သက်တံရောင် ကြေးခွံများ
Vol. 4 Ch. 33
ကျန်းချန်က ပြုံးပြပြီး "စိတ်မရှိပါနဲ့ အကြီးအကဲ အစိမ်းရောင် ဘာဘေးရီးရန်းရယ်၊ ချင်းလင်းက အခု ကျွန်တော့်ရဲ့ တပည့်ဖြစ်နေပြီဆိုတော့ သူမကို ခင်ဗျားတို့ရဲ့ ကောင်းကင်မြွေစံအိမ်ကို မပေးနိုင်တာကိုတော့ နားလည်ပေးပါ" ဟု ဆိုလိုက်သည်။ (Barbarian ကို နာမ်စားအတိုင်း အသုံးပြုထားသည်။)
ထိုစကားကို ကြားလိုက်ရချိန်တွင် လျိုမန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ သည်။ “ကွန်ဖြူးရှပ်ပညာရှိတစ်ဦးရဲ့ တပည့် ဖြစ်သွားတယ်ဆိုပါလား။”
ထိုစဉ်က ဝါရင့်အကြီးအကဲက ကျန်းချန်သည် ကမ္ဘာအနှံ့ လှည့်လည်သွားလာရသည်ကို နှစ်သက်ပြီး တပည့်များကို ခေါ်ယူရန် ဆန္ဒမရှိကြောင်း အသေအချာ ပြောခဲ့ဖူးသည်။ သို့ဆိုလျှင် ယခု သူသည် အဘယ်ကြောင့် ချင်းလင်းကို တပည့်အဖြစ် လက်ခံလိုက်ရသနည်း။
ဤသည်မှာ ကောင်းကင်မြွေစံအိမ်ကို တမင်သက်သက် စိန်ခေါ်လိုသည်များ ဖြစ်နေခဲ့သည်လား။
အကြီးအကဲ ချင်းပင်းက မျက်မှောင်ကြုတ်လိုက်သည်။ ကွန်ဖြူးရှပ်ပညာရှိတစ်ဦး၏ တပည့်ဖြစ်ခွင့်ရခြင်းမှာ ဒိုချီတိုက်ကြီးတစ်ခုလုံးတွင် လူတိုင်းအားကျရမည့် အခွင့်အရေးဖြစ်သော်လည်း ယခုမူ လူငယ်တစ်ယောက်က သူ့ထက်အရင် လက်ဦးသွားခဲ့လေပြီ။
ဤသည်မှာ အမှန်တကယ်ပင် ယုံကြည်ရခက်လှသော ကိစ္စပင် ဖြစ်သည်။
အစိမ်းရောင် ဘာဘေးရီးရန်းက သူ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း "ဆရာ... အကြီးအကဲရဲ့ စိတ်နေစိတ်ထားကို ဆရာ သိတာပဲ၊ တကယ်လို့ မိုးပြာမြွေ သုံးပွင့်မျက်လုံးပိုင်ရှင် မိန်းကလေးကို ခေါ်သွားတာ ဆရာမှန်း သိသွားရင် သူမက..."
"တကယ်လို့ အဲဒီနေ့ ရောက်လာခဲ့ရင်တော့ သူမကို ကျွန်တော့်ဆီပဲ လာခဲ့ဖို့ ပြောလိုက်ပါ"
ကျန်းချန်က လက်ကို ဝေ့ယမ်းလိုက်ပြီး "ဒီလိုမှ မဟုတ်ရင် အကြီးအကဲ အစိမ်းရောင် ဘာဘေးရီးရန်းတို့ ထွက်သွားလို့ ရနိုင်ပါပြီ" ဟု ဆိုလိုက်သည်။
အကြီးအကဲ ချင်းပင်းက တစ်ခုခု ပြောရန် ဟန်ပြင်လိုက်သော်လည်း အစိမ်းရောင်ဘာဘေးရီးရန်းက တားမြစ်လိုက်သည်။ ကွန်ဖြူးရှပ်ပညာရှိ၏ အစွမ်းမှာ အလွန်တရာ ကြီးမားလှသည်။ ထိုစဉ်က အကြီးအကဲများပင်လျှင် သူ့ကို ကပ်ဘေးတစ်ခုလို ရှောင်ခဲ့ကြရသည်မဟုတ်ပါလား။ ယခု သူတို့ကဲ့သို့ သိုင်းဧကရာဇ်နှင့် သိုင်းဘုရင် အဆင့်မျှသာ ရှိသူနှစ်ဦးမှာ ဆိုဖွယ်ရာမရှိတော့ပေ။
သူတို့ ချင်းလင်းကို ကြိုတင်မခေါ်သွားရခြင်းမှာလည်း သူမတွင် မိုးပြာမြွေ သုံးပွင့်မျက်လုံး အမှန်တကယ် ပါမပါ သေချာမသိရသေးသောကြောင့် ဖြစ်သည်။
ဘေးကင်းလုံခြုံရေးအတွက် သူတို့က ဝူတန်မြို့တွင် ပုန်းကာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့ ထင်ထားသည့်အတိုင်း ဖြစ်လာလျှင် ချင်းလင်းကို ခေါ်သွားရန် ရည်ရွယ်ထားသော်လည်း သခင်လေး ကျန်းချန်က လမ်းခုလတ်တွင် ကြားဖြတ်ခေါ်သွားလိမ့်မည်ဟု မည်သူကမျှ ထင်မထားမိပေ။
ထိုသူနှစ်ဦးမှာ ဘာမှမတတ်နိုင်ဘဲ ဘေးဖယ်ပေးလိုက်ရပြီး ချင်းလင်း ထွက်သွားသည်ကို ငေးကြည့်နေခဲ့ကြရသည်။ ယခုမူ ဤအကြောင်းအရာများကို သူတို့အကြီးအကဲထံ ပြန်လည်သတင်းပို့ရန်သာ ရှိတော့သည်။
တစ်ရက်ကြာပြီးနောက်။
မှော်သားရဲတောင်တန်း၏ မြောက်ဘက်ခြမ်း။
လူရိပ်လေးခုမှာ တစ်ချိန်တည်းမှာ ပေါ်ထွက်လာကြသည်။ လေပြေလေညင်းလေးက တိုက်ခတ်နေပြီး ရေကန်မျက်နှာပြင်တွင် စိမ်းလန်းစိုပြည်သည့် သစ်ပင်ရိပ်များ ရောင်ပြန်ဟပ်နေသည်။
ဘုရင်မကြီး မီဒူဆာက အသက်ပြင်းပြင်းရှုလိုက်သည်။ အမှန်တကယ်ပင် ဤနေရာက မြွေလူမျိုးစုတို့အတွက် စစ်မှန်သော နိဗ္ဗာန်ဘုံပင် ဖြစ်သည်။
အကယ်၍ သူမ၏ မျိုးနွယ်စုများသာ ဤနေရာသို့ ပြောင်းရွှေ့အခြေချနိုင်ခဲ့လျှင် ပူပြင်းလှသော သဲကန္တာရထဲ၌ သူတို့၏ သွေးသားများ လောင်မြိုက်ခံနေရသည့် ဝေဒနာကို ခံစားရတော့မည် မဟုတ်ပေ။
ဟိုင်ပေါ်တုန်းက "ကျန်းချန်... ငါ ကျန်းအင်ပါယာကို အရင်ပြန်နှင့်မယ်။ ဆေးလုံးတွေ ဖော်စပ်ပြီးသွားရင်တော့ မီတဲလ် လေလံအိမ်ကို ပို့ပေးပါ၊ ငါ အဲဒီမှာပဲ ရှိနေမယ်" ဟု ဆိုသည်။
"ဒီမှာ ဆက်မနေတော့ဘူးလား"
ဟိုင်ပေါ်တုန်းက ခေါင်းခါလိုက်ရင်း "မနေတော့ပါဘူး၊ ငါ့ရဲ့ ကျန်းမာရေးကြောင့် ပြန်ဖို့ လိုသလို အဲ့ဒီအဘိုးကြီးတွေက ငါ့ကို သေပြီလို့ ထင်နေကြတုန်းပဲ။ အကယ်၍ ငါသာ ပြန်မသွားရင် လောကကြီးက ရေခဲဧကရာဇ်ဆိုတဲ့ ငါ့ကို မေ့သွားကြလိမ့်မယ်" ဟု ဆိုလိုက်သည်။
ဟိုင်ပေါ်တုန်း၏ အရေးတစ်ကြီးဖြစ်နေသော အမူအရာကို မြင်ရသောအခါ ကျန်းချန်လည်း ဆက်၍ မတားတော့ပေ။ သို့သော် မထွက်ခွာခင် မကြာခင်အချိန်အတောအတွင်း ပြန်လည်အသက်သွင်း ခရမ်းရောင်ဆေးလုံးကို ဖော်စပ်ပေးမည်ဟု ကတိပေးလိုက်သည်။
ဟိုင်ပေါ်တုန်းမှာလည်း အားပါးတရ ရယ်မောလိုက်ပြီး လန်းဆန်းသောလေနှင့်အတူ ကောင်းကင်ပြာဆီသို့ ပျံသွားကာ ခဏအကြာတွင် ပျောက်ကွယ်သွားသည်။
ဘုရင်မကြီး မီဒူဆာက သူမ၏ ခါးကို လက်ဖြင့် ထောက်လိုက်ပြီး "အခုဆိုရင် ဆေးလုံးတွေ ဖော်စပ်လို့ ရပြီမလား။ သိုင်းဘိုးဘေး အဆင့်ကို ရောက်ဖို့ ငါမစောင့်နိုင်တော့ဘူး" ဟု လောလောနှင့် တိုက်တွန်းလိုက်သည်။
"တစ်နှစ်ကတိက မပြည့်သေးပါဘူး၊ မလောနဲ့"
ကျန်းချန်က ရှေ့သို့ တစ်လှမ်းလှမ်းရန် ဟန်ပြင်နေစဉ်တွင် ရုတ်တရက် ရပ်လိုက်ပြီး ဘုရင်မကြီး မီဒူဆာ၏ သွယ်လျလှပသော ခြေထောက်များကို ပြုံးလျက် စိုက် ကြည့်လိုက်သည်။ "အခု မင်းက လူသားတစ်ယောက် ဖြစ်လာပြီဆိုတော့ မင်းရဲ့ မှော်သားရဲ နာမည်ကြီးကိုပဲ အမြဲ သုံးနေလို့ မဖြစ်ဘူးလေ"
"မင်းကို ချိုင်လင်းလို့ ခေါ်ရင် ဘယ်လိုလဲ"
မီဒူဆာက မျက်မှောင်ကြုတ်လိုက်ပြီး "မီဒူဆာဆိုတာ ငါ့ရဲ့ နာမည်ဖြစ်သလို ငါ့ရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်၊ မင်း ငါ့ကို နာမည်ပေးဖို့ မလိုပါဘူး" ဟု ပြန်ပြောလိုြ်သည်။
ကျန်းချန်က ဘုရင်မကြီး မီဒူဆာ၏ ခေါင်းမာသည့်စိတ်ဓာတ်ကို သိရှိသော်လည်း သူမအတွက် နာမည်တစ်ခုမှာ အမှန်တကယ် လိုအပ်နေသည်။ မဟုတ်ပါလျှင် အချိန်တိုင်း သူမကို ဘုရင်မကြီး မီဒူဆာဟု ခေါ်နေရသည်မှာ တစ်မျိုးကြီး ဖြစ်နေပေလိမ့်မည်။
"မင်းက အခု လူတစ်ပိုင်း မြွေတစ်ပိုင်း မဟုတ်တော့ဘူး၊ လူသားစစ်စစ် ဖြစ်နေပြီ၊ မင်းကို မီဒူဆာလို့ ဆက်ခေါ်နေရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာနိုင်တယ်"
ဘုရင်မကြီး မီဒူဆာ၏ တခဏလောက် မျက်ခုံးလှုပ်သွားသော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ ဒေါသတကြီး အော်ဟစ်ခြင်း မပြုတော့ပေ။ ထိုအစား သူမသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝေးရာသို့ ပျံသွားလေတော့သည်။
"ကောင်းပြီလေ၊ အခုကစပြီး မင်းကို ချိုင်လင်းလို့ပဲ ခေါ်မယ်"
မှော်သားရဲတောင်တန်း၏ အရှေ့ဘက်ခြမ်းတွင် မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းမှာ ယခုအခါ သိုင်းဘိုးဘေး အဆင့်တစ်ဝက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် နေ့စဉ် ကျန်းချန်၏ မက်မွန်ပွင့်ဝိုင်ကို သောက်ရင်း များစွာသော ဒိုချီစွမ်းအင်များကြောင့် ယခင်ထက် နှစ်ဆမျှ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်နေပြီ ဖြစ်သည်။
ခြင်္သေ့ပေါက်လေးမှာလည်း များစွာသော အကူအညီများ ရရှိထားသဖြင့် သူ၏ အစွမ်းမှာ ကြယ်ငါးပွင့် သိုင်းဘုရင် အဆင့်ခန့် ရှိနေပြီ ဖြစ်သည်။
"မီးတောက်လေး... မင်းရဲ့ အစ်မနဲ့အတူ မက်မွန်သီး သွားခူးရအောင်” နတ်သမီး ဆရာဝန်မလေးက ခြင်္သေ့ပေါက်လေး၏ ခေါင်းကို ပုတ်ကာ ကျောပေါ်သို့ ခွစီးလိုက်သည်။
အချိန်အတော်ကြာ ရင်းနှီးလာခဲ့ကြပြီးနောက် နတ်သမီးဆရာဝန်မလေးနှင့် ခြင်္သေ့ပေါက်လေးမှာ အလွန်ပင် သံယောဇဉ် တွယ်နေကြပြီ ဖြစ်သည်။ သူတို့က မကြာခဏဆိုသလို ဝိုင်ချက်ရန် မက်မွန်သီးများ သွားခူးလေ့ရှိသလို၊ ငှက်ဥများ စုဆောင်းကာ သက်တောင့်သက်သာ အိပ်စက်အနားယူလေ့ ရှိကြသည်။
"ဝေါင်း..."
ခြင်္သေ့ပေါက်လေးက ခပ်တိုးတိုး မာန်ဖီသံဖြင့် ပြန်ထူးလိုက်ပြီး နတ်သမီးဆရာဝန်မလေးကို တင်ဆောင်ကာ မက်မွန်သီးများ အပြွတ်သိပ်ဆုံး နေရာသို့ ပျံသန်းသွားလေသည်။
မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက သူ့သားကို တစ်ချက်လှမ်းကြည့် လိုက်ပြီးနောက် မြေပြင်ပေါ်၌ ပျင်းရိစွာ ပြန်လှဲချကာ အိပ်စက်နေပြန်သည်။ ကြောင်မျိုးနွယ်ဝင် သားရဲများမှာ သဘာဝအရ ပျင်းရိတတ်ကြပြီး သူက တစ်နေ့လျှင် ၁၈ နာရီခန့် အိပ်စက်ရန် လိုအပ်သည်မဟုတ်ပါလား။
"ထပ်ပြီး အပျင်းထူနေပြန်ပြီလား"
ရင်းနှီးနေသော အသံကို ကြားလိုက်ရသည့်အခါ ခြင်္သေ့မင်းက ရုတ်တရက် ခေါင်းထောင်ကြည့်လိုက်ရာ လူပုံရိပ်သုံးခုမှာ သူ့ရှေ့၌ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ခြင်္သေ့မင်း၏ မျက်လုံး ကျုံ့သွားပြီး ချက်ချင်းပင် အလူးအလဲထကာ ပြုံးရွှင်စွာဖြင့် "သခင်... ပြန်ရောက်လာပြီပဲ" ဟု ဆီးကြိုလိုက်သည်။
"ဒီရက်ပိုင်း သခင့်ကို သိပ်သတိရနေတာ" ခြင်္သေ့မင်းမှာ ကြောင်ကြီးတစ်ကောင်ကဲ့သို့ ကျန်းချန်ကို ချွဲနွဲ့ရန် ကြိုးစားသော်လည်း အငြင်းခံလိုက်ရသည်။
ခြင်္သေ့မင်းမှာ ကျန်းချန်နောက်မှ လူစိမ်းကိုလည်း သတိထားမိသွားသည်။ ဘုရင်မကြီး မီဒူဆာကို မြင်လိုက်ရသည့် ခဏ သူ၏ မျက်နှာတွင် ဒေါသကြောင့် ရှုံ့တွသွားပြီး "နင်ပဲလား... မြွေလူမျိုးစုရဲ့ ထိပ်သီးပညာရှင်၊ ဘုရင်မကြီး မီဒူဆာ" ဟု ကြိမ်းဝါးလိုက်သည်။
"အို..." ဘုရင်မကြီး မီဒူဆာက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း "ဒါက ကြောင်ကြီးပါလား၊ မှော်သားရဲတောင်တန်းမှာ မရန်းစေ့ရောင်အတောင်ပံရှိတဲ့ ခြင်္သေ့မင်းတွေ အများကြီး ရှိနေတယ်လို့ ငါ ထင်နေမိတာ" ဟု ခနဲ့လိုက်သည်။
"မင်းတို့နှစ်ယောက်က အချင်းချင်း သိနေကြတာလား" ကျန်းချန်က ဝါးတောထဲရှိ အဆောင်သို့ ရောက်ရှိသွားပြီး ဝိုင်တစ်ခွက်ကို ငှဲ့ကာ မေးလိုက်သည်။
"သိရုံတင် မကဘူး... ငါတို့က တကယ့်ကို... ရန်သူတော်တွေ"
ခြင်္သေ့မင်းက အဲ့တုန်းက အဖြစ်အပျက်များကို ပြန်ပြောပြလေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဘုရင်မကြီး မီဒူဆာက မြွေလူမျိုးစုအတွက် နေရာကောင်းတစ်ခု ရှာဖွေချင်သည့်အတွက်ကြောင့် ခြင်္သေ့မင်း၏ နယ်မြေဖြစ်သော မှော်သားရဲတောင်တန်းအထိ နယ်ချဲ့ခဲ့လာသည်။
ထိုစဉ်က တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်ပြီး နေရာတိုင်း သွေးချောင်းစီးခဲ့ရသည်။ ခြင်္သေ့မင်းနှင့် သူဦးဆောင်သော သိုင်းဘုရင်အဆင့် သားရဲများက မြွေလူမျိုးစုနှင့် အသက်ပေး တိုက်ခိုက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသည်။
သူကလည်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ထိုဒဏ်ရာကြောင့် ပြန်လည်သက်သာရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
ကျန်းချန်မှာ ပေါက်ပေါက်စုပ်စားရင်း ဘုရင်မကြီး မီဒူဆာတွင် ဤသို့သော ဂုဏ်ယူဖွယ်ရာ သိမိုင်းကြောင်းများ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဘာလဲ ကြောင်ကလေးရဲ့... နင်က ငါ့ကို မယှဉ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား"
ချက်ချင်းဆိုသလို ကြက်သွေးရောင် တိုက်ပွဲအရှိန်အဝါသည် ပြင်းထန်သည့် မြစ်တစ်စင်းလို မြင့်တက်လာပြီး ပြင်းထန်သည့် ဖိအားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ခြင်္သေ့မင်းမှာလည်း အလျှော့မပေးဘဲ လူသားအသွင်သို့ ပြောင်းလဲလိုက်ပြီး သူ၏ ခရမ်းရောင် မီးတောက် တိုက်ခိုက်ရေး စွမ်းအင်များကို ဖော်ထုတ်လိုက်သည်။
သူတို့နှစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအင်များ ထိပ်တိုက်တွေ့ကြရာတွင် နှစ်ဦးစလုံးတွင် အစွမ်းချင်း တူညီနေသည့်အတွက် မည်သူကမျှ အသာစီး မရနိုင်ဘဲ ဖြစ်နေလေသည်။