← Chapters

လက်ကျိုးသော ရှေးမြစ်ကြီး (ဂူဟီ)

Vol. 2 Ch. 18

လက်ကျိုးသော ရှေးမြစ်ကြီး (ဂူဟီ)

Vol. 2 Ch. 18

ယွင်ယွင်သည် သူမရှေ့ရှိ ဆံပင်ရှည်တွေ လွင့်နေတဲ့ ယောက်ျားကို ကြည့်ရင်း ချီတုံချတုံဖြစ်ကာ ယွန်လန်(တိမ်တိုက်)ဂိုဏ်းကနေ ထွက်သွားဖို့အတွေးသည် ပေါ်လာတယ်။

ဒါပေမယ့် သူ့ဆရာက သူ့အား ဒုတိယအကြိမ်အခွင့်အရေး ပေးထားသည်။ ဒီလိုထွက်သွားရင် သူ့မှာ အပြစ်ရှိသည်ဟု ခံစားရပေလိမ့်မည်။

ယွင်ယွင် မပြောဘဲ စဉ်းစားနေသည်ဆိုတည်းက ကျန်းချန်က သူမ၏အဖြေကို ကြိုသိနေပြီဖြစ်သည်။ သူမက ယွန်လန်ဂိုဏ်းမှာဆက်နေချင်တယ်ဆိုရင် ဒီမှာပဲနေခွင့်ပေးလိုက်မယ်။

အတိုချုပ်အနေနဲ့ ယွန်လန်ဂိုဏ်းက အရှေ့မြောက်တောင်တန်းတွေနဲ့ သိပ်မဝေးလှဘူး။ နောင်တစ်ချိန်မှာ သူမ ပြန်လာချင်ရင် ဒီနေရာက သူ့ရဲ့ကျင့်ကြံရာနေရာအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။

ထိုအခိုက်မှာပဲ အဆင့်ခြောက်မှော်သားရဲ မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းက ရုတ်တရက် ခေါင်းလှည့်ပြီး အရှိန်ပြင်းပြင်းနဲ့ ဦးတည်လာနေသော လူသုံးယောက်ကို စူးစိုက်ကြည့်လိုက်တယ်။ ချက်ချင်းပဲ သွားစွယ် ပြလိုက်ပြီး ပြောလိုက်တယ်-

"သခင် တိုက်ခိုက်ရေးဘုရင်သုံးပါး ရောက်ရှိလာပါပြီ။"

ကျန်းချန်က ပျံသန်းလာနေသည့် သိုင်းဘုရင်တချို့ကို လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်တယ်- "မျှော်လင့်ထားတဲ့အတိုင်းပဲ အဂ္ဂိရတ်ဆရာကို ဆွဲဆောင်နိုင်ဆဲပဲ။"

အဆင့်ခြောက်ဆေးလုံးကြောင့် ဖြစ်ပေါ်လာတဲ့ အနံ့ဟာ အလွန်ပြင်းထန်သဖြင့် အဂ္ဂိရတ်ဆရာက အနံ့ခံမိလို့ ရောက်လာတာက အံ့သြစရာမရှိပါဘူး။

ရောက်ရှိလာသူမှာ ခမ်းနားသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ယဉ်ကျေးသည့်အသွင်ရှိသော်လည်း မျက်နှာက အတော်လေး အိုမင်းနေတယ်။ တခြားအရွယ်နှင့်ယှဉ်လျှင် သိသိသာသာ ကွဲပြားနေတယ်။

ရင်ဘတ်ပေါ်က အဆင့်ခြောက် အဂ္ဂိရတ်ဆရာ အမှတ်အသားက သူ့ရဲ့မြင့်မြတ်သည့် အဆင့်အတန်းကို သွယ်ဝိုက်ပြနေသကဲ့သို့ဖြစ်သည်။

"ဒါသူလား?" ရောက်ရှိလာသူကို သတိထားမိပြီးနောက် ယွင်ယွင် အတော်လေး အံ့အားသင့်သွားတယ်။

မှန်ပါတယ်၊ လာသူက ကျန်းမအင်ပါယာရဲ့ ထိပ်တန်းတိုက်ခိုက်ရေးသမား တစ်ဆယ်ယောက်အနက် တစ်ယောက်ဖြစ်တဲ့ အဆင့်ခြောက် အဂ္ဂိရတ်ဆရာ ဆေးဘုရင် ဂူဟီပင် မဟုတ်လား။

သူ့နောက်က လူနှစ်ယောက်က ဂူဟီရဲ့ သစ္စာတော်ခံများဖြစ်ပြီး ကျန်းမအင်ပါယာလုံးမှာ ဩဇာကြီးမားတဲ့ သိုင်းဘုရင်များ ဖြစ်သည်။ သူတို့က ရန်ရှီနဲ့ ဖန်လီ ပါတီ ဖြစ်သည်။

ဂူဟီက ယွန်လန်ဂိုဏ်းချုပ်ကြီး ယွန်ယွင်ကို သတိထားမိပြီး သူ့မျက်နှာအမူအရာ ပြောင်းသွားသည်။ ပြီးတော့ ကျန်းချန်ကို ကျော်သွားပြီး မြေပြင်ပေါ် သာသာယာယာ ဆင်းလာတယ်။

"ဂိုဏ်းချုပ်ကြီး ယွင် ဒီမှာ ဘာလုပ်နေတာလဲ?"

ဂူဟီဟာ ယွင်ယွင်ကို အမြဲ သစ္စာရှိရှိချစ်သူဖြစ်သည်။

ယွန်ယွင် ယွန်လန်ဂိုဏ်းကို စတင်တာဝန်ယူရစဉ်က ဂူဟီက အခြေအနေတည်ငြိမ်အောင် ကူညီပေးပြီး ယွင်ယွင်ကို ထောက်ပံ့ဖို့ အကောင်းဆုံးကြိုးစားခဲ့သူဖြစ်သည်။ အခု ဂိုဏ်းချုပ်ကြီး ယွင်ကို မြင်လိုက်ရပြီးနောက် သူသည် ဖြစ်အင်အခြေအနေကို သိချင်စိတ်ပြင်းပြနေတယ်။

"ဒီမှာ လေ့ကျင့်တာက တစ်ဝက်လောက် အားထုတ်ရုံနဲ့ နှစ်ဆထိရောက်တာမို့ ဒီမှာခဏလောက် ကျင့်ဖို့ စီစဉ်ထားတယ်။"

ယွင်ယွင်က တိုတိုတုတ်တုတ်ပြန်ပြောလိုက်သည်။

ဒါကိုကြားသည့်အခါ ဆေးဘုရင် ဂူဟီသည် စိတ်မထိန်းနိုင် ဖြစ်သွားခဲ့သည်။ တကယ်တော့ ဂိုဏ်းချုပ်ကြီးယွင်ပြောသလို ဒီနေရာက ချီသိုင်းစွမ်းအင်တွေ အလွန်ပေါများသည့်အတွက် ဒီမှာအချိန်ကြာကြာ လေ့ကျင့်ရင် တစ်ဝက်လောက် အားထုတ်ရုံနဲ့ နှစ်ဆထိရောက်မှာ အမှန်ပဲ။

"တကယ့်ကို ကောင်းတဲ့နေရာပဲ၊ တောင်ကုန်းတောင်တန်းတွေနဲ့ စိမ်းလန်းနေတယ်၊ ရေကြည်ရေသန့်တွေလည်း ရှိတယ်။ ဂိုဏ်းချုပ်ကြီးယွင် စိတ်မရှိဘူးဆိုရင် ကျွန်တော်လည်း ခင်ဗျားနဲ့အတူ ဒီမှာ လေ့ကျင့်ဖို့ ဆန္ဒရှိပါတယ်။"

"ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း" တွင် ယုံကြည်အားကိုးရဆုံးသူတွေထဲက တစ်ယောက်အနေနဲ့ ဂူဟီဟာ ဂိုဏ်းချုပ်ကြီးယွင်နှင့်အတူ လေ့ကျင့်သည့်အခွင့်အရေးကို လက်လွှတ်မခံချင်ပေ။ အခုအချိန်က အကောင်းဆုံးဆိုတော့ သူဘယ်လိုလက်လွှတ်ခံမည်နည်း။

ယွင်ယွင် မျက်မှောင်ကြုတ်ပြီးတော့ "အကြီးအကဲဂူဟီ၊ နောက်နေတာမလား?"

"ခင်ဗျား ကျွန်တော့်ကို မြှောက်ပင့်နေပြန်ပါပြီ။ ကျွန်တော် ဂူဟီဟာ ပြောတဲ့စကားကို တည်တဲ့သူပါ။ ကျွန်တော်ရှိနေရင် ဂိုဏ်းချုပ်ကြီးယွင်အတွက် အဆင့်ခြောက်ဆေးလုံး အနည်းငယ်တောင် ဖော်စပ်ပေးနိုင်ပါတယ်။ ဒါဟာ တစ်ချက်ခုတ် နှစ်ချက်ပြတ် မဟုတ်ဘူးလား?"

ဒီစကားကြောင့် ကျန်းချန်သည် ရယ်မိတော့သလိုဖြစ်သွားသည်။

ဒီမှာကျင့်မယ်?

တကယ် အံ့ဩစရာပဲ။

"ဟီး ဟီး ဒါဆို မင်းဟာ အဆင့်ခြောက်အဂ္ဂိရတ်ဆရာ ဆေးဘုရင်ဂူဟီပဲနေမှာ။ ဒါနဲ့ ဒီနေရာက ပိုင်ရှင်ရှိပြီးသားဆိုတာ မသိဘူးလား?"

ဆေးဘုရင်ဂူဟီလည်း ရုတ်ရုတ်သဲသဲဖြစ်သည့်အသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။ လိမ္မာယဉ်ကျေးပြီး စာပေအသိပညာနှံ့စပ်တဲ့ပုံရှိသည့် ကျန်းချန်ကို မြင်တော့ မျက်မှောင်ကြုတ်မိသွားတယ်။

"ခင်ဗျားက ဘယ်သူလဲ၊ ဘာလို့ ဒီနေရာက ပိုင်ရှင်ရှိပြီးသားလို့ ပြောနေတာလဲ?"

"ကျွန်တော်ဘယ်သူလဲဆိုတာ သိဖို့မလိုပါဘူး။ ဒါက ကျွန်တော့်နယ်မြေပဲ။ အခု နားလည်ပြီလား?"

ဒါကိုကြားတော့ ဒေါသထွက်နေတဲ့ ရန်ရှီက ကျန်းချန်ရဲ့နှာခေါင်းကို လက်ညှိုးထိုးပြီး ကျိန်ဆဲလိုက်သည်- "ဒီ‌ခွေးကောင်က ဘယ်က ရောက်လာတာလဲ၊ ဆေးဘုရင်ကို ဒီလိုစကားမျိုးပြောရဲတယ်။ အဘိုးဂူဟီက အဆင့်ခြောက် အဂ္ဂိရတ်ဆရာဆိုတာ မသိဘူးလား...?"

"ရန်ရှီ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့။"

ဂူဟီက ရန်ရှီရဲ့လုပ်ရပ်ကို တားလိုက်ပြီး လက်အုပ်ချီနှုတ်ဆက်ကာ ပြုံးရင်း "ခင်ဗျားက ဒီနေရာရဲ့ ပိုင်ရှင်ဆိုပေမဲ့ သားရဲတောင်တန်းထဲက ဘယ်နေရာမဆို ပိုင်ရှင်မဲ့နေရာတွေပဲဆိုတာ မသိဘူးလား။ ဒီတော့ နယ်မြေအကြောင်း ဘယ်လိုဆိုနိုင်မှာလဲ။"

ကျန်းချန်က မျက်စိတစ်ချက် ဝေ့ကြည့်လိုက်တယ်။ ဒါကတော့ သူ့ကို ပထမဆုံးမေးခွန်းထုတ်သည့်သူပဲ။ ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ။

ဂူဟီက လက်နှစ်ဖက်ကို ကျောနောက် ထားပြီး လေးလေးနက်နက်ထားနေဟန်ဆောင်ကာ "လူငယ်လေး ဒီနေရာကို ငါ့ပေးမယ်ဆိုရင် မင်းဈေးပြောလိုက်၊ ဘယ်လောက်ဖြစ်ဖြစ် ငါမငြင်းဘူး။"

"အဖိုးမဖြတ်နိုင်ဘူး"

ကျန်းချန်က နောက်ထပ် ဘာစကားထပ်မပြောတော့ပေ။ "မင်းတို့လာခဲ့တဲ့နေရာကို ပြန်သွားပါ။ ဒီနေရာက မင်းတို့ စည်းလွတ်ဘောင်လွတ်နေလို့ရတဲ့နေရာ မဟုတ်ဘူး။ ဒီလိုမှမဟုတ်ရင် မင်းတို့ဒီအကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်။"

ဖန်လီနဲ့ ရန်ရှီတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ကျန်းမအင်ပါယာတစ်ခုလုံးမှာ အဆင့်ခြောက် အဂ္ဂိရတ်ဆရာ ဆေးဘုရင်ဂူဟီကို ဒီလိုစကားပြောရဲတဲ့သူ တစ်ယောက်မျှပင် မရှိ‌ပေ။

သိုင်းဧကရာဇ် ကျန်းရှင်းထျန်းတောင်မှ ဂူဟီကို အပြုံးဖြင့် နှုတ်ဆက်ရသည်။ သို့သော် သူကတော့ ရင်းနှီးသောအမူအရာတောင် ပြန်မပြပေ။

အဆင့်ခြောက် အဂ္ဂိရတ်ဆရာများသည် အရှေ့မြောက်တိုက်ကြီးတစ်ခုလုံးတွင် အလွန်ရှားပါးသည်။ သိုင်းဘိုးဘေးများတောင် သူတို့ထံ သွားရောက်ရသည့် အစဉ်အလာများရှိခဲ့သည်။

ထို့ကြောင့် တစ်ဖက်သူက ရိုင်းပျစွာပြောဆိုသည်ကို ကြားလိုက်ရသောအခါ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ဒီကောင်လေးက နည်းနည်းတော့ မာနကြီးတာပဲ။

ဂူဟီသည် ဆရာ့ကို စော်ကားမိမှာစိုးသည့်အတွက် ယွင်ယွင်က အလောတကြီး ဝင်ပြောလိုက်သည်- "အကြီးအကဲဂူဟီ၊ ဒါက တကယ့်ကို ဒီပိုင်ရှင်ရဲ့နယ်မြေပါ။ ကျေးဇူးပြုပြီး ဒီကနေ မြန်မြန်ထွက်သွားပါ။"

ဂူဟီက မကျေမနပ်ဖြစ်သွားပြီး ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်တယ်- "ခင်ဗျားက နည်းနည်း မာနကြီးလွန်းတယ် မဟုတ်လား။ အဆင့်ခြောက် အဂ္ဂိရတ်ဆရာကို စော်ကားတာက ပညာရှိအပြုအမူ မဟုတ်ဘူး။"

"ငါ မင်းကိုစော်ကားမယ်ဆိုရင် ငါ့ကိုဘာလုပ်မှာလဲ?"

"မင်း သေချင်နေပြီလား!" ရန်ရှီက သူ့ဒေါသကို ထိန်းမထားနိုင်တော့ပေ။ သူ့လက်နက်ကို ဆွဲထုတ်ပြီး ကျန်းချန်ရှိရာနေရာကို တိုက်ခိုက်လိုက်တယ်။

ထိုအရာကိုမြင်သောအခါ ယွင်ယွင်လည်း သူမ၏လက်ချောင်းကို မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်တယ်- "ဝှစ်!"

နူးညံ့သိမ်မွေ့တဲ့ အသံ‌ေပျာက်ကွယ်သွားပြီးနောက် လည်ပတ်နေတဲ့ အပြာရောင် လေဆင်နှာမောင်းတစ်ခု သူ့ရှေ့ပေါ်ထွက်လာသည်။ အဲ့ဒီနောက်မှာ ရက်စက်ကြမ်းကြုတ်သည့်ခြင်္သေ့၏ ဟိန်းဟောက်သံက ရန်ရှီရဲ့တိုက်ခိုက်မှုကို လမ်းလွှဲလိုက်တယ်။

တကျွီကျွီမြည်သံ ထွက်ပေါ်လာသည်။

ရန်ရှီသည်လည်း ယွင်ယွင်ရဲ့ တိုက်ခိုက်မှုကြောင့် ခြေနှစ်လှမ်းနောက်ပြန်ဆုတ်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဆေးဘုရင်ဂူဟီကလည်း ဂိုဏ်းချုပ်ကြီးယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ဘာကြောင့် သူစိမ်းတစ်ယောက်ကို အကြောင်းမရှိဘဲ ကူညီရတာလဲမသိဘူး။

ရှာလကာရည်အိုးသည် လူးလိမ့်သွားသည်နှင့် ကွဲသွားတယ်။ ဂူဟီဟာ သူများအိမ်ထောင်ရေးကို ချိုးဖောက်လိုက်ရသလို ခံစားလိုက်ရသည်။ သူသည် ချက်ချင်းပင် ဓားရှည်ကို ဆွဲထုတ်ပြီး ကျန်းချန်ကို ထိုးကာ "ကောင်လေး မင်းသတ္တိရှိရင် ယောင်္ကျားတစ်ယောက်လို တိုက်ပါ" လို့ ဒေါသတကြီးပြောလိုက်သည်။

"ထွက်သွား... ငါစိတ်မဝင်စားဘူး"

ကျန်းချန်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူသည် ဒီလိုလူမျိုးကို တကယ် စိတ်မဝင်စားပါ။ ယွင်ယွင်ကသာ ပြင်းပြင်းထန်ထန် ဝင်ရောက်စွက်ဖက်ခြင်းမရှိရင် ဂူဟီသည် အခုဆို အလောင်းတစ်လောင်း ဖြစ်နေပြီဖြစ်သည်။

ဆေးဘုရင်ဂူဟီက ကျန်းချန်ကို ကြောက်နေသည်ဟု ထင်ပြီး နှစ်ခါမစဥ်းစားဘဲ ရှေ့ကို ခုန်တက်လာတယ်။ အချစ်က လူတွေကို စိတ်လိုက်မာန်ပါဖြစ်စေပြီး မှန်သည် မှားသည်မခွဲခြားနိုင်ပါ။ ဒါကိုပင် အမှန်ဟု ထင်ပုံရနေသည်။

"ဘယ်လို‌တောင် ရဲတင်းတာလဲ!"

ရုတ်တရက် မရမ်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းသည် ကျန်းချန်ရှေ့ ရောက်လာပြီး ဂူဟီလက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူမတုံ့ပြန်ခင်မှာပင် ဆွဲဖဲ့လိုက်တယ်။

တဒင်္ဂအတွင်းမှာပင် သွေးများ ပန်းထွက်လာပြီး ဆေးဘုရင်ဂူဟီရဲ့ ဘယ်ဘက်လက်မောင်းကို အားနဲ့ ဆွဲဖဲ့ခံလိုက်ရသည်။ အဖြစ်အပျက်က အရမ်းမြန်ဆန်လွန်းလှသဖြင့် ဘေးတွင်ရပ်နေတဲ့ ယွင်ယွင်ပင် အချိန်မီမကူညီနိုင်ခဲ့ပေ။

ဂူဟီရဲ့ မျက်လုံးကျယ်သွားပြီး သူ၏ပြတ်နေသည့် လက်မောင်းကို ဆုပ်ကိုင်ရင်း "ငါ့လက်! ငါ့လက်..." လို့ ထပ်ကာထပ်ကာ အော်ဟစ်လိုက်သည်။

ယွင်ယွင် မျက်မှောင်ကြုတ်လိုက်မိတယ်။ ဂူဟီဟာ ယွန်လန်ဂိုဏ်းရဲ့ အကြီးအကဲတစ်‌ယောက်ဖြစ်ပြီး အဆင့်ခြောက် အဂ္ဂိရတ်ဆရာဖြစ်တယ်။ ဒီလိုလူက လက်မောင်းတစ်ဖက် ဆုံးရှုံးသွားတာဟာ တကယ့်ကို စိတ်မချမ်းမြေ့စရာပါပဲ။

All Chapters