အိမ်က နေရာတိုင်းမှာရှိပြီး၊ ကောင်းကင်အောက်က ဧည့်သည်တစ်ဦး
Vol. 2 Ch. 17
နတ်သမီးဆရာဝန်မလေးသည် ကျိုးကျိုးနွံနွံနှင့် ကျန်းချန်၏ဘေးတွင် တင်ပျဉ်ခွေထိုင်နေကာ ရွှေနဂါးနှင့်ဖီးနစ်ငှက် အိုးအတွင်းရှိ လှုပ်ရှားမှုများကို စူးစိုက်ကြည့်နေသည်။
*မှတ်ချက် - "ရွှေနဂါးနှင့်ဖီးနစ်ငှက် အိုး"ဟာ ဆေးဖော်ရာမှာ အသုံးပြုတဲ့ ဆေးအိုးကြီးကို ရည်ညွှန်းပါသည်။
ကျန်းချန်သည် လက်ချောင်းလေးများကို အနည်းငယ် လှုပ်လိုက်ပြီး အခြားဆေးဘက်ဝင်အပင်များကို ဖိုထဲသို့ ထည့်လိုက်သည်။ ထိုအရာတွင်သာမဟုတ် မီးအစွမ်းရှိသော မှော်သားရဲတစ်ကောင်၏ ရိုးတွင်းခြင်ဆီကိုလည်း ထည့်ထားသည်။
အလေ့အကျင့်မရှိသောသူများအတွက် ဤအရာသည် မလိုအပ်ပါ။ အဘယ့်ကြောင့်ဆိုသော် မှော်သားရဲ၏ရိုးတွင်းခြင်ဆီပါရှိသော စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ပြဒါးရည်ဖြစ်မလာသေးသော ဆေးဘက်ဝင်အပင်များနှင့်ထိတွေ့မိပါလျှင် ဆေးလုံးလည်းပျက်စီးနိုင်ပြီး လူကိုပါ သေစေနိုင်သည်။
သို့သော် ကျွမ်းကျင်သူများပင် အံ့အားသင့်ကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အဆင့်(၈) သို့မဟုတ် ထို့ထက်မြင့်သော အဂ္ဂိရတ်ဆရာများကသာ ဤသို့ပြု လုပ်ရဲကြသောကြောင့်ဖြစ်သည်။ ကျန်းမအင်ပါယာမှ ဆေးဘုရင် ဂူဟီ ပင် ထိုသို့သော အဆင့်ရှိသည်ဟု ရဲရဲတင်းတင်း မပြောနိုင်ပေ။
မှော်သားရဲ၏ ရိုးတွင်းခြင်ဆီသည် ရွှေဧကရာဇ် ကောင်းကင်မီးလျှံ၏ လောင်ကျွမ်းမှုကြောင့် တဖြည်းဖြည်း အရည်ပျော်သွားကာ အခြားသော ဝိညာဉ်ရည်ပြဒါးရည်များနှင့် ရောသွားပြီး တွန့်လိမ်တွန့်လိမ်ဖြင့် စတင်လှုပ်ရှားလာသည်။
အချိန်သည် စက္ကန့်နှင့်အမျှ ကုန်ဆုံးနေသည်။
အဂ္ဂိရတ်ပညာသည် အလွန်ရှည်လျားသော လုပ်ထုံးလုပ်နည်းတစ်ရပ်ဖြစ်သည်။ ထိုသူ၏ စိတ်မတည်ငြိမ်လျှင် ယင်း၏ လျှို့ဝှက်ချက်များကို မသိနိုင်၊ စံချိန်မီသည့် ဆေးလုံးကိုလည်း ဖော်နိုင်မည်မဟုတ်ပေ။
ကျန်းချန်သည် အသက်မဲ့စွာဖြင့် သူ၏လက်ဖဝါးထဲရှိ ရွှေဧကရာဇ် ကောင်းကင်မီးလျှံကို ထိန်းချုပ်ကာ ထိုဆေးလုံးအတွင်းရှိ မစင်ကြယ်သေးသည်များကို ထပ်မံသန့်စင်စေပြီး ယင်းဆေးလုံးကို အမြင့်ဆုံးအဆင့်သို့ ရောက်စေသည်။
အဆင့်(၇) သို့မဟုတ် ထို့ထက်မြင့်သော ဆေးလုံးမဟုတ်သည့်အတွက်ကြောင့် ပတ်ဝန်းကျင်တွင် ထူးခြားသော ဖြစ်ရပ်များ မဖြစ်ပေါ်စေသော်လည်း ယင်းမှ ထွက်သော ပြင်းထန်သည့် ဆေးရည်နံ့ကို မိုင်ပေါင်းများစွာမှ ရှူရှိုက်၍ရနိုင်သည်။
ခရီးသွားနေသော ယောက်ျားတစ်ယောက်သည် ရုတ်တရက် ရပ်လိုက်ပြီး မွန်းစတားတောင်ရှိရာသို့ လှည့်ကြည့်ပြီး ရေရွတ်ကာ “ဒီလိုထူးကဲ ဆေးလုံးနံ့... မွန်းစတားတောင်မှာ အဆင့်မြင့် အဂ္ဂိရတ်ဆရာတစ်ဦး ဆေးလုံးဖော်နေခြင်း ဖြစ်နိုင်မလား..."
ဤကဲ့သို့စဉ်းစားမိသည်နှင့် ယောက်ျားသည် သူ့နောက်က သိုင်းဘုရင် အဆင့် ကျွမ်းကျင်သူ နှစ်ဦးနှင့်အတူ သွားရောက် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ မွန်းစတားတောင်တွင် မည်သူက ဆေးလုံးဖော်စပ်နေသည်ကို သိလိုသောကြောင့် ဖြစ်သည်။
မီးရောင်သည် ကောင်းကင်ကို လင်းထိန်စေကာ အနီရောင် စကျင်ကျောက်ရနံ့သည်လည်း လေထုထဲတွင်ပြည့်နှက်နေသည်။
မက်မွန်ပန်းတောင်တန်း အပြင်ဘက်ရှိ မှော်သားရဲများသည်လည်း လာရောက်တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြသည်။ သို့သော် ခရမ်းရောင်စေ့ရောင်အတောင်ပံရှိသည့် ခြင်္သေ့မင်း၏ ခြိမ်းခြောက်မှုအောက်တွင် ထိုသတ္တဝါများသည် ဝေးဝေးမှသာ အနံ့ကို ရှူရှိုက်ရသည်။
ဆေးလုံးဖော်ခြင်း၏ နောက်ဆုံးအဆင့်မှာ ဆေးလုံးအဖြစ် ပုံဖော်စေခြင်းပင်ဖြစ်သည်။
ဆေးလုံးအဖြစ် ပုံဖော်ခြင်းသည် အရေးအကြီးဆုံးသော အဆင့်ဖြစ်သည်။ ပေါ့ဆမှုအနည်းငယ်ကပင် ဖိုထဲရှိ ဆေးဝါးများကို ပျက်စီးစေနိုင်သည်။ ထို့ကြောင့် ထူးဆန်းသောမီးတောက်နှင့် ထိုးသွင်းရမည့် သိုင်းစွမ်းအင်၏ အချိုးအစားကို ထိန်းချုပ်ရာတွင် အလွန်သတိထားရမည် ဖြစ်သည်။
သေချာသည်မှာ ဤအရာသည် အဆင့်(၅) အောက် အဂ္ဂိရတ်ဆရာများအတွက်သာ ဖြစ်သည်။ အဆင့်မြင့် အဂ္ဂိရတ်ဆရာများသည် ဆေးလုံးခဲစေသည့်အခါ ဖြစ်ပေါ်လာသော စွမ်းအားကို အထူးထိန်းချုပ်စရာမလိုပေ။
နတ်သမီးဆရာဝန်မလေးသည် ဆေးလုံးကို အလွန်စိတ်ဝင်စားနေပြီး လေ့လာသင်ယူနေသည်။ မြေပေါ်တွင် လှဲနေသော ပျင်းရိလေးတွဲ့နေသည့် ခရမ်းရောင်ခရစ်စတယ် အတောင်ပံ ခြင်္သေ့ပေါက်လေးနှင့် မတူပေ။
ခရမ်းရောင်စေ့ရောင်အတောင်ပံရှိသည့် ခြင်္သေ့မင်းသည် စိတ်တိုကာ သူ့ကို ကန်လိုက်သည်။ ဒီကောင်က ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်တဲ့ ကောင်လဲလို့ တွေးနေသည်။
"ဆေးလုံးရပြီ။"
ရွှေနဂါးနှင့် ဖီးနစ်ငှက် အိုး၏ အဖုံးဖွင့်လိုက်သည်နှင့် ရွှေရောင်တောက်နေသော ဆေးလုံး သုံးလုံးသည် လေထဲတွင် ပေါ်လာသည်။
ဆေးလုံးတစ်လုံးစီသည် ထူးခြားသောအာနိသင်ရှိပြီး အံ့ဩဖို့ကောင်းသည့် ဆေးနံ့ကို ဖြာထွက်နေသည်။ ဝေ့ခနဲရသော အနံ့ကိုရှူမိရုံမျှဖြင့် လန်းဆန်းပြီး စိတ်ကျေနပ်မှုကို ခံစားရစေသည်။
ဝိုး~
နတ်သမီးဆရာဝန်မလေး၏ မျက်လုံးများ တောက်ပလာပြီး မေးလိုက်သည်၊ "ဆရာ ဒါက အဆင့်(၆) ဆေးလုံးလား။"
"အင်း။"
ကျန်းချန်သည် ခေါင်းညိတ်ကာ လက်ထဲတွင် အဆင့်(၆) ဆေးလုံး သုံးလုံးကို ကိုင်ပြီး ပြောသည်၊ "ဒီဆေးလုံးကို ဝိညာဉ်နတ်ဆေးလုံးလို့ ခေါ်တယ်။ အဆင့်မြင့် အဆင့်(၆) ဆေးလုံး ဖြစ်ပေမယ့် အဆင့်(၇) လို့ ပြောလည်း မမှားဘူး။ ဘယ်လို စွမ်းအားကြီးသူမဆို ဒီဟာကို သောက်လိုက်ရင် အရိုးတွေကို သန်မာစေပြီး ကိုယ့်ရဲ့ ကျင့်ကြံမှုကိုလည်း နှစ်ဆအထိ တိုးစေနိုင်တယ်။"
"ဒါက မင်းရဲ့ခန္ဓာကိုယ်ထဲက သွေးကြောတွေကိုလည်း အားကောင်းလာအောင် မြှင့်တင်ပေးနိုင်တယ်လို့လည်း ဆိုနိုင်တယ်။"
ဒီအဆင့်(၆) ဝိညာဉ်နတ်ဆေးလုံး ဖော်စပ်နည်းက စနစ်ကနေ ရထားတဲ့ ဆုလက်ဆောင်ပင်ဖြစ်သည်။ ဒီဝိညာဉ်နတ်ဆေးလုံးဟာ ဒီဒိုချီတိုက်ခိုက်ရေးကမ္ဘာထဲမှာ အရင်က တစ်ခါမှ မရှိခဲ့ကြောင်း ဆိုသည်။ ဒီဆေးလုံးဖော်ဖို့အတွက် ပါဝင်ပစ္စည်းတွေက ရှားပါးတယ်လို့ မဆိုနိုင်ပေမဲ့ ကျရှုံးမှုနှုန်းက အလွန်မြင့်သည်။
အဆင့်(၇) အဂ္ဂိရတ်ဆရာတောင်မှ ဒီအဆင့်(၆) နတ်ဆေးလုံးကို ၁၀၀% အောင်မြင်အောင် ဖော်စပ်နိုင်မည်မှာ သေချာပေါက်မပြောနိုင်ပေ။ ထို့ကြောင့်မို့ အဂ္ဂိရတ်ဆရာများသည် ဆေးလုံးဖော်ရာ၌ မအောင်မြင်ကာသေဆုံးရသည့် အဖြစ်အပျက်တွေများလည်း အများကြီးရှိနေလေသည်။
ကျန်းချန်သည် ဆေးလုံးသုံးလုံးကို ခရမ်းရောင်စေ့ရောင်အတောင်ပံရှိသည့် ခြင်္သေ့မင်းနှင့် သူ့သား၊ နတ်သမီးဆရာဝန်မလေးတို့ထံ ခွဲဝေပေးလိုက်သည်။ ဒီဆေးလုံးတွေရဲ့ အကူအညီနဲ့ သူတို့၏ ကျင့်စဉ်က သိသိသာသာ ပိုမြန်လာလိမ့်မယ်။
ဤနည်းဖြင့် သူတို့သည် နောက်တစ်ဆင့်သို့ ပိုမိုလျင်မြန်စွာ တက်လှမ်းနိုင်မည်ဖြစ်သည်။
"ဆရာ~"
ထိုအချိန်တွင် ကျန်းချန်၏ နောက်ကျောမှ ရင်းနှီးသောအသံတစ်ခု ကြားလိုက်ရသည်။ အားလုံး၏အကြည့်သည် အသံလာရောက်ဆီသို့ ရောက်သွားသည်။
ကျန်းချန်သည် အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားပုံရသည် ။ "မိန်းကလေး ရောက်ပြီလား။"
မှန်ပါသည်။ လာရောက်သူမှာ တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ယွင်ယွင် ဖြစ်သည်။
သူမ၏ဆရာက ဆရာ့ကို တိမ်တိုက်ဂိုဏ်းကနေ နှင်ထုတ်လိုက်သည်ကို သိရသည့်အခါ ယွင်ယွင် အတော်လေးဒေါသထွက်ခဲ့သည်။ သူမ၏ဆရာအား ဒေါသထွက်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဒေါသတကြီးဖြင့် သူဟာ တိမ်တိုက်ဂိုဏ်းကို ထွက်လာခဲ့ပြီး ဂိုဏ်းရေးရာကိစ္စအားလုံးကို အကြီးအကဲ ယွင်လင်းထံ အပ်ကာ သူကိုယ်တိုင် မရပ်မနားဘဲ မက်မွန်ပန်းတောင်သို့ ပြေးလာခဲ့သည်။
ယွင်ယွင်က နောင်တရစွာဖြင့် "ဆရာ ခွင့်လွှတ်ပါ။ ကျွန်မဆရာက တကယ်တော့ ဒီလိုလုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ ဆရာက ပြည်မမှ ရောက်လာတဲ့ အစွမ်းရှိတဲ့ ဆရာတစ်ဆူလို့ ထင်မိလို့ပါ..."
ကျန်းချန်သည် ပြုံးရင်း ပြောသည်၊ "အဆင်ပြေပါတယ်၊ ကျွန်တော် ဂရုမစိုက်ပါဘူး။"
"ဒါ့အပြင် ကျွန်တော်က တိမ်တိုက်ဂိုဏ်းက လူတွေကို ကောင်းကောင်းမသိဘူး။ ဒီတော့ ဘာဖြစ်လို့သူတို့ကို
ဒေါသထွက်ရမှာလဲ။"
ကျန်းချန်သည် ယွင်ယွင်ဆီသို့ လျှောက်သွားပြီး ရှက်ကြောက်နေသော ယွင်ယွင်ကို ကြည့်ရင်း စိတ်ထဲတွင် ခံစားချက် တစ်မျိုး ပေါ်ပေါက်လာသည်။
ယွင်ယွင်က သူ့အောက်နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်သည် "ဆရာနောင်တရပါပီ၊ ကျွန်မက..."
"စိတ်အေးအေးထားပါ မိန်းကလေး။ မိန်းကလေးက တိမ်တိုက်ဂိုဏ်းကပါ။ ဒီအပြစ်တွက် မိန်းကလေးကို အပြစ်မတင်ပါဘူး။"
ကျန်းချန်သည် သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ ယွင်ယွင်၏ ဦးခေါင်းကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။ "အခုတော့ မိန်းကလေးဟာ တိမ်တိုက်ဂိုဏ်းကနေ ထွက်လာပြီပဲ။ ဒီကနေ့ကစပြီး မက်မွန်ပန်းတောင်မှာ နေသင့်တယ်။ ဒီမှာ ကျင့်ကြံရင် အပြင်ထက် နှစ်ဆပိုထိရောက်မယ်။"
မက်မွန်ပန်းတောင်သည် သိုင်းစွမ်းအင်ပေါများသည့် သုခဘုံတစ်ခုဖြစ်သည်။ ဒီမှာ ကျင့်ကြံရင် အပြင်ထက် အဆပေါင်းများစွာ ပိုထိရောက်ပြီး အရှေ့ဘက်တောင်တန်းမှာလည်း သိုင်းစွမ်းအင်တို့စုဝေးရာ နေရာလည်း ဖြစ်သည်။
ကျန်းချန်သည် ဤနေရာကို ရရှိရန် မှော်သားရဲတစ်ကောင်နှင့် အချီပေါင်း သုံးရာအထိ တိုက်ခိုက်ခဲ့ရသည်။
ယွင်ယွင် မျက်နှာအနည်းငယ် နီမြန်းသွားပြီး သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ဆရာ ဒေါသပြေသွားမှသာ တိမ်တိုက်ဂိုဏ်းကို ပြန်သွားမည်ဖြစ်သည်။
ဂိုဏ်းထဲက အကြီးအကဲအချို့၏ လမ်းညွှန်မှုနဲ့ ယန်ရန်၏ ကျင့်ကြံမှုက လျော့ရဲမှာ မဟုတ်ပေ။ ထိုအဘိုးအိုများသည် သူ့ထက်ပင်ပို၍ တင်းကြပ်ကြသည်။ သူတို့သည် တိမ်တိုက်ဂိုဏ်း၏ ဂုဏ်သတင်းကို ပိုမိုတန်ဖိုးထားကြပြီး နန်လန်ယန်ရန်အား သုံးနှစ်စာချုပ်ကို ရှုံးသွားမည်ကို အလိုလို ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
"ဆရာ ဆရာက အဂ္ဂိရတ်ပညာလည်း သိတာလား။"
ဤအချိန်တွင် ယွင်ယွင်သည်လည်း ဖြေးဖြေးမှန်မှန် လောင်ကျွမ်းနေဆဲဖြစ်သော ရွှေရောင် အဂ္ဂိရတ်ဖိုကို သတိပြုမိပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"နည်းနည်း နားလည်တယ်။"
ကျန်းချန်သည် အဂ္ဂိရတ်ဖိုကို ပုံမှန်အတိုင်း သိမ်းလိုက်ပြီး တစ်ဖက်သို့လှည့်ကာ သူ့ဆီလာရန် အချက်ပြလိုက်သည်။ထို့နောက် နတ်သမီးဆရာဝန်မလေးအား လက်ဖက်ရည်တစ်အိုး ဖျော်ခိုင်းလိုက်သည်။
ယွင်ယွင်သည် ခေါင်းညိတ်ကာ ယဉ်ကျေးသိမ့်မွေ့စွာဖြင့် ထိုင်ခုံပေါ် ထိုင်လိုက်သည်။ "ဆရာ မေးခွန်းတစ်ခုမေးပါရစေ၊ ဆရာက အဆင့်ဘယ်လောက် အဂ္ဂိရတ်ဆရာလဲ။"
ကျန်းချန်သည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပြုံးလိုက်သော်လည်း ယွင်ယွင်၏မေးခွန်းကို မဖြေဘဲ ထားလိုက်သည်။ အဂ္ဂိရတ်ဆရာများသည် သူတို့၏ ကိုယ်ရေးကိုယ်တာကို ဖုံးကွယ်ထားခြင်းမရှိသော်လည်း ကျန်းချန်သည် အဆင့်(၈) အဂ္ဂိရတ်ဆရာအဖြစ် သူ၏အကြောင်းကို အများသူငှာသိအောင် ကြေညာလိုစ်ိတ် မရှိပေ။
သို့သော် နောင်တွင် အခွင့်အရေးရှိလာပါက လူကြားထဲကြွားရန် ဆန္ဒရှိသည်။
"ကျွန်တော် အဆင့်ဘယ်လောက်ရှိသည်ဖြစ်စေ၊ မိန်းကလေး သိပ်မမေးပါနဲ့။ ကျွန်တော်ဟာ ကမ္ဘာကြီးကို လှည့်ပတ်သွားလာနေတဲ့ ခရီးသည်တစ်ယောက်ပါပဲ။ မက်မွန်ပန်းတောင်မှာ ကြာကြာနေမှာ မဟုတ်ဘူး။ ဒီနေ့မှာပဲ မွန်းစတားတောင်ကနေ ထွက်သွားနိုင်တယ်။"
"ဆရာ... ဆရာက ထွက်သွားမှာလား။" ယွင်ယွင် မြန်မြန်ထလိုက်ပြီး သူ၏အပြာရောင် ပန်းထိုးဝတ်ရုံက လေတိုက်ခတ်သံနှင့်အတူ လှုပ်ရှားလာသည်။ "ဆရာက ဘယ်ကို သွားမှာလဲ။"
"ကမ္ဘာကြီးကို မင်းရဲ့အိမ်အဖြစ်ထားပီး မင်းက ကမ္ဘာကြီးကို ဧည့်သည်အဖြစ်ထားပါ။"
(*မှတ်ချက် - "ကမ္ဘာကြီးကို အိမ်အဖြစ်ထား၊ ကမ္ဘာကြီးကို ဧည့်သည်အဖြစ်ထား" ၏ဆိုလိုရင်းက နေရာအမျိုးမျိုး လှည့်လည်သွားလာမယ်၊ နေရာတကာမှာ နေထိုင်မယ် ဆိုတဲ့ သဘောပါ။)
ကျန်းချန်သည် လက်နှစ်ဖက်ကို ကျောနောက်တွင် ထားကာ အစိမ်းရောင်တောင်တန်းနှင့် ကြည်လင်နေသောရေတို့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်၊ "ယွင်အာ စိတ်မရှိဘူးဆိုမရှိရင် ကျွန်တော်နဲ့အတူ ခရီးထွက်ပြီး ကျင့်ကြံနိုင်သည်။ ဒီလိုဆိုလျှင် လောကဓံတရား၏ အေးမြခြင်းနှင့် နွေးထွေးခြင်းကို မိန်းကလေး မြင်တွေ့နိုင်ပေလိမ့်မည်။"