ယွင်ယွင်၏ မိမိကိုယ်ကို အပြစ်တင်ခြင်း
Vol. 2 Ch. 19
မရမ်းစေ့ေရာင်အတောင်ပံနှင့်ခြင်္သေ့မင်းသည် ကြမ်းပြင်ပေါ်လဲနေသည့် ရူးနေသည့်ဆေးဘုရင်ဂူဟီကို မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ကြည့်လျက် အေးစက်စွာပြောသည်- "မင်းက မင်းရဲ့ ဘယ်ဘက်လက်နဲ့ ငါ့သခင်ကို ချိန်ထားခဲ့တာပဲ။ ဒီနေ့ လက်မောင်းပြတ်တယ်၊ နောက်တစ်ခါဆို မင်းရဲ့ ဦးခေါင်းပြတ်မယ်!"
ဂူဟီ၏မျက်နှာသည် ဖြူဖျော့သွားပြီး မရမ်းစေ့ရောင်အတောင်ပံနှင့်ခြင်္သေ့မင်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် လုံးဝထိတ်လန့်သွားသည်။ သူ၏မျက်လုံးများ ချက်ချင်း ပြူးသွားသည်။ "ဒီ လောက်အံ့ဩစရာကောင်းသည့် စွမ်းအား၊ ပြီးတော့ အဲဒီခရမ်းရောင်မီးတောက်... ခင်ဗျားက... အဆင့်ခြောက်မှော်သားရဲ... မရမ်းစေ့ရောင်အတောင်ပံခြင်္သေ့မင်း..."
မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းက လှောင်ပြောင်လိုက်ပြီး- "ငါဘယ်သူလဲဆိုတာ သိတယ်ဆိုရင် ထွက်ပြေးလိုက်တော့!"
ဂူဟီ၏ အကြည့်သည် ကျန်းချန်ဆီသို့ ရောက်သွားသည်။ မရန်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းက သူ့လက်မောင်းကို ဆွဲဖြဲခိုက် ထိုသူသည် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့၊ ဆိုလိုသည်မှာ သူသည် အရာအားလုံးကို တိတ်တဆိတ် သဘောတူသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
"မင်းက တကယ်တော့ ဘယ်သူလဲ...?"
"ငါပြောပါတယ်၊ ငါ့ကို သိဖို့ မင်းနဲ့ မထိုက်တန်ဘူးဆိုဝာာ။ ယွန်လန်ဂိုဏ်းချုပ်ကြီး ယွင်ယွင်ကြောင့်သာ မဟုတ်ရင်၊ ငါ့သခင်က မင်းကို စတည်းက ဇီဝိန်ချုပ်ပစ်လိုက်မှာပဲ။"
မရမ်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းသည် သူ့ခြေထောက်ဖြင့် ဂူဟီ၏မျက်နှာကို အားပြင်းစွာနင်းကာ အားတက်သရော ပွတ်ချလိုက်သည်။ ဂူဟီသည် မီးခိုးငွေ့များကြောင့် မွန်းကြပ်ကာ မျက်လုံးများပင် မဖွင့်နိုင်ဘဲ ယွင်ယွင်ထံ အကူအညီတောင်းရုံသာ တတ်နိုင်တော့သည်။
"ဂိုဏ်းချုပ်ကြီး ယွင် ငါ့ကို ကယ်ပါဦး!"
ယွင်ယွင်သည် သူမ၏ဓားကို အလိုလို ဆွဲထုတ်ချင်သော်လည်း လက်နှစ်ဖက်က ဖိထားလိုက်သည်။
ကျန်းချန်သည် ယွင်ယွင်၏ နုနယ်သောပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပြီး သူမ၏ဆံပင်မှ မက်မွန်ပွင့်များနှင့် ကြွေကျနေသော အရွက်များကို ဖယ်ရှားပေးလျက် တိုးတိုးလေး ပြောလိုက်သည်- "မင်းဒီနေ့ လှုပ်ရှားခဲ့ရင် အခြေအနေက လုံးဝကွဲပြားသွားမှာပဲ။"
"ဒီတစ်ခါတော့ မင်း မျက်နှာထောက်ပြီး သတ်မှာမဟုတ်ဘူး။ ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ ဒီလောက် သက်ညှာမယ်လို့ အာမမခံနိုင်ဘူး။"
"ကျွန်တော်က ကွန်ဖြူးရှပ်ပညာရှိတစ်ယောက်ဆိုပေမယ့် ကြောက်တတ်သူ မဟုတ်ပါဘူး။ ကျွန်တော်က ပုံမှန်ဆို အကြောင်းရင်း၊ သက်သေအထောက်အထားတွေနဲ့ လူတွေကို ဖျောင်းဖျတတ်တဲ့သူပါ၊ မတတ်သာသည့်အဆုံး အကြမ်းဖက်တာကို သုံးလိုက်ရတာပါ။"
ယွင်ယွင်သည် သူမ၏လက်ကို တိတ်တိတ်လေး လွှတ်ချလိုက်သည်။ ဂူဟီကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်း သူမ သိသည်။ သူမသည် သူ့ကိုအမှန်အတိုင်း ပြောပြခဲ့ပြီးဖြစ်သည်။ သို့သော် သူသည် နားမထောင်ဘဲ အကြိမ်ကြိမ် သူမ၏ဆရာကို စော်ကားခဲ့သည်။ ထိုသို့သောလူ သေသွားလျှင်ပင် သူမသည် ဘယ်စကားတစ်ခွန်းမျှ ပြောလိမ့်မည်မဟုတ်။
သို့သော် ဘာပဲဖြစ်ဖြစ် ဂူဟီသည် ယွန်လန်ဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ပြီး အဆင့်ခြောက် အဂ္ဂိရတ်ဆရာဖြစ်သည်။ ယွင်ယွင်၏ မျက်စိရှေ့တွင် သူသေသည်ကို မကြည့်ရက်နိုင်ဖြစ်သည်။
"သခင်လေး ဟောင်၊ ကျေးဇူးပြု၍..."
ယွင်ယွင်သည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ဂူဟီကို ဒီကနေ လွတ်အောင် ဘယ်လိုလုပ်ရမည်ကို မသိဖြစ်နေသည်။
ဂူဟီသည် လက်မောင်းတစ်ဖက် ဆုံးရှုံးပြီးဖြစ်သည်၊ သူ၏ကျန်ဘဝတစ်လျှောက်လုံး ညာဘက်လက်ဖြင့်သာ ဆေးလုံးများကို ဖော်စပ်နိုင်တော့မည်။ ဤသည်မှာ သူရရှိနိုင်သော အကြီးမားဆုံးသော ပြစ်ဒဏ်ပင်ဖြစ်သည်။
မရန်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းသည် သူ၏သခင်ကို လှည့်ကြည့်လိုက်ပြီး ကျန်းချန်၏ သွယ်ဝိုက်သဘောတူညီမှုဖြင့် အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းသည့် ဂူဟီကို တောင်ပေါ်မှ ကန်ချလိုက်သည်။
အသက်ရှင်မလား သို့မဟုတ် သေမလား ဆိုသည်မှာ သူ့ကံကြမ္မာအပေါ်သာ မူတည်သည်။
"ကျေးဇူးတင်ပါတယ်၊ သခင်လေး ရှီး" ဟု ယွင်ယွင်က ကျေးဇူးတင်စကားပြောကာ လက်အုပ်ချီနှုတ်ဆက်လိုက်သည်။
"ယွင်မိန်းကလေး အခုကစပြီး ဤနေရာ၌ပင် ဆက်လက်ကျင့်ကြံသင့်သည်။ ဂူဟီက ဒီကိစ္စကို သေချာပေါက် ယွင်ရှန်းကို အသိပေးလိမ့်မှာဘဲ၊ ယွင်ရှန်းက ဒါကို အလွယ်တကူ လက်လျှော့မှာမဟုတ်ဘူး။ အကယ်၍ မင်း အခု ပြန်သွားရင် မလိုအပ်တဲ့ ပြဿနာ ဖြစ်လိမ့်မယ်။"
ကျန်းချန်သည် ရေနွေးကြမ်းပူပူတစ်ငုံကို သောက်လိုက်ပြီး အေးဆေးတည်ငြိမ်သောအကြည့်ဖြင့် လှည့်ကာ အခန်းဆီသို့ လျှောက်သွားသည်။ မရမ်းစေ့ရောင်အတောင်ပံခြင်္သေ့မင်းလည်း ပျောက်ကွယ်သွားသည်။ သူသည် ထိုကောက်ကျစ်စဉ်းလဲသော သူများ မက်မွန်ပန်းတောင်မှ လုံးဝထွက်ခွာသွားပြီဟု သေချာသိရန် လိုအပ်သည်။
ယွင်ယွင်သည် သူမ၏လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်လျက် သနားစရာကောင်းသည့် အကြည့်ဖြင့် သူ့ဆရာ၏အခန်းကို စိုက်ကြည့်နေသည်။ ကျောက်ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်အထိ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျသွားသည်။
သူမ၏ဝတ်ရုံများ လှုပ်ရမ်းလိုက်သောအခါ သူမ၏ ပြစ်ချက်ကင်းသော ဖြူစင်သည့် ပေါင်တံသည်လည်း ပေါ်လွင်လာခဲ့သည်၊ အကယ်၍ ဂူဟီသည် ဤအရာကို မြင်ပါလျှင် သူ့နှာခေါင်းမှ သွေးယိုစီးကျမည်မှာ သေချာသည်။
ကျန်းချန်သည် ကုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ပြီး သူ၏ခန္ဓာကိုယ်အတွင်းတွင် ထိန်းချုပ်မရသော သိုင်းစွမ်းအင်ကို ခံစားနေရချိန်မှာ စနစ်မှအသံလည်း တပြိုင်နက်ထွက်ပေါ်လာသည်။
【အဓိကတာဝန် စတင်ပါပြီ။ သခင်သည် အခု သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ စနစ်က အထူးအမိန့်ထုတ်ပြန်လိုက်သည်- တာဂိုသဲကန္တာရအတွင်းပိုင်းသို့ ခရီးထွက်ပြီး၊ အဆန်းကြယ်ဆုံးမီးတောက်စာရင်းတွင်ပါသော အဆင့် ၁၉ ရှိသည့် မိုးပြာရောင်ကြာပန်း မြေမြင့်ဗဟို မီးတောက်ကို ရယူပါ။ ဆုလာဘ်မှာ အဆန်းတကြယ်မီးတောက်များကို အတိုင်းအဆမရှိ ပေါင်းစည်းနိုင်စေသော ကျင့်စဉ်တစ်ခုဖြစ်သည့် မီးတောက်ကျင့်စဉ်ရမည် ဖြစ်သည်။】
စနစ်၏အသံသည် ကျန်းချန်၏စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး သူ့အား တာဂိုးသဲကန္တာရအတွင်းပိုင်းသို့ သွားရန် ပြောသည်ကို ကြားသောအခါ သူတန့်သွားသည်။
သူ၏မျက်လုံးများ ချက်ချင်းကျယ်လာပြီး ဒေါသသံဖြင့် ပြောသည်- "စနစ် မင်း ငါ့ကို နောက်နေတာလား? မင်းက ငါ့ကို တာဂိုသဲကန္တာရကို ပို့တယ်! မင်းမှတ်မိသေးလား၊ မင်းငါ့ကို အဲဒီကိုပို့တုန်းက ငါဘယ်လောက်နီးပါး သေလုမျောပါးဖြစ်သွားခဲ့ရတယ်ဆိုတာ...။"
လွန်ခဲ့သော ရှစ်နှစ်.. ကျန်းချန်သည် သိုင်းဘုရင်အဖြစ် ရှိစဉ်က စနစ်မှ တာဝန်တစ်ခုရရှိခဲ့သည်။ မီဒူဆာအမည်ရှိ စွမ်းအားကြီးသော မြွေအမျိုးသမီး၏ အနိုင်ရယူရန်ဖြစ်သည်။ သို့သော် ဤအမျိုးသမီးသည် အရှုံးမပေးသဖြင့်သူသည် မီဒူဆာ၏လက်ချက်နှင့် သေလုနီးပါးဖြစ်ခဲ့ရသည်။
သူသည် ယခုအခါ ဘုရင်မကြီး မီဒူဆာကို မကြောက်ရွံ့တော့သော်လည်း သူ့တွင် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ကျန်ရှိနေသေးသည်။ အထူးသဖြင့် တာဂိုသဲကန္တာရ၏ ပူပြင်းသောရာသီဥတုကို ကြောက်ရွံ့ဆဲဖြစ်သည်။ အခြားသူတစ်ယောက်ဆိုလျှင် စစ်စတမ်ကို လက်လျှော့ကာ ခွဲထွက်သွားလောက်ပြီ ဖြစ်သည်။
【စနစ်မှ သတ်မှတ်ပေးသည့် တာဝန်များကို ကျေးဇူးပြု၍ ပြီးမြောက်အောင်ဆောင်ရွက်ပါ။ ပျက်ကွက်ပါက စနစ်သည် ဒေါသထွက်ပြီး သုံးနှစ်ကြာ မည်သည့်တာဝန်မျှ သတ်မှတ်ပေးမည် မဟုတ်ပါ။】
ကျန်းချန်- "???"
နည်းနည်း စိတ်ဆိုးတယ်...
လူတိုင်းမှာ စိတ်ဆိုးစရာရှိတာပဲ!
ကျန်းချန်သည် သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သော်လည်း ကံကောင်းစွာပင် အချိန်မီထိန်းချုပ်နိုင်ခဲ့သည်။ သို့မဟုတ်ပါလျှင် စစ်စတမ်သည် စကားပြောမှုပုံစံကို အသက်သွင်းကာ ကျန်းချန်နှင့် ရင်းရင်းနှီးနှီးဆက်ဆံလိမ့်မည်ဖြစ်သည်။
"ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ငါက မြွေလူမျိုးစုကို အရင်မသွားဘူး။ မိတ်ဆွေဟောင်းတချို့ကို ပြန်တွေ့ဖို့ လိုသေးတယ်။"
ကျန်းချန်သည် အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး သူ၏အကောင်းဆုံးစိတ်အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားသည်။ သူသည် ထိုကျိန်စာသင့်သော စစ်စတမ်ကို သူ့အားထိန်းချုပ်ခွင့်ပေးမည် မဟုတ်ပေ!
မင်းက ငါ့ကို အရှေ့သွားခိုင်းတယ်၊ ငါက အနောက်သွားမယ်!
မင်းက ခွေးကိုရိုက်ခိုင်းတယ်၊ ငါက ကြက်ကို ရိုက်မယ်!
【မစ်ရှင် ရေတွက်ချိန် - ရက် ၃၀။】
ကျန်းချန်သည် ပခုံးတွန့်လိုက်သည်။ ရက် ၃၀ သည် လုံလောက်သည့်အချိန်ထက် ပိုပါသည်။ သူ၏ အာကာသကို ဖြတ်ကျော်၍ သွားနိုင်သော အမြန်နှုန်းဖြင့် တာဂိုသဲကန္တာရ၏အတွင်းပိုင်းသို့ ရောက်ရှိရန် အချိန်ကြာမြင့်မည် မဟုတ်ပေ။
"နတ်သမီးဆရာဝန်မလေး"။
စကားလုံးများ မပြီးဆုံးခင်မှာပင် နတ်သမီးဆရာဝန်မလေး၏ နူးညံ့သိမ်မွေ့သော အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်- "သခင်၊ ဘာဖြစ်လို့ပါသလဲ?"
ကျန်းချန်သည် အခန်းတံခါးကို ဖွင့်လိုက်ပြီး ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသော နတ်သမီးဆရာဝန်မလေးကို ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်-
"ငါ ဒီကနေ ခဏ ထွက်သွားမယ်။ မင်းနဲ့ ရှောင်ဟောင်တို့ ဒီမှာ ဆက်ကျင့်နေကြ။ ယွန်လန်ဂိုဏ်းက ရောက်လာရင် သတ်မလား ချမ်းသာပေးမလား ဆိုတာ မင်းစိတ်ကြိုက် ဆုံးဖြတ်။ အားလုံးက မင်းအပေါ် မူတည်တယ်။"
"ဒါပေမယ့် အစ်မယွင် သူက..."
ထိုအခိုက်တွင် ယွင်ယွင်သည် ချင်းကျိုးကို ကြောင်တောင်တောင်နှင့်စိုက်ကြည့်နေဆဲဖြစ်သည်။ ကျန်းချန်က တစ်ချိန်လုံး သူမကို စောင့်ကြည့်နေသည်ကို လုံးဝသတိမထားမိချေ။
"ယန်အာ မင်းမှာ ကိုယ်ပိုင်စဥ်းစားဆုံးဖြတ်တတ်တဲ့ဉာဏ်ရှိပါတယ် ။ ငါပြောသလို လုပ်ပါ။ တစ်စုံတစ်ခုဖြစ်လာလျှင် ဒီကျောက်စိမ်းအပိုင်းအစကို ချိုးလိုက်ပါ၊ ငါခံစားမိလိမ့်မယ်။"
ပြောရင်းဆိုရင်းမှာပင် ကျန်းချန်သည် သူ၏လိုတရလက်စွပ်မှ သူ၏ကိုယ်ပိုင်ဒိုချီစွမ်းအင်ပါသော ကျောက်စိမ်းအပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။ ဤကျောက်စိမ်းအပိုင်းအစသည် သူ့အား အရိပ်အမြွက်များပေးနိုင်ရုံသာမက သူ၏ခန္ဓာကိုယ်အတွင်းရှိ ဒိုချီစွမ်းအင်ကို အသုံးပြု၍ အကာအကွယ်ဒိုင်းတစ်ခုအဖြစ်လည်း ဖန်တီးပေးနိုင်သည်။ သိုင်းဝိဇ္ဇာအဆင့်ကျွမ်းကျင်သူတစ်ဦးကပင် အချိန်တိုအတွင်း ဖောက်ထွင်းဝင်ရောက်နိုင်မည် မဟုတ်ပေ။
နတ်သမီးဆရာဝန်မလေးသည် ကျိုးနွံစွာ ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့၊ ကျွန်မ နားလည်ပါပြီ သခင်။ သခင်မှာ အရေးကိစ္စရှိလျှင် မြန်မြန်သွားပါ၊ မနှောင့်နှေးပါစေနှင့်။"
ကျန်းချန်သည် နတ်သမီးဆရာဝန်မလေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် ယွင်ယွင်ကို ကြည့်လိုက်ကာ ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ ခြေလှမ်းကျယ်ကျယ်ဖြင့် ထွက်ခွာသွားလေသည်။
ကျန်းချန် ထွက်ခွာပြီးနောက်၊ ယွင်ယွင်သည် အိပ်နေရာမှ နိုးလာပြီး ဗလာနတ္တိဖြစ်နေသော တောင်ထိပ်ကို ကြည့်ရင်းက သူမ၏စိတ်ထဲတွင် ဗလာနတ္တိဖြစ်သည့် ခံစားချက်တစ်ခု ပေါ်ထွက်လာသလို ခံစားလိုက်ရသည်။
တစ်ခုခု ပျောက်ဆုံးနေသလိုပဲ...
နတ်သမီးဆရာဝန်မလေး ရောက်လာပြီး ယွင်ယွင်၏ လက်ကလေးကို နူးညံ့စွာ ကိုင်လိုက်ကာ ပြောသည်- "အစ်မယွင် ဆရာက တကယ်တော့ အစ်မကို နည်းနည်းလေး ဂရုစိုက်ပါတယ်။"
"ငါ့ကို ဂရုစိုက်တယ်..." ယွင်ယွင်၏ လှပသောမျက်နှာသည် အနည်းငယ် နီသွားပြီး သူမ၏မျက်လုံးများ လှန်ကြည့်လိုက်သည်- "ဆရာက ဘာလို့ ငါ့ကို ဂရုစိုက်တာလဲ...? ငါ... ငါက အမြဲတမ်း ဆရာကို ရင်ကွဲအောင် လုပ်မိတယ်..."
ကျန်းချန်သည် ယွင်ယွင်အား သူနှင့်အတူ လေ့ကျင့်ရန် အကြိမ်များစွာ ဖိတ်ခေါ်ခဲ့သော်လည်း၊ ယွင်ယွင်သည် သူမ၏ဂိုဏ်းကို အမြဲတမ်းသတိရကာ အကြိမ်တိုင်း ငြင်းဆိုခဲ့သည်။