← Chapters

မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်

Vol. 3 Ch. 25

မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်

Vol. 3 Ch. 25

"အကယ်၍ ကျွန်တော်တို့ မအောင်မြင်ခဲ့ရင် မြွေလူမျိုးတွေ ဒီတိုက်ကြီးပေါ်မှာ ချေမှုန်းခံရလ်ိမ့်မယ်။ မင်း ဒါကို စဉ်းစားဖူးလား။"

ဤစကားလုံးများကို ကြားရသည့်အခါ ဘုရင်မကြီးမီဒူဆာ၏ မျက်နှာအမူအရာသည် မသိမသာ ပြောင်းသွားသည်။ သူမသည် ရပ်လိုက်ပြီး ကျန်းချန်ကို လှည့်ကြည့်လိုက်သည်။

မှန်သည်...

အကယ်၍ သူတို့ မအောင်မြင်ပါလျှင် မြွေလူမျိုးတို့သည် နှစ်ပေါင်းတစ်ထောင်ကျော်ကြာ ပိတ်မိနေသည့် အခြေအနေမှ လွတ်မြောက်နိုင်ပါ့မလား။

သူတို့သည် ဘုရင်မ မီဒူဆာကို လေ့ကျင့်ပေးနိုင်ပေမဲ့ ယင်းသည် အချိန်နှင့်အမျှ ကြိုးစားအားထုတ်မှုလုပ်ရန် လိုအပ်သည်။ ဘုရင်မကို လေ့ကျင့်ပေးပြီးချိန်တွင် မြွေလူမျိုးတို့သည် သူတို့၏ရန်သူများကြောင့် ပျောက်ကွယ်သွားလောက်ပြီဖြစ်သည်။

မီဒူဆာက သူမ၏ အနီရောင်နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး "ဒါ့ကြောင့် ငါက မင်းတို့အားလုံးအပေါ်မှာ မျှော်လင့်ချက် ထားထားတာ။ တကယ်လို့ မင်းက ငါ့ကို လှည့်စားနေတယ်ဆိုရင်တောင် ငါ မင်းကို အနိုင်မယူနိုင်ရင်တောင် မင်းရဲ့ခန္ဓာကိုယ်ကို ဟောင်းလောင်းပေါက်ဖြစ်သလို မင်းခံစားရ‌အောင် လုပ်ပေးမယ်" ဟု ပြောလိုက်သည်။

အဟွတ် အဟွတ် အဟွတ်....

ကျန်းချန်သည် ဒေါသမထွက်ပေ။ သူသည် လှပစွာပြုံးလိုက်ပြီး ဘုရင်မကြီးမီဒူဆာ၏ ရင်ဘတ်ပေါ်ရှိ လည်ဆွဲကနေ သူ့ရှေ့ရှိ ရေကန်ထဲကို အကြည့်ပြောင်းလိုက်သည်။

ရေထဲတွင် ကျွန်းလေးတစ်ခု ဖြစ်ထွန်းနေပြီး ယင်းကို မီးတောက်တို့က ဝန်းရံထားသည်က အသက်ရှူမှား‌စေလောက်သည်။ ဤစွမ်းအားသည် အလွန်ပြင်းထန်သည်။ သိုင်းဧကရာဇ် အဆင့်အောက်ရှိသူ မည်သူမဆို ကာကွယ်မှုမရှိဘဲ ထိတွေ့မိပါက ၁၀၀% သေဆုံးနိုင်‌ချေ ရှိသည်။

မီဒူဆာသည် သူမ၏သွယ်လျသောလက်ချောင်းတစ်ချောင်းကို ဆန့်ကာ ဝေးလှသည့် နေရာတစ်ခုရှိ ကျွန်းငယ်လေးတစ်ခုကို ညွှန်ပြနေသည်။ "အထူးမီးတောက်သည် ထိုအထဲမှာရှိတယ်။ တကယ်လို့ ဒါကိုယူနိုင်တဲ့ အရည်အချင်းရှိပါလျှင် မင်း မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်ကိုယူကာ မြွေလူမျိုးစုထံ ထွက်ခွာခွင့်ပြုပါမည်။"

ကျန်းချန်သည် ရေကန်၏ ကြည်လင်သောရေကို ကြည့်နေသည်။ ဤရေသည် ရေသေဖြစ်သည်ကို သူသိသောလည်း ဤမျှလောက်ကြည်လင်နေမည်ဟု တကယ် မမျှော်လင့်ထားပင်။

ရေကန်အောက်တွင် စတုတ္ထအဆင့် မြွေမှော်သားရဲတစ်ကောင် ခိုအောင်းနေပြီး ယင်းသည် တိုက်ခိုက်ရေးဝိညာဉ်နှင့် ညီမျှသည်။ လုပ်ကြံသူတစ်ယောက်ကဲ့သို့ ပင် သားကောင်အား သူဝိုင်းရံထားသောနေရာသို့ တဖြည်းဖြည်း ဝင်ရောက်လာရန် စောင့်ဆိုင်းနေသည်။ သူ၏ရှည်လျားသော လျှာသည် အဆက်မပြတ် လှုပ်ရှားနေပြီး တရွှီးရွှီးနှင့် အသံထွက်နေပါသည်။

တစ်ချိန်တည်းမှာပင် ရေမျက်နှာပြင်ပေါ်သို့ ပြုတ်‌ကျနေသည့် အစိမ်းရောင်အရွက်များသည်လည်း ပြာပုံအဖြစ်သို့ ပြောင်းလဲသွားပြီး မည်သည့်အခါမျှ မရှိခဲ့သည့်ပုံစံဖြင့် ရှိနေသည်။

ဘုရင်မကြီးမီဒူဆာ၏ နှုတ်ခမ်းသည် ပြုံးရီမိသွားသည်။ သူမ၏မြွေအမြီးဖြင့် ပြင်းထန်စွာ ခုန်ပေါက်ဝင်လိုက်ခြင်းဖြင့် သူမသည် ငါးတစ်ကောင်လို သမုဒ္ဒရာထဲသို့ ရောက်သွားသကဲ့သို့ ချောချောမောမောပင် ရေထဲသို့ ကျသွားသည်။ ပေါင် ၈၀ ကျော်လေးသော သူမ၏ခန္ဓာကိုယ်သည် ရေထဲသို့ ရောနှောသွားပြီး လှပသည့် ရေစက်ကို ပက်ဖျန်းပေးနေသည်။

ရေထဲရှိ အဆိပ်သည် ဘုရင်မကြီးမီဒူဆာအတွက် မိုးဖွဲထက် ဘာမျှမပိုပေ။ အန္တရာယ်ဖြစ်မည့်ကိစ္စတစ်ခုမျှ မရှိပေ။ အမှန်တကယ်မှာတော့ ရေထဲရှိအဆိပ်သည် သူမရေထဲသို့ ဝင်ရောက်သည်နှင့်အမျှ ပိုမိုပြင်းထန်လာခဲ့သည်။

သူမသည် ချောမွေ့စွာ ရေပေါ်သို့ ရောက်ရှိလာပြီးနောက် ကျန်းချန်အား ယုတ်မာသည့် အပြုံးကို ပေးလိုက်သည်။ "ဘာလဲ၊ အနားကပ်ဖို့ကို ကြောက်နေတာာလား။ မင်းက သိုင်းသူတော်စင် ကျွမ်းကျင်သူလို့ ပြောတယ်မလား။ မင်းက ဒီအဆိပ်နည်းနည်းလောက်ကို ကြောက်နေတာလား။"

ကျန်းချန် ပြုံးလိုက်သည်။ ယောက်ျားတစ်ယောက်က သူ မလုပ်နိုင်သည်ကို အဘယ်သို့ ဝန်ခံရပါမည်နည်း။ သူသည် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပြီး သူ၏ညာဘက်ခြေထောက်သည် ရေကို ထိမိသည်နှင့် တစ်ပြိုင်နက် သူ၏ကိုယ်ခန္ဓာသည် ရေလှိုင်းမထစေဘဲ ပင့်တင်ထားသည်။ ကျန်းချန်၏ကိုယ်ခန္ဓာသည် လေညှင်းထက် မလေးသည့်ပုံစံဖြစ်နေသည်။

ဤအရာကို မြင်ရသည့်အခါ မီဒူဆာက ကျန်းချန်သည် သိုင်းသူတော်စင် တစ်ဦးဖြစ်ကြောင်း အပြည့်အဝ ယုံကြည်သွားခဲ့သည်။ ရေမျက်နှာပြင်က လုံးဝ အမှတ်အသား မရှိတော့ပေ။ ဘယ်လိုစွမ်းအားထိန်းချုပ်မှုမျိုးက ဒီလိုအကြောက်တရားကို ပြီးမြောက်အောင်မြင်နိုင်ပါမည်နည်း။

ဤအခြေအနေကို အရမ်းလွယ်ကူသည့်ပုံစံဖြစ်သည်ဟု မထင်လိုက်ပါနှင့်။ အမှန်တကယ်မှာ ယင်းသည် မယုံနိုင်လောက်အောင် ခက်ခဲသည်။ တိုက်ခိုက်ရေးစိတ်ဓာတ်ကို ထိန်းချုပ်ရုံသာမက ပတ်ဝန်းကျင်ရှိ အဆိပ်မှလည်း သင့်ကိုယ်သင် ကာကွယ်ရန်လိုအပ်သည်။ ဤသည်မှာ ရိုးရိုးလေးပင် မဖြစ်နိုင်ပေ။

သူ့အောက်ခြေရှိ စတုတ္ထအဆင့် မှော်သားရဲသည်လည်း ကျန်းချန်ဆီသို့ အရူးတစ်ယောက်လို ခုန်ပေါက်လာသည်။ သို့သော် မှော်သားရဲသည် ကျန်းချန်းနှင့် သုံးမီတာအတွင်းသို့ မရောက်ရှိမီပင် သူ၏ခန္ဓာကိုယ်သည် ထိုနေရာမှာတင် အေးခဲသွား၏။

ထို့နောက် ကျယ်လောင်သောအသံနှင့်အတူ စတုတ္ထအဆင့် မှော်သားရဲ၏ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီး သွေးမြူတိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ချိုင့်ဝှမ်း၏အောက်ခြေသို့ နစ်မြုပ်သွားခဲ့သည်။

ဤအရာကို မြင်ရသည့်အခါ ဘုရင်မကြီးမီဒူဆာသည် အနေခက်စွာ ရယ်လိုက်သည်။ သူသည် သူမ၏ချစ်မြတ်နိုးရသော အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး ထိုကဲ့သို့သေဆုံးသွားခဲ့သည်က..

သူတို့တွင် စမ်းသပ်နိုင်စွမ်းပျောက်ဆုံးသွားပြီး ပြိုင်ဘက်၏ လှုပ်ရှားမှုကိုပင် သူတို့မမြင်နိုင်တော့ပေ။

ကျန်းချန်သည် အလွန်အဆိပ်ပြင်းသော ရေကန်ကို လျင်လျင်မြန်မြန်နှင့် ချောမွေ့စွာ ဖြတ်ကျော်ပြီးနောက် ခေါင်းညိတ်ကာ အနည်းငယ်ပြုံးလိုက်သည်။ "အခု မင်းငါ့ကို ယုံကြည်နိုင်ပြီမလား။"

"ကျွန်‌တော့်ကို ပြန်လည်မိတ်ဆက်ခွင့်ပြုပါ။ ကျွန်တော့်နာမည်က ကျန်းချန် ပါ အထူးပညာရပ်သင်ကျောင်း၏ ကွန်ဖြူးရှပ်ပညာရှင်ဖြစ်ပြီးတော့ လူအများစုက ကျွန်‌ေတာ့်ကို ဆရာလို့ ခေါ်ကြတယ်။"

"ရှင်ဆိုလိုချင်တာက ရှင့်ကို 'ဆရာ' လို့ ခေါ်စေချင်တာလား။" မီဒူဆာသည် အခြားသူများအပေါ် မှီခိုရသည့် ခံစားချက်ကို မနှစ်သက်သဖြင့် ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ တစ်ဖက်လူမှာ သူမထက် အဆမတန်သာလွန်နေသော်လည်း ယင်းသည် မြွေလူမျိုးတို့၏ ဘုရင်မကြီးအဖြစ်ရှိနေသည့် သူမ၏မာနကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။

"မင်းအပေါ်ပဲ မူတည်ပါတယ်။ ငါက လူတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံပေမဲ့ အဲ့ဒီကြင်နာမှုနှင့် ဖော်ရွေမှုက ခင်မင်ရင်းနှီးသူ‌ေတွအတွက်ပဲ။ ငါ့စကားကို မနာခံတဲ့ဘယ်သူမဆို အပြစ်ပေးခံရလိမ့်မယ်။"

ကျန်းချန်သည် အလွန်တရာမှ ကရုဏာစိတ်ရှိနေသည်။ အကယ်၍ သူသည် သိုင်းသူတော်စင်အဆင့်ရှိ အခြားတစ်စုံတစ်‌ယောက်ဖြစ်ခဲ့ပါလျှင် သူတို့သည် ဘုရင်မကြီးမီဒူဆာကို တိုက်ရိုက်ဖမ်းဆီး တိုက်ခိုက်ပြီး အထူးမီးတောက်ကိုသာမက ထိုအမျိုးသမီးကိုပါ ယူဆောင်သွားခဲ့မည်ဖြစ်သည်။

ထို့ကြောင့် ကွန်ဖြူးရှပ်ပညာရှင်၏ အမည်သည် ဤအရာမှ ဆင်းသက်လာခြင်းဖြစ်သည်။

"ဒါက အထူးမီးတောက်လား။"

သူ့ရှေ့တွင် အပြာရောင် မီးတောက်များထွက်ပေါ်နေသော ကြာပန်းအခိုင်တစ်ခု ပေါ်လာသည်။ ကြာပန်းမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အပူချိန်သည် ပတ်ဝန်းကျင်အားလုံးကို အပြည့်အဝ ကာကွယ်ထားပြီး ရန်သူများအား သူ၏ပုံစံအမှန်ကို မြင်တွေ့ခွင့်မပေးပေ။

ဤသည်မှာ မီးတောက်စာရင်းတွင် နံပါတ်တစ်ဆယ့်ကိုးနေရာ၌ရှိသော မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက် ဖြစ်သည်။ ဤမီးတောက်သည် ကမ္ဘာမြေဗဟို၏ ချော်ရည်အတွင်းတွင် တည်ရှိသည်။ ကမ္ဘာမြေ ပေါ်တွင် နက်နက်ရှိုင်းရှိုင်း ပေါ်ထွက်လာပြီး မြေကြီး၏မီးဖြင့် မရေတွက်နိုင်အောင် အပူချိန်ပြောင်းလဲခြင်း၊ ပေါင်းစပ်ခြင်း၊ ဖိသိပ်ခြင်းနှင့် ထွင်းထုခြင်းများကို ခံခဲ့ရသည်။ ၎င်းသည် ဝိညာဉ်တစ်ခုဖြစ်လာရန် ဆယ်နှစ်၊ ပုံသဏ္ဍာန်ဖြစ်လာရန် နှစ်တစ်ရာနှင့် ကြာပန်းဖြစ်လာရန် နှစ်တစ်ထောင် ကြာမြင့်၏။

ပုံစံအပြည့်ဖြစ်လာသောအခါ ၎င်း၏အရောင်သည် အပြာရောင်ဘက်သို့ ယိမ်းယိုင်သွားပြီး ကြာပန်း၏အလယ်ဗဟိုမှ မိုးပြာရောင်မီးတောက်တစ်ခု ပေါ်ထွက်လာသည်။ ဤမီးတောက်ကို အပြာရောင်ကြာပန်းမီးတောက် ဟူ၍ သိကြသည်။ ဤမီးတောက်၏စွမ်းအားကို မခန့်မှန်းနိုင်ပေ။ မီးတောင်များအနီးရှိ နေရာများတွင်ရှိပါက မီးတောင်ပေါက်ကွဲမှုများကို ဖြစ်စေနိုင်ပြီး သဘာဝတရားကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားကို ဖန်တီးနိုင်သည်။

ကျန်းချန် ချဉ်းကပ်တော့မည်ဆိုသည့်အချိန်တွင် မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်သည် မကြုံစဖူးသော ရန်သူတစ်ဦးကို သတိပြုမိသကဲ့သို့ ရှိပြီး ပျာပျာသလဲ ထွက်ပြေးသွားသည်။ သိုင်းဘိုးဘေးနှင့်ယှဉ်နိုင်သော မီးတောက်များ ပေါက်ကွဲထွက်လာ၏။

သို့သော် ဤမီးတောက်သည် သိုင်းသူတော်စင် တစ်ဦး၏ရှေ့တွင် အလွန်အားနည်းနေဆဲဖြစ်သည်။ သူ့တွင် မိုးပြာရောင် ကြာပန်း ပလ္လင်မရှိသော်လည်း မီးတောက်ကို နှိမ်နင်းရန် မခက်ခဲပါ။ ခွန်အားအပြည့်ဖြင့် သူ့ကိုတိုက်ခိုက်ရန် ကြိုးပမ်းမှုတိုင်းသည် အချည်းနှီးပင် ဖြစ်သည်။

ကျန်းချန်သည် သူ၏ခါးတွင် ချိတ်ဆွဲထားသော ဝိုင်ဘူးသီးကို ကောက်ယူပြီး ခေါင်းကို နောက်ပြန်လှန်ကာ ဝိုင်အနည်းငယ်ကို သောက်လိုက်ပြီးနောက် ပြင်းထန်နေသော မြေမြင့်ဗဟိုကြာပန်းမီးတောက်ကို ဆုပ်ကိုင်လိုက်ကာ သူ၏မမြင်နိုင်သော သိုင်းသူတော်အဆင့်သည် ပေါက်ကွဲထွက်လာခဲ့သည်။

အဆင့်မြင့်စွမ်းအားသည် ချက်ချင်းပင် မြွေလူမျိုးတို့၏ နယ်မြေကို ပြင်းထန်စွာ လှုပ်ခတ်စေခဲ့သည်။ သူတို့၏အိမ်များ လှုပ်ရှားခဲ့သည်။ ဖုန်မှုန့်များ တဟုန်ထိုးထွက်လာခဲ့ပြီး သဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ တာဂိုသဲကန္တာရတစ်ခုလုံးကို ပြင်းအား ၉ ရှိသော ငလျင်လှုပ်သကဲ့သို့ လှုပ်ခတ်စေခဲ့သည်။

"အထူးမီးတောက် ဆိုတဲ့အတိုင်း အမှန်တကယ် ခုခံဖို့ကြိုးစား‌ေနတာပဲ။" ကျန်းချန်က ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်ရာ အထူးမီးတောက်သည် ထိုသ်ို့သော အင်အားကို လက်ခံရုံသာရှိပြီး သူ၏ဖြစ်အင်ကို ကြွေးကြော်နေသကဲ့သို့ အနည်းငယ်တုန်ခါနေသည်။

မီးတောက်ကို နှိမ်နင်းပြီးလျှင် စနစ်ဆုလာဘ်များလည်း ရောက်ရှိလာမည်ဖြစ်သည်။

【ဂုဏ်ယူပါသည် သခင် မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်နှင့် အဝါရောင်အဆင့် အဆင့်နိမ့်ကျင့်စဥ်ဖြစ်သည့် မီးတောက်ကျင့်စဉ်ကို အောင်မြင်စွာ ရရှိခဲ့သည်။】

မီးတောက်ကျင့်စဉ်သည် အဝါရောင်အဆင့် အနိမ့်ဆုံးအဆင့်တွင်သာ ရှိသော်လည်း ဤကျင့်စဉ်၏ထူးခြားချက်မှာ သူ့တွင် ဆင့်ကဲပြောင်းလဲနိုင်သော စွမ်းရည်ရှိခြင်းဖြစ်သည်။

၎င်း၏ဆင့်ကဲပြောင်းလဲနိုင်သော စွမ်းရည်သည် မတူညီသော မီးတောက်များကို မျိုချခြင်းဖြင့် အဆုံးမရှိ ဆင့်ကဲပြောင်းလဲနိုင်ပြီး အဆုံးတွင် ကောင်းကင်ဘုံအဆင့်ကိုပင် ကျော်လွန်သွားနိုင်သည့် အချက်မှာ သူ၏ထင်ရှားသောအချက်ပင် ဖြစ်သည်။

ဤသည်မှာ မီးတောက်အားလုံးကို မျိုချနိုင်သော တစ်ခုတည်းသောအရာလည်းဖြစ်သည်။ ၎င်းနှင့်အတူ နောင်တွင် မီးတောက်များကို မျိုချရာတွင် ၎င်းတို့သည် ခန္ဓာကိုယ်ထဲတွင် တစ်ခုနှင့်တစ်ခု အချင်းချင်းတိုက်ခိုက်နေခြင်းကို စိုးရိမ်စရာမလိုတော့ပေ။

မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်သည် ကျန်းချန်၏လက်ထဲတွင် လုံခြုံစွာရှိနေသည်ကို မြင်ရသည့်အခါ ဘုရင်မကြီးမီဒူဆာသည် အတော်လေး စိတ်လှုပ်ရှားမိသည်။ ဤသည်မှာ သိုင်းသူတော်စင် စွမ်းအားရှင်၏ စစ်မှန်သည့်စွမ်းအားများလား။

ကောင်းကင်နှင့်မြေကြီးက ဖြစ်ပေါ်လာသည့် ထူးဆန်းသည့်မီးတောက်များပင် ကပ်ရောဂါလို သူတို့ကိုရှောင်ရှားသည်မှာ အံ့သြဖွယ်ကောင်းလှ၏။

All Chapters