုက်ရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြွက်သားများနှင့် အရိုးများက တဖြစ်ဖြစ် မြည်ဟီးလာသည်။ သူ့နံရိုးများက တုန်ခါကာ သူ့ပတ်ဝန်းကျင် လေထု၏ သိမ်မွေ့စွာ လှည့်ပတ်စီးဆင်းသွားခြင်းကို ဖြစ်ပေါ်စေသည်။
ချန်ဟွေ့ချန်သည် ဟုန်ယွိကို ကြည့်ကာ မသိမသာ နောက်ဆုတ်သွားသည်။
ကျောက်စိမ်းမြို့တော်ကို ပြန်ရန် အချိန်တန်ပြီ။ ထိုနေရာ၌ တိုက်ပွဲသည် ဟုန်ယွိအတွက် အစစ်မှန် တိုက်ပွဲစတင်ရာ နေရာတစ်ခု ဖြစ်လိမ့်မည်။
ရန်ငြိုးအားလုံး၊ မိခင်အတွက် အမုန်းတရား၊ ဝူဝမ်မြို့စားစံအိမ်တွင် သူခံစားခဲ့ရသော ညှင်းပန်း နှိပ်စက်မှုများ အားလုံးကို လက်စားချေမည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်တွင် ရာဇပလ္လင်အတွက် ယှဉ်ပြိုင်မှုတွင် တရားဝင် ပါဝင်မည်။
အရာအားလုံးသည် ကျောက်စိမ်းမြို့တော်၏ ၆၁ နှစ်ပြည့် ဆောင်းရာသီတွင် စတင်မည်။
နန်ကျိုး (တောင်ပိုင်းဒေသ) ရွှေ့ယန်ခရိုင်…။
နန်ကျိုးရာသီဥတု သိသိသာသာ ပြောင်းလဲလာသည်။ အေးစက်ပြီး မှိုင်းညစ်သော လေပြင်းများ တိုက်ခတ်နေသည်။ အရိုးထဲအထိ စိမ့်ဝင်လောက် သော လေပြင်းများကြားတွင် သစ်ပင်ပင်စည်များသည် ညှိုးနွမ်းခြောက်သွေ့နေကာ အရိုးတံပြိုင်းပြိုင်းနှင့် အရွက်ဗလာ ဖြစ်နေသည်။ စာငှက်လေး များနှင့် ကျီးကန်းများသာ အရိုးတံပြိုင်းပြိုင်း သစ်ပင်များပေါ်တွင် ရပ်တည်ကာ အေးစက်သော မျက်လုံးများဖြင့် ကမ္ဘာကို ကြည့်ရှုနေကြသည်။
ရွှေ့ယန်ခရိုင်ရှိ အိမ်တိုင်းတွင် မီးဖိုများ ထွန်းညှိနေကြသည်။
နန်ကျိုးတွင် နှင်းမိုးများ မကြာခဏ ရွာသွန်းလေ့မရှိသော်လည်း၊ ဆောင်းရာသီတွင် ရှားရှားပါးပါး တွေ့ရတတ်သည်။ ပိုမို အေးစက်လာသော ရာသီဥတု၊ အရိုးထဲ စိမ့်ဝင်သောလေနှင့် အေးစက်သော ရေခဲမိုးရွာများက သာမန်ပြည်သူများနှင့် ချမ်းသာကြွယ်ဝသော မိသားစုများပင် မခံနိုင်ကြချေ။
ဆောင်းရာသီနှင့် နှစ်သစ်ကူးအတွက် ပြင်ဆင်မှုသည် အိမ်တိုင်းအတွက် မရှိမဖြစ်လိုအပ်သော အလုပ်တစ်ခု ဖြစ်လာသည်။
ရွှေ့ယန်ခရိုင် အုပ်ချုပ်ရေးမှူးစံအိမ်၏ နောက်ကျောရှိ ဟိုင်ဇီရေကန်အလယ်တွင် တည်ရှိသော ကျယ်ပြန့်သော စင်မြင့်တစ်ခုတွင်, စင်မြင့်ကို လေးဖက်လေးတန်လုံး ထွင်းဖောက်မြင်နိုင်သော ဖန်သားများဖြင့် ပိတ်ဆို့ထားသည်။ မိုးရေစက်များက ဖန်နံရံများပေါ် ထိမှန်ကာ စီးကျနေသည်။
စင်မြင့်ပေါ်တွင်ထိုင်ရင်း တောရိုင်းမီးသွေးကို မီးမွှေးကာ၊ နံ့သာတိုင်များနှင့် အိုးခွက်များကို ထွန်းညှိပြီး၊ အပြင်ဘက် အေးစက်နေသော လေမိုးနှင့် ရေလှိုင်းများကို ကြည့်ရှုခြင်းသည် မတူညီသော ခံစားမှု တစ်မျိုးကို ပေးစွမ်းသည်။
ဤအချိန် စင်မြင့်ပေါ်တွင် ရွှေ့ယန်ခရိုင် အုပ်ချုပ်ရေးမှူး ဟုန်ခမ်းသည် အနက်ရောင် ခပ်ပွပွဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးနှင့် လက်ဖက်ရည် သောက်နေသည်။
ဤအဘိုးအိုမှာ ဝူအိမ်တော်ထိန်း ဖြစ်သည်။
“ဦးလေးဝူ၊ ဦီးလေးက အခုတစ်ကြိမ် တိုက်ပွဲထဲ ပါဝင်ခဲ့ပြီး၊ ချန်ပီယံမြို့စားရဲ့ အဖွဲ့နဲ့ ပူးပေါင်းကာ သမုဒ္ဒရာကနေ မိုင်ထောင်ချီဝေးတဲ့ တောရိုင်းဒေသကို သွားခဲ့တယ်။ ယွန်မင် ရေတပ်ဖွဲ့တွေကိုလည်း အနိုင်ယူခဲ့တယ်။ ဒါက ကြီးမားတဲ့ အောင်မြင်မှုကြီးပဲ။ ဦးလေး မသိလို့။ စိတ်ကူးယဉ်နတ်ဘုရားသင်္ဘောကြီး လင်ဟိုင်ခရိုင်ကို ဆိုက်ကပ်လာချိန်မှာ လူတွေ ဘယ်လောက် ဝမ်းသားနေကြလဲဆိုတာ။ အဲဒီမြင်ကွင်း၊ ဂွတ်…ဂွတ်.. ဂွတ်..” ဟုန်ခမ်းသည် အစိမ်းရောင် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ သက်ပြင်းချသည်။ “အဲဒီမြင်ကွင်းအကြောင်းကို ဦးလေးဝူကို ကျွန်တော် ဒီထက်ပိုပြီး မပြောတော့ဘူး။ အခု နေ့စဉ်ရက်ဆက် နန်ကျိုးရဲ့သူဌေးကြီးတွေ၊ မြေယာရှင်တွေ၊ မှူးမတ်တွေနဲ့ သာမန်ပြည်သူတွေတောင် အဲဒီသင်္ဘောကြီးကို သွားရောက်ကြည့်ရှုကြတယ်။ ချန်ပီယံမြို့စားက သင်္ဘောကြီးကို သမုဒ္ဒရာအလယ်သို့ မောင်းနှင်ကာ ပတ်ပတ်လည်မှ ဝိုင်းရံထားပြီး အပြင်ဘက်ကနေ ငွေကောက်ခံတယ်တဲ့။ ငွေပေးမှ စိတ်ကူးနတ်ဘုရားသင်္ဘောပေါ် တက်ရောက်ကာ ကြည့်ရှုနိုင်တယ်။ ရက်အနည်းငယ်အတွင်း ငွေဒင်္ဂါးသုံးသိန်းကျော် ရခဲ့တယ်။ ဒါပေမယ့်၊ ဧကရာဇ်စစ်ဆေးရေးမှူး ဒါဇင်လောက်က သူ့ကို စွပ်စွဲဖို့ အစီရင်ခံစာ တင်ပြနေကြပြီ။”
“ဒီကိစ္စက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး။ အရှင်မင်းမြတ်အတွက် ငွေကို သိမ်းထားလို့ရတယ်လေ။ ချန်ပီယံမြို့စားက ငွေရှာရာမှာ ကျွမ်းကျင်ပြီး စစ်ပွဲမှာလည်း တစ်ခါမှ ရှုံးနိမ့်ခြင်း မရှိဘူး။ သူ့ကို စစ်နတ်ဘုရားနဲ့ ကြွယ်ဝခြင်းနတ်ဘုရားလို့ ခေါ်ဆိုနိုင်တယ်။”
ဝူအိမ်တော်ထိန်းသည် ဖြည်းဖြည်း ပြောသည်။ ထို့နောက် စင်မြင့်ကို ညွှန်ပြသည်။ “ဒီစင်မြင့်ရဲ့ ကြည်လင်တောက်ပနေတဲ့ ဖန်သားပြားတွေက ချန်ပီယံမြို့စားရဲ့ လက်ဆောင်မဟုတ်လား။ ချန်ပီယံမြို့စားက ဒီကြည်လင်ဖန်သား ပြုလုပ်နည်းကို ဘယ်နေရာကမှန်း မသိဘူး ရရှိခဲ့တယ်။ အခု နန်းတော်ကို အများကြီး ပို့ဆောင်ခဲ့တယ်။ နန်းတော်ထဲက အရာရှိတွေနဲ့ စစ်ဗိုလ်ချုပ်တွေ အားလုံးကလည်း ချီးကျူးကြတယ်။ ဒါ့ပြင် ဧကရာဇ်က သူ့ဘက်မှာ ရှိနေတယ်။ ဧကရာဇ်စစ်ဆေးရေးမှူး အနည်းငယ်လောက်နဲ့ သူ့ကို ဘယ်လိုလုပ် စွပ်စွဲနိုင်မှာလဲ။”
“ဦးလေးဝူတောင် ဒီလောက် ချီးကျူးတယ်။ ချန်ပီယံမြို့စားက နှစ်ငါးရာတစ်ကြိမ် ပေါ်ထွက်လာတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမယ်။” ဟုန်ခမ်းက အံ့သြစွာ ရေရွတ်သည်။ ထို့နောက် သူ့မျက်လုံးများကို မှိတ်ကာ မေးစေ့ရှိ နှုတ်ခမ်းမွှေးကို ပွတ်သပ်ရင်း အသံတိုးတိုးဖြင့် ပြောသည်။ “နောင်အနာဂတ်မှာ သူက အဖေ့ရာထူးကို ခြိမ်းခြောက်နိုင်မလား မသိဘူး။”
“မြို့စားကို ဆိုလိုတာလား။ ဒါတော့ မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မြို့စားရဲ့ရာထူးက ထိုက်တောင်ကြီးလို ခိုင်မာတယ်။” ဝူအိမ်တော်ထိန်းက သူ့မျက်လုံးများကို မှေးကျဉ်းရင်း ပြောသည်။ “ဒါပေမယ့်, သခင်လေးခမ်း၊ သခင်လေးရဲ့ညီ သခင်လေးယွိကို သတိထားပါ။”
“ဘာ။ ဟုန်ယွိကို မသတ်ရသေးဘူးလား။ ကောင်းကင်အထွဋ်အထိပ်နယ်မြေက အစွမ်းထက်တဲ့လူတွေ အများကြီး စေလွှတ်ခဲ့တာလေ။ ဝေတိုင်ကန်လည်း သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။”
ဟုန်ခမ်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
“သခင်လေးခမ်း မသိသေးဘူးထင်တယ်။ ကောင်းကင်အထွဋ်အထိပ်နယ်မြေက စေလွှတ်ခဲ့တဲ့ လူအားလုံး ပျက်သုန်းခဲ့တယ်။ ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားတွေတောင် သိမ်းပိုက်ခံလိုက်ရတယ်။ ဝေတိုင်ကန် စေလွှတ်ခဲ့တဲ့ လူတွေလည်း ပျက်သုန်းခဲ့ရတာပဲ။” ဝူအိမ်တော်ထိန်းက ပြောသည်။ “ကျွန်တော် လျှို့ဝှက်စုံစမ်းချက်အရဆို သခင်လေးယွိက ယွန်နိုင်ငံ မင်းသမီး ချန်ယင်းရှာနဲ့ ပူးပေါင်းသွားပြီ။ ပင်လယ်ပြင်မှာ ဖြစ်ပျက်ခဲ့သမျှက ချန်ယင်းရှာကြောင့် ဖြစ်လိမ့်မယ်။ မဟုတ်ရင်, သခင်လေးယွိမှာ ဘယ်လောက်ပဲ အင်အားကြီးမားပါစေ, ကောင်းကင်အထွဋ်အထိပ်နယ်မြေက ကျွမ်းကျင်သူတွေကို သတ်ဖြတ်နိုင်မှာ မဟုတ်ဘူး။”
“ယွန်နိုင်ငံ မင်းသမီး ချန်ယင်းရှာ။” ဟုန်ခမ်းက အံ့အားသင့်စွာ ပြောသည်။
“ဟုတ်တယ်၊ ယွန်နိုင်ငံ မင်းသမီး ချန်ယင်းရှာပဲ။ သခင်လေးခမ်းလည်း ဒီမင်းသမီးက ငါးမန်းစီးပြီး ခရီးသွားနိုင်တယ်ဆိုတာ သိထားမှာပါ။ ဒါပေမယ့် သူမက မဟာနတ်ဆိုးအင်မော်တယ်ရှစ်ယောက် ထဲက ငွေငါးမန်းဘုရင်ဖြစ်တယ်ဆိုတာ မသိလောက်ဘူး။ ကျွန်တော်တောင် သူမကို ဘာမှ မတတ်နိုင်ဘူး။” ဝူအိမ်တော်ထိန်းက ပြောသည်။
“ဘာ။ ဒီခွေးကောင် ဟုန်ယွိမှာ ဒီလိုအရည်အချင်းမျိုး ရှိတယ်လား။ သူက ချန်ယင်းရှာနဲ့တောင် ပူးပေါင်းနိုင်တယ်ပေါ့။ တိုင်ရှန်တာအိုဂိုဏ်းက ဝင်ရောက် စွက်ဖက်နေသလား။”
ဝူအိမ်တော်ထိန်း၏ စကားကို နားထောင်ပြီး ဟုန်ခမ်းသည် အချိန်အတန်ကြာ စကားမပြောဘဲ ရှိနေသည်။ သူသည် အံတင်းတင်းကြိတ်ပြီး ခွက်ကို ပြင်းထန်စွာ ပေါက်ချလိုက်သည်။
“ဘယ်ထောင့်ကြားကမှန်းမသိ ထွက်ပေါ်လာတဲ့ ခွေးကောင်လေး။ နိမ့်ကျတဲ့ မိန်းမတစ်ယောက်ကနေ မွေးဖွားလာတဲ့ ခွေးကောင်လေး၊ တစ်နေ့ ငါ မင်းကို သေချာပေါက် သတ်ပစ်တယ်။”
ရုတ်တရက် ဟုန်ခမ်း၏ နှလုံးသားထဲတွင် အရှိဟုန်ပြင်းပြင်းဖြင့် မီးလျှံများ လောင်ကျွမ်းလာသော်လည်း မျိုသိပ်လိုက်ရသည်။ သူ့နှလုံးသားက လောင်ကျွမ်းနေသော်လည်း အံကြိတ်ကာ ပြောသည်။
သူသည် အချိန်အတော်ကြာ အဆင့်မြင့် နယ်စပ်အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး၊ ရှင်ခြင်းသေခြင်း အာဏာကို ကိုင်စွဲခဲ့သည်။ သဘာဝအတိုင်း ဂုဏ်သိက္ခာနှင့် သတ်ဖြတ်မှု အရှိန်အဝါ ဖြစ်ပေါ်လာသည်။
ထို့နောက် ဟုန်ခမ်းသည် ဝူအိမ်တော်ထိန်းကို ကြည့်ကာ စကားလုံး တစ်လုံးချင်း ပြောသည်။ “ဦးလေးဝူ၊ အခုတစ်ကြိမ် ထိုခွေးကောင်လေး ဟုန်ယွိကို အဖေ့ဆီ ပြန်ခေါ်လာဖို့ အမိန့်ပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။”
“ဒီကျွန်အိုကြီးလည်း ရှက်ရွံ့မိပါတယ်။ မူလက ပစိဖိတ်ရေတပ်ဌာနချုပ်မှာ ဒီကျွန်အိုကြီးက သခင်လေးယွိကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါပေမယ့် ဂရုမစိုက်မိဘဲ ကောင်းကင်ဘုံသေမင်းဘီး လက်သီးဆန္ဒ အောက်မှာ သခင်လေးယွိ သေဆုံးမှာကို စိုးရိမ်ပြီး မြို့စားရဲ့အမိန့်ကို မနာခံရာရောက်မှာကို စိုးရိမ်ခဲ့မိတယ်။ ဒါကြောင့် အရှိန်လျော့လိုက်မိတယ်။ ဘယ်သူသိမှာလဲ။ ဒီကျားတစ်ကောင်ကို တောင်ထဲ ပြန်ဝင်ခွင့် ပေးမိခဲ့မယ်လို့။ ဒါက ကျွန်တော်ရဲ့ တွက်ချက်မှု မှားယွင်းမူပါ။”
ဝူအိမ်တော်ထိန်းသည် သက်ပြင်းချကာ ကောင်းကင်ကို ကြည့်ပြီး၊ တစ်စုံတစ်ရာ အာရုံခံနေသည့်အလား သူ့မျက်လုံးများက အနည်းငယ် မှိတ်သွားပါသည်။
“အိုး မကောင်းတော့ဘူး။ သခင်လေးခမ်း။ ချက်ချင်း ထွက်သွားတော့။”
ရုတ်တရက် ဝူအိမ်တော်ထိန်းက ထရပ်လိုက်သည်။
“ဘာဖြစ်လို့လဲ။” ဟုန်ခမ်းသည် ဝူအိမ်တော်ထိန်း၏ သူ့အမူအရာ မတည်မငြိမ် ဖြစ်နေသည်ကို မြင်လျှင် အံ့အားသင့်သွားသည်။ သူ၏အမြင်တွင် ဝူအိမ်တော်ထိန်းသည် မီးတောင် ပေါက်ကွဲနေလျှင်ပင် မျက်ခုံးတစ်ချက် မတွန့်သူဖြစ်သည်။
“ဟားဟားဟား… ဟားဟားဟား… ဝူအိမ်တော်ထိန်း။ သိုင်းသူတော်စင်တစ်ဦး ပီသပါပေတယ်။ ခင်ဗျားက ဆောင်းဦးလေ မတိုက်ခတ်ခင် ပုဇဉ်းရင်ကွဲတစ်ကောင်ရဲ့ အာရုံစားမူမျိုးကို ပိုင်ဆိုင်ထားတာပဲ။ ဒါပေမယ့်, ဒီနေ့ ကျားကို တောင်ပေါ် ပြန်ခေါ်သွားချင်ရင်တောင် မဖြစ်နိုင်တော့ဘူး။”
ဤအချိန်တွင် စင်မြင့်အပြင်ဘက် ဟိုင်ဇီရေကန်ပေါ်တွင် ပြင်းထန်ပြီး နွေးထွေးသော လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာသည်။ ထို့နောက် လေပြင်းများက အသက်ရှင်နေသည့် အစစ်မှန် ဟုန်ယွိ၏ ခန္ဓာကိုယ်အဖြစ် စုစည်းသွားကာ ထွက်ပေါ်လာသည်။