ရာဂစိတ်ပြင်းထန်တဲ့ လူယုတ်မာ၊ ငါ့အပေါ် ထပ်ပြီး အခွင့်ကောင်း ယူပြန်ပြီ
Vol. 3 Ch. 28
ကျန်းချန်၏ ယုံကြည်မှုအပြည့်နှင့် ပြောဆိုချက်ကို ကြားသ်ိိပြီးနောက် ဘုရင်မကြီး မီဒူဆာသည် သူ့အား ဒီထကလူ မပြောတော့ပေ။ သူသည် သိုင်းသူတော်စင်တစ်ပါးဖြစ်ပြီး မီးတောက်နည်းနည်းက သူ့အတွက် ခြိမ်းခြောက်မှုမဖြစ်နိုင်ပေ။
နှစ်ယောက်တည်းအောက်ကို ထိုးကျသွားစဉ်က အတွင်းရှိ အပူချိန်သည် သိသိသာသာမြင့်တက်လာပြီး ထို့အတွက်ကြောင့် သိုင်းဘိုးဘေးအဆင့်တစ်ဝက်ရှိသည့် ဘုရင်မကြီး မီဒူဆာပင် ချွေးပြန်လာရသည်။
ကျန်းချန်သည် ခရစ်စတယ်နှင့်တူသောအရာကို ထုတ်ယူလိုက်သောအခါ အေးမြသောခံစားမှုတစ်ခုသည် နှစ်ယောက်လုံးအပေါ်အနှံ့ ပျံ့သွားကာ ပူပြင်းသောနေ့တွင် ရေခဲချောင်းစားရသကဲ့သို့ သက်တောင့်သက်သာရှိလေသည်။
မီဒူဆာသည် ကျန်းချန်လက်၌ရှိသော ခရစ်စတယ်ကို စိတ်ဝင်စားစွာ စစ်ဆေးကြည့်ပြီးနောက် "ဒါက ဘာလဲ? ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ရေခဲစွမ်းအင်တွေ ရှိနေရတာလဲ" ဟု မေးလိုက်သည်။
"ဒီပစ္စည်းက အတော်လေး အေးမြလွန်းတဲ့ မြေက ရေခဲခရစ်စတယ်ကျောက်တုံးကနေ ရလာတာပါ။ သိုင်းစွမ်းအင်အနည်းငယ်လောက် ထည့်လိုက်ရုံနှင့် ရေခဲခရစ်စတယ်ကျောက်က မီးစွမ်းအားရဲ့ အပူတွေကို ခုခံနိုင်ပါတယ်။"
ကျန်းချန်သည် တိုးတိုးလေးပြောလိုက်သည်။
ထိုရေခဲခရစ်စတယ်ကျောက်ကို သူကိုယ်တိုင် မြောက်ဘက်အဝေးပြင် ခရီးထွက်စဉ်က ရရှိခဲ့သည်။ သိုင်းဝိဇ္ဇာတန်း တန်ခိုးရှင်တစ်ဦးနှင့် ဖလှယ်ခဲ့ခြင်းဖြစ်သည်။
ရေခဲခရစ်စတယ်ကျောက်က သူမြောက်ဘက်ကို ခရီးသွားစဉ်အခါက ရရှိခဲ့ခြင်းဖြစ်သည်။ သိုင်းဝိဇ္ဇာတစ်ဦးနှင့် ဒါကို လဲခဲ့ခြင်းဖြစ်သည်။
ရေခဲရေကို အအေးခံဖို့အတွက် သိမ်းထားမယ်လို့ တွေးခဲ့တာက ဒီနေ့အတွက် အသုံးဝင်လာလိမ့်မယ်မှန်း မသိခဲ့ဘူး။ ငါ့ ယင်-ယန် နဂါးဆေးလုံးက အလဟဿမဖြစ်တော့ဘူးပေါ့။
သူ၏ရှေ့တွင် ကျယ်ပြန့်လှသော မြေအောက်ကမ္ဘာကို မြင်ရသောအခါ ကျန်းချန်သည် သက်ပြင်းချမိပြီး ကျောက်ရည်ပူဆူပွက်သလို ငရဲမီးပူသည် ရိုင်းစိုင်းသော သားရဲတစ်ကောင်ကဲ့သို့ လှုပ်ရှားထကြွနေပေသည်။
ပုံးအထူလောက်ရှိသည့် ချော်ရည်တိုင်များသည် လေထဲသို့ ခုန်ပေါက်နေကာ မူလက အေးဆေးငြိမ်သက်နေသည့် ချော်ရည်များကို ပို၍ပင် ထိန်းမရအောင် တဟုန်ထိုး တက်နေသည်။
ချစ်ချစ်တောက်ပူနေသော ချော်ရည်တိုင်များသည် ကြမ်းကြုတ်ရိုင်းစိုင်းသော မီးနဂါးတစ်ကောင်ကဲ့သို့ လေထဲတွင် အသက်ဆုံးရှုံးစေနိုင်သည့် စက်ဝိုင်းတစ်ခုကို ဆွဲလိုက်ပြီး လှိုဏ်ခေါင်းဆီသို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်သည်။
ဘုရင်မကြီး မီဒူဆာသည် ဒီနေရာတွင် မှော်သားရဲများနှင့် တိုက်ခိုက်ခဲ့ရပြီး သိုင်းအရှင်အဆင့်ရှိသည့် ထိုမှော်သားရဲသည် သူမအား မတိုက်ခိုက်နိုင်ခြင်းမှာ သံသယဖြစ်ဖွယ်မရှိပေ။
လက်သီးတစ်ချက်က အခြားလူအား မူးစေ၍ မျက်စိလည်သလို ဖြစ်စေသည်။
ကျန်းချန်သည် အထင်သေးစွာဖြင့် သူ၏ခေါက်ယပ်တောင်ကို ထုတ်ကာ မီးနဂါးနှင့်တူသော ချော်ရည်ဆီသို့ ပုံမှန်အတိုင်း ရိုက်ခတ်လိုက်သည်။ မူလက လှိုင်းထနေသော ချော်ရည်သည် တစ်ခဏအတွင်း ငြိမ်ကျသွားသည်။
ဘုရင်မကြီး မီဒူဆာက "ဟိုကောက်ကျစ်တဲ့ သားရဲက ပြန်ရောက်လာပြီ" ဟု ပြောသည်။
ဘုရင်မကြီး မီဒူဆာ၏ အသံ မဆုံးခင် စူးရှသော ဟိန်းသံသည် မြေအောက်ကမ္ဘာတစ်ခွင်တွင် ပဲ့တင်ထပ်နေပြီး ပွက်ပွက်ဆူနေသော ချော်ရည်အတွင်းမှ မြွေသဏ္ဍာန် သားရဲတစ်ကောင်သည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ဤသားရဲသည် အရှည် ၁၀ မီတာ ရှိပြီး ၎င်း၏ကိုယ်ပေါ်တွင် ချီလင်းနှင့်တူသော အကြေးခွံများ ရှိသည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ ဒီသားရဲတွင် ကြီးမားသော ခေါင်းနှစ်လုံး ရှိနေခြင်းပင်ဖြစ်သည်!
(မြစ်ရေနဂါး/နဂါးငယ်တစ်မျိုး)
ထိုသတ္တဝါသည် ခေါင်းနှစ်ခေါင်းရှိ မီးဝိညာဉ်မြွေဖြစ်ပြီး ပုံမှန်အားဖြင့် အလွန်ပူပြင်းသောနေရာများတွင် နေထိုင်ကာ ချော်ရည်ကို အစာအဖြစ် စားသုံးသည်။ ဤသည်မှာ ဆင့်ကဲပြောင်းလဲဖြစ်ပေါ်မှုအတွက် ဖြစ်နိုင်ချေ ရှိသည်။
မွေးဖွားစတွင် ၎င်းသည် ပထမအဆင့် မှော်သားရဲသာဖြစ်သော်လည်း တကယ်လို့ ကံကောင်းခြင်းအလုံအလောက်ရှိပါလျှင် ၎င်းသည် သိုင်းဘုရင်အဆင့် နှင့် ယှဉ်နိုင်သော အဆင့်ခြောက် မှော်သားရဲအဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်ပေသည်။
ခေါင်းနှစ်ခေါင်းရှိ မီးမြွေသည် လှုပ်ရှားမှု မပြုဝံ့ဘဲ ရှေ့တွင်ရှိသော လူသားနှစ်ဦးကို သတိထား စောင့်ကြည့်နေပြီး စူးရှသော ဟိန်းသံများ အဆက်မပြတ် ထုတ်လွှတ်နေသည်။
အထူးသဖြင့် ဘုရင်မကြီး မီဒူဆာကို မြင်ရသောအခါ ခေါင်းနှစ်ခေါင်း မီးမြွေသည် ကြောက်ရွံ့မှုတစ်ခု ခံစားလိုက်ရသည်။
သေရော ဟိုအရူးမကြီး ပြန်လာပြန်ပြီလား!
ဘုရင်မကြီး မီဒူဆာသည် သူမ၏လက်ချောင်းဖြင့် ညှို့ယူဖမ်းစားဟန် လက်ယပ်ခေါ်လိုက်သည် "မြွေကလေး ဒီကိုလာ။"
ခေါင်းနှစ်ခေါင်းရှိ မီးမြွေသည် အချင်းချင်း ကြည့်နေကြပေမဲ့ နာခံသောအားဖြင့် ကူးခတ်လာပြီး ဘုရင်မကြီး မီဒူဆာသည် သူတို့၏ခေါင်းများကို ပွတ်သပ်ရန် ခွင့်ပြုလိုက်သည်။
"ငါတို့နှစ်ကောင်က သားရဲတွေပဲ။ ငါကတော့ မင်းမို့ တိုက်ခိုက်ခဲ့တာ။ ဒီတစ်ကြိမ်တော့ မင်း ဘာမှ လှုပ်ရှားလို့မရဘူး။"
ခေါင်းနှစ်ခေါင်းရှိ မီးဝိညာဉ်မြွေသည် အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။ သူသည် အမျိုးသမီး၏ စွမ်းအားကို မျက်ဝါးထင်ထင် မြင်တွေ့ပြီးဖြစ်သဖြင့် နောက်ထပ် တခြားအတွေးမျိုး ထပ်စဉ်းစားမရဲတော့ပေ။ ထိုသို့မဟုတ်လျှင် ထပ်ပြီးအရိုက်ခံနေရမည်ဖြစ်သည်။
သို့သော် ကျန်းချန်ဟူသော လူသားတစ်ဦးကို မြင်လိုက်ရသောအခါ ခေါင်းနှစ်ခေါင်းရှိ မီးဝိညာဉ်မြွေသည် သူ့အား ဇဝေဇဝါဖြစ်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး ဒီလူသားသည် အဘယ့်ကြောင့် ဒီနေရာသို့ လာရသနည်းဟု စဉ်းစားနေမိသည်။
ကျန်းချန်သည် သူ့ရှေ့တွင်ရှိသော ဧရာမသတ္တဝါကို ကြည့်ကာ "ဒီခေါင်းနှစ်ခေါင်း မီးဝိညာဉ်မြွေရဲ့ မျိုးရိုးက အရမ်းနိမ့်ပါးတယ်။ ဝိညာဉ်အိမ်မွေးသားရဲအဖြစ် လုံးဝမသင့်တော်ဘူး။ ထားလိုက်တော့ ဒီနေရာမှာပဲ နေပါစေ" ဟု ပြောလိုက်သည်။
နှစ်ခေါင်းရှိ မီးဝိညာဉ်မြွေ - "…."
ယဉ်ကျေးလား
တကယ်တော့ ဤခေါင်းနှစ်ခေါင်းရှိ မီးဝိညာဉ်မြွေအတွက် အကြီးမားဆုံးအခွင့်အရေးမှာ ဒီနေရာတွင်ချော်ရည်များ ရှိပြီး အနာဂတ်တွင် အဆင့်ခြောက်အဆင့် မှော်သားရဲအဖြစ်သို့သာ ရောက်နိုင်မည်ဖြစ်သည်။ မရန်းစေ့ရောင်အတောင်ပံရှိသည့် ခြင်္သေ့မင်းနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်။
ထို့ကြောင့် ကျန်းချန်သည် ၎င်းကို သူ၏အစီးအနင်းအဖော်အဖြစ် ရည်ရွယ်ခြင်းမရှိပေ။
ဘုရင်မကြီး မီဒူဆာက လက်တစ်ဖက်ကို သူမ၏တင်ပါးပေါ် တင်ကာ "အောက်ကို ဘယ်လိုဆင်းမလဲ? ငါ့မြွေအမြီးမပါရင် ငါပိုနှေးမယ်။" ဟု ပြောသည်။
ကျန်းချန်က ပြုံးလိုက်ပြီး သူ၏ချီသိုင်းစွမ်းအင်သည် ဒီရေလှိုင်းကြီးကဲ့သို့ လှိုင်းထလာသောအခါ ခေါင်းနှစ်ခေါင်းရှိ မီးဝိညာဉ်မြွေသည် လူသားတို့၏စွမ်းအားကို သိရှိသွားပြီး ချက်ချင်းပင် ချော်ရည်အတွင်းသို့ ပြန်သွားကာ ခေါင်းနှစ်လုံးကိုသာ ပြဝံ့တော့သည်။
ထူးခြားဆန်းကြယ်မီးတောက်ကို ဝန်းရံထားသော အတားအဆီးများရှိသောကြောင့် နေရာလွတ်ကို ဖောက်ထွင်း ဝင်ရောက်ရန်မလွယ်ကူပေ။ ထို့ကြောင့် ဘုရင်မကြီး မီဒူဆာကို ခေါ်ယူကာ မိုးပြာရောင်ကြာပန်း ပလ္လင်ကို အပြင်ဘက်သို့ ရောက်လာအောင် လုပ်လိုက်ခြင်းဖြင့် အချိန်များစွာ သက်သာစေလေသည်။
"ဘုရင်မကြီး မီဒူဆာ မင်းကို အခု နှောင့်ယှက်ရတော့မယ်။ နေရာကန့်သတ်ချက်တွေကြောင့် မင်း သိုင်းဘိုးဘေးအဆင့်ကို မရောက်သေးတဲ့အတွက်၊ ဒါက တစ်ခုတည်းသောနည်းလမ်းပါပဲ။"
"ဘာလဲ?"
တစ်ဖက်က မတုံ့ပြန်မီမှာပင် ကျန်းချန်က ချက်ချင်းဆိုသလို မင်းသမီးကို စတင်သယ်ဆောင်သည်။ ဘုရင်မကြီး မီဒူဆာသည် ပေါင် ၈၀ ခန့်သာ ရှိသဖြင့် အလွန်ပေါ့ပါးသည်။ ရုတ်တရက် အမခံလိုက်ရသဖြင့် မီဒူဆာ၏လက်များသည် အလိုအလျောက် ကျန်းချန်၏လည်ပင်းကို ဖတ်လိုက်မိသည်။
မီဒူဆာသည် မျက်နှာနီရဲကာ၊ "ဒီလူယုတ်မာ ငါ့ကို ဒီလိုမျိုး ထပ်လုပ်ရဲတယ်!" ဟု ပြောလိုက်သည်။
"ငါ လုပ်နိုင်တဲ့နေရာ မရှိတော့လို့ပါ။ မင်းက အရမ်းအားနည်းလွန်းတယ်။"
ကျန်းချန်သည် သူ့ရှေ့ရှိ နေရာလွတ်ကို ဆွဲဖွင့်လိုက်ပြီး ခေါင်းနှစ်ခေါင်းပါ မီးဝိညာဉ်မြွေ၏ အံ့အားသင့်သောအကြည့်အောက်တွင် အထဲသို့ ခြေလှမ်းလှမ်းလိုက်သည်။ ကွဲအက်နေသည့် အာကာသနံရံများ ပျောက်ကွယ်သွားသောအခါ နှစ်ဦးစလုံးသည် အရိပ်အယောင်မရှိသကဲ့သို့ ပျောက်ကွယ်သွားသည်။
ခေါင်းနှစ်ခေါင်းပါ မီးဝိညာဉ်မြွေပင် စိတ်ရှုပ်။သွားသည်။ ဘာတွေဖြစ်ကုန်တာလဲ?
တယ်လီပို့လား
ချော်ရည်၏ မီတာပေါင်းများစွာ၏ အောက်မှ လွန်ပြီးသော် သူတို့နှစ်ဦးသည် အာကာသဟင်းလင်းပြင်မှ တဖြည်းဖြည်း ပေါ်ထွက်လာသည်။
ဒီနေရာရှိ အပူချိန်သည် မီးခြစ်ကျောက်များကို လောင်ကျွမ်းစေနိုင်လောက်အောင် မြင့်မားသည်။ ဒီနေရာတွင် ချစ်ချစ်တောက်နေသည့် အနီရောင်ချော်ရည်များကို မြင်တွေ့ရခဲသည်။ ထိုအစား အပြာရောင်ချော်ရည်များကို မြင်ရသည်။ ထိုအပူချိန်သည် သာမန်မီးတောက်များ၏ အပူချိန်ထက် အဆပေါင်းများစွာ သာလွန်ပြီး သဘာဝအတိုင်း ရာနှင့်ချီ၍ မြင့်တက်လာသည်။
ကျန်းချန်၏ အကာအကွယ်ပေးသည့် အရှိန်အဝါကြောင့် ဘုရင်မကြီး မီဒူဆာသည် အနည်းငယ်ပင် ထိခိုက်ခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ခန္ဓာကိုယ်သည် အေးမြပြီး သက်သောင့်သက်သာရှိမှုကို ခံစားရသည်။
"ဒါက မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက် မွေးဖွားရာနေရာလား?"
ကျန်းချန်သည် မျက်မှောင်ကြုတ်ကာ ရှေ့ကို စိုက်ကြည့်နေသည်။
လူနှစ်ယောက်ရှေ့တွင် မိုးပြာရောင်အလင်းတစ်ခုသည် ချော်ရည်ကို ဖုံးလွှမ်းထားသည်။ အပြာရောင်အလင်းတန်းတစ်ခုက မိုးပြာရောင်ကြာပန်းတစ်ပွင့်ရှေ့တွင် ကျက်သရေရှိရှ် တည်ရှ်ိနေသည်။
ဘုရင်မကြီး မီဒူဆာသည် ဒီနေရာသို့ နောက်တစ်ကြိမ်ထပ်ရောက်လာသည့်အတွက် စိတ်လှုပ်ရှားနေသည်။ သူမသည် မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်ကို ရရှိရန် နာကျင်မှုများစွာ ခံစားခဲ့ရပြီး ယခုအခါ ၎င်းသည် အခြားသူတစ်ယောက်၏ အောင်မြင်မှုအတွက် အကြောင်းတရားဖြစ်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမသည် သိုင်းဘိုးဘေးအဆင့်သို့ ရောက်တော့မည်ဖြစ်သဖြင့် အဆိုးထဲက အကောင်းဟု ဆိုနိုင်ပေသည်။
ဘုရင်မကြီး မီဒူဆာသည် သူမ၏ စွဲမက်ဖွယ်ကောင်းသည့် အနီရောင်နှုတ်ခမ်းများကို လျက်ကာ ကျန်းချန်၏ သန့်ရှင်းသောလည်ပင်းကို ကြည့်ရှုနေသည်။ သူသည် ကျန်းချန်၏သွေးကို စမ်းသပ်ကြည့်ပါလျှင် သူမ သိုင်းဘိုးဘေးအဆင့်သို့ ချက်ချင်း တက်လှမ်းနိုင်မလားဟု စဉ်းစားနေမိသည်။
ရောင်ခြည်အလင်းစူးစူးကို ခံစားရင်း ကျန်းချန်ကို လှည့်ပြီး ကြည့်လိုက်ရာ၊ မီဒူဆာသည် သူ၏လည်ပင်းကို သွေးစုပ်ဖုတ်ကောင်တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်ကို မြင်ရသည်။ ထိုအခါ သူက သတိပေးလိုက်သည်။
"မင်းရဲ့ မကောင်းတဲ့အတွေးတွေကို စွန့်လွှတ်ဖို့ ငါ ပြောချင်တယ်။ ငါ့သွေးက မင်းခံနိုင်ရည်ထက် အများကြီး ကျော်လွန်တယ်။"