မင်းရဲ့ဘုရင်မကြီး အနိုင်ကျင့်ခံရမှာကို မြင်ချင်မှာမဟုတ်ဘူးမလား
Vol. 3 Ch. 27
"ရပ်လိုက်"
အဝေးမှ စူးရှသည့် အော်သံတစ်ချက်ကြားလိုက်ရပြီး ခဏအကြာမှာပင် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ကျန်ရှိနေသည့် မြွေလူမျိုးခေါင်းဆောင် ခုနစ်ဦးသည် အသံလာရာကို တစ်ပြိုင်တည်း လှမ်းကြည့်ကြသည်။
ဒါပေမဲ့ ဘုရင်မကြီး၏ပြောင်းလဲမှုတွေကို သတိပြုမိသည့်အခါ လူတိုင်း၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုပေါ်လာသည်။
အရင်က ဒေါသထွက်နေသည့် မြွေလူမျိုး ပညာရှင်တို့သည် နေရာတွင် ရပ်တန့်သွားပြီး သူ့မျက်လုံးထဲတွင် မူးယစ်မှုနှင့် နက်ရှိုင်းသည့်ချစ်ခြင်းမေတ္တာတို့က တစ်စက် ထွက်ပေါ်လာသည်။
အထူးသဖြငဘုရင်မကြီး၏ ရူးသွပ်လောက်အောင် ရှည်လျားသည့် ခြေထောက်တွေကို မြင်ပြီးသည့်နောက်မှာ သူဟာ မတတ်သာဘဲ တံတွေးတွေကို မျိုချလိုက်ရသည်။
အကြီးအကဲ ယင်းရှီသည် စိတ်လှုပ်ရှားလွန်းလို့ ငိုချတော့မလိုပဲ။ သူက မြေပြင်ပေါ် ဒူးထောက်လျက် ထိုင်ပြီး အသံကျယ်ကျယ်နှင့် ပြောသည်။ "နှစ်တစ်ထောင်ကျော်ကြာပြီးတဲ့နောက် ငါတို့ဘုရင်မကြီးက နောက်ဆုံးမှာတော့ အရင်က ဘယ်သူမှမရောက်ဖူးသေးတဲ့ အဆင့်တစ်ခုကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ။ နှစ်တစ်ထောင်ကြာ ကျွန်ုပ်တို့ မြွေလူမျိုးစုကို ဒုက္ခပေးခဲ့တဲ့ ကပ်ဆိုးကို နောက်ဆုံးမှာ ချိုးဖျက်နိုင်ခဲ့ပါပြီ"
ဘုရင်မကြီး မီဒူဆာဟာ သိုင်းဘိုးဘေးအဆင့်တစ်ဝက်ကို ရောက်ရှိသွားပါပြီ။ သူမလမ်းလျှောက်သည့် အခါပတ်ဝန်းကျင်ရှိ အာကာသဟင်းလင်းပြင်သည်လည်း သူနှင့်အညီ ပြောင်းလဲသွားပြီး အလင်းတန်းတွေနှင့် တလက်လက်တောက်ပနေသည်။ တစ်ချိန်တည်းမှာပင် သူမပတ်ဝန်းကျင်ရှိ မြွေလူမျိုးအားလုံးသည် မြေပြင်ပေါ်မှာ ဒူးထောက်လျက် ထိုင်ပြီး အော်ဟစ်ကြသည်။
"ဘုရင်မကြီး"
ဘုရင်မကြီး မီဒူဆာက ပြိုလဲနေတဲ့ မိုဘတ်စ်ကို ကြည့်ပြီးသည့်နောက် ကျန်းချန်ဘက်သို့ လှည့်ကာ ကြည့်ရင်း ပြောလိုက်သည်။ "မင်း နည်းနည်းလွန်သွားတယ်။"
"ကြံရာမရသည့် အခြေအနေမှာ ဒီလိုလုပ်ရတာကို နားလည်ပါ။"
ကျန်းချန်က ဒိုချီ ပြန်လည်အသက်သွင်းဆေးလုံးတစ်လုံးကို ထုတ်ယူပြီး ရေခဲဧကရာဇ် ဟိုင်ဘိုဒုံး၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ အဆင့်ခုနှစ်ဆေးလုံး၏ အကူအညီနှင့် ဟိုင်ဘိုဒုံး၏ ဒဏ်ရာတွေဟာ အချိန်ခဏလေးအတွင်းမှာပင် လုံးဝပျောက်ကင်းသွားသည်။
အံ့ဖွယ်ကုထုံးပဲ။
အပြည့်အဝ ပြန်ကောင်းလာပြီ။
ဘုရင်မကြီး မီဒူဆာက မျက်မှောင်ကြုတ်လိုက်ပြီး "အကြီးအကဲ ယင်းရှီ"ဟု ခေါ်လိုက်သည်။
"ဘုရင်မကြီး" ဟု ယင်းရှီက မြန်မြန်ပြန်ဖြေလိုက်သည်။
ခုချိန်ကစပြီး မြွေလူမျိုးတို့၏ အရေးကိစ္စအားလုံးကို မင်းက ကိုင်တွယ်ဖြေရှင်းပါ၊ ငါကတော့ တာဂိုသဲကန္တာရရဲ့ အနက်ရှိုင်းဆုံးနေရာကို ထွက်ခွာသွားတော့မယ်။"
ဤစကားကို ကြားရသည့်အတွက် ပရိတ်သတ်များ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
မြွေလူမျိုးတို့၏ အင်အားကြီးမားတဲ့ အဖွဲ့ဝင်တွေလည်း တုန်လှုပ်သွားကြသည်။ တချို့ဆို သူတို့၏နားကို မယုံနိုင်ကြပေ။
ငါ ထင်တာမမှားဘူးဆိုရင် ဘုရင်မကြီးက မြွေလူမျိုးတွေကို စွန့်ခွာသွားတော့မှာလား
ယင်းရှီက အံ့အားသင့်စွာ မော့ကြည့်ကာ ပြောတယ်၊ "ဘုရင်မကြီး၊ ကျွန်တော်တို့ကို စွန့်ခွာသွားတော့မှာလား?"
မဟုတ်ဘူး။
ဘုရင်မကြီး မီဒူဆာက လေထဲကပြုတ်ကျနေတဲ့ ရေခဲပန်းပွင့်တစ်ပွင့်ကို သူမ၏ သွယ်လျသည့်လက်ချောင်းဖြင့် ဖြည်းညင်းစွာ ဖမ်းယူလိုက်ကာ အသံစူးရှစွာ ပြောသည်။ "ငါဟာ အရင်က ဘယ်သူမှမရောက်ဖူးသေးသည့် အမြင့်အသစ်တစ်ခုကို ရောက်ရှိပြီး၊ ငါဟာ မြွေလူမျိုးတွေကို တာဂိုသဲကန္တာရ၏ကြမ်းတမ်းသည့် ပတ်ဝန်းကျင်ကနေ လုံးဝလွတ်မြောက်အောင် လုပ်ပေးမယ်။"ဟု မိန့်ဆိုသည်။
"ငါဟာ ငါ့ကိုယ်ပိုင်နည်းလမ်းနဲ့ မြွေလူမျိုးတွေကို စစ်မှန်တဲ့လွတ်လပ်ခွင့်ဆီ ခေါ်ဆောင်သွားမယ်!"
ကြည်လင်ပြတ်သားသောအသံသည် အချိန်အတော်ကြာ တည်ရှိနေပြီး မြွေလူမျိုးအားလုံးသည် လက်နက်တွေကို ချထားကာ မြေပြင်ပေါ် ဒူးထောက်လျက်ထိုင်ပြီး ကြီးမားသည့်မျှော်လင့်ချက်ဆန္ဒဖြင့် အော်ဟစ်ကြသည်။"ကျွန်တော်မျိုးတို့ ဘုရင်မကြီးအား အသက်ပေး၍ အမှုထမ်းရန် ကျိန်ဆိုပါမည်!"
ဟိုင်ဘိုဒုံးက မတ်တပ်ထရပ်လာပြီး ပြုံးစိစိနှင့် ပြောသည်။ "ညီလေး ကျန်းချန်၊ အခုက ဘာတွေဖြစ်ေနတာလဲ။ ဘုရင်မကြီး မီဒူဆာက ဘာလို့ သိုင်းဘိုးဘေးအဆင့်တစ်ဝက်ကို ဖြတ်ကျော်နိုင်ခဲ့တာလဲ။"
"ဒါက လျှို့ဝှက်ချက်။"
ကျန်းချန်က ခေါင်းညိတ်ပြီး ပြုံးစိစိနှင့် ပြောလိုက်သည်။ သူဟာ ဟိုင်ဘိုဒုံးကို ဘာဖြစ်ခဲ့တယ်ဆိုတာ အမှန်အတိုင်း မပြောပြနိုင်ဘူး။ သူ့မှာ သိုင်းနတ်ဘုရား၏ မျိုးရိုးစွမ်းအားရှိပြီးတော့ မှော်သားရဲဖြစ်ဖြစ် လူသားဖြစ်ဖြစ် ဘယ်သူမဆို သူ့သွေးကိုရထားရင် သူတို့၏စွမ်းအားကို မြှင့်တင်နိုင်ပါသည်။
တချို့ဆို ချက်ချင်းပဲ ထိပ်ဆုံးအဆင့်ကို တက်လှမ်းသွားနိုင်သည်။
ဘုရင်မကြီး မီဒူဆာက ကျန်းချန်ဆီ ချဉ်းကပ်လာပြီး အေးစက်စက်ပြောလိုက်သည်။" ဘယ်နေရာကို သွားဖို့စဉ်းစားထားလဲ။ ဒါပြီးသွားရင် ကျွန်မတို့ရဲ့သဘောတူညီချက်ကို မမေ့နဲ့နော်။"
မီဒူဆာ၏မျက်လုံးထဲမှာ ကျန်းချန်က အရင်အတိုင်း မတော်တဆ မြွေလူမျိုးတို့၏ သန့်ရှင်းရေကန်ထဲကို လာရောက်ပြီး သူမရေချိုးနေတာကို ခိုးကြည့်ခဲ့တဲ့ ရာဂစိတ်ကြီးမားတဲ့သူပါပဲ။ သိုင်းသူတော်စင်အဆင့် ရောက်သွားရင်တောင်မှ သူ့မစိတ်ထဲက အတွေးတွေကို မပြောင်းလဲနိုင်ပါဘူး။
ကျန်းချန်က ထပ်မရှင်းပြဖို့ ရည်ရွယ်ထားသည်၊ ဒါဟာ အထင်လွဲမှားမှုတစ်ခု၊ မတော်တဆတွေ့ဆုံမှု တစ်ခုသာဖြစ်သည်။
"ငါ မိုးပြာရောင် ကြာပန်း ပလ္လင်ကို ပြန်ယူဖို့ စီစဉ်ထားတယ်။"
ကျန်းချန်က မိုးပြာရောင်ကြာပန်း မြေမြင့်ဗဟိုမီးတောက် ပလ္လင်ကို လိုချင်တယ်ဆိုတာကို ကြားတဲ့အခါ ဘုရင်မကြီး မီဒူဆာ ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားတယ်။ "မင်းက အဲဒီ စိတ်ပျက်စရာကောင်းတဲ့နေရာကို ထပ်သွားချင်သေးတာလား။ မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်ကို ရဖို့ ငါဘယ်လောက်ပေးဆပ်ခဲ့ရမှန်း သိလား?"
"စိတ်မပူပါနဲ့၊ ငါဘာလုပ်နေတယ်ဆိုတာ ငါသိတယ်။"
ကျန်းချန်က လေထဲမြင့်တက်သွားပြီး ပြောလိုက်သည်။ "အကြီးအကဲ ဟိုင်ရေ၊ ငါ့မှာ ဆေးဖက်ဝင်ပစ္စည်းစာရင်းတစ်ခုရှိတယ်။ သဲကန္တာရကို သွားပြီး ငါ့အတွက် ရှာပေးပါ။ ပြီးသွားရင် တာဂိုသဲကန္တာရရဲ့ အစွန်အဖျားမှာ ပြန်ဆုံကြမယ်။"
ဟိုင်ဘိုဒုံး၏ နှုတ်ခမ်း တွန့်သွားသည်။ သူနောက်ဆုံးမှ နားလည်သွားသည်။ ကျန်းချန် ဘာလို့ သူ့ကို မြွေလူမျိုးစုဆီလာခိုင်းလဲဆိုတာကို ကျန်းချန်က သူ့ကို အလုပ်သမားအဖြစ် သူ့အတွက် ဆေးပင်တွေ ခူးစေချင်တာ ဖြစ်သွားသည်။
သူစကားမဆုံးခင်မှာပဲ ကျန်းချန်နှင့် ဘုရင်မကြီး မီဒူဆာတို့ဟာ နေရာကနေ ပျောက်ကွယ်သွားပြီး တွေဝေနေသည့် ရေခဲဧကရာဇ် ဟိုင်ဘိုဒုံးနှင့် သူတို့ကို မကောင်းကြံသည့်စိတ်နှင့် စိုက်ကြည့်နေသည့် မြွေလူမျိုး အင်အားကြီးမားသူတွေကိုပဲ ချန်ထားခဲ့သည်။
ရေခဲဧကရာဇ်က ဘေးဘက်သို့လှည့်ကာ ပြောတယ်၊ "ဘာ၊ ငါ့ရန်သူ ဖြစ်ချင်ကြတာလား။ ငါ့အတွက် ဆေးပင်တချို့ ရှာပေးဖို့ ပိုကောင်းတယ်၊ ဒါမှမဟုတ် ကျန်းချန်ပြန်လာရင်၊ မင်းတို့က ငါ့ရှာဖွေမှုကို နှောင့်ယှက်တယ်လို့ ငါပြောလိုက်မယ်။"
ယင်းရှီ: "…"
မြွေလူမျိုးစု ပညာရှင်: "…"
မင်းရဲ့ဘုရင်မကြီး အနိုင်ကျင့်ခံရမှာကို မြင်ချင်မှာမဟုတ်ဘူးမလား...?
ရန်စီက နုံအအဖြင့် ပြောလိုက်သည်။ "အကြီးအကဲ ယင်းရှီ ငါတို့ သူ့ကိုရှာဖို့ မသွားကြဘူးလား။ ဒီလိုမှမဟုတ်ရင် အဲ့ကောင်လေးပြန်လာရင် ငါတို့ တကယ်ဒုက္ခရောက်သွားလိမ့်မယ်။"
မြွေလူမျိုးစု၏ တစ်ဦးတည်းသော ပညာရှိအကြီးအကဲ ယင်းရှီသည် ဉာဏ်ပညာမှာ အတုမရှိပေ။ အခု သူ့ရှေ့က ရေခဲဧကရာဇ်ကို ကြည့်ရင်း သူ ဒေါသထွက်သွားသည်။
ဒါပေမဲ့ ခုနက ဘုရင်မကြီး၏ စကားသည် မြွေလူမျိုးတွေ၏ ယုံကြည်မှုကို ပြန်လည်ရရှိစေသည်။ ကျန်းချန်တစ်ယောက်တည်းကသာ မြွေလူမျိုးတို့၏အခြေအနေကျပ်တည်းမှုမှ လွတ်မြောက်အောင် ကူညီနိုင်လိမ့်မည်ဖြစ်သည်။
ခဏလောက် စဉ်းစားပြီးသည့်နောက် ယင်းရှီက ခေါင်းညိတ်လိုက်တယ်။ "ရေခဲဧကရာဇ် ငါတို့ရဲ့ မြွေလူမျိုးစုက မင်းကို ဆေးဖက်ဝင်ပစ္စည်းတွေ ရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းက မြွေလူမျိုးစုရဲ့ အဖွဲ့ဝင်တစ်ယောက်ကိုမှ မထိခိုက်စေရဘူးလို့ ငါ့ကို ကတိပေးရမယ်။"
"ကောင်းပြီ။ မင်းတို့သာ လှည့်စားတာ မလုပ်ဘူးဆိုရင်ပေါ့၊ ဒီလိုမှမဟုတ်ရင် မင်းတို့ပဲ အကျိုးဆက်ကို ခံစားရမယ်ဆိုတာ မင်းတို့ ဒါကို ကောင်းကောင်းသိမယ်ထင်ပါတယ်။"
ဟိုင်ဘိုဒုံးက အေးအေးဆေးဆေး ပြန်ဖြေသည်။ ကျန်းချန်က သူ့ကိုထောက်ပံ့ပေးနေသည့်အတွက် သူဟာ ထူးဆန်းစွာပဲ ထပ်ပြီးစွမ်းဆောင်နိုင်သည်ဟု ခံစားရသည်။
မြွေလူမျိုးစုသည်လည်း စာရင်းထဲက ဆေးဖက်ဝင်ပစ္စည်းတွေကို ရှာဖွေရန်အတွက် အားလုံးကို သဲကန္တာရဆီ စေလွှတ်လိုက်သည်။ သူတို့သည် ဆေးပင်များနှင့်ရင်းနှီးပြီးသားဖြစ်သဖြင့် အားလုံးကို စုစည်းဖို့ မခက်ခဲချေ။
……………
တာဂိုသဲကန္တာရ၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသည့် ကျောက်ဆောင်သဲကန္တာရမြို့တစ်မြို့။
ဘုရင်မကြီး မီဒူဆာက ဒီနေရာတွင် မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်ကို တွေ့ရှိခဲ့သည်။ သို့သော် ယခုအခါ လိုဏ်ဂူအဝင်ပေါက်ကို သဲဝါများဖြင့် ဖုံးအုပ်ထားသဖြင့် ထိုဒေသနှင့် မရင်းနှီးသည့်သူများအတွက် လမ်းပျောက်လွယ်သည်။
မီဒူဆာက မြေပြင်ပေါ်သို့ ချောမွေ့စွာ ဆင်းသက်လာပြီး သူမ၏ညာဘက်ခြေထောက်က ဖြည်းဖြည်းချင်း နစ်ဝင်သွားသည်။ ချက်ချင်းပင် မြေကြီးသည် အကြီးအကျယ်တုန်ခါသွားပြီး သူမအောက်က သဲဝါများသည် အပိုင်းပိုင်းကွဲထွက်သွားပြီး အသူတစ်ရာနက်သည့် လိုဏ်ဂူအဝင်ပေါက်ကို ပြလိုက်သည်။
သူတို့ အနီးရောက်မလာခင်မှာပင် နှစ်ယောက်သားသည် လိုဏ်ဂူအဝင်ပေါက်ကနေ ထွက်လာသည့် ပြင်းထန်သည့်အပူကို ခံစားလိုက်ရသည်။ ဒီအရာသည် မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟို၏ ကျန်ရစ်သည့်စွမ်းအားဖြစ်ပြီး သာမန်သိုင်းဆရာများပင် လိုဏ်ဂူအဝင်ပေါက်က အပူကို မခံနိုင်ကြပေ။
"ဒီမှာပဲ၊ ဒါပေမယ့် အဲဒီခံစားချက်ကို ခံစားချင်တာ သေချာလား။"
မီဒူဆာက ကျန်းချန်ကို အပေါ်အောက် ကြည့်လိုက်သည်။ သူ့အသားအရေက အရမ်းနူးညံ့ပြီး ဖြူနေသည်။သူ့အဝတ်အစားတွေက အပူကို မခံနိုင်ဘဲ ပြာဖြစ်သွားမှာကို တကယ်စိုးရိမ်နေသည်။ ထိုသို့ဖြစ်သွားပါလျှင် သူ၏မျက်လုံးသည်…။
ဘုရင်မကြီး မီဒူဆာက မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်ကို ရှာဖွေဖို့ အဖိုးတန်ရတနာပစ္စည်းတွေ အများကြီးသုံးခဲ့သည်။ အားလုံးဟာ အပူချိန်မြင့်ကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ဒါပေမဲ့ မီးတောက်နှင့် ပိုနီးလာလေလေ ပစ္စည်းတွေ ပိုသုံးရလေလေ ဖြစ်သည်။
သူ၏ရတနာများ မကုန်ခင် နောက်ဆုံး မိနစ်အလိုတွင် ဘုရင်မကြီး မီဒူဆာက မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်ကို အလျင်စလို ရရှိခဲ့သည်။ မိုးပြာရောင်ကြာပန်းပလ္လင်ကို ရထားသလား၊ ဗဟိုကြာပန်းစေ့ကို ရထားလားဆိုတာကို ထည့်မစဉ်းစားတော့ဘဲ၊ ချက်ချင်းပဲ မြေအောက်ကမ္ဘာကနေ ထွက်ခွာလာသည်။
"စိတ်မပူပါနဲ့၊ ငါဘာလုပ်နေတယ်ဆိုတာ ငါသိပါတယ်။"