← Chapters

အသိမိတ်ဆွေဟောင်း၊ ရေခဲဧကရာဇ် ဟိုင်ဘိုဒုံး

Vol. 2 Ch. 20

အသိမိတ်ဆွေဟောင်း၊ ရေခဲဧကရာဇ် ဟိုင်ဘိုဒုံး

Vol. 2 Ch. 20

နတ်သမီးဆရာဝန်မလေးက “အစ်မယွင် သခင်လေးက ဂရုစိုက်တတ်တဲ့သူတစ်ယောက်ပါ။ တကယ်တော့ ကျွန်မကိုလည်း ဆရာက ကယ်တင်ပေးခဲ့လို့ မက်မွန်ပန်းတောင်မှာ နေခဲ့ရတာပါ။”

“ဟင်..?” ယွင်ယွင် ခေါင်းရှုပ်သွားသကဲ့သို့ ကြည့်လိုက်သည်။ ဒါဆို နတ်သမီးဆရာဝန်မလေးက အစကတည်းက ဆရာ့ရဲ့ အစေခံမဟုတ်ဘူးလား။

ယွင်ယွင် အရင်က ထင်ခဲ့သည်မှာ သူတို့နှစ်ယောက်သည် သခင်နှင့် အစေခံဖြစ်ပြီး၊ နတ်သမီးဆရာဝန်မလေးသည် နေ့စဉ် သူမ၏သခင့်အတွက် အိပ်ရာနွေးအောင်လုပ်ပေးခြင်း၊ ကျောပွတ်ပေးခြင်းများ ပြုလုပ်နေရသည်ဟု ထင်မှတ်ခဲ့သည်။ သူမသည် နတ်သမီးဆရာဝန်မလေးက ဆရာကယ်ခဲ့သူတစ်ဦးဖြစ်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

နတ်သမီးဆရာဝန်မလေးသည် သူမ၏ဖြစ်စဉ်အားလုံးကို ယွင်ယွင်အား ပြောပြလိုက်သည်။ ယွင်ယွင်က နတ်သမီးဆရာဝန်မလေးသည် တကယ့်ကို အဆိပ်ရှိခန္ဓာကိုယ် ဆက်ခံသူတစ်ဦးဖြစ်ကြောင်း လုံးဝထင်မှတ်မထားခဲ့ပေ။

သူမရဲ့သခင်‌ေလးကသာ မကူညီခဲ့လျှင် သူမ၏ခန္ဓာကိုယ်သည် ပေါက်ကွဲသွားနိုင်ပြီး ဒါကို ကြုံတွေ့ဖူးသူများသာ နာကျင်မှုကို တကယ်နားလည်နိုင်ပေလိမ့်မည်။

ထိုအချိန်မှစ၍ နတ်သမီးဆရာဝန်မလေးသည် သူမ၏ကျန်တော့မည့်ဘဝတစ်လျှောက်လုံး သခင်လေးနောက်ကိုဘဲ လိုက်မည်ဟု ကတိပြုခဲ့သည်။

ယွင်ယွင်သည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် တလက်လက်တောက်ပသော ရေကန်ကို ကြည့်လျက် စိတ်ရှုပ်သောမျက်နှာသည် သူမ၏မျက်လုံးတွင် လျှပ်တစ်ပြက်ပေါ်လာသည်။ ဖြစ်နိုင်သည်မှာ ခရမ်းရောင်ဝိညာဉ်ကျောက်အတွက် လဲလှယ်စဉ်က သူမ၏ခံစားချက်များသည် ယွန်လန်ဂိုဏ်းနှင့်အတူ သူနှင့်အတူ လိုက်ပါသွားသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။

………………

ကျန်းချန်သည် ကျန်းမအင်ပါယာ၏ အနောက်မြောက်ဘက်တွင် တည်ရှိသော တာဂိုသဲကန္တာရသို့ နေ့တစ်ဝက်တည်းနှင့် ရောက်ရှိလာခဲ့သည်။

ဖြစ်နိုင်သည်မှာ သဲကန္တာရနှင့် နီးကပ်သောကြောင့် ဤနေရာ၏ ရာသီဥတုသည် အတော်အတန် ခြောက်သွေ့၍ ပူပြင်းသည်။ ပူပြင်းသော နေမင်းကြီးသည် ကောင်းကင်မှ ဖြာကျပြီး ကျွန်ုပ်တို့ခြေထောက်အောက်ရှိ မြေပြင်ကို ကင်ထားသကဲ့သို့ ပြင်းလှသောအပူကို မရပ်မနား ထုတ်လွှတ်နေသည်။

အပူရှိန်က တဖြည်းဖြည်း မြင့်တက်လာပြီး၊ အမြင်အာရုံကို အနည်းငယ် ဝေဝါးလာစေသည်။

ကျန်းချန်သည် ဤခံစားချက်ကို အတော်လေး မကြိုက်ပေ။ နေ့ဘက်တွင် အလွန်ပူပြင်းသည့်အတွက်ကြောင့် မူးဝေပြီး ညဘက်တွင် အပူချိန်က သိသိသာသာ ကျဆင်းသွားသည်။ ဒီအရာသည် သူ သိုင်းဘုရင်အဆင့် ရှိနေစဉ်က ဤခံစားချက်မျိုးကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ယခုအခါ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိပြီးဖြစ်သောကြောင့် ဤအပူချိန်သည် သူ့အတွက် အန္တရာယ်မဖြစ်တော့ပေ။ နောက်တစ်ခုမှာ သူသည် သူ၏ အသိမိတ်ဆွေ‌ဟောင်းများကိုလည်း သွားတွေ့နိုင်သည်။

…………

တာဂိုသဲကန္တာရ၏ ဆင်ခြေဖုံးတွင် တည်ရှိသော မြေပုံဆိုင်တစ်ဆိုင်။

လူသူကင်းမဲ့သော တာဂိုးသဲကန္တာရတွင် ဤဆိုင်သည် အလွန်တောက်ပနေသည့်အတွက် ဂရုတစိုက်မကြည့်ရှုပါက သဲကန္တာရတွင် အဖြစ်များသော တံလျှပ်တစ်ခုဟု အမှတ်မှားနိုင်သည်။

ကျန်းချန်သည် ဆိုင်အပေါ်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို ကြည့်ပြီး ဆိုင်အတွင်းသို့ ဝင်လိုက်သည်။

အခန်းသည် သိပ်မကျယ်သော်လည်း ထူးခြားစွာ သန့်ရှင်းနေသည်။ ဘေးဘက်ရှိ ဗီရိုပေါ်တွင် တာဂိုးသဲကန္တာရ၏ မြေပုံများဖြစ်သည့် စာလိပ်များရှိနေသည်။

ကောင်တာ၏နောက်တွင် လူကြီးတစ်ယောက်သည် ခေါင်းငုံ့ကာ မြေပုံတစ်ခုကို ဂရုတစိုက် ဆွဲနေသည်။

ထိုလူကြီးသည် အတော်လေးအသက်ကြီးနေပြီမှာ အသေအချာပင်ဖြစ်သည်။ သူ၏ဆံပင်သည် လုံးဝဖြူနေသော်လည်း ပုံဆွဲသည့်ခဲတံကို ကိုင်ထားသော သူ၏လက်သည် တည်ငြိမ်ပြီး သန်မာနေဆဲဖြစ်သည်။

တစ်ယောက်ယောက် ရောက်ရှိလာသည်ကို သတိပြုမိသောအခါ အဘိုးကြီးသည် မလှုပ်ရှားဘဲ အေးစက်စွာပြောသည်။

"လိုချင်တာယူသွားပါ၊ မြေပုံတွေအားလုံးက ဗီရိုပေါ်မှာပဲရှိတယ်။"

ကျန်းချန်သည် အဝါရောင်သဲများဖြင့်ဖုံးနေသော မြေပုံကို ကြည့်ရှုပြီး မဖြစ်မနေခေါင်းခါလိုက်သည်။ "ရေခဲဧကရာဇ်၊ ရှစ်နှစ်တောင် ရှိပြီ၊ မင်းက ဒီအတိုင်းပဲ။ ကိုယ့်ကိုယ်ကို သန့်ရှင်းအောင်တောင် မလုပ်ဘူး" ဟု ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသောအခါ အခန်းအတွင်းရှိ အပူချိန်သည် ချက်ချင်းဆိုသလို တစ်ဒါဇင်လောက် ကျဆင်းသွားပြီး၊ စွမ်းအားပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ထို့အပြင် သာမန်မျက်စိဖြင့် မြင်နိုင်သော မြန်နှုန်းဖြင့် ရေခဲပြာရောင်သိုင်းစွမ်းအင်ကွင်းတစ်ခုသည် လူကြီးခန္ဓာကိုယ်ပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။

ကျန်းမအင်ပါယာ၏ ထိပ်တန်းတိုက်ခိုက်ရေးသမား ၁၀ ယောက်အနက် တစ်ယောက်ဖြစ်သည့် ရေခဲဧကရာဇ်သည် သူထိပ်ဆုံး‌ရောက်နေချိန်တွင် သိုင်းဧကရာဇ်အဆင့်ရှိသူ နှစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ခဲ့သည်က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပင် ဖြစ်နိုင်သည်။

ဟိုင်ဘိုဒုံးသည် သူ့ရှေ့ရှိလူကို စူးစိုက်ကြည့်ရှုလျက်၊ "ကျန်းချန်! မင်း အသက်ရှင်နေသေးတယ်ဆိုတာ ငါမထင်ထားခဲ့ဘူး!" ဟု အံ့အားသင့်စွာ ဆိုလိုက်သည်။

"ဟေ့ ဟိုင်ဘို ငါအသက်ရှင်နေသင့်တာ မဟုတ်ဘူးလား?!"

ကျန်းချန်သည် ရယ်လိုက်ပြီး မြေပေါ်တွင် ထိုင်လိုက်ကာ သူ့ဘေးရှိ လက်ဖက်ရည်အိုးကို ကောက်ယူပြီး သူ့အတွက် ထည့်ထားသော ရေခဲရေခွက်ထဲသို့ လောင်းလိုက်သည်။

ဟိုင်ဘိုဒုံး၏ နှုတ်ခမ်းသည် တွန့်သွားသည်။ မိမိတို့နှစ်ယောက်သည် ရှစ်နှစ်ကြာ သိကျွမ်းခဲ့ကြသည်။ ထိုအချိန်က ကျန်းချန်က သူ့အတွက် အတားအဆီးဖြတ်ဆေးလုံးကို ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း သူ တာဂိုသဲကန္တာရအတွင်းပိုင်းသို့ ဝင်သွားပြီးနောက်ပိုင်း ဘယ်တော့မျှ ပြန်မရောက်လာတော့ပေ။

ကျန်းချန်သည် ဘုရင်မကြီး မီဒူဆာ၏လက်တွင် သေဆုံးသွားခဲ့သည်ဟု သံသယရှိခဲ့ပြီး သူ့ကို မရေမတွက်နိုင်အောင် ရှာဖွေခဲ့သော်လည်း၊ တံဆိပ်ခတ်ခြင်း မန္တန် (sealing spell) ကြောင့် ဤနေရာတွင် နေရန် ဖိအားပေးခြင်းခံရသည်။

"ကောင်ဆိုးလေး၊ နောက်ဆုံးတော့ မင်း ပြန်လာပြီ! မင်း ကတိပေးခဲ့တဲ့ အတားအဆီးဖြတ်ဆေးလုံးက ဘယ်မှာလဲ?"

ဟိုင်ဘိုဒုံးသည် အစိုးရိမ်တကြီး မေးလိုက်သည်၊ ရှစ်နှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီးဖြစ်သောကြောင့် သူ၏သိုင်းဧကရာဇ်လောကသို့ ပြန်လည်ရောက်ရှိရန် စိတ်အားထက်သန်နေသည်။

ကျန်းချန်သည် အထူးအဆင့်ခြောက်ဆေးလုံးကို ထုတ်ယူပြီး ဟိုင်ဘိုဒုံးရှေ့တွင် ထားလိုက်သည်။ သူသည် ထို့နောက် "ဒါကအဆင့်ခြောက်ဆေးလုံး၊ အတားအဆီးဖြတ်ဆေးလုံးပဲ။ မင်းစားပြီးတာနဲ့ မင်းကိုယ်ထဲက တံဆိပ်ခတ်ခြင်း မန္တန်ကို ဖျက်ဆီးပစ်လိမ့်မယ်။ ဒါပေမယ့် အဲ့တာပြီးရင်တော့ မင်းက တာဂိုသဲကန္တာရအတွင်းပိုင်းက မြွေလူမျိုးစုဆီကို ငါနဲ့အတူ လိုက်ခဲ့ဖို့ မျှော်လင့်တယ်" ဟု ပြောလိုက်သည်။

ဖူး!

သိုင်းဧကရာဇ်လောကသို့ ပြန်လည်ရောက်ရှိခြင်းကို ဂုဏ်ယူနေသော ဟိုင်ပိုဒုံးသည် ရုတ်တရက် အံ့ဩ

သွားသည်။ သူ၏နှုတ်ခမ်းတွန့်သွားပြီး ကျန်းချန်၏ ကော်လံကို ဆုပ်ကိုင်ကာ-

"မင်း ငါ့ကို သေအောင် လုပ်နေတာလား? အရင်တုန်းက၊ ငါကမင်းအတွက်ကြောင့် တံဆိပ်ခတ်ခြင်း မန္တန်ကို လျစ်လျူရှုပြီး မြွေလူမျိုးစုထဲကို ကျူးကျော်ဝင်ရောက်ခဲ့ရတာ ငါ သေလုမတတ်ပဲ!"

"မင်းမှာ သိုင်းအတောင်ပံ ရှိတယ်၊ ငါ့မှာတော့ ခြေထောက်နှစ်ချောင်းပဲရှိတယ်!"

ကျန်းချန်သည် အားတောင့်အားနာနှင့် ချောင်းနှစ်ချက် ဆိုးလိုက်သည်။ ဒီကိစ္စဖြစ်ပျက်ခဲ့သည်က မှန်ပါသည်... သို့သော် ထိုအချိန်က သူသည် ဘုရင်မကြီး မီဒူဆာကို အဝေးသို့ ဆွဲခေါ်မသွားခဲ့ပါလျှင် ဟိုင်ဘိုဒုံးသည် သူ့ဓား၏သားကောင်ဖြစ်ခဲ့မည်မှာ အသေအချာပင် ဖြစ်သည်။

"ငါ့အမှားပါ။"

ကျန်းချန်သည် ပခုံးတွန့်လိုက်ပြီး သူ၏ခေါက်ယပ်တောင်ကို အတားအဆီးဖြတ်ဆေးလုံး၏ရှေ့တွင် ချထားလျက် "ဒါပေမယ့်၊ အကြီးအကဲဟိုင်က သဘောမတူဘူးဆိုရင်၊ ဒီအတားအဆီးဖြတ်ဆေးလုံးကို မင်းကို ပေးလို့မရဘူး" ဟု ပြောလိုက်သည်။

ဟိုင်ဘိုဒုံး- "..."

ဒီလို အရှက်မရှိသည့်လူကို ငါတစ်ခါမှမမြင်ဖူးဘူး။ ဒီကောင် ကျန်းချန်က ပထမဆုံးဘဲ။

အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်၊ ဟိုင်ဘိုဒုံးသည် သူ၏လက်သီးကို ဆုပ်ကာ "ကောင်းပြီ၊ ငါမင်းနဲ့အတူ နောက်တစ်ခေါက်လိုက်ခဲ့မယ်။ အောင်မြင်ပြီးတာနဲ့၊ ငါ့အတွက် ပြန်လည်အသက်သွင်းခရမ်းရောင်ဆေးလုံး ကို မင်းဖော်စပ်ပေးရမယ်!" ဟု ပြောလိုက်သည်။

ပြန်လည်အသက်သွင်းခရမ်းရောင်ဆေးလုံးသည် အဆင့်ငါး ဆေးလုံးသာဖြစ်သော်လည်း၊ ယင်းသည် တံဆိပ်ခတ်ခံရခြင်း မန္တန်၏ နောက်ဆက်တွဲဆိုးကျိုးများကို ဖယ်ရှားပေးနိုင်ပြီး၊ ဟိုင်ဘိုဒုံးအား အချိန်တိုအတွင်း ကြယ်ငါးပွင့် သိုင်းဧကရာဇ်အဆင့်သို့ သို့မဟုတ် ထို့ထက်ပိုမိုမြင့်မားသော အဆင့်သို့ ပြန်လည်ရောက်ရှိစေနိုင်သည်။

ကျန်းချန်သည် တွန့်ဆုတ်မနေဘဲ သဘောတူလိုက်သည်။ သူသည် အဆင့်ငါးဆေးလုံးများကို သကြားလုံးကဲ့သို့ သဘောထားသောကြောင့် ယင်းတို့ကို သိပ်အရေးမထားခဲ့ပေ။

ဤအရာကိုမြင်သောအခါ ဟိုင်ဘိုဒုံးသည် စားပွဲပေါ်ရှိ အတားအဆီးဖြတ်ဆေးလုံးကို ချက်ချင်း ကောက်ယူပြီး သူ၏ပါးစပ်ထဲသို့ ပစ်ချလိုက်သည်။ သူသည် နှစ်ပေါင်းများစွာ ကျန်းချန်ကို သိကျွမ်းခဲ့ပြီး၊ သူနှင့်အတူ တိုက်ခိုက်ခဲ့ဖူးသောကြောင့်၊ သူသည် ကျန်းချန်က သူ့ကို အဆိပ်ခတ်မည်ကို မကြောက်ပေ။

ပိတ်ဆို့နေသော စွမ်းအားသည် ဟိုင်ဘိုဒုံး၏ ခြေလက်နှင့် အရိုးများကို ဆက်တိုက်ရိုက်ခတ်နေပြီး၊ စွမ်းအားပြင်းထန်သော သိုင်းစွမ်းအင်သည် ပြင်းထန်သည့် ရေစီးကြောင်းကဲ့သို့ အဆက်မပြတ် မြင့်တက်နေသည်။

ကျန်းချန်သည် မြေပုံ၏တည်နေရာသို့ ရောက်ရှိလာသည်။ ရှာဖွေပြီးနောက် စုတ်ပြဲနေသည့် မြေပုံအပိုင်းအစစုတ်တစ်ခုကို တွေ့ရှိခဲ့သည်။ ထိုအပိုင်းအစတွင် အထူးနေရာများကို အမှတ်အသားပြုထားသည်က ရတနာမြေပုံတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း၏ သစ္စာရှိသော ပရိတ်သတ်တစ်ယောက်အနေနဲ့ ကျန်းချန်သည် ဤအရာကို အလိုလို သိသည်။ ယင်းသည် အထူးမီးတောက်စာရင်းတွင် တတိယအဆင့်ဖြစ်သော စင်ကြယ်သည့် ကြာပန်း မှော်မီးတောက်၏ အံ့ဖွယ်တစ်ခုဖြစ်သည်။

စင်ကြယ်သော ကြာပန်း မှော်မီးတောက်သည် သိုင်းသူတော်စင်များကြားတွင် အလွန်ရှားပါးသော ပစ္စည်းတစ်ခုပင် ဖြစ်သည်။ သို့သော် စင်ကြယ်သော ကြာပန်း မှော်သူတော်စင်ပျောက်ကွယ်ပြီးနောက် ယင်းသည် မည်သည့်အခါမျှ ပြန်လည်ပေါ်ထွက်လာခြင်းမရှိပေ။

ယခု မြေပုံအပိုင်းအစများသည် စင်ကြယ်သော ကြာပန်း မှော်မီးတောက် တည်ရှိရာနေရာကို ရှာဖွေရန် သော့ချက်ဖြစ်သည်။

ငါက စင်ကြယ်သော ကြာပန်း မှော်မီးတောက် မြေပုံအပိုင်းအစကိုရရှိခဲ့တယ်။ ဒီမြေပုံမှာ နောက်ထပ်မိတ္တူတစ်စုံရှိ‌ေပမဲ့လည်း အဲ့တာကို ရေခဲဧကရာဇ် ဟိုင်ဘိုဒုံးက တိတိကျကျ နှစ်ပိုင်းဆုတ်ဖြဲခဲ့သည်။ သူ ပြန်ကောင်းလာလျှင် နောက်တစ်ကြိမ် ထပ်မေးရပေမယ်။

All Chapters