← Chapters

ကောင်းကင်မြွေနန်းတော်အကြီးအကဲ

Vol. 4 Ch. 32

ကောင်းကင်မြွေနန်းတော်အကြီးအကဲ

Vol. 4 Ch. 32

ခေါင်းဆောင်၏ ခွင့်ပြုချက်ဖြင့် သဲကန္တာရသံကြေးစား အဖွဲ့ဝင်များကို အဖွဲ့နှစ်ဖွဲ့ခွဲလိုက်သည်။ တစ်ဖွဲ့မှာ စာရင်းပါ ဆေးဖက်ဝင်ပစ္စည်းများကို ရှာဖွေရန် မြို့အသီးသီးသို့ သွားရောက်ခဲ့ပြီး တွေ့ရှိပါက အားလုံးကို ဝယ်ယူခဲ့ရန် ဖြစ်သည်။

ဒုတိယအဖွဲ့မှာ သဲကြေးစားအဖွဲ့၏ ဌာနချုပ်ကို ဝိုင်းရံပြီး ခုခံသူအားလုံးကို သတ်ပစ်ကာ အညံ့ခံသူများကိုမူ သံကြေးစားအဖွဲ့တွင် ပြန်လည်အမှုထမ်းစေခဲ့သည်။

တစ်နေ့အတွင်းပင် သဲကန္တာရသံကြေးစားအဖွဲ့က သဲကြေးစားအဖွဲ့၏ ငွေကြေးနှင့် ပစ္စည်းဥစ္စာများကို အခြားကြေးစားအဖွဲ့တစ်ခုနှင့် မျှဝေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတို့က ကျန်းချန်အတွက် စာရင်းပါ ဆေးဖက်ဝင်အပင်များစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့သော်လည်း ရှားပါးလွန်းသော ဆေးဖက်ဝင်အချို့ကိုမူ တာဂိုသဲကန္တာရ အတွင်းပိုင်း၏ အနက်ရှိုငါး နေရာတွင်သာ ရှိနေသောကြောင့် သူတို့အနေဖြင့် ကူညီရန် မစွမ်းသာခဲ့ပေ။

ကျန်းချန်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ရှောင်တင်းအား လိုအပ်သော ကော်မရှင်နှင့် ဆေးဖက်ဝင်အပင်များအတွက် ရွှေဒင်္ဂါးများ ပေးလိုက်သည်။

ရှောင်တင်းက ပြုံးနေသည်ကို မရပ်နိုင်တော့ပေ။ “သွေးထွက်သံယိုမှုမပါဝင်တဲ့ မစ်ရှင်များက အတော်လေးအဆင်ပြေပါလား။”

“ကျေးဇူးတင်ပါတယ်၊ပညာရှိကြီး။”

ကျန်းချန်က လက်ကိုဝှေ့ယမ်းကာ “မလိုပါဘူး၊ ဒါပေမဲ့ ကျွန်တော်မှာ နောက်ထပ် ဆွေးနွေးတိုင်ပင်ချင် တာရှိတယ်။ နှစ်ယောက်လုံး သဘောတူမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောလိုက်သည်။

ရှောင်တင်းနှင့်ရှောင်လီတို့က အကြည့်ချင်းဖလှယ်ပြီးနောက် တစ်ပြိုင်နက်တည်း လက်ကို ဆုပ်ကိုင်ကာ “ကျေးဇူးပြု၍ အမိန့်ပေးပါ၊ ဆရာ”ဟု ပြောလိုက်သည်။

“ချင်းလင်းမှာ ထူးခြားသည့် ပါရမီရှိတယ်။ သူမရဲ့ မျိုးရိုးက မသန့်စင်ပေမဲ့ ရှားပါးတဲ့ ကျောက်စိမ်းမြွေသုံးပွင့်မျက်လုံး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် ကျွန်တော်ဟာ ချင်းလင်းကို ကျွန်တော်နဲ့အတူ လေ့ကျင့်ဖို့ ခေါ်သွားလိုပါတယ်။”

ဤစကားကိုကြားရသည့်အခါ ရှောင်တင်းက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ချင်းလင်း၏ ခန္ဓာကိုယ်က ထူးခြားသည်ဆိုပေမဲ့ “မိုးပြာရောင်မြွေသုံးပွင့်မျက်လုံး” ခန္ဓာကိုယ်အကြောင်းကို အရင်က မကြားခဲ့ဖူးသဖြင့် မသိမသာ သူမကို စိတ်ဝင်စား လှမ်းကြည့်လိုက်သည်။

“ဆရာ၊ဒါက... ကျွန်တော် ချင်းလင်းရဲ့ ဆန္ဒကို မေးဖို့ လိုပါတယ်။”

“ပြဿနာမရှိပါဘူး။”

ကျန်းချန်က ခေါင်းညိတ်သဘောတူလိုက်သည်။ သူဟာ ဘယ်သူ့ကိုမှ သူတို့၏ဆန္ဒနှင့် ဆန့်ကျင်ပြီး လုပ်ခိုင်းတာမျိုး မရှိခဲ့‌ေပ။ သူမက သူနှင့်အတူ ထွက်မသွားချင်ဘူးဆိုရင် သူမကို အတင်းအကြပ် ထွက်သွားခိုင်းမည် မဟုတ်ချေ။

သူက ဓားပြ မဟုတ်ပေ။

သိပ်မကြာခင်မှာပဲ ချင်းလင်း ပြန်ရောက်လာသည်။ ခေါင်းဆောင်၏ ပြောစကားကို ကြားပြီးနောက် သူမသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး အင်တင်တင်ဖြင့် “ခေါင်းဆောင်ကြီး၊ ကျွန်မ...”ဟု ပြောလိုက်သည်။

“ချင်းလင်း၊ဒါကို မင်း ကိုယ်တိုင် စဉ်းစားဖို့ လိုအပ်တယ်။ ဒီမှာနေမလား၊ ဒါမှမဟုတ် ဆရာ့နောက်လိုက်ပြီး ပိုကျယ်ပြန့်တဲ့ တိုက်ကြီးတွေကို သွားကြည့်မလား?”

ရှောင်တင်း၏စကားတွေက ချင်းလင်း၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ခံစားမိစေသည်။ ပိုကျယ်ပြန့်တဲ့ တိုက်ကြီးက ဘယ်လိုမျိုးလဲ။

“စိတ်မပူပါနဲ့၊ သူနဲ့ အတူရှိတဲ့အချိန် သိပ်မများပေမဲ့ သူဟာ လူကောင်းတစ်ယောက်ဆိုတာ ငါတို့ ပြောနိုင်ပါတယ်။”

ချင်းလင်း၏နှလုံးသား တုန်ခါသွားပြီး သူမ၏ ချယ်ရီရောင် နှုတ်ခမ်းလေးကို နည်းနည်းလှုပ်ရှားရင်း “စိတ်မကောင်းပါဘူး၊ တပ်မှူးကြီးများ၊ ချင်းလင်းက အခုကစပြီး နောက်ထပ် တပ်မှူးတို့နဲ့ အတူလိုက်မပါနိုင်တော့ပါဘူး”ဟု ပြောလိုက်သည်။

ချင်းလင်း၏စကားကို ကြားလိုက်ရပြီးနောက် တပ်မှူးနှစ်ဦးက တခစ်ခစ် ရယ်မောကြသည်။ စိတ်ထဲမှာ သဘောမတူသော်လည်း အနာဂတ်မှာ ချင်းလင်း ‌ေကာင်းကောင်းမွန်မွန် ကြီးပြင်းလာမည်ကို မြင်ရမည်ဖြစ်သဖြင့် ကျေနပ်နေကြသည်။

“သွားကြရအောင်”

ကျန်းချန်က နောက်လှည့်ပြီးပြောလိုက်သည်။ “အခုကစပြီး မင်းဟာ ငါ့ရဲ့ တပည့် ဖြစ်လာပြီ။ တတ်နိုင်သလောက် လူသားမျိုးနွယ်၏ အချုပ်အနှောင်များကို ကျော်လွှားနိုင်ရန် ကြိုးကြိုးစားစားအားထုတ်ပါ။”

“အင်း။”

ရှောင်တင်းက အဖွဲ့မှ ထွက်သွားသည့် ပုံရိပ်များကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ နှစ်ပေါင်းများစွာ အတူရှိခဲ့ပြီးသည့်နောက် ချင်းလင်းနှင့် ခွဲခွာရမည်ကို နည်းနည်း တွန့်ဆုတ်နေမိသည်။

အခုကစပြီး လက်ဖက်ရည် ဒါမှမဟုတ် ရေ ဝယ်ပေးမဲ့သူ ရှိတော့မှာမဟုတ်ချေ။

အဖွဲ့လိုက် ထွက်ခွာသွားပြီးနောက် လူနှစ်ဦး၏ ပုံရိပ်က နောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။ ထိုပုံရိပ်နှစ်ခုက ချင်းလင်းဆီသို့ ဦးတည်နေသည်မှာ အသေအချာပင် ဖြစ်သည်။

…………

တာဂိုသဲကန္တာရ၏ ဆင်ခြေဖုံးတွင် ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်း အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သည်။ မြွေလူမျိုးတို့၏ ခိုင်မာသော ထောက်ခံချက်ဖြင့် ကျန်းချန်၏ စာရင်းတွင်ပါသော အခြားဆေးဖက်ဝင်အပင်များကိုလည်း စုဆောင်းမိခဲ့သည်။

(ဘာသာပြန်သူအမှာစာ ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်းဟု ပြောင်းလဲအသုံးပြုသွားမည်)

“ဟေး လူငယ်လေး၊ မင်းလာတာ တော်တော့်ကို ကြာတာဘဲ။”

ရေခဲဧကရာဇ်က ကျန်းချန်ပြန်လာသည်ကို မြင်သည့်အခါ သူ့အနေနှင့် သူပြန်လာသည်ကို တစ်ညလုံး စောင့်နေရသည်ဟု ပြောပြီး သူ၏ နှေးကွေးစွာပြန်လာမှုကို မကျေမနပ် ပြောလိုက်သည်။

“ခရီးက ဝေးလွန်းလို့။ ဒါကြောင့် အချိန်နည်းနည်း ကြာသွားတာပါ။ အစ်ကိုဟိုင်၊ အစ်ကို့ဆီက ဆေးဖက်ဝင်အပင်တွေ ဘယ်လိုရှိလဲ?”

ဟိုင်ပေါ်တုန်းက လိုတရလက်စွပ်ကိုထုတ်ယူပြီး ပေးကာ ပြောလိုက်သည်။ “ဒီထဲမှာ မင်းလိုအပ်တာတွေ ပါတယ်၊ ဒါပေမဲ့ မင်းအနေနဲ့ ငါ့အတွက် ဝိညာဉ်ပြန်လည်အသက်သွင်း ခရမ်းရောင်ဆေးလုံးကို ဖော်စပ်ပေးရမယ်။ မဟုတ်ရင် ငါ့ရဲ့ အားထုတ်မှုအားလုံး အချည်းနှီး ဖြစ်သွားမှာပေါ့။”

“ပြဿနာမရှိပါဘူး။”

ကျန်းချန်က အလွယ်တကူပင် သဘောတူလိုက်သည်။ ပြန်လည်အသက်သွင်းခရမ်းရောင်ဆေးလုံးကို လွယ်လွယ်ကူကူ ရရှိခဲ့သည်။

လုံလောက်သော ဆေးဖက်ဝင်အပင်များရှိပါလျှင် သူဟာ ပြန်လည်အသက်သွင်းခရမ်းရောင်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်မည်ဖြစ်သည်။

ကျန်းချန်၏နောက်မှ မိန်းကလေးငယ်ကို ကြည့်ရင်း ရေခဲဧကရာဇ်က မနေနိုင်ဘဲ မေးလိုက်သည်။ “ဒါက ဘာသဘောလဲ? မြွေလူမျိုးနဲ့ လူသား တို့ရဲ့ သမီးကို ဘာလို့ ခေါ်လာတာလဲ?”

သိုင်းဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ချင်းလင်း၏ မျိုးရိုး မငြိမ်မသက်ဖြစ်နေသည်ကို မြင်နိုင်ပြီး တစ်ဖက်လူဟာ မြွေလူနှင့် လူသားတို့၏ ကွာခြားနေကြောင်း သတိထားမိသည်။

ကျန်းချန်က မိတ်ဆက်ပေးလိုက်သည်။“ဒါက ကျွန်တော် အခုမှ လက်ခံလိုက်တဲ့ တပည့်၊ ချင်းလင်းပဲ။ အခုကစပြီး သူက ကျွန်တော်နဲ့အတူ ကျင့်ကြံလိမ့်မယ်။”

ဒီစကားကိုကြားရသည့်အခါ ရေခဲဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ “တကယ်တန်း သူမကို တပည့်အဖြစ် လက်ခံခဲ့တာက ညီလေးကျန်းချန်မှာ တခြားရည်ရွယ်ချက် ရှိနေလိမ့်မယ်။”

သို့သော် ဟိုင်ပေါ်တုန်းက ဘာမှမပြောခဲ့ပေ။ သူက ဒါကို ကျင့်သားရနေပြီဖြစ်သည်။

ကျန်းချန်က သူ့လက်ထဲက ခေါက်ယပ်တောင်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး နည်းနည်း ပြုံးရင်း ပြောလိုက်သည်။ “မင်း ရောက်နေပြီဖြစ်တဲ့အတွက် ထွက်လာပါ။ ပုန်းနေတာက မင်းရဲ့ ပုံစံမဟုတ်ဘူး။”

“ဟမ်”

ဟိုင်ပေါ်တုန်းက မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။ “ကျန်းချန်၊ မင်း ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလိုအဓိပ္ပာယ်မရှိတဲ့ စကားတွေပြောနေတာလဲ။”

သို့သော် အသံပျောက်ကွယ်သွားချိန်မှာပဲ ဆိုင်ခန်းအပြင်ဘက်တွင် ပုံရိပ်နှစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ဦးဆောင်သူဟာ ကိုယ်လုံးကိုယ်ထည် သွယ်လျသော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း၊ သူမ၏အသွင်အပြင်ဟာ တကယ်တော့ အနည်းငယ် ကြမ်းတမ်းပြီး အသံကလည်း သူမ၏ ခန္ဓာကိုယ်နှင့် မလိုက်ဖက်ပေ။

“ဟီးဟီး၊မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ကွန်ဖြူးရှပ်ပညာရှိ၊ သူ့ရဲ့ ဂုဏ်သတင်းက ထိုက်တန်ပါတယ်။”

“နှစ်ပေါင်းများစွာကြာသွားပေမဲ့ မင်းက အမြဲတမ်း ကြော့ရှင်းနေတုန်းပဲ။”

ရောက်ရှိလာသူ လူသစ်ဟာ ကောင်းကင်မြွေနန်းတော်မှ အကြီးအကဲ လျူမန် ဖြစ်ပြီး၊ အခြားတစ်ဦးမှာ သိုင်းဘုရင် အဆင့်သာ ရှိကာ အကြီးအကဲ ချင်းပင်းဟု အမည်ရပြီး များသောအားဖြင့် အကြီးအကဲ ချင်းဟု ခေါ်ကြသည်။

သူတို့နှစ်ဦး၏ပုံစံက ဆန့်ကျင်ဘက် ဖြစ်နေသည်။ အကြီးအကဲ ချင်းဟာ ဆွဲဆောင်မှုရှိပြီး၊ သူမ၏ စကားနှင့် အပြုအမူတို့သည် ချစ်စရာကောင်းသည့် ပုံစံကိုဖော်ထုတ်ပြနေသည်။ အစိမ်းရောင် အရိုင်းအစိုင်းကမူ တုတ်ခိုင်သန်မာပြီး အစ်ကိုတစ်ယောက်လိုခံစားမှုကို ပေးနေသည်။

အစိမ်းရောင်လူရိုင်းက ရှေ့သို့တက်လာပြီး ပြောလိုက်သည်။ “ကောင်းကင်မြွေနန်းတော်မှ အစိမ်းရောင် လူရိုင်းက ကွန်ဖြူးရှပ်ပညာရှိကို ကြိုဆိုပါတယ်။”

“အကြီးအကဲအစိမ်းရောင်၊ ဒီလို လုပ်ရိုးလုပ်စဉ်မျိုး မလိုအပ်ပါဘူး။မင်းရဲ့ အကြီးအကဲက ဒီမှာ ရှိနေသေးတယ် မဟုတ်လား”

သိုင်းဝိဇ္ဇာဟာ တစ်ချိန်က အရှေ့မြောက်တိုက်ကြီး တစ်ခုလုံး၏ အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး ကောင်းကင်မြွေနန်းတော်တွင် သိုင်းဝိဇ္ဇာ အင်အားစုတစ်ဦး ရှိနေပါသေးသည်။ ဗဟိုတိုက်ကြီးမှာတောင် ဒါက အင်အားစုသေးသေးလေး မဟုတ်ချေ။

အစိမ်းရောင်လူရိုင်းက ပြန်ပြောလိုက်သည်။ “အကြီးအကဲက ကောင်းပါတယ်။ ဒါပေမယ့် သူက ပြန်မလာခဲ့တဲ့အတွက် ခဏခဏ မင်းအတွက် စိုးရိမ်နေတယ်။”

ကျန်းချန်က ပြုံးလိုက်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ကောင်းကင်မြွေနန်းတော်ကို ဖြတ်သန်းသွားသည့်အခါ ထိုနေရာ၌ရှိသည့် သိုင်းဝိဇ္ဇာ အင်အားစုက လူတစ်ဦးနှင့် ဆုံခဲ့ဖူးသည်။ သူမဟာ လူငယ်၊ လှပပြီး ရုပ်ရည်သန့်ပြန့်သော အမျိုးသမီး၊ ရပ်တည်ချက်ခိုင်မာ၊ ကောက်ကြောင်းရှိပြီး ဂန္တဝင်ဆန်သည့်အသွင်အပြင်ရှိသည်။

သူမ၏အင်အားက ကြောက်စရာလွန်းကောင်းကာ ထိုအချိန်တုန်းက သူပင် သူမဆီမှာ ရှုံးခဲ့ရသည်။

သို့သော် ကျန်းချန်မှာ အဲဒီအချိန်တုန်းက ကိစ္စရပ်တစ်ခု ကြောင့် မြန်မြန်ဆန်ဆန် ထွက်ခွာခဲ့ရသည်။ အခုတော့ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် သိုင်းသူတော်စင် အဖြစ် အဆင့်တက်ခဲ့ပြီး သူ၏ အင်အားက တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။

ဘုရင်မ မီဒူဆာက မျက်မှောင်ကြုတ်လိုက်မိသည်။သူမဟာ ကောင်းကင်မြွေနန်းတော်၏ ဂုဏ်သတင်းကို သိထားသည်။ ဒါပေမဲ့ ဘာကြောင့် ‌ဒီကို ရောက်နေရတာလဲ ဆိုတာမသိတော့ပေ။

“အကြီးအကဲအစိမ်းရောင်၊ ခင်ဗျား ဒီမှာ ရောက်လာတာက မိုးပြာရောင် အကြေးခွံအတွက်ပဲ ဖြစ်မယ် မဟုတ်လား?”

“ဟီးဟီး၊မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဘာမှ ကွန်ဖြူးရှပ်ပညာရှိ ရှေ့မှာ ဖုံးကွယ်ထားလို့ မရပါဘူး။” အစိမ်းရောင် လူရိုင်းက ပြုံးပြီး ရိုသေစွာ ပြောလိုက်သည်။ “အကြီးအကဲက ဒီကိစ္စကို သိရတဲ့နောက်မှာ အထူးဂရုစိုက်ပြီး ကျွန်တော့်ကို လာပြီး စစ်ဆေးဖို့ အမိန့်ပေးခဲ့တယ်။ ဒါဟာ မိုးပြာရောင်မြွေ သုံးပွင့်မျက်လုံး ဟုတ်မဟုတ်ဆိုတာ သိရအောင်။”

“အကယ်၍ ဟုတ်မယ်ဆိုရင်... ကျွန်တော်ဟာ သူ့ကို ခေါ်ဆောင်သွားခွင့်ရဖို့ မျှော်လင့်တယ်။ ခင်ဗျားအနေနဲ့ ကျွန်တော့်ဆီ‌ကနေ ချင်းလင်းကို ပြန်ခေါ်ထားနိုင်ဖို့ လုံလောက်တဲ့ အင်အားရှိရဲ့လား”

“ကျွန်တော်တို့ကောင်းကင်မြွေနန်းတော်က ဒီမှာရှိတဲ့အတွက် ကျွန်တော်တို့က သူ့ကို အနည်းဆုံး အန္တရာယ်မပေးဖို့ အာမခံပါတယ်၊” အစိမ်းရောင် လူရိုင်း နူးညံ့စွာ ပြောလိုက်သည်။

All Chapters