← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 22 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 22 Ch. 245-246

၂၄၅)။

“ဝူအိမ်တော်ထိန်း၊ ခင်ဗျားရဲ့ ချီနဲ့သွေးစွမ်းအားက ပြင်းထန်တာ မှန်ပါတယ်။ ခင်ဗျားရဲ့ လက်သီးဆန္ဒလည်း သန်မာပါတယ်။ ဒါပေမယ့် ကျုပ်အတွေးတွေက ခင်ဗျားအနား မကပ်နိုင်ဘူးလို့ တကယ် ထင်နေတာလား။ ဒီအနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တတွေဟာ ကျုပ်အတွေးတွေနဲ့ သိပ်သည်းထားတဲ့ ပုံရိပ်တွေပဲ။ ခင်ဗျားရဲ့ ရုပ်ခန္ဓာကိုယ်ခွန်အားနဲ့ ဒီဗောဓိသတ္တတွေကို ဘယ်လောက်ထိ ဖျက်ဆီးနိုင်မလဲ ကျုပ် ကြည့်ချင်မိတယ်။ ခင်ဗျား ဘယ်လောက်ခံနိုင်မလဲ။”

ဟုန်ယွိသည် ရေပြင်ပေါ်တွင် ရပ်နေဆဲဖြစ်ပြီး၊ ဝူအိမ်တော်ထိန်းကို ဝိုင်းရံထားသည့် ရေဗောဓိသတ္တလေးယောက်ကို မျက်နှာအမူအရာ မပြောင်းလဲဘဲ ကြည့်နေပါသည်။

အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ရေဗောဓိသတ္တလေးပါးသည် သူ့အတွေးများဖြင့် စုစည်းထားသည့် ပုံရိပ်များ ဖြစ်ကြသည်။

အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တသည် အနှိုင်းမဲ့ခွန်အားကို ပိုင်ဆိုင်ထားပြီး၊ ဗုဒ္ဓဘုရားအားလုံးနှင့် ဗောဓိသတ္တအားလုံးကို သူတို့၏ခွန်အားဖြင့် လွှမ်းမိုးထားနိုင်ပါသည်။ စုစည်းထားသည့် ပုံရိပ်များသည်လည်း သဘာဝအတိုင်း တန်ခိုးကြီးမားပြီး၊ အထူးသဖြင့် ဝူအိမ်တော်ထိန်းလို သိုင်းသူတော်စင်တစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်တော်ဆုံးဖြစ်သည်။

ဝူအိမ်တော်ထိန်း၏ ချီနှင့် သွေးစွမ်းအားသည် ပြင်းထန်ပြီး အင်အားကြီးမားသည်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်နှင့် ဆယ်ပေအကွာအတွင်း ချီနှင့်သွေးစွမ်းအားသည် တစ္ဆေတွေ နတ်ဘုရားတွေတောင် ဝင်ရောက်၍ မရအောင် အလွန်ပြင်းထန်ပါသည်။ မည်သည့်မှော်ပညာရပ်မှ ချိုးဖောက်၍ မရပါဘူး။

ဟုန်ယွိသည် နည်းလမ်းအမျိုးမျိုးဖြင့် ဟိုက်ဇီရေကန်တစ်ခုလုံးကို မှောက်လှန်ပစ်ပြီး ဝူအိမ်တော်ထိန်းကို ရေထဲ နှစ်မြှုပ်နိုင်သော်လည်း ထိုသို့ပြုလုပ်ခြင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်စေနိုင်ပါသည်။

သို့သော်, ယခုလေးတင် ဟုန်ယွိသည် သူ့စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး ရေကန်ထဲမှ ရေပမာဏ အများအပြားကို လေထဲ ပင့်တင်ခဲ့သည်။ ဝူအိမ်တော်ထိန်းသည်လည်း သူ့စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး ဟုန်ယွိ၏ စိတ်ဝိညာဉ် စွမ်းအားကို ချိုးဖျက်ခဲ့သည်။ ရေကန်ထဲမှ ရေများသည် ပြင်းထန်စွာ ပြုတ်ကျလာပြီး ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ်ကို စိုရွှဲစေကာ သူ့ချီနှင့် သွေးစွမ်းအားကို အားနည်းစေခဲ့သည်။

ဤအေးစက်သော ဆောင်းရာသီထဲမှာ, ရေကန်ထဲမှ ရေများ ခန္ဓာကိုယ်ပေါ် ပက်ဖြန်းလာပြီး အေးစိမ့်သည့် လေပြင်းတိုက်ခတ်မှုနှင့် ကြုံတွေ့ရသည့်အခါ ရေခဲသလင်းကျောက်များပင် ဖြစ်ပေါ်လာစေနိုင်သည်။ သိုင်းသူတော်စင်တစ်ဦးပင်လျှင် ထိုအခြေအနေကို ခံနိုင်ရည်ရှိဖို့ ခက်ခဲလိမ့်မည်။ သူ့ချီနှင့် သွေးစွမ်းအားသည် မလွှဲမသွေ အားနည်းသွားလိမ့်မည်။

ထို့နောက် ဟုန်ယွိသည် သူ့အတွေးတွေကို ထပ်မံလည်ပတ်စေပြီး အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တကို ဆင့်ခေါ်ကာ ဝူအိမ်တော်ထိန်း၏ ခွန်အားကို တဖန်တစ်ချင်း ချေမှုန်းစေခဲ့သည်။ အဆုံးတွင် ဝူအိမ်တော်ထိန်း၏ အင်အားကုန်ခမ်းပြီး ချီနှင့် သွေးစွမ်းအားတို့ ခန်းခြောက်သွားသည့် အခါ, သူဆန္ဒရှိသလို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်။

ထို့အပြင် ဟုန်ယွိသည် ဝူအိမ်တော်ထိန်းကို ဖမ်းဆီးပြီး ကောင်းကင်ဘုံသေမင်းဘီး၏ ကျင့်စဉ်နည်းလမ်းနှင့် သူ့မိခင်နှင့် ပတ်သက်သည့် အကြောင်း အရာများစွာကို စစ်ဆေးမေးမြန်းလိုသည်။

“ဝူအိမ်တော်ထိန်း၊ ကျွန်တော် ခင်ဗျားကို ကူညီမယ်။”

ရေစိုရွှဲနေသော ဟုန်ခမ်းသည် သူ့ကိုယ်ပေါ်က ပိုးထည်အဝတ်ကို လှုပ်ခါပြီး မဟာဆရာသခင်အဆင့်၏ လက်သီးပညာရပ်၏ အစွမ်းကို ထုတ်ဖော် ပြသလာခဲ့သည်။ သူသည် ရေထဲမှ ထွက်လာသော အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တလေးပါး ကျွန်းပေါ် ခုန်တက်လာသည်ကို မြင်ပြီး မထိန်းနိုင်ဘဲ ဒေါသတကြီး ဟိန်းဟောက်ကာ လက်သီးဖြင့် ထိုးလိုက်သည်။ ပြင်းထန်သော လက်သီးအင်အားသည် ပတ်ဝန်းကျင်ကို လှုပ်ခတ်စေပြီး သူ့လက်ဖဝါးက နီရဲလာကာ သူ့တစ်ကိုယ်လုံး ပူပြင်းသော သွေးအငွေ့အသက်ကို ထုတ်လွှတ်လိုက်ပါသည်။

“မေရုတောင်တံဆိပ်။”

ဟိန်းဟောက်သံနှင့်အတူ ဟုန်ခမ်းသည် သူ့အင်အားကို အပြည့်အဝကို ထုတ်သုံးခဲ့သည်။

“နဂါးဆင်တံဆိပ်။”

ဟုန်ယွိသည် ဟုန်ခမ်း၏ မေရုတောင်တံဆိပ် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။ ထိုလက်သီးပညာရပ်သည် ကြီးကျယ်ခမ်းနားပြီး အင်အားကြီးမားသည်။ လက်သီးစွမ်းအင်သည် ရေဗောဓိသတ္တတစ်ပါး၏ ခန္ဓာကိုယ်ကို မထိခင် ရေဗောဓိသတ္တသည် အနည်းငယ် လျော့ရဲလာသည့် လက္ခဏာကို ပြသလာခဲ့သည်။ ထို့ကြောင့် အတွေးတစ်ခုဖြင့် ယန်လေပြင်းက တိုက်ခတ်လာခဲ့ရာ ဗောဓိသတ္တ၏ ခန္ဓာကိုယ်သည် ရုတ်တရက် မာကျောလာပါသည်။ နဂါးဆင်တံဆိပ်သည် ဟုန်ခမ်း၏ မေရုတောင်တံဆိပ်နှင့် တိုက်မိသွားခဲ့သည်။

လက်သီးနှစ်ခုသည် အပြင်းအထန် ထိပ်တိုက် တွေ့ဆုံသွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် မြည်ဟီးထွက်ပေါ်လာသည်။

အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ရေဗောဓိသတ္တသည် မရေတွက်နိုင်သော ရေစက်များစွာအဖြစ် ပြောင်းသွားခဲ့သည်။

ဟုန်ခမ်းသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ခဲ့ရသည်။ သူ့မျက်နှာက ဖြူဖျော့သွားပြီး၊ အသက်ပြင်းပြင်း ရှူပြီးမှသာ တဟုန်ထိုး ထိုးထွက်နေသော သူ့ချီနှင့် သွေးစွမ်းအားကို ဖိနှိပ်နိုင်ခဲ့ပြီး မျက်နှာက မူလအရောင် ပြန်သမ်းလာခဲ့သည်။

သူသည် ရေဗောဓိသတ္တကို ဖြိုခွဲနိုင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်လည်း တန်ပြန်အားကြောင့် ပြင်းပြင်း ထန်ထန် လှုပ်ခတ်သွားသည်မှာ ထင်ရှားပါသည်။

“မဆိုးပါဘူး…၊ မဆိုးပါဘူး။ မင်းက ငါ့အတွေးနှစ်ခုကို ခံနိုင်ရည်ရှိနေပြီပဲ။”

ဟုန်ယွိက ပြုံးလိုက်ပါသည်။ သူသည် ဟုန်ခမ်း၏ အင်အားကို ခန့်မှန်းပြီးသား ဖြစ်နေပြီ။

“သခင်လေးခမ်း၊ သတိထားပါ။ သူက ကျွန်တော့်ခွန်အားကို ချေမှုန်းပြီး သွေးစွမ်းအားကို အားနည်းအောင် လုပ်နေတာ။ သူက ကျွန်တော့်ကို ရေကို သိပ်သည်းနိုင်တဲ့ သူ့တာအိုပညာနဲ့ ထိန်းချုပ်ထားတယ်။ ဒီပုံရိပ်ယောင် လေဟာနယ်ကမ္ဘာကို ဖြတ်ကျော်ပြီး ကမ်းပေါ် ထွက်ပြေးဖို့ နည်းလမ်းရှာရ မယ်။ ဒီကျွန်အိုကြီးရဲ့ အကာအကွယ်နဲ့ဆို သူက ယာယီအနေနဲ့ ကျွန်တော့်အနား လာရဲမှာ မဟုတ်ဘူး။ သူက ကျွန်တော်ကို နောက်ဆုံးတိုက်ကွက် အဖြစ် ကျွန်တော့်ရဲ့ သွေးချီကို ဖြိုခွဲပြီး၊ ကောင်းကင်ဘုံသေမင်းဘီး လက်သီးဆန္ဒကို အသုံးမပြုနိုင်အောင် ဟန့်တားထားတယ်။”

ကျယ်လောင်သော ပေါက်ကွဲသံ သုံးချက်နှင့်အတူ အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တသုံးပါးသည် ဝူအိမ်တော်ထိန်း၏ လျှပ်စီးလို အမြန်နှုန်းဖြင့် ဖြိုခွင်းခံလိုက်ရပြီး ရေစက်များအဖြစ် ပြောင်းသွားခဲ့သည်။

“ဝူအိမ်တော်ထိန်း၊ ခင်ဗျားက သိုင်းသူတော်စင်တစ်ဦးပဲ။ ခံနိုင်ရည်ကြီးမားတယ်။ သူ့စိတ်ဝိညာဉ် စွမ်းအားက အဲ့ဒီလောက် သန်မာမယ်လို့ ကျုပ် မယုံဘူး။ သူက ကျုပ်တို့ကို ဖြိုခွဲဖျက်ဆီးဖို့ အတွေးတွေ တစ်ခုပြီးတစ်ခု ခွဲထုတ်နေရတာလေ။”

ဟုန်ခမ်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီး အလျင်အမြန် ပြောလိုက်ပါသည်။

“သူ့စိတ်ဝိညာဉ် စွမ်းအားက မယုံနိုင်လောက်အောင် သန်မာတယ်။ သာမန် တစ္ဆေအင်မော်တယ်တွေမှာ စိတ်ဝိညာဉ် စွမ်းအားဆိုတာ ကန့်သတ်ချက် ရှိတယ်။ ဒါပေမယ့် သူ့စိတ်ဝိညာဉ် စွမ်းအားဟာ အကန့်အသတ် မရှိဘူး။ သာမန် တစ္ဆေအင်မော်တယ်တွေရဲ့ စိတ်ဝိညာဉ် စွမ်းအားက ကျွန်တော့်ရဲ့ ခုခံနိုင်စွမ်းကို မယှဉ်နိုင်ဘူး။ အတွေးရာချီ ခွဲထွက်ပြီးရင် သူ့တို့အင်အား ကုန်ခမ်းသွားပြီး ထွက်ပြေးရမယ်။ သူ ဘယ်လို ပညာရပ်မျိုးကို ကျင့်ကြံနေလဲ မသိဘူး။”

ဝူအိမ်တော်ထိန်း ပြောနေစဉ်မှာ ဟုန်ယွိသည် လက်ညှိုးထိုးလိုက်ပြီး၊ ရေပြင်ပေါ်မှာ အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တရှစ်ပါး ပေါ်လာ ပြန်ပြီး ကျွန်းဘက်သို့ ပြေးဝင်လာသည်ကို မြင်လိုက်ရပါသည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ် စွမ်းအားသည် နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်ကာ၊ အတွေး တစ်ထောင် ခွဲထုတ်ရင်တောင် သူ့စိတ်ဝိညာဉ် စွမ်းအားက ကုန်ခမ်းသွားမည် မဟုတ်ကြောင်း သူ သိထားသည်။

“အလင်းလွင့်မျှော အရိပ်ကိုယ်ဖျောက်။ နတ်ဘုရားလက်သီး ရှစ်ချက်။”

အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ရေဗောဓိသတ္တ ရှစ်ပါး ကမ်းဘက်သို့ ပြေးဝင်လာချိန်မှာ ဝူအိမ်တော်ထိန်းသည် ပြိုင်ဘက်ကင်း လှုပ်ရှားမူပညာရပ် ဖြစ်သည့် လျှပ်တပြက်အလင်းရိပ် ဖြတ်သန်းခြင်းကို အသုံးပြုလိုက်ပါသည်။ လျှပ်တပြက် အချိန်တွင်းမှာ မှုန်ဝါးဝါး အရိပ်ရှစ်ခုသည် အံ့အားသင့်ဖွယ် အမြန်အနှုန်းဖြင့် လှုပ်ရှားလျက် ထွက်ပေါ်လာခဲ့သည်။ တစ္ဆေသရဲများနှင့် စိတ်ဝိညာဉ်များ၏ အမြန်နှုန်းပင် ဝူအိမ်တော်ထိန်း၏ထက်ဝက် မရှိပေ။

ထပ်မံ၍ ပေါက်ကွဲသံရှစ်ချက် ထွက်ပေါ်လာမူနှင့်အတူ ရေဗောဓိသတ္တတွေ အားလုံး အပိုင်းအစတွေအဖြစ် ဖျက်ဆီးခံလိုက်ရသည်။

“ယွိ သခင်လေး၊ သခင်လေးအနေနဲ့ သခင်လေးရဲ့ နတ်ဘုရား စွမ်းရည်တွေက ပြိုင်ဘက်ကင်းပြီး၊ တာအို မှော်ပညာရပ်က အကန့်အသတ်မရှိဘူးလို့ ထင်နေတယ်။ သခင်လေးက မြို့စားကိုတောင် ဂရုမစိုက်ဘူး။ ဒါဆိုလည်း ကျွန်းပေါ်တက်လာပြီး ဒီကျွန်အိုကြီးနဲ့ တကယ့် တရားမျှတတဲ့ တိုက်ပွဲတစ်ခု လာတိုက်ခိုက်ပါ။ အဝေးကနေ တာအိုပညာရပ်ကို အသုံးပြုပြီး၊ ဒီကျွန်အိုကြီးရဲ့ ခုခံနိုင်စွမ်းကို တိုက်ခိုက်ချေမှုန်းစရာ မလိုပါဘူး။ တကယ်လို့, သခင်လေးရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က ကျွန်းပေါ် သက်ဆင်းလာပြီး ဒီကျွန်အိုကြီးရဲ့ တစ်ချက်ထိုးနှက်မှုကို ခံနိုင်ရင် ဒီကျွန်အိုကြီးက ချက်ချင်း လက်နက်ချမယ်။”

နတ်ဘုရားလက်သီး ရှစ်ချက်ကို အသုံးပြုပြီးနောက် ဝူအိမ်တော်ထိန်းသည် ဟုန်ယွိကို ခက်ထန်စွာ အော်ပြောလိုက်သည်။ “ယွိသခင်လေး၊ ဒီကျွန်အိုကြီးရဲ့ အစွမ်းက မြို့စားရဲ့ ဆယ်ရာခိုင်နှုန်းတောင် မရှိဘူး။ တကယ်လို့, သခင်လေးအနေနဲ့ ဒီကျွန်အိုကြီးဆီကနေ ကောင်းကင်ဘုံသေမင်းဘီးရဲ့ တကယ့် နက်နဲတဲ့ လျှို့ဝှက်ချက်ကို ရှာဖွေချင်တယ်ဆိုရင် ကျွန်းပေါ်လာပြီး တိုက်ခိုက်ပါ။ ဒီကျွန်အိုကြီးမှာ ကောင်းကင်ဘုံသေမင်းဘီးရဲ့ ပြန်လည်မွေးဖွားခြင်းဖျက်ဆီးခြင်းဆေးဆိုတဲ့ လှုပ်ရှားမှုတစ်ခု ရှိတယ်။ ဒီလှုပ်ရှားမူက ခန္ဓာကိုယ် အပ်စိုက်မှတ်တွေကို ဖျက်ဆီးပစ်နိုင်တယ်။ လျှပ်တပြက်အတွင်း ခွန်အားအားလုံးကို ပေါက်ကွဲထွက်စေနိုင်ပြီး တစ္ဆေအချို့နဲ့ နတ်ဘုရားအချို့ကိုတောင် ရှင်းလင်းပစ်နိုင်တယ်။ ယွိသခင်လေး ခံနိုင်ရည်ရှိမလား မသိဘူး။ ယွိသခင်လေးအနေနဲ့ ဒီလှုပ်ရှားမူကိုတောင် မခုခံနိုင်ရင် မြို့စားကို စိန်ခေါ်ဖို့ အရည်အချင်း မရှိဘူး။ ယွိသခင်လေး ကျွန်းပေါ် ဆင်းပြီး ဒီကျွန်အိုကြီးနဲ့ တိုက်ခိုက်ရဲလား…။”

“ဟမ့်။”

ဝူအိမ်တော်ထိန်း၏ လှုံ့ဆော်သံကို ကြားပြီးနောက် ဟုန်ယွိသည် နောက်ထပ် လုံးဝ မလှုပ်ရှားတော့ပါဘူး။ သူက တာအိုပညာရပ် အသုံးပြုခြင်းကို ရပ်တန့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဒါက ကျုပ်နဲ့ ဟုန်ရွှန်ကျိရဲ့ ကိစ္စပဲ။ ခင်ဗျားလို ကျွန်အိုကြီးတစ်ယောက်က တခြားလူတွေရဲ့ ကိစ္စထဲ ဝင်စွက်ဖက်စရာ မလိုဘူး။ အစောပိုင်း သိုင်းသူတော်စင်လေး တစ်ယောက်က ကျုပ်နဲ့ အစစ်မှန်တိုက်ပွဲ ဆင်နွှဲဖို့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလား။ အခုနက ကျုပ်က ခင်ဗျားနဲ့ ကစားပေးရုံပဲ။ ခင်ဗျားရဲ့ ကောင်းကင်ဘုံသေမင်းဘီးကို လေ့လာကြည့်ချင်ရုံပဲ။ ကောင်းပြီလေ၊ ခင်ဗျားက ကျုပ်နဲ့ တိုက်ခိုက်ချင်တယ်ဆိုမှတော့, ကျုပ်ရဲ့ လှုပ်ရှားမှုအချို့ကို ပြပေးမယ်။ ခင်ဗျား ခံနိုင်ရည်ရှိမရှိ ကြည့်မယ်။ ခင်ဗျား ခုခံနိုင်ရင် ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်။”

ဟုန်ယွိသည် စကားပြောနေချိန်မှာ သူ့စိတ်ဝိညာဉ်၏ စွမ်းအား ထက်ဝက်ကို ခွဲထုတ်လိုက်သည်။ ကန်ရေပြင်ပေါ်မှာ သန်မာပြီး နွေးထွေးသော လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်လာခဲ့သည်။ ရေကန်၏ ရေပမာဏများစွာသည် စုစည်းလာခဲ့ပြီး ယခင်ကထက် ဆယ်ဆ ပိုကြီးမားသော အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တတစ်ပါး ဖြစ်ပေါ်လာခဲ့သည်။

ထိုဗောဓိသတ္တသည် စကားတစ်ခွန်းမှ မပြောဘဲ ကောင်းကင်ယံကို ဟိန်းဟောက်ပြီး လက်သီးဖြင့် ထိုးလိုက်သည်။

ဧရာမလက်သီးကြီးသည် လူတစ်ယောက်ထက်ပင် ပိုကြီးမားသည်။ ပြင်းထန်သော လေပြင်း တိုက်ခတ်မှုနှင့်အတူ ကျွန်းပေါ်က သစ်ပင်တွေ အမြစ်ပြတ်တွေ ပြတ်ထွက်ကာ ပျက်စီးသွားကြသည်။

ထိုလက်သီးတစ်ချက်၏ စွမ်းအားက ရွှေပင့်ကူဘုရင် ကောင်းကင်စုန်းမြို့တော် အပြင်ဘက် တောအုပ်ထဲတွင် မဟူရာဝံပုလွေဘုရင်နှင့် တခြားကျွမ်းကျင်သူများကို လျှို့ဝှက် တိုက်ခိုက်ခဲ့သည့် စွမ်းအားထက်ပင် ပိုသန်မာနေခဲ့သည်။

ကျွန်းတစ်ခုလုံး လှုပ်ခတ်သွားပြီး ထိုပြင်းထန်သော လေပြင်းနှင့်အတူ လေထဲ ပျံတက်သွားတော့မည့် အလားပင်။

ဝုန်း။

ဟုန်ခမ်းသည် လေပြင်းတိုက်ခတ်မှုနှင့်အတူ လွင့်ပျံသွားပြီး ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

ဝူအိမ်တော်ထိန်းသည် ဟုန်ခမ်းကို ဂရုစိုက်နိုင်သည့် စွမ်းရည် မရှိတော့ပါဘူး။ ယင်းအစား သူသည် သူ့လက်ဖဝါးတွေကို လှုပ်ရှားပြီး၊ ကောင်းကင်တိုင်းထွာပေတံ နှစ်ချောင်းကို လတ်ဆတ်သော သူ့သွေးများဖြင့် စွန်းထန်းစေသည်။ ထို့နောက် တစ်ချိန်တည်းဆိုသလို, သူသည် သာမန် မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် သူ့လက်တွေကို လှုပ်ရှားလိုက်သည်။ ကောင်းကင်တိုင်းထွာပေတံ တစ်ချောင်းသည် လေထဲသို့ ပျံထွက်သွားပြီး ပြင်းထန်သော လေပြင်းတိုက်ခတ်မှု အလယ်သို့ ကျရောက်သွားခဲ့သည်။

ဘန်း…။

လေကိုတားဆီးနိုင်သည့် ပုတီးစေ့များကဲ့သို့ ကောင်းကင်တိုင်းထွာပေတံ ပစ်လွှတ်လိုက်ချိန်မှာ ပြင်းထန်သော လေပြင်းတိုက်ခတ်မှုသည် ချက်ချင်း ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဧရာမ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တသည်လည်း စတင်ပြိုကွဲလာခဲ့သည်။

သို့သော်, ထိုပြိုကွဲမှုသည် အပြည့်အဝ ပြိုကွဲသွားခြင်း မဟုတ်ပေ။ ထိုပြိုကွဲနေချိန်မှာ ဗောဓိသတ္တ၏ အလယ်ဗဟိုမှာရှိသည့် ရေစက်အလုံးတစ်ခုသည် လေထဲသို့ ပျံထွက်သွားပြီး၊ မိုးခြိမ်းသံနှင့်အတူ လျှပ်စီးမီးလုံးအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ ဝူအိမ်တော်ထိန်းဆီသို့ ပြင်းထန်စွာ ပျံသန်းသွားခဲ့သည်။

ဝူအိမ်တော်ထိန်းသည် ထပ်မံ၍ လှည့်ပတ်ပြီး ဟိန်းဟောက်ပြန်သည်။ ပေတံက ရေစက်အလုံးကို ထိုးနှက်သော်လည်း ရေစက်အလုံးကို မထိတွေ့ခင် ထိုရေစက်အလုံးသည် ပေါက်ကွဲခဲ့သည်။

ပြင်းထန်သော ရေမြှားများ၊ ရေဓားများ၊ ရေတူများ၊ ရေတုတ်များသည် လျှပ်တပြက် ဆိုသလို ပစ်လွှတ်သည်။

ဝူအိမ်တော်ထိန်းသည် ပြင်းထန်သော ထိုပေါက်ကွဲမှုကြောင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားခဲ့သည်။ သူ ပြန်ထလာချိန်မှာ သူ့လက်မောင်းနှင့် မျက်နှာပေါ်တွေ ဒဏ်ရာများစွာ ရှိနေသော်လည်း သွေးထွက်ခြင်း မရှိပေ။

“ရတနာ လရောင်ဘုရင်ခန္ဓာကိုယ်။ အကန့်အသတ်မဲ့ အလင်း၊ အကန့်အသတ်မဲ့ အသက်တမ်း၊ အကန့်အသတ်မဲ့ မြင့်မြတ်မူ။”

ဝူအိမ်တော်ထိန်းကို ထိုရေစက်များဖြင့် မြေပြင်ပေါ် ပစ်ချပြီးနောက် ဟုန်ယွိသည် ရပ်တန့်နေခြင်း မရှိခဲ့ပေ။ ယင်းအစား, ရေပြင်ပေါ်တွင် ရပ်တန့်နေသော သူ့ခန္ဓာကိုယ်သည် ရွေ့လျားသွားပြီး သက်တန့် အရှည်ကြီးအဖြစ် ပြောင်းလဲခဲ့သည်။ မရေတွက်နိုင်သော အလင်းတန်းများစွာသည် သူ့ခန္ဓာကိုယ်ပေါ် စုစည်းလာပြီး ရုတ်တရက် ကျွန်းပေါ် ဆင်းသက်ကာ ဝူအိမ်တော်ထိန်းနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်သည်။

ဟုန်ယွိ၏ ခန္ဓာကိုယ်သည် အလင်းရောင်ဖြင့် ဖုံးလွှမ်းနေပြီး သံမဏိ သုံးမြှောင့် ခက်ရင်းခွကို ကိုင်ဆောင်ထားသည်။ တစ်ချက် လှုပ်ရှားသွားကာ “လျှပ်တပြက် မိုးကြိုးစက်ဝိုင်းအလင်း” “ယင်ယန်ကပ်ဘေး” သိုင်းကွက်တို့နှင့်အတူ သံမဏိ သုံးမြှောင့်ခက်ရင်းခွသည် ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ်ကို လုံးဝ ဖုံးလွှမ်းသွားခဲ့ပါသည်။

“အား…။ လျှပ်တပြက် မိုးကြိုးစက်ဝိုင်းအလင်း၊ ယင်ယန်ကပ်ဘေး…။”

ဝူအိမ်တော်ထိန်းသည် မြေပြင်ပေါ် ပစ်လဲခါစ ဖြစ်သည်။ သူသည် ပြန်ထလာသော်လည်း သူ့ချီနှင့် သွေးစွမ်းအားက မတည်မငြိမ် ဖြစ်နေပြီး ခွန်အားစုစည်းနိုင်ခြင်း မရှိသေးပေ။ သူ သူ့အသိအာရုံ ပြန်လည် မကောင်းခင်မှာ ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ရောက်ရှိလာပြီး ပူပြင်းသော အစစ်မှန် သိုင်းသူတော်စင် လက်သီးဆန္ဒဖြင့် ဖုံးလွှမ်းခံလိုက်ရခြင်း ဖြစ်သည်။

ကျန်ရှိနေသော ကောင်းကင်တိုင်းထွာ ပေတံသည် ရုတ်တရက် လည်ပတ်သွားပြီး ဟုန်ယွိ၏ ရတနာ လရောင်ဘုရင်ခန္ဓာကိုယ် သံမဏိ သုံးမြှောင့်ခက်ရင်းခွကို ပြင်းထန်စွာ တွန်းလှန်သည်။

“မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်မှာ ဘာလို့ သိုင်းသူတော်စင် လက်သီးဆန္ဒ ရှိနေတာလဲ။ မင်းက တကယ်ပဲ အတွေးမရှိငြိမ်သက်မှု အခြေအနေကို နားလည်ခဲ့တာလား။” ဝူအိမ်တော်ထိန်းသည် ဟုန်ယွိ၏ စိတ်ဝိညာဉ်က သူ့သိုင်းသူတော်စင်၏ သွေးစွမ်းအားကို လုံးဝ ကြောက်ရွံ့ခြင်းမရှိကြောင်း မြင်ပြီး သူ့မျက်နှာ အမှုအရာက ပြောင်းလဲသွားခဲ့သည်။

“ကောင်းကင်နဲ့ မြေကြီး မီးဖို။”

ဟုန်ယွိသည် ဝူအိမ်တော်ထိန်းကို အသက်ရှူခွင့် မပေးခဲ့ပါဘူး။ ချက်ချင်းဆိုသလို သူ့နတ်ဘုရား စိတ်ဝိညာဉ်ဖြင့်် စုစည်းထားသော ရတနာ လရောင်ဘုရင်ခန္ဓာကိုယ်ကို အသုံးပြု၍၊ မိုးကြိုးလျှပ်စီး ဆေဘာကျမ်းထဲမှ အစွမ်းထက်ဆုံး သိုင်းကွက်ဖြစ်သည့် ကောင်းကင်နှင့်မြေကြီးမီးဖို သိုင်းကွက်ကို ထုတ်ဖော်လိုက်ပါသည်။

ဘုန်း…။

သူ့နတ်ဘုရား စိတ်ဝိညာဉ်အတွင်းမှာ, အစစ်မှန် သိုင်းသူတော်စင် လက်သီးဆန္ဒသည် ပြင်းထန်စွာ လည်ပတ်နေသည်။ မြေကြီးပြိုဆင်းလောက်သည့် အော်ရာက ဝူအိမ်တော်ထိန်းကို ဖုံးလွှမ်းနေခဲ့သည်။ သံမဏိ ခက်ရင်းခွသည် စပါးအုံးမြွေတစ်ကောင်, ရေနဂါးတစ်ကောင်းကဲ့သို့ ရူးသွပ်စွာ ကခုန်နေခဲ့ သည်။

ဝူအိမ်တော်ထိန်း၏ မျက်လုံးထဲတွင် ကောင်းကင်နှင့် မြေကြီးသည် အမှန်တကယ်ပင် အနီရောင် မီးဖိုကြီး ဖြစ်သွားသလို ခံစားရပြီး၊ သူသည် ထိုမီးဖိုကြီးထဲတွင် သန့်စင်ခံနေရပါသည်။

လွန်ခဲ့သည့် အခိုက်တန့်, ဝူအိမ်တော်ထိန်း မြေပြင်ပေါ် ပစ်ချမခံရခင်ကဆိုလျှင်, သူသည် ပြင်းထန်စွာ တွန်းလှန်နိုင်ခဲ့သော်လည်း, အခု မြေပြင်ပေါ် ပစ်ချခံရပြီးနောက် ချီနှင့် သွေးစွမ်းအားကို ချိန်ညှိနိုင်ခြင်း မရှိတော့သလို သူ့ခွန်အားကိုလည်း စုစည်းနိုင်ခြင်း မရှိတော့ပါဘူး။

တစ်နည်းအားဖြင့် သူ အလစ်ငိုက် တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်ပါသည်။

ဝုန်း။

သံမဏိ သုံးမြှောင့်ခက်ရင်းခွသည် သူ့လည်ချောင်းထဲ ထိုးစိုက်သွားခဲ့သည်။ လတ်ဆတ်သော သွေးအများပြား ပန်းထွက်လာသည်။

သွေးများစွန်းထန်းနေသော သံမဏိ သုံးမြှောင့်ခက်ရင်းခွသည် အပိုင်းအစများအဖြစ် ပြိုကွဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သော်လည်း သွေးများသည် သူ့ကိုယ်ပေါ်မှ လွင့်စင်သွားခြင်း မရှိပေ။

ဝူအိမ်တော်ထိန်း၏ လည်ချောင်းဘေးတွင် လက်ချောင်းအရွယ် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ သွေးတွေ ပန်းထွက်လာသည်နှင့်အမျှ မကောင်းသော အတွေးများဖြင့် သိပ်စည်းထားသော သံမဏိ သုံးမြှောင့်ခက်ရင်းခွလည်း ပြိုကွဲသွားခဲ့သည်။ သူသည် ပြင်းပြင်းထန်ထန် ဟိန်းဟောက်ပြီး ပြင်းထန်စွာ နောက်ဆုတ်ခဲ့သွားသည်။ သူ့လက်ဖြင့် လည်ချောင်းဘေးက အပေါက်ကြီးကို အုပ်ထားပြီး ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။ သွေးထွက်တာ ချက်ချင်း ရပ်တန့်သွားသည်။ သို့သော် သူ့မျက်နှာက ဖြူဖျော့သွားခဲ့ပြီး ခြေလက်အင်္ဂါအစိတ်ပိုင်းတွေက သိသိသာသာ ခွန်အားမဲ့သွားခဲ့သည်။

ဝုန်း၊ ဝုန်း။

ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်သည်။ “ခင်ဗျားက ကျုပ်သိုင်းပညာကို ဖျက်ဆီးချင်တယ်ဆိုမှတော့, ကျုပ် ခင်ဗျားရဲ့ သိုင်းပညာကို ဖျက်ဆီးမယ်။”

သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်, ရေစီးကြောင်းနှစ်ခုက ချွန်ထက်သော ဓားများအသွင် စုစည်းလာကာ ပြင်းထန်စွာ လှီးဖြတ်လိုက်ပါသည်။ ဝှီး….၊ ဝှီး..၊ ဝူအိမ်တော်ထိန်း၏ လက်နှင့် ခြေသလုံးအရွက်အားလုံး ဖြတ်တောက်ခံလိုက်ရသည်။

ဤအချိန်တွင် ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ်သည် လုံးဝ အားအင်မဲ့သွားခဲ့ပြီ။ ချီနှင့်သွေးစွမ်းအားကို မစုစည်းနိုင်တော့ပါဘူး။ သူ့စိတ်ဝိညာဉ် အားနည်းသွားခဲ့ပြီး။ တစ္ဆေသရဲတွေ, နတ်ဘုရားတွေ ကျူးကျော်ဝင်ရောက်ခြင်းကို ဟန့်တားနိုင်သည့် ချီနှင့် သွေးနီရောင်အလင်းကို မပိုင်ဆိုင်နိုင် တော့ပေ။

ချီနှင့် သွေးနီရောင်အလင်းတန်းသည် လူတစ်ယောက်၏ ရုပ်ခန္ဓာကိုယ်ခွန်အားနှင့် စိတ်ဝိညာဉ်တို့ အထွဋ်အထိပ်တွင် ရှိနေမှသာ စုစည်းနိုင်သော အရာ ဖြစ်ပါသည်။ အခု ဝူအိမ်တော်ထိန်း၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် ကုန်ဆုံးသွားခဲ့ပြီး၊ သူ့စိတ်ဝိညာဉ် လန်းဆန်းနေလျင်ပင်, သူသည် တာအိုပညာရပ်များကို တွန်းလှန်နိုင်စွမ်းမရှိတော့ပေ။

“ခင်ဗျားရဲ့ အသက်စွမ်းအင်က အခုအချိန်ထိ သန်မာနေဆဲ ဖြစ်ပြီး မသေနိုင်သေးဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ သိုင်းပညာကတော့ လုံးဝ ဖျက်ဆီးခံရပြီ။ သိုင်းပညာ ဖျက်ဆီးခံရတဲ့ အရသာကို ခင်ဗျား ခံစားနိုင်ပါစေ။ ကျုပ်နဲ့လိုက်ခဲ့။ ကောင်းကင်ဘုံသေမင်းဘီးရဲ့ လျှို့ဝှက်ချက်နဲ့ အတိတ်က ဖြစ်ရပ် တချို့ကို ကျုပ်ကို မပြောပြဘူးဆိုရင်, ခင်ဗျား သေချင်ရင်တောင် သေလို့မရဘူး။”

ဟုန်ယွိသည် သူ့လက်ငါးချောင်းဖြင့် ဆုပ်ကိုင်ပြီး ဝူအိမ်တော်ထိန်းကို မြှောက်တင်လိုက်ပါသည်။ ထို့နောက်, သူ့အကြည့်တွေက ရေထဲမှာရှိနေသာ ဟုန်ခမ်းဆီ ကျရောက်သွားခဲ့ပြီး လက်ဖြင့် ဆုပ်ကိုင်ဟန် ပြုလုပ်လိုက်ပါသည်။ ချက်ချင်းပင် ရေပြင်ပေါ်မှာ ဧရာမ လက်ချောင်းကြီးတစ်ခု ပေါ်လာပြီး ဟုန်ခမ်းကို ဆုပ်ကိုင်ကာ မြှောက်တင်ပြီး ကျွန်းပေါ် ပြန်သယ်ဆောင်လာခဲ့သည်။

“ဟုန်ယွိ။ ငါ့ကို သတ်ရဲတယ်လား။”

ဟုန်ယွိသည် ဟုန်ခမ်းကို ကျွန်းပေါ် ဆွဲတင်လိုက်ပြီး၊ သူ့တစ်ကိုယ်လုံး ရေကြိုးများဖြင့် ချည်နှောင်ခံထားကာ၊ သူ မည်မျှ ရုန်းကန်နေပါစေ မလှုပ်ရှားနိုင်ခဲ့ဘူး။

ဤအချိန်တွင် တချိန်တုန်းက မာန်တက်နေသော ဝူဝမ်မြို့စား၏သားသည် သူ့မျက်လုံးထဲတွင် အကြောက်တရား အနည်းငယ် ပေါ်လွင်နေပါသည်။

“သေချာပေါက်, ငါ မင်းကို သတ်မှာ မဟုတ်ဘူး။ ငါ မင်းကို အရူးတစ်ယောက် အဖြစ် ပြောင်းပေးရုံပဲ။ မင်းရဲ့ ရွေ့ယန်ခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် မင်းဘဝကို ပျော်ပျော်ရွှင်ရွှင် နေရစေမယ်။ တကယ်လို့, ဟုန်ရွှန်ကျိသာ ဝူဝမ်မြို့စားစံအိမ်မှာတုန်းက ငါ့ကို ဖိနှိပ်မထားခဲ့ရင် ငါ စစ်ပွဲတွေမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိနေလောက်ပြီ။ အခု ငါ မင်းခန္ဓာကိုယ် ခေတ္တငှားရမ်းယူပြီး အုပ်ချုပ်ရေးမှူးဖြစ်ရတဲ့ ခံစားချက်ကို ခံစားကြည့်ဦးမယ်။”

ဟုန်ယွိ ပြုံးရင်း ပြောသည်။

“မင်း ဘာလုပ်ချင်တာလဲ။” ဟုန်ခမ်းက ကြောက်ရွံ့စွာ မေးသည်။

“ဘာမှ မဟုတ်ဘူး။ မင်း ခန္ဓာကိုယ်သိမ်းပိုက်ခြင်း တာအိုပညာရပ် သိတယ်မလား။” ဟုန်ယွိက ပြုံးရင်း ပြောသည်။ “ငါက ငါ့အတွေးတစ်ခု မင်းဆီမှာ တွယ်ကပ်ပြီး မင်းခန္ဓာကိုယ်ကို ထိန်းချုပ်မယ်။ ပြီးရင် အခြေအနေကို ရှင်းလင်းမယ်။ နောက် ဆယ်ရက် ဆယ့်ငါးရက်လောက်ကြာလို့ အခြေအနေ တည်ငြိမ်သွားတဲ့အခါ, မင်း သိုင်းကျင့်နေချိန်မှာ နတ်ဆိုးပူးဝင်ခံရပြီး၊ အရူးတစ်ယောက် ဖြစ်သွားတယ်ပေါ့။ အဲဒီအခါ ဘယ်သူမှ ဒီအကြောင်းကို မသိနိုင်တော့ဘူး။”

“သခင်လေးယွိ၊ သခင်လေးခမ်းကို မနှိပ်စက်ပါနဲ့။ ဒီကျွန်အိုကြီးက ကောင်းကင်ဘုံသေမင်းဘီးရဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ်။” ဝူအိမ်တော်ထိန်းသည် မြေပြင်ပေါ် ထိုင်နေပြီး သူ့ဆံပင်တွေက ရှုပ်ပွနေကာ သူ့လည်ချောင်းမှ အသံ ထွက်လာခဲ့သည်။

“ကျုပ်က ရန်ငြိုးရှိရင် လက်စားချေရမှာပဲ။ ဒီနေ့ ကျုပ် ခင်ဗျားကို မသတ်ဘဲ သိုင်းပညာ ဖျက်ဆီးရုံနဲ့တင် ကျုပ်က ခင်ဗျားကို ကြီးမားတဲ့ ကြင်နာမူတစ်ခု ဖြစ်နေပြီ။ မဒမ်ကျောက်ဟာ ကျုပ်မွေးမိခင်ကို သတ်ပစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ခင်ဗျားဟာ ကျွန်တစ်ယောက်အနေနဲ့ သူမကို လွှတ်ထားခဲ့ရတာပဲ မဟုတ်လား။” ဟုန်ယွိက ရယ်မောပြီး ဝူအိမ်တော်ထိန်းကို ဆုပ်ကိုင်လိုက်ပါသည်။ သူ့ခန္ဓာကိုယ်က ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အတွေးတစ်ခုက ရုတ်တရက် ဟုန်ခမ်း၏ စိတ်ထဲသို့ ဝင်ရောက်သွားခဲ့ပါသည်။

အခန်း (၂၄၆)။

လေက တဖြည်းဖြည်း ပိုမိုပြင်းထန်စွာ တိုက်ခတ်လာပြီး၊ မိုးကလည်း ပိုမိုသဲမဲစွာ ရာသွန်းလာပါသည်။

ခါတိုင်းထက် ပိုမိုအေးစက်သည့် ဆောင်းမိုးဒဏ်ကြားတွင်၊ ခြံဝန်းနံရံခြေရင်းနားတွင် သံချပ်ကာဝတ် အစောင့်များသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်နှာချင်းဆိုင် ရှိနေကြပြီး၊ သူတို့မျက်နှာတွေက ဖြူဖျောကာ ခန္ဓာတစ်ခုလုံး ခိုက်ခိုက်တုန်လျက် ရှိသည်။ သို့သော်, သူတို့သည် ကိုယ့်ကိုယ်ကို နွေးထွေးစေရန် သူတို့သွေးနှင့်ချီကို မထိန်းညှိရဲကြပေ။

ဤအစောင့်များ အားလုံးသည် အထွက်အထိပ် သိုင်းသခင်များ ဖြစ်ကြသည်။

သို့သော်, သူတို့သည် သန်မာသောခန္ဓာကိုယ် တက်ကြွသော ချီစွမ်းအားနှင့်သွေးကို ပိုင်ဆိုင်ထားလျှင်ပင်, ဤဆောင်းရာသီ အေးစိမ့်နေသော မိုးသက်လေပြင်းကြားထဲတွင် လှုပ်ရှား သွားလာခွင့်မရှိ၊ နေ့ဝက်လောက် လက်နှစ်ဖက်ကို ဘေးချိတ်၍ သစ်သားတိုင်တစ်ခုလိုပင် မလှုပ်မယှက် ရပ်နေရသည်မှာ အလွန်ပင် ဆင်းရဲဒုက္ခရောက်ရသည်။ သူတို့သည် ပေါင်ခြောက်ဆယ်မှ ခုနစ်ဆယ်အထိ လေးလံလှသော ချပ်ဝတ်ကိုယ်စီကို ဝတ်ဆင်ထားပြီး၊ ဓားများနှင့် လှံများကို ကိုင်ဆောင်ထားသည်။ မိုးရေတွေက သူတို့အဝတ်အစားတွေထဲ စိမ့်ဝင်နေပြီး၊ သူတို့အနေဖြင့် လှုပ်ရှားခွင့်ရမည်ဆိုလျှင် အဆင်ပြေနိုင်သော်လည်း လှုပ်ရှားခွင့် မရကြပေ။

ရွှေ့ယန်ခရိုင် အုပ်ချုပ်ရေးမှူး၏ စည်းကမ်းသည် သံမဏိတံခါးလို တင်းကြပ်လှ၏။ သိုင်းသခင် အဆင့် အစောင့်များပင်လျှင် သစ်တိုင်တိုင်လို ဖြောင့်မတ်စွာ ရပ်နေရသည်။ တစ်ခါတလေ, သူတို့ အနည်းငယ် လှုပ်မိပြီး၊ သခင်ဟုန်ခမ်းက မြင်သွားခဲ့လျှင်, အရိုးအသားကွဲသည်အထိ ရိုက်နှက်ခံရသည်။

အဝေး တံစက်မြိတ်အောက်တွင် အိမ်ဖော်ဒါဇင်ကျော်သည် တန်းစီစောင့်ဆိုင်းနေကြသည်။ တစ်ယောက်ချင်းစီ၏ လက်ထဲတွင် စားဖွယ်ပုံးများ၊ ထီးများ၊ မီးသွေးမီးဖိုများကို ကိုင်ဆောင်ထားကြသည်။ သူမတို့သည် အဝေးရှိ ဟိုင်ဇီရေကန်အလယ် ကျွန်းပေါ်က စင်မြင်ဆီသို့ စားစရာနှင့် အရက်များကို ပို့ဆောင်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

အဝေးမှ ဟိုင်ဇီရေကန်ပေါ် စင်မြင့်သည် လေမိုးဒဏ်ကြားထဲတွင် မှုန်ဝါးဝါး မြင်နေရသည်။ ငြိမ်သက်နေသောကြောင့် ဘာမှမဖြစ်သည့်အတိုင်းပင်။ ဝူအိမ်တော်ထိန်းနှင့် ဟုန်ခမ်းတို့၏ အရိပ်နှစ်ခုသည် ဆောင်ထဲတွင် ရယ်ရယ်မောမော စကားပြောနေကြသည်။

“ကြည့်လိုက်စမ်း။ ဒါက အရာရှိတစ်ယောက်ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးပဲ။ သခင်ခမ်းက အဆောင်ထဲမှာ လက်ဖက်ရည်သောက်ရင်း မိုးရွာရှုခင်းတွေကို ခံစားနိုင်တယ်။ ငါတို့ကတော့ တံစက်မြိတ်အောက်မှာ ပြင်ဆင်နေရတယ်။ ဟိုအစောင့်တွေဆိုရင်လည်း မျက်နှာက အစိမ်းရောင်သမ်းနေပြီး တစ်ချက်လေးမှ မလှုပ်ရဲဘူး။”

ထိုစဉ် စားဖွယ်ပုံးကို ကိုင်ထားသော ကျွန်မလေးတစ်ယောက်က မချိတင်ကဲ ညည်းညူသည်။

“ရှောင်လီ၊ နင် သေမင်းကို ရှာနေတာလား။ နင်က အသစ်ဆိုတော့ စည်းကမ်းတွေကို မသိသေးဘူး။ စားသောက်ပုံးကို မြန်မြန် သပ်သပ်ရပ်ရပ် သုတ်လိုက်။ ဟင်းရည်တွေ မကျန်စေနဲ့။ ပြီးခဲ့တဲ့ တစ်ခေါက်က ရှောင်ရူဟာ သခင်ခမ်းရဲ့ လက်ဖက်ရည်ခွက်ကို သန့်ရှင်းရေးလုပ်ချိန်မှာ ခွဲလိုက်မိတယ်။ သူမဟာ ကြိုးတုပ်ပြီး ထင်းသိုလောင်ခန်းထဲမှာ ပစ်ထည့်ခံခဲ့ရတယ်။ သုံးရက်သုံးည အစာငတ်ထားပြီးနောက် သူမလည်း သေသွားတယ်။”

နောက်ကျွန်မလေးတစ်ယောက်က ချက်ချင်း တားမြစ်လိုက်သည်။ ကျွန်မလေး အုပ်စုသည် အသံတစ်ချက်မှ မထွက်ရဲတော့။

“ဒီသခင်ခမ်းဟာ ပြည်သူလူထုပိုက်ဆံကို ရှစ်ဆယ်ရာခိုင်နှုန်းကို လုယူတယ်လို့ ငါ ကြားဖူးတယ်။ သူက ငါတို့ရွာတွေလာပြီး သားသမီးတွေကို အတင်းရောင်းခိုင်းတယ်တဲ့။ ငါ့မိဘတွေမှာ ပိုက်ဆံ မရှိလို့ ငါ့ကို လူဝယ်ရုံးကို ရောင်းလိုက်ရတယ်။ ဒီတစ်ခါလည်း သူက မျောက်ဦးနှောက်နဲ့ သိုးမြေမနင်းသားကို စားချင်နေတယ်။ သူက သိုးမြေမနင်းသားကို ကိုယ်ဝန်သည်သိုးမထံမှ အရှင်လတ်လတ် ဗိုက်ခွဲထုတ်ပြီး နွားနို့နဲ့ပေါင်းစားတာတဲ့။ မျောက်ဦးနှောက်ဆိုရင်လည်း အရှင်လတ်လတ် မျောက်ဦးခေါင်းကိုခွဲပြီး၊ ဦးဏှောက်ကို စားတာ။ သူ့ကို ကောင်းကင်ဘုံက မိုးကြိုးပစ်မှာ မကြောက်ဘူးလား မသိဘူး။ ကောင်းကင်ဘုံက ဒီသခင်ခမ်းကို မိုးကြိုးပစ်သတ်ဖို့ ငါ တကယ် မျှော်လင့်တယ်။”

ကျွန်မလေးများသည် အတွေးကိုယ်စီ ရှိနေကြသည်။

ဂျိန်း…။

ထိုစဉ် ဟိုင်ဇီရေကန်ထဲမှ မိုးကြိုးသံလို အသံတစ်ချက် ထွက်ပေါ်လာသည်။

ထို့နောက် ရေကန်တစ်ခုလုံး လှိုက်လှိုက်လှဲလှဲ တုန်ခါသွားသည်။ လေမိုးဒဏ်များကြားတွင် မှုန်ဝါးဝါး မြင်နေရသော ရေပေါ်တံတားသည် နတ်ဆိုးလက်တစ်ဖက်ဖြင့် ဆွဲဖြဲခံရသည့်အလား အပိုင်းပိုင်း ကျိုးပဲ့သွားသည်။

“ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ”

ရုန့်ရင်းဆန်ခတ်အခြေအနေကို သတိပြုမိသော အစောင့်များသည် တဟုန်ထိုး ပြေးဝင်လာကြသည်။

ကျွန်မလေးများသည် ကြည့်နေကြပြီး မျက်နှာကိုယ်စီတွင် ကြောက်ရွံ့ထိတ်လန့်ခြင်းများနှင့် ပြည့်နှက်နေ၏။ “သခင်ခမ်းကို တကယ်ပဲ ကောင်းကင်ဘုံက ဒဏ်ခတ်လိုက်ပြီလား။ ကောင်းကင်ဘုံမှာ မျက်စိရှိသေးတာပဲ။”

ထိုစဉ် ရေကန်အလယ်ရှိ စင်မြင့်အဆောင်ထဲမှ ဟုန်ခမ်း၏ အသံ ထွက်ပေါ်လာသည်။ ကျွန်မလေးများ၏ မျက်နှာကိုယ်စီသည် ချက်ချင်းပင် စိတ်ပျက်အားငယ်သွားကြသည်။ သို့သော် သူမတို့သည် ထိုစိတ်ပျက်မှုကို ရင်ထဲမှာ ဖွက်ထားနိုင်ပြီး မျက်နှာပေါ်တွင် လုံးဝ ဖော်မပြရဲကြပေ။

“အုပ်ချုပ်ရေးမှူး၊ ဘာဖြစ်တာပါလဲ။”

အစောင့်များသည် လှေလှော်၍ ရေကန်အလယ် ကျွန်းဆီသို့ အလျင်အမြန် ရောက်လာကြသည်။ ထိုအခါမှ သူတို့ မြင်လိုက်ရသည်မှာ ရေကန်အလယ် ကျွန်းတစ်ခုလုံး မူလအတိုင်း မရှိတော့ပေ။ အရာအားလုံး ပြိုလဲပျက်စီးနေပြီ။ ရွေ့ယန်ခရိုင် အုပ်ချုပ်ရေးမှူး သခင်ဟုန်ခမ်း၏ပုံစံက ရေနစ်နေသော ကြွက်တစ်ကောင်ကဲ့သို့ စိုရွှဲပြီး ရှုပ်ပွနေသည်။

“ဘာမှ မမေး။ စကားမများနဲ့။ ဒီနေ့ဖြစ်သမျှ အပြင်ထွက်ခဲ့ရင် မင်းတို့ နှစ်သစ်ကို မမြင်ရတော့ဘူး…” ဟုန်ခမ်းက အက်ရှရှအသံဖြင့် ပြောသည်။ ထိုအသံကြောင့် ရှိသမျှ အစောင့်ကြပ်များအားလုံး တစ်ကိုယ်လုံး တုန်ရီသွားကြပါသည်။

ရွေ့ယန်ခရိုင် အုပ်ချုပ်ရေးမှူး၏ ရက်စက်ကြမ်းကြုတ်မှုကို အုပ်ချုပ်ရေးမှူး စံအိမ်ထဲက လူတိုင်း သိကြပါသည်။ သူ့စကားကို မနာခံလျှင် ချက်ချင်း အသက်မရှိတော့။

အမိန့်ထုတ်ပြီးနောက် ဟုန်ခမ်းက အက်ရှရှအသံဖြင့် ဆက်ပြောသည်။ “ဒီကျွန်းကို ညီညာအောင် ပြန်လုပ်ပြီး သန့်ရှင်းရေးလုပ်လိုက်။ ရေပေါ်တံတားကို ပြန်ဆက်။ ဒီနေ့ဖြစ်သမျှ မင်းတို့ ဦးနှောက်ထဲကနေ လုံးဝ ထုတ်ပစ်လိုက်။”

ထို့နောက် လှေပေါ်တက်၍ သူ့စံအိမ်သို့ ပြန်သွားသည်။ အဝတ်လဲပြီးနောက် ယုံကြည်ရသော လက်အောက်ငယ်သားအချို့ကို ခေါ်ကာ ပြောသည်။ “ဒီနေ့ ငါ နေလို့မကောင်းဘူး။ ရက်အနည်းငယ် အနားယူမယ်။ ငါ ဧည့်သည်ကိုမှ မတွေ့ဘူး။”

လက်အောက်ငယ်သားများသည် ဟုန်ခမ်း၏ အပြုအမူက ထူးဆန်းသည်ဟု ခံစားရသော်လည်း၊ အမိန့်နာခံရုံမှတစ်ပါး တွန့်တက်ခွင့် မရှိကြပေ။

ဟုန်ခမ်းသည် ကိုယ်တိုင် စာကြည့်ခန်းတံခါးကို ပိတ်ပြီး၊ အစိုးရစာရွက်စာတမ်းများကို တခဏမျှ ဖတ်သည်။ ရုတ်တရက် သူ့မျက်လုံးကို မှိတ်လိုက် ဖွင့်လိုက်ဖြင့် အကြိမ်အနည်းငယ် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ရေရွတ်သည်။ “ဟုန်ခမ်း၊ ဟုန်ခမ်း… မင်းက ငွေကြေး ရှစ်ဆယ်ရာခိုင်နှုန်းအထိ ကောက်ခံခဲ့တယ်ပေါ့။ မင်းက တကယ်ကို အရာရှိကောင်းတစ်ဦးပဲ။ ဒီလို ငါးနဲ့ဆန်ရေစပါး ပေါကြွယ်ဝတဲ့ တောင်ပိုင်းပြည်နယ်ထဲမှာ သူတို့ သားသမီးတွေကို ရောင်းချသူတွေ အများကြီးရှိနေတာ မဆန်းတော့ပါဘူး။ ကျောက်စိမ်းမြို့တော်က မင်းသားတွေ၊ ဘုရင်ခံတွေ၊ ဝန်ကြီးတွေနဲ့ မင်းမျိုးမင်းနွယ်ဝင်တွေဟာ တောင်ပိုင်းကျွန်ဈေးကွက်ကနေ နှစ်စဉ်နှစ်တိုင်း ကျွန်တွေကို အများကြီး ဝယ်ယူနိုင်တာ မဆန်းတော့ဘူး။ ပြည်သူတွေ အေးလို့သေရင်၊ ငတ်လို့သေရင်, အဲဒါက မင်းတို့ အုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်ပဲ။ ဒါပေမယ့်, မင်းကတော့ သူတို့သားသမီးတွေကိုတောင် အတင်းအဓမ္မ ရောင်းခိုင်းခဲ့တယ်။ ငါ မင်းကို တကယ် သတ်ပစ်ချင်လာပြီ။ ရွှေ့ယန်ခရိုင်ရဲ့ အခွန်ဘတ်ဂျက်က နှစ်စဉ် အရမ်းများနေတာ မဆန်းတော့ဘူး။ မင်းကတော့ အကြိမ်ပေါင်းများစွာ ချီးကျူးခံရတယ်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ကောင်လဲ။ မင်းက အခွန်လျှော့ဖို့ မတင်ပြတဲ့အပြင် ပိုတောင် တိုးခိုင်းလိုက်သေးတယ်။”

စာကြည့်ခန်းထဲတွင် အစိုးရစာရွက်စာတမ်းများ၊ ခရိုင်များမှ တင်ပြလာသော အစီရင်ခံစာများက ပုံအောနေသည်။ ဟုန်ယွိသည် တစ်ချက်လောက် ကြည့်လိုက်ရုံဖြင့် ရွှေ့ယန်ခရိုင်တစ်ခုလုံး၏ ပြည်သူဘဝအခြေအနေကို သိလိုက်သည်။

ထိုစာရွက်စာတမ်းများကို ကြည့်ရင်း ဟုန်ယွိ၏ လက်နှစ်ဖက်သည် အနည်းငယ် တုန်ရီလာသည်။ ဟုန်ခမ်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လုံးဝ ဖျက်ဆီးပစ်ချင်စိတ် ပြင်းထန်စွာ လာသည်။

ယခု ဟုန်ခမ်းသည် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် သိမ်းပိုက်ခံထားရသူ ဖြစ်နေပြီ။

ပုံမှန်အတိုင်းဆို, တစ္ဆေအင်မော်တယ်တစ်ပါး၏ အတွေးတစ်မျှင်တစ်ခုသည် မဟာဆရာသခင်တစ်ယောက်၏ စိတ်ဝိညာဉ်ကို ဖိနှိပ်၍ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ မလွယ်ကူချေ။

အထူးသဖြင့် တာအိုပညာရှင်များသည် ဟုန်ခမ်းကဲ့သို့ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တသားတည်းဖြစ်အောင် လေ့ကျင့်ထားသည့် မဟာဆရာသခင်များကို ထိန်းချုပ်ရန် ပို၍ပင် ခက်ခဲပါသည်။

သို့သော် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် အလွန်အင်အားကြီးသည်။ မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ပိုင်းအဆင့်ထိ ရောက်နေပြီ။ သူသည် နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် သိမ်းပိုက်ရာတွင် ဟုန်ခမ်း၏ အတွေးများကို အတင်းဖိနှိပ်၍ လုံးဝ မလှုပ်ရှားနိုင်အောင် လုပ်ထားနိုင်သည်။ ထို့ကြောင့် ဤခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဟုန်ခမ်း၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ဟုန်ယွိသည် ဖြစ်ပေါ်လာမည့် အနှောင့်ယှက်များကို ငြိမ်သက်စေပြီး၊ အုပ်ချုပ်ရေးမှူး စံအိမ်ထဲက လူတိုင်းကို ရေကန်အလယ် ဖြစ်သမျှ လျှို့ဝှက်ထားရန် တင်းကြပ်စွာ အမိန့်ထုတ်ခဲ့သည်။ ဤအစီစဉ်သည် လုံးဝ ပြီးပြည့်စုံပြီး ချို့ယွင်းချက်မရှိ မဟုတ်သော်လည်း လတ်တလော ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို လျှော့ချထားနိုင်ပြီး၊ နောက်ပိုင်းကိစ္စတွေကို ဖြေရှင်းထားနိုင်ပါသည်။

ဟုန်ယွိ၏ မူလအစီအစဉ်မှာ ယင်ယန်ဖရိုဖရဲအစီအရင်ဖြင့် ဟုန်ခမ်း၏ မှတ်ဉာဏ်ကို ဖျက်ဆီးပြီး၊ သူ့သိုင်းပညာကို ဖျက်ဆီးပစ်ရန်သာ ဖြစ်သည်။ သို့သော် စာကြည့်ခန်းထဲက အစိုးရစာရွက်စာတမ်းများကို မြင်ပြီးနောက်၊ ဟုန်ယွိ၏ စိတ်ထဲတွင် ဟုန်ခမ်းကို သတ်ပစ်ချင်စိတ် ပေါက်ဖွားလာသည်။

ခရိုင်အုပ်ချုပ်ရေးမှူး တစ်ဦးအနေဖြင့် ဟုန်ခမ်းသည် အမှန်တကယ်ပင် ဒေါသထွက်စရာ ကောင်းလွန်းလှသည်။

“ငါ အုပ်ချုပ်ရေးမှူး ဖြစ်လာရင် ပြည်သူတွေ စားဝတ်နေရေးနဲ့ ပတ်သက်ပြီး၊ စိုးရိမ်ပူပန်မူမရှိရအောင် အုပ်ချုပ်မယ်။ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပြီး၊ နာမကျန်း ဖြစ်သူတွေကို ဆေးကုပေးမယ်။ ဧကရာဇ်တရားရုံးမှာ ငွေကြေးမရှိတော့ရင်တောင် အသက်ပေးပြီး၊ အခွန်လျှော့ပေးဖို့ တင်ပြမယ်။ အခွန်ငွေကို ရှစ်ဆယ်ရာခိုင်နှုန်းအထိ ဘယ်တော့မှ တိုးကောက်မှာ မဟုတ်ဘူး။”

ဒေါသထွက်နေသော်လည်း ဟုန်ယွိသည် ဟုန်ခမ်း၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ရွှေ့ယန်ခရိုင်ကို အုပ်ချုပ်ရန် ရည်ရွယ်ချက် မရှိပါချေ။

အဆုံးတွင်, အုပ်ချုပ်ရေးမှူး အရာရှိတစ်ယောက် သိမ်းပိုက်ခံထားရသည်ဟု အင်ပါယာတရားရုံးက သိရှိသွားမည်ဆိုလျှင် ကြီးမားသည့်ကိစ္စကြီးတစ်ခု ဖြစ်သွားနိုင်သည်။ ထို့ပြင် ဟုန်ခမ်းနှင့် ရင်းနှီးသူများစွာ ရှိသည်။ အကယ်၍, သူသည် ထိုလူများနှင့် ထိတွေ့ဆက်ဆံရလျှင် သေချောက်ပေါက် ပေါ်သွားနိုင်ပါသည်။

ဟုန်ယွိသည် သူ့မူလ အစီအစဉ်အတိုင်း ဟုန်ခမ်းကို တံခါးပိတ်ကျင့်ကြံခိုင်းမည်။ ဆယ်ရက်၊ ဆယ့်ငါးရက်ဝန်းကျင် ကြာသောအခါ ချီဖောက်လွဲဖောက်ပြန် ဖြစ်ပြီး၊ မည်သူမှ မသိဘဲ သူ့သွေးကြောတွေ ပေါက်ကွဲသွားအောင် လုပ်မည်။

ရွှေ့ယန်ခရိုင်နှင် မိုင်ထောင်ချီဝေးသော ကျောက်စိမ်းမြို့တော်တွင်…

ထူထပ်စွာ ကျဆင်းနေသော နှင်းများ ရပ်တန့်သွားပြီ ဖြစ်သော်လည်း ရာသီဥတု မည်းမှောင်နေဆဲပင်။ မြေပြင်ပေါ်က နှင်းများသည် အေးစက်သော လေပြင်းများကြောင့် ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲသွားကြပြီ။

နံနက်တရားရုံး အစည်းအဝေးအပြီးတွင်၊ လူရှစ်ယောက် သယ်ဆောင်လာသည့် ဟုန်ရွှန်ကျိ၏ နီလာရောင် ပေါင်းမိုးတပ်ထားပြီး ရွှေချည်မျှင်နှင့် ပုလဲလုံးများတွဲလျားကျနေသော ရတနာ ထမ်းစင်ကြီးသည် မြို့တံခါးမှ ထွက်လာပြီး သူ့စံအိမ်သို့ ပြန်တော့မည်။

“ရပ်..”

ထမ်းစင်ကြီးထဲမှ ဟုန်ရွှန်ကျိ၏ အသံက ခပ်တိုးတိုးလေး ထွက်လာသည်။ ထမ်းစင်က ချက်ချင်း ရပ်သွား၏။

ဟုန်ရွှန်ကျိသည် ထမ်းစင်ထဲတွင် တည်ငြိမ်သော မျက်နှာထားဖြင့် ထိုင်နေသည်။ သူ မည်သည့်အကြောင်း တွေးနေမှန်း မည်သူမှ မသိနိုင်ပေ။

“ကျောက်ထျန်ကန်း။”

“ကျွန်တော်မျိုး ရှိနေပါတယ်။”

နောက်က မြင်းတပ်သား အစောင့်များထဲက ခေါင်းဆောင်တစ်ယောက်သည် ထမ်းစင်အနားသို့ ချက်ချင်း ရောက်လာပြီး၊ ဟုန်ရွှန်ကျိ၏ညွန်ကြားချက်ကို တိုးတိုးလေး နားထောင်နေသည်။

“ရွှေဇီးကွက်နဲ့ ရွှေ့ယန်ခရိုင် အုပ်ချုပ်ရေးမှူးခမ်းဆီ သတင်းပို့ပြီး မကြာသေးခင်က အဖြစ်ပျက်မှန်သမျှကို မေးခိုင်းလိုက်။ နှစ်သစ်မတိုင်ခင် သူ့ဘေးကင်းရေးကို အစီရင်ခံဖို့ ပြောခိုင်းလိုက်။”

ဟုန်ရွှန်ကျိ၏ အသံက ထမ်းစင်ကြီးထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် သူက တိုးတိုးလေး ပြောသည်။ “သွား။”

ထမ်းစင်ထမ်းသူများ၏ ခြေလှမ်းများသည် အေးစက်နေသော နှင်းရေခဲလမ်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနေသည်။ သူတို့ခြေလှမ်းများသည် လှေဖြင့်ခရီးသွားခြင်းထက်ပင် ပိုတည်ငြိမ်သည်။

“ဖေးအာရဲ့ ကျင့်ကြံမူက ဘယ်လိုနေလဲ မသိဘူး။ သူမရော ကျင့်ကျုံနဲ့အတူ မိုနိုဂိုတာရီကို လိုက်ဖမ်းရင်း ပြဿနာတစ်ခုခု ဖြစ်သွားသေးလား။ ဖေးအာက ယင်ယန်ဖရိုဖရဲတွင်းနက်က ကိုးဆယ်ရာခိုင်နှုန်းအထိ ကျင့်ကြံပြီးပြီ။ သူမရော မိုးကြိုးကပ်ဘေးဒဏ်ကို ဖြတ်ကျော်နိုင်ပြီလား။”

ထမ်းစင်ထဲတွင် ဟုန်ရွှန်ကျိသည် လက်မှ ကျောက်စိမ်းလက်စွပ်ကို ပွတ်သပ်ရင်း တွေးတောနေသည်။

လင်ဟိုင်ပြည်နယ် ပစိဖိတ်ရေတပ် စခန်းတွင်…။

“ပစိဖိတ်ရေတပ်မှာ ငါ့တာဝန်တွေ လုံးဝ ပြီးမြောက်ပြီ။ ငါ စစ်တပ်မှာ ငါ့ရဲ့အရည်ချင်းတွေကို မှတ်တမ်းတင်နိုင်ခဲ့ပြီ။ နောက်ဆုံးတော့, ငါ ကျောက်စိမ်းမြို့တော်ကို ပြန်ရတော့မယ်။ ကျောက်စိမ်းမြို့တော် ပြန်တဲ့လမ်းတစ်လျှောက်မှာ ဒီအိမ်တော်ထိန်းဝူကို စစ်မေးရမယ်။”

လင်းဟိုင်ပြည်နယ် ပစိဖိတ်ရေတပ်၏ ပဉ္စမတပ်ရင်းမှာ ဟုန်ယွိသည် သူ့အကြွင်းမဲ့ လူယုံတော်ဖြစ်သည့် ချီဇီယန်၊ မုကလေး၊ ရှန်ထိုက်ဇူနှင့် အခြားလူများနှင့် ဆံပင်များ ရှည်နေပြီဖြစ်သည့် နင်ဂျာဘုန်းတော်ကြီးတို့ အနားတွင် ရပ်နေသည်။

တစ်နှစ်ကျော်သွားခဲ့လေပြီ။

“ငါ ကျောက်စိမ်းမြို့တော်ကို ပြန်ရောက်ရင်, အခွင့်ရေးရတဲ့အခါ, ကြင်ယာတော်ယွမ်နဲ့ ဇီယွဲ့တို့ကို သွားတွေ့ရမယ်။ ပြီးတော့ မုရုန်ယန်ကို သွေးပုံစံသံမဏိအပ် ပေးရမယ်။ ရှောင်ဆန်, ရှောင်ဖေး ရှောင်ရူ သုံးယောက်လည်း ယွန်တူမှာ ဘယ်လိုနေကြလဲ မသိဘူး။ အချိန်ရရင် သွားတွေ့မယ်။”

ဟုန်ခမ်း၏ ခန္ဓာထဲသို့ သူ့အသိစိတ်တစ်ခု ထည့်ထားခဲ့ပြီးနောက်၊ ဟုန်ယွိ၏ မူလ စိတ်ဝိညာဉ်သည် သူ့နောက်လိုက်များနှင့်အတူ ပစိဖိတ်ရေတပ် ဌာနချုပ်သို့ ပြန်ရောက်နှင့်ပြီး ဖြစ်သည်။

ကျောက်စိမ်းမြို့တော်ကို ပြန်ရမယ့်အချိန် ရောက်ရှိလာခဲ့ပြီ။

All Chapters