မိုးပြာမြွေ သုံးပွင့်မျက်လုံးပိုင်ရှင် ချင်းလင်း
Vol. 3 Ch. 30
တာဂိုသဲကန္တာရအစွန်းတွင် ကျောက်သဲကန္တာရမြို့ တည်ရှိသည်။
ကျန်းချန်နှင့် မီဒူဆာတို့သည် စည်ကားသောလမ်းမကြီးအတိုင်း လမ်းလျှောက်လာကြရာ ယခုလို ချောမောလှပသော ယောက်ျားနှင့် အမျိုးသမီးကို မမြင်ဖူးသူများက စိတ်ဝင်တစား အာရုံစိုက်ကြည့်နေကြသည်။
မီဒူဆာက မထိမဲ့မြင်ပြုကာ အနည်းငယ်ဖြင့် အရှေ့ကလျှောက်နေသည်။ လမ်းမပေါ်ရှိ အကြည့်များက သူ့အား မသက်မသာဖြစ်စေသည့်အတွက် အားလုံးကို သတ်ပစ်ချင်စိတ် ဖြစ်နေသည်။
ကံကောင်းထောက်မစွာ ကျန်းချန်က သူ့ဘေးတွင် ရှိနေသည်။ ဒီလိုမှမဟုတ်ရင် မီဒူဆာက ကျောက်သဲကန္တာရမြို့တစ်မြို့လုံးကို ချက်ချင်း သွေးချောင်းစီးသွား လုပ်ပစ်နိုင်သည်။
"အရမ်းလှတာပဲ! ဒီလိုလူသူကင်းမဲ့တဲ့နေရာမှာ ဒီလိုလှတဲ့ အမျိုးသမီးကို မြင်ရလိမ့်မယ်လို့ မမျှော်လင့်မိဘူး။ သူ့နဲ့ နီးနီးကပ်ကပ် စကားပြောချင်လိုက်တာ"
"ငါလည်း ဟဲဟဲ..."
ရိုင်းပျသည့်အသံတွေက သူ့နားထဲမှာ ကျန်နေခဲ့ပြီး ဘုရင်မကြီး မီဒူဆာက သူ၏သတ်ဖြတ်ချင်စိတ်ကို ပြသလိုက်သည်။
"အားလုံးပဲ ငါ့ရှေ့က ထွက်သွားကြ"
ဘုရင်မကြီး မီဒူဆာ၏ ခန္ဓာကိုယ် တုန်ခါမှုနှင့်အတူ မမြင်မရသည့် စွမ်းအားတစ်ခုက လမ်းပေါ်က ယောက်ျားအားလုံးနီးပါးကို မြေကြီးပေါ် ဒူးထောက်စေသည်။ ခွေးထီးတစ်ကောင်တောင် ဘုရင်မကြီး မီဒူဆာ၏ပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
မမြင်ရတဲ့ ဖိအားက လူတိုင်းကို အံ့အားသင့်သွားစေပြီး ဘာတွေဖြစ်နေတယ်၊ ဘာကြောင့်ရုတ်တရက် ဒူးထောက်လိုက်ရတယ်ဆိုတာတောင် မသိကြပေ။
ကျန်းချန်က နှာခေါင်းကို ပွတ်လိုက်ပြီး "ဒီလောက်ဆို တော်ပြီလေ။ ဒီနေရာမှာ သွေးချောင်းစီးဖို့ မလိုပါဘူး။ ဒါ့အပြင် ဒါက စကားနဲ့ပြောတာပဲ မဟုတ်လား"
ဒါကိုကြားတော့ ဘုရင်မကြီး မီဒူဆာက သူ၏ ဖိအားကို ပြန်သိမ်းလိုက်သည်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လူသားကမ္ဘာဖြစ်နေသေးတာရယ် အပြစ်မရှိတဲ့သူတွေကို အကြောင်းမဲ့ သတ်ပစ်လိုက်ရင် ဒီစာအုပ်လိုလူက ပထမဆုံး ကန့်ကွက်မှာပဲ။
စိတ်ငြိမ်ငြိမ်ထား...
ဒါက တကယ့်ကို ခက်ပါသည်။
ဘုရင်မကြီး မီဒူဆာက ရုတ်တရက် ခေါင်းလှည့်ပြီး အဝေးကိုကြည့်လိုက်သည်။ မိန်းကလေးတစ်ယောက် မြေကြီးပေါ် ဒူးထောက်ငိုနေသည်ကို မြင်လိုက်ရသည်။ သူမ၏ရှေ့တွင် ကုန်သည် တစ်ယောက်က သူ့ကို လက်ညှိုးထိုးကာ ကျိန်ဆဲနေသည်။
"အသုံးမကျတဲ့ ကောင်မလေး! ခုနကဘာ ဖျက်ဆီးလိုက်တယ်ဆိုတာ မင်းမသိဘူးလား! ဒီကနေ ထွက်သွား"
မိန်းကလေးဟာ အစိမ်းရောင်ဖျော့ဖျော့ လှပသည့်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ပုံပန်းက သေးငယ်သော်လည်း အံ့အားသင့်စရာကောင်းလောက်အောင် ဖွံ့ဖြိုးပြီး မရင့်ကျက်သေးဟန် ပုံပေါ်သည်။
သူ၏ ဘဲဥပုံစံမျက်နှာလေးက လှပသည့် ကြွေရုပ်ကဲ့သို့ ဖြစ်ပြီး ချစ်စရာကောင်းလှသည်။ သူ၏ကြောက်ရွံ့နေသည့် ပုံစံက ကြောက်လန့်နေသည့် ယုန်ကလေးနှင့် တူနေသည့်အတွက် လူတွေက သနားကြသည်။
အခု သူ့ပုံစံက သနားစရာကောင်းနေပြီး သူ၏ ကြည်လင်သောမျက်နှာပေါ်သို့ မျက်ရည်ချောင်းများစီးကျနေသည်။
မိန်းကလေးက ဒီလောက်သနားစရာကောင်းသော်လည်း မျက်နှာချင်းဆိုင်ရှိ ဆိုင်ရှင်က ပတ်ဝန်းကျင်ကလူတွေကို လျစ်လျူရှုကာ သူ့စိတ်တိုင်းကျ လုပ်နေဆဲ၊ ဆဲဆိုနေဆဲဖြစ်သည်။
"ကောင်မ… ဘာလို့ ငါနဲ့ ဒီလောက်နီးနီး ကပ်နေတာလဲ? ငါ့ပစ္စည်းတောင် ငါကောင်းကောင်း မကိုင်နိုင်တော့ဘူး။ မင်းကိုရောင်းလိုက်ရင်တောင် တန်ဖိုးမရှိဘူး!" ကုန်သည်က မိန်းကလေး၏ နားကိုဆွဲပြီး မြေပြင်ပေါ် ဆောင့်ကန်လိုက်သည်။
သူလှုပ်ရှားဖို့ လုပ်နေတုန်းမှာပင် ကျန်းချန်က သူ့ညာဘက်လက်ကို ဆုပ်ကိုင်လိုက်ပြီး အေးဆေးစွာဖြင့် "သူဌေး ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်လိုက်ပါ။ ဒါ့အပြင် ဒီကောင်မလေးက တမင်သက်သက်လုပ်တာမှ မဟုတ်ဘဲ။"
ဆိုင်ရှင်က သူ့အလုပ်ထဲ ဝင်စွက်ဖက်နေသူကို မြင်တော့ ချက်ချင်းပဲ "မင်း ဘယ်သူလဲ? ဒီကောင်မလေးက ငါ့ရဲ့ကြွေထည်ကို ခွဲလိုက်တယ်! ဒါက ရွှေဒင်္ဂါး ဆယ်ပြား တန်တယ်! မင်းမှာ ပိုက်ဆံရှိရင် ငါ့ကိုပေး!" ဟု ပြောလိုက်သည်။
ဘုရင်မကြီး မီဒူဆာက ချက်ချင်းသတ်ဖို့ လုပ်ပေမဲ့ ကျန်းချန်က ရွှေဒင်္ဂါး ဆယ်ပြားထုတ်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်တာကို မြင်လိုက်ရသည်။
"ဒီတစ်ခါတော့ အဆင်ပြေသွားပြီမလား"
ဆိုင်ရှင်က ပိုက်ဆံကိုမြင်တော့ မျက်လုံးတောက်ပသွားသည်။ ချက်ချင်း သူ့အမူအရာကို ပြောင်းလဲလိုကလူ ပြုံးရယ်ကာဖြင့် "ရပါပြီ၊ ရပါပြီ။ ဟဲ ဟဲ၊ အရင်က မျက်စိကန်းပြီး ဒီလူငယ်လေးကို စော်ကားမိပါတယ်။ ခွင့်လွှတ်ပါ" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ လူငယ်လေး၊ မင်းရဲ့ဝတ်စားဆင်ယင်မှုကြည့်ရင် တာဂိုရာ သဲကန္တာရက မဟုတ်ဘူးလို့ထင်တယ်။ ငါ သတိပေးမယ်။ ဒီကောင်မလေးက မကောင်းဘူး၊ သူက ပြဿနာရှာတတ်တဲ့သူ။ မင်း သူနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ..."ဟု ဆိုသည်။
ဆိုင်ရှင်သူဌေးက မြေကြီးပေါ် ဒူးထောက်နေသည့်မိန်းကလေးကို ကြည့်ပြီး ဒေါသထွက်ကာ လှည့်ထွက်သွားသည်။ ကျန်းချန်က သူ့ကို ပိုက်ဆံမပေးခဲ့ရင် သူ့ကို ဒီနေ့ ဘေးကင်းကင်းနဲ့ ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူး။
ပတ်ဝန်းကျင်ကလူတို့၏ တိုးတိုးတိတ်တိတ်ပြောဆိုမှုနှင့် လက်ညှိုးထိုးမှုတို့ကို လျစ်လျူရှုကာ ကျန်းချန်က ဒူးထောက်ထိုင်ချလိုက်ပြီး မြေကြီးပေါ် ပြုတ်ကျနေသည့် အစားအစာတွေကို ကောက်ကူပေးလိုက်သည်။
"ကောင်မလေး၊ နာမည်ဘယ်လိုခေါ်လဲ" ကျန်းချန်က နောက်ဆုံးအစားအစာကို အိတ်ထဲပြန်ထည့်ပေးလိုက်ပြီး မေးလိုက်သည်။
"ဟင်?" ဒါကိုကြားတော့ မိန်းကလေးက အနည်းငယ်တုန်လှုပ်သွားပြီး ထစ်ထစ်ငေါ့ငေါ့ပြောသည်။ "ကျွန်မ...ကျွန်မနာမည်က...ချင်းလင်း..."
ချင်းလင်း... တကယ့်ကို သူမပဲ။
သူ့နာမည်ကိုကြားတော့ ကျန်းချန်ကခဏရပ်လိုက်သည်။ သူ့ကို ပထမဆုံးတွေ့တုန်းက ရှင်းပြလို့မရသည့် ဆွဲဆောင်မှုတစ်ခုကို ခံစားလိုက်ရတာ မဆန်းဘူး။ အထူးသဖြင့် ချင်းလင်၏သွယ်လျသည့်ခါးက လှုပ်ရှားသည့်အခါတိုင်း ဆွဲဆောင်မှုအလွန်ရှိလှပေသည်။
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း၏ အမာခံပရိတ်သတ်တစ်ယောက်အနေဖြင့် ချင်းလင်းကို သိသည်။ သူမက ရှားပါးတဲ့ မျက်ဝန်းတစ်စုံရှိသည့် မိန်းကလေးတစ်ယောက်။
ချင်းလင်းဟာ မြွေလူမျိုးနှင့် လူသားတို့၏ မျိုးဆက်ဖြစ်သည်။ ပုံမှန်အားဖြင့် ဒီလိုအခြေအနေမှာရှိသည့် ကလေးများသည် အသက်နှစ်နှစ်ကျော်ထက် ပို၍မရှင်သန်နိုင်ပေ။ ဒါပေမဲ့ သူမကတော့ ခြွင်းချက်ပင်ဖြစ်သည်။
ချင်းလင်းလိုလူတွေ အများကြီးရှိသည်။ လူသားတွေရော မြွေလူတွေရော ဒါကို ကျိန်စာတစ်ခုလို့ မှတ်ယူကြသည်။ သူတို့နှစ်ပေါင်းများစွာ ရှင်သန်နိုင်ရသည့် အကြောင်းရင်းက အထင်သေးခံရခြင်းနဲ့ သရော်ခံရခြင်းတို့ များစွာခံရခြင်းကြောင့် ဖြစ်သည်။
ဒါတင်မကသေး။ ချင်းလင်းမှာ ကမ္ဘာပေါ်တွင် ထူးခြားဆုံးမျက်လုံးတွေလည်း ရှိတယ်၊ မိုးပြာရောင်မြွေ သုံးပွင့်မျက်လုံးလို့ လူသိများတဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လည်း ဖြစ်သည်။
ဒါဟာ လူသားနဲ့ မြွေလူမျိုးတို့၏ မျိုးဆက်တွင် သီးသန့်ဖြစ်ပေါ်တတ်သည်။ ဒီမျက်ဝန်းမျိုးသည် မြွေကဲ့သို့ မှော်သားရဲအားလုံး၏ ရန်သူဖြစ်ပြီး သန့်ရှင်းသည့် ရှေးမျိုးရိုး မြွေပုံစံ မှော်သားရဲအနည်းငယ်သာ သူတို့ကို ထိန်းချုပ်နိုင်သည်။
လူသား ဒါမှမဟုတ် အခြားမှော်သားရဲများကို မထိန်းချုပ်နိုင်သော်လည်း သူတို့၏ဝိညာဉ်များကို ထုတ်ယူပြီး သူတို့၏ခန္ဓာကိုယ်များကို ထိန်းချုပ်နိုင်သည်။
ကျောက်စိမ်းမြွေ သုံးပွင့်မျက်လုံးနှင့်အတူ ချင်းလင်း၏ စွမ်းအားက အဆင့်သစ်တစ်ခုသို့ ရောက်ရှိခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာ သိုင်းအရှင်အဆင့်ကို တိုးတက်လာခဲ့သည်။ မှတ်သားလောက်သည့် မြန်ဆန်သည့် တိုးတက်မှုတစ်ခုပင်ဖြစ်သည်။
ချင်းလင်းက ကြောက်ရွံ့စွာနှင့် ခေါင်းမော့လိုက်သော်လည်း ကျန်းချန်၏နောက်တွင် ဘုရင်မကြီး မီဒူဆာကို မြင်သည့်အခါ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာသည်။
"မင်း...မင်းက...မြွေတစ်ကောင်ပဲ..."
မြွေလူမျိုးနှင့် လူသားတို့၏ မျိုးဆက်အနေဖြင့် ချင်းလင်းတွင် မြွေလူမျိုးတို့၏ သွေးများ စီးဆင်းနေသည်။ပင်ကိုအားဖြင့် ဘုရင်မကြီး မီဒူဆာလို ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသည်။
ဘုရင်မကြီး မီဒူဆာက သူ၏ချယ်ရီရောင် ပန်းနှုတ်ခမ်းကို အနည်းငယ်ခွာလိုက်ပြီး "မင်းက... မြွေလူမျိုးနဲ့ လူသားရဲ့ မျိုးဆက်လား" ဟု မေးလိုက်သည်။
ချင်းလင်းက ခေါင်းငုံလိုက်သည်။ ဒီပုံစံက ချင်းလင်း၏ အဆင့်ဟာ တစ်မြို့လုံးတွင်ရှိသည့် အိမ်မွေးတိရစ္ဆာန်ထက် အဆင့်နိမ့်ကျနေသည်။
လမ်းပေါ်က ကလေးတွေအပါ ဘယ်သူမဆို သူမကို အနိုင်ကျင့်သည်။သူမ တစ်နေ့လုံးလုပ်နေရတာက ရိုက်နှက်ခံရခြင်းနှင့် ဆဲရေးခံရခြင်းသာ ဖြစ်သည်။ သူမဟာ လူသားတစ်ယောက်ဖြစ်ရခြင်း၏ ပျော်ရွှင်မှုဘယ်တော့မှ မခံစားရဖူးပေ။
အဖွဲ့ခေါင်းဆောင်နှစ်ယောက်သာ မရှိခဲ့ရင် သူမဟာ ဒီလူများ၏ လက်ချက်နှင့် အချိန်ကြာကြာ ခံနေရမှာပဲ။
ကျန်းချန်က ချင်းလင်း၏လက်ပေါ်က အစိမ်းရောင် အကြေးခွံကို ကြည့်ရင်း အတော်လေး စိတ်ဝင်စားသွားသည်။
ချင်းလင်းက ကြောက်ရွံ့မှုကြောင့် နောက်သို့ဆုတ်လိုက်ပြီး မျက်ရည်များနှင့်အတူ အသံတုန်တုန်ဖြင့် "ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ တောင်းပန်ပါတယ်၊ တကယ်ကို ခြောက်လှန့်ဖို့ မရည်ရွယ်ပါဘူး..."
ဘုရင်မကြီး မီဒူဆာက ထုံးစံအတိုင်း လျစ်လျူရှုခဲ့သည်။ ချင်းလင်း၏မျိုးရိုးသည် သူမနှင့် အနည်းငယ်ဆင်တူသော်လည်း တော်တော်လေးရောနှောနေကာ အစွမ်းထက်သည့်မြွေလူမျိုးတစ်ယောက်အဖြစ် အပြည့်အဝ လေ့ကျင့်၍ မရနိုင်ပေ။
"ရပါတယ်၊ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်လာ ဖြစ်လာ၊ မင်းရဲ့ခန္ဓာကိုယ်က အမြဲတမ်း မင်းပိုင်တာပါပဲ။ လူတွေရဲ့အမြင်ကို ဂရုမစိုက်နဲ့။ ကိုယ့်ဘဝနဲ့ ကိုယ်ရှင်သန် နေထိုင်ခြင်းက ဒီအမြင်ကျဉ်းတဲ့လူတွေနဲ့ တကယ်ဝေးဝေး နေနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပါပဲ"
ကျန်းချန်က ချင်းလင်း၏အင်္ကျီလက်မောင်းကို ညင်သာစွာ လိပ်တင်လိုက်ပြီး ထိုအပေါ်က မရမ်းစေ့ရောင်အစိမ်း အကြေးခွံတွေကို ကြည့်ကာ ပြုံးလိုက်၏။