← Chapters

အကယ်‌ဒမီကျောင်းတော်၏ ကွန်ဖြူးရှပ်ပညာရှိများ

Vol. 4 Ch. 31

အကယ်‌ဒမီကျောင်းတော်၏ ကွန်ဖြူးရှပ်ပညာရှိများ

Vol. 4 Ch. 31

ဘာသာပြန်သူအမှာစာ - မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက် အစား ကြာပန်းစိမ်း၀င်ရိုးမီးတောက်အဖြစ်လည်းကောင်း၊ ဟိုင်ဘိုဒုံးအစား ဟိုင်ပေါ်တုန်းအဖြစ်လည်းကောင်း ပြောင်းလဲ အသုံးပြုသွားပါမည်။

သူမရှေ့ရှိ အစ်ကိုကြီးက ချင်းလင်၏အကြေးခွံများကို မကြောက်ကြောင်း မြင်သည့်အခါ သူ့မျက်နှာတွင် ရှက်ပြုံးလေး ပေါ်လာသည်။ ခေါင်းဆောင်ကလွဲရင် မြွေလူမျိုးတွေကို မကြောက်သည့်သူကို ပထမဆုံး တွေ့ရခြင်းဖြစ်သည်။

ကျန်းချန်က ဘေးကို လှည့်လိုက်ပြီး "ဘယ်လိုထင်လဲ" ဟု မေးလိုက်သည်။

မီဒူဆာက ရိုးရိုးလေးပဲ ပြန်ဖြေလိုက်သည်။ "ဒါက မင်းကိစ္စပါ။ ငါကတော့ ဒါနဲ့ အချိန်ကုန်ဖို့ မရှိဘူး"

ဘုရင်မကြီး မီဒူဆာ၏ ခိုင်မာသည့်သဘောထားကို မြင်သည့်အခါ ကျန်းချန်က ခေါင်းခါလိုက်မိကာ သူမ၏စရိုက်ကို ဘယ်တော့ပြောင်းလဲမလဲဟု တွေးမိသည်။

"မိုးပြာရောင် အကြေးခွံလား"

ထိုအချိန်မှာပင် သူတို့နောက်ကွယ်တွင် သဲကန္တာရသံကြေးစားအဖွဲ့၏ခေါင်းဆောင် ရှောင်လီက သဲကြေးစားအဖွဲ့ ချေမှုန်းခံရသည်ဆိုတာကို သိရှိပြီးသည့်နောက် စုံစမ်းရန် မြို့မှ အလျင်အမြန်ထွက်ခွာလာရင်း မမျှော်လင့်ဘဲ လမ်းတွင် ချင်းလင်းကို တွေ့ခဲ့ရခြင်းဖြစ်သည်။

သို့သော် ညီအစ်ကိုနှစ်ယောက်က ဘုရင်မကြီး မီဒူဆာကို မြင်သည့်အခိုက်တွင် သူတို့၏မျက်လုံးများက ချက်ချင်း သူမဆီကို ရောက်သွားသည်။

သူတို့အနေဖြင့် ဒီလို လှပသည့် အမျိုးသမီးကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။ တခဏလောက်တော့ သူတို့ဘာကြောင့် ဒီကို ရောက်လာတာလဲဆိုသည့်အချက်ကို မေ့လျော့သွားကြသည်။

သူတို့တင်သာမက ကျန်သည့် သံအဖွဲ့ဝင်များကလည်း အံ့အားသင့်ပြီး ငေးကြည့်နေကြသည်။ ဒီလောကကြီးထဲမှာ ဒီလောက် လှပသည့် အမျိုးသမီး ဘယ်လိုလို့ရှိနေတာလဲ။

“စိတ်ပျက်စရာပဲ”

မီဒူဆာက စက်ဆုပ်သည့်အနေနှင့် ခေါင်းခါလိုက်သည်။ ”ဒီစက်ဆုပ်စရာ လူသားတွေက တကယ်ပဲ အောက်ပိုင်းကိုဘဲ တွေးတတ်တဲ့ တိရစ္ဆာန်တွေပဲ။”

ရှောင်တင်းက တံတွေးမျိုချလိုက်ပေမဲ့ ခပ်မြန်မြန်ဖုံးကွယ်ကာ သူ့အဝတ်အစားတွေကို မှန်ကန်အောင် ညှိကာ အပြုံးလေးနှင့် ရှေ့ကိုတိုးလာပြီး ပြောလိုက်သည်။

"ကူညီပေးတဲ့အတွက် ကျေးဇူးပါ။ အစ်ကိုလေးရေ"

ကျန်းချန်က "ဘာမှ မဟုတ်ပါဘူး။ အသေးအမွားလေးပါပဲ။" ဟု ပြန်ဖြေလိုက်သည်။

ရှောင်တင်းက ယဉ်ကျေးစွာဖြင့် "တဆိတ်လောက် မေးစရာရှိတာက... အစ်ကိုလေးတို့က ဘယ်ကလာတာလဲ၊ ဘာလို့ ကျောက်သဲကန္တာရမြို့ကို ရောက်နေတာလဲ"

ရှောင်လီကလည်း ဘုရင်မကြီး မီဒူဆာဆီကနေ သူ့အာရုံကို ပြောင်းလိုက်သည်။ သူ့နှလုံးသားက တဒိန်းဒိန်းခုန်နေပေမဲ့ ကြေးစားလူသတ်သမားတွေအနေနှင့် သူတို့၏နေ့ရက်တွေကို တာဝန်နှင့် ကုန်ဆုံးကြရပြီး အမျိုးသမီးတွေနှင့် တွေ့ဖို့ အခွင့်အရေးက ရှားသည်။

မီဒူဆာ၏ ဆွဲဆောင်မှုရှိသည့် ပုံစံကို မြင်ပြီးနောက် ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ခက်ခဲသည်ကို နားလည်လာခဲ့သည်။

တကယ်လို့ ယောက်ျားတစ်ယောက်မှာ ရာဂစိတ်မရှိနေရင် သူက ပုံမှန်ယောက်ျားတစ်ယောက် ဖြစ်နိုင်မည်လား။

"ကျွန်တော်က ကမ္ဘာပတ်နေတဲ့ ခရီးသွားတစ်ယောက်ပါ။"

ဒါကိုကြားသည့်အခါ ရှောင်တင်းက ရှက်ကာ မျက်နှာနီရဲနေသည့် ချင်းလင်းကို တစ်ချက်ကြည့်လိုက်ပြီး လက်အုပ်ချီကာ "ကျွန်တော်က သံလက်သီး ကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင် ရှောင်တင်းပါ။ ဒါက ကျွန်တော့်ညီ ရှောင်လီပါ။ ကျေးဇူးပြုပြီး အစ်ကိုလေးရဲ့နာမည်ကို မေးလို့ရမလား" ဟု ပြောလိုက်သည်။

"ကျန်းချန်၊ အကယ်ဒမီကျောင်းတော်ရဲ့ ကွန်ဖြူးရှပ်ပညာရှိပါ။"

"ကွန်ဖြူးရှပ်ပညာရှိလား"

ရှောင်တင်းက သူ့လျှာကို သူကိုက်လိုက်မိသည်။ ဒီနာမည်ကို သူ အရင်က မကြားဖူးပေမဲ့ သူဟာ အတတ်နိုင်ဆုံး ယဉ်ကျေးအောင် နေသည်။ "ဒါဆို ခင်ဗျားက ကျန်းချန်ပေါ့။ ခင်ဗျားကို မမှတ်မိလို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ သံလက်သီး ကြေးစားအဖွဲ့ရဲ့ အခြေစိုက်စခန်းက ဒီနားမှာပါ။ ကျွန်တော့်ဆီမှာ ဆက်ပြီးတော့ ဆွေးနွေးတိုင်ပင်ချင်လား" ဟု မေးလိုက်သည်။

အဲဒီအချိန်မှာ ရှောင်တင်းက ကျန်းချန် ကစားနေသည့် ကျောက်စိမ်းလည်ဆွဲကိုလည်း သတိထားမိလိုက်သည်။ ဒီအရာက သဲကြေးစားအဖွဲ့၏ ခေါင်းဆောင် လောင်ဘူ ရွှေဒင်္ဂါးအများကြီးသုံးပြီး ဝယ်ထားသည့် ကျောက်စိမ်းလည်ဆွဲဖြစ်ကာ ထိုကိစ္စက ရှေ့က ကွန်ဖြူးရှပ်ပညာရှိနှင့် ဆက်စပ်နေမည် ဟု သူ မှန်းဆလိုက်သည်။

"ဒုက္ခပေးမိရင် တောင်းပန်ပါတယ်။"

မီဒူဆာက မျက်မှောင်ကြုတ်ပြီးတော့ "မင်းက ဒီကိုလာတာ အလည်လာတာပဲ မဟုတ်ဘူးလား"

"ဘယ်ဟုတ်ရမလဲ။ လာပါ၊ သွားကြရအောင်။"

ကျန်းချန်၏ နောက်ကျောကို ကြည့်ရင်း ဘုရင်မကြီး မီဒူဆာက ပြတ်သားစွာ ပြောလိုက်သည်။"နင် တကယ်တော့ ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

သံလက်သီး ကြေးစားအဖွဲ့၏ ဌာနချုပ်။

ပတ်ဝန်းကျင်က ကြေးစားလူသတ်သမားတွေက သူတို့၏ ခေါင်းဆောင်နှင့် အခြားသူတွေ ပြန်ရောက်လာသည်ကို စိတ်ဝင်တစား ကြည့်နေကြသည်။” ခေါင်းဆောင်က သဲကြေးစားအဖွဲ့ကို စုံစမ်းမယ်လို့ ပြောထားတယ်မဟုတ်လား။ ဘာလို့ ပြန်လာတာလဲ”

ရှောင်တင်းက ချက်ချင်းပဲ မီးဖိုခန်းကို အစားအစာ ပြင်ဆင်ဖို့ စီစဉ်ခိုင်းပြီး နှစ်ပေါင်းများစွာ သိမ်းထားတဲ့ သူ၏ အဖိုးတန်အရက်ကို ထုတ်လာပြီး သူနှင့် ကျန်းချန်တို့ လုံးဝမူးသွားသည်အထိ သောက်ကြဖို့ ပြင်ဆင်လိုက်သည်။

ဘုရင်မကြီး မီဒူဆာကတော့ ထုံးစံအတိုင်းပဲ သူတို့နှင့် အတူတူ စားပွဲမှာ ထိုင်ပြီး သောက်မည် မဟုတ်ပေ။ ချင်းလင်း၏ လမ်းညွှန်မှုအောက်တွင် သူမနှင့် လိုက်ဖက်မည့် လူသားအဝတ်အစားကို ရွေးချယ်ရန် ကျောက်သဲကန္တာရမြို့ထဲကို သွားခဲ့သည်။

"ပညာရှိကြီး၊ တဆိတ်လောက် အစ်ကိုလေး ကစားနေသည့် ကျောက်စိမ်းလည်ဆွဲက..." ရှောင်တင်းက သတိထားပြီး မေးလိုက်သည်။

"ဒါလား" ကျန်းချန်က သူ့လက်ထဲက အရုပ်လေးကို တစ်ချက်ကြည့်လိုက်သည်။ "ကြေးစားအဖွဲ့တစ်ဖွဲ့ဆီက ရခဲ့တာ။"

“တကယ်လား”

ဒါကို ကြားသည့်အခါ ညီအစ်ကိုနှစ်ယောက်ဖြစ်သည့် ရှောင်တင်းနှင့် ရှောင်လီတို့ ရပ်သွားပြီး ဒါဟာ သဲကြေးစားအဖွဲ့၏ခေါင်းဆောင် လောင်ဘူ၏ ကျောက်စိမ်းလည်ဆွဲဖြစ်သည်ကို သဘောပေါက်လိုက်ကြသည်။

"ဒါက အသေးစားလေးပါပဲ။ ငါပျင်းလို့ ကစားနေတာပါ။"

"အင်း……"

ရှောင်တင်းက အနေခက်စွာပြုံးလိုက်မိသည်။ဒီပစ္စည်းက ရွှေဒင်္ဂါးတစ်သန်းသုံးပြီး ဝယ်ထားသည့် လောင်ဘူဟာဖြစ်ပြီး။ သိုင်းအရှင်အဆင့် ကျွမ်းကျင်သူ၏ သေလောက်သည့် ထိုးချက်ကိုပင် ခံနိုင်ရည်ရှိပါသည်။

သူတို့ကတော့ အဲ့တာကို သာမန်ပစ္စည်းကဲ့သို့ အသေးစားလေးပါဘဲဟု ပြောနေခဲ့သည်။

ရှောင်လီက "အစ်ကိုလေးကို အကယ်ဒမီကျောင်းတော်က ကွန်ဖြူးရှပ်ပညာရှိလို့ ခေါ်တယ်မဟုတ်လား။ ဘာလို့ ခင်ဗျားအကြောင်း ကျွန်တော်တို့ တစ်ခါမှ မကြားဖူးတာလဲ"

"ဒုတိယအစ်ကို မရိုင်းနဲ့" ရှောင်တင်းက ရှောင်လီကို ဒေါသထွက်သလို ကြည့်လိုက်ခဲ့သည်။ သူတို့၏ စကားဝိုင်းကနေ ဒီလူဟာ တော်တော်လေး စွမ်းအားရှိကြောင်း ခံစားမိနိုင်သည်။ သူ့ကို ဒေါသထွက်စေမိလျှင် နောက်ဆက်တွဲအကျိုးဆက်များသည် မယုံနိုင်လောက်အောင် များပြားလှပေလိမ့်မည်။

ဒါပေမယ့် ကျန်းချန်က ဒေါသမထွက်ပေ။ ထိုအစား ယဉ်ယဥ်ကျေးကျေးနှင့် ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။"ကျွန်တော် ခုနက ပြောသလိုပဲ၊ ကျွန်တော်က ကမ္ဘာပတ်နေတဲ့ ခရီးသွားတစ်ယောက်ပါ။ ခင်ဗျာတို့ ကျွန်တောိ့အကြောင်း မကြားဖူးတာက ပုံမှန်ပါပဲ။"

"ကျွန်တော် နားလည်ပါတယ်။"

ရှောင်တင်းက ခေါင်းညိတ်လိုက်ပြီး "အစ်ကိုလေး ကျောက်သဲကန္တာရမြို့မှာ ဝယ်ဖို့ အစီအစဉ်ရှိလား?"

ကျန်းချန်က တည့်တည့်သွားပြီး သူလိုအပ်သည့်အရာများကို စားပွဲပေါ်မှာ တင်လိုက်သည်။ ဒီပစ္စည်းတွေက သဲကန္တာရထဲမှာပဲ ပေါက်ရောက်သည့် အရာတွေဖြစ်ပြီး အရင်းအမြစ်ရှားပါးမှုကြောင့် သူ့ကို ရှာတွေ့ဖို့က အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး။

ဒီနားက အဓိက မြို့ကြီးတစ်မြို့ကနေ တိုက်ရိုက် ဝယ်တာက ပိုကောင်းမယ်။

ရှောင်တင်းက ချက်ချင်း ပင့်သက်ရှိုက်လိုက်သည်။ ဘာကြောင့်လဲဆိုတော့ ထိပ်ဆုံးက အရာက ရွှေဒင်္ဂါးသိန်းနှင့်ချီတန်သည့် မမကာရပန်းတစ်မျိုးဖြစ်နသည်။ တာဂိုသဲကန္တာရ တစ်ခုလုံးတွင် တစ်ပွင့်တောင် ရှာတွေ့ဖို့ မလွယ်ကူ‌ပေ။

"အစ်ကိုကြီး... ဒါက..."

ရှောင်လီကလည်း သူ့အစ်ကို၏လက်ထဲက စာရင်းကို သတိထားမိသွားပြီး သူ့မျက်နှာတွင် ထိတ်လန့်သည့်အကြည့်တစ်ခု ပေါ်လာခဲ့သည်။ “ဒီအစ်ကိုလေးက ဘယ်သူလဲ...”

"အစ်ကိုလေး ကျွန်တော် ဒီဆေးဘက်ဝင်အပင်တွေနဲ့ မှော်စွမ်းအင်ရင်းမြစ်တွေကို ရှာဖွေဖို့ ကျွန်တော့်ဘက်က အပြည့်အဝ ကူညီပါ့မယ်။ ဒါပေမဲ့ တကယ်တော့ ဘယ်လောက်မျာများ ရနိုင်မလဲဆိုတာ အတိအကျ မသိပါဘူး။"

"မပူပါနဲ့၊ ရသလောက် ဝယ်ပါ၊ ဈေးနှုန်းကို ညှိနှိုင်းလို့ရပါတယ်"

ကျန်းချန်က ရိုးရိုးလေးပဲ သန်းချီသည့် ရွှေဒင်္ဂါးများ ထွင်းထားသည့်ကတ်တစ်ခုကို ထုတ်ယူလိုက်ပြီး သူတို့နှစ်ယောက်ရှေ့မှာ ထားလိုက်သည်။ ဒီကတ်က ကျန်းမအင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူ ကျန်းရှင်းထျန်းက သူ့ကို ပေးထားခြင်းဖြစ်ပြီး ယခုအခါ ဒီအရာသည် အသုံးဝင်လာပြီဖြစ်ပေသည်။

ရှောင်တင်းက စိတ်သက်သာရာရသွားသည်။ တကယ့်ကို သူက အစက သူတို့ သံကြေးစားအဖွဲ့ကို ဒီအရာတွေ ရှာဖွေဖို့ တွန်းအားပေးမယ် ထင်နေခဲ့ခြင်းဖြစ်သည်။

"တစ်ယောက်ယောက် လာပါတယ်"

"ခေါင်းဆောင်ကြီး"

ထိုအခိုက်မှာပင် တံခါးက ရုတ်တရက် ပွင့်လာပြီး စိတ်ဓာတ်တက်ကြွနေသည့် ကြေးစားလူသတ်သမားတစ်စုက ဝင်လာကာ ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

ရှောင်တင်းက ဆေးဘက်ဝင်အပင်တွေ၏ စာရင်းကို ပေးအပ်ပြီး ညွှန်ကြားလိုက်သည်။"အနားက ဆိုင်တွေကို မေးကြည့်ပါ။ ဒီစာရင်းထဲမှာ မရှိတဲ့အရာတွေ ရှိနေရင် အားလုံးကို ဝယ်ပါ။"

"နောက်ပြီး မင်းတို့ သဲကြေးစားအဖွဲ့ရဲ့ ဌာနချုပ်ကို သွားပါ။ သူတို့ရဲ့ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တွေက သေနေပြီ။ အခု သူတို့က စည်းလုံးမှုမရှိတဲ့ အုပ်စုတစ်စု ဖြစ်နေပြီ။ ဒါကို အခွင့်ကောင်းယူပြီး သူတို့ကို သတ်လိုက်ပါ။"

သဲကြေးစားအဖွဲ့ဟ အမြဲပဲ သံကြေးစားအဖွဲ့၏ ရန်သူကြီးဖြစ်နေသည်။ အစည်းအရုံးက သူတို့တာဝန်တွေ မရှိသည့်အခါတိုင်း သူတို့၏ အာရုံကို မိမိတို့ဆီ အာရုံရောက်လာသည်။

သံကြေးစားအဖွဲ့ဝင်တွေက သူတို့ရဲ့ ဒေါသကို ပြောဆိုရန် မဝံ့မရဲဖြစ်ခဲ့ကြသည်။ ဘာကြောင့်လဲဆိုရင် ဆန့်ကျင်ဘက် ခေါင်းဆောင်က သိုင်းဆရာသခင်အဆင့်မှာ ရှိနေလို့ပဲဖြစ်သည်။

ယခု သဲကြေးစားအဖွဲ့ ချေမှုန်းခံလိုက်ရသည် ဆိုတာကို သိလိုက်ရတော့ သူ အရမ်းကို ဝမ်းသာသွားသည်။ “နောက်ဆုံးတော့ ဒီကောင်တွေကို ဖယ်ရှားလိုက်နိုင်ပြီ။”

ဒီတစ်ကြိမ်မှာတော့ ကျောက်သဲကန္တာရမြို့မှာ သံလက်သီးနဲ့ နောက်ထပ် ကြေးစားအဖွဲ့တစ်ခုပဲကျန်ရစ်ခဲ့သည်။

"ခေါင်းဆောင် လက်နက်ချတဲ့ သဲကြေးစားအဖွဲ့က သူတွေရော"

"လက်နက်ချရင် အသက်ချမ်းသာခွင့်ပေးမယ်? ခေါင်းမာပြီး ခုခံရင် အကုန်သတ်ပစ်မယ်။ ဘယ်သူ့ကိုမှ အသက်မရှင်စေနဲ့"

All Chapters