← Chapters

ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကို ဝါးမျိုရန် ပြင်ဆင်ခြင်း

Vol. 4 Ch. 35

ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကို ဝါးမျိုရန် ပြင်ဆင်ခြင်း

Vol. 4 Ch. 35

ဆေးဘုရင် ဂူဟီ၏ စကားများက ကျိုးကြောင်းဆီလျော်သော်လည်း ယွင်ရှန်းက စေ့စေ့စပ်စပ် စဉ်းစားတတ်သူတစ်ဦးဖြစ်ရာ ဂူဟီ၏ တစ်ဖက်သတ် ပြောဆိုချက်များကို အလွယ်တကူ ယုံကြည်မည့်သူ မဟုတ်ပေ။

အကယ်၍ ဂူဟီအနေဖြင့် အဆင့်ခုနစ် အဂ္ဂိရတ်ဆရာအဖြစ်သို့ မတက်လှမ်းနိုင်ပါလျှင် တိမ်တိုက်ဂိုဏ်းအနေနှင့် သခင်လေး ကျန်းချန်ကို ရန်ငြိုးထားရန် အကြောင်း မရှိ။ ထို့ပြင် ယခုအချိန်သည် ဂိုဏ်း၏ အနာဂတ်စီမံကိန်းများအတွက် အလွန်အရေးကြီးသော ကာလဖြစ်ရာ အရေးယူဆောင်ရွက်မှုများသည် နောက်ဆက်တွဲ အစီအစဉ်များကို ပျက်ပြားသွားစေနိုင်သည်။

ဤသို့ တွေးမိပြီးသည့်နောက် ယွင်ရှန်းသည် နောက်ထပ် ဘာမှထပ်မပြောတော့ဘဲ ဤကိစ္စတစ်ခုလုံးကို ယွင်ယွင် တစ်ဦးတည်း စိတ်ကြိုက်စီမံရန် လွှဲအပ်လိုက်လေသည်။

သို့သော်လည်း ယွင်ယွင်၏ ဆုံးဖြတ်ချက်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

"သခင်လေးရဲ့ စွမ်းအားက အံ့မခန်းလောက်အောင် ထူးခြားပါတယ်။ သူဟာ ကျွန်မ မြင်ဖူးသမျှထဲမှာ စွမ်းအားအမြင့်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပဲ။ အဆင့်ခြောက် သားရဲ ဖြစ်တဲ့ မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း တောင်မှ သူ့ရဲ့ လက်အောက်မှာ နေဖို့ ဝန်မလေးခဲ့ဘူး။ ရှင်တို့လို သိုင်းဘုရင် အဆင့်လောက်ကတော့ ပြောနေစရာတောင် မလိုပါဘူး"

"မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်လာခင် အချိန်မီ ရပ်လိုက်ကြတာ ကောင်းပါလိမ့်မယ်"

ယွင်ရှန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်ပြီး အခြားသူများ၏ အမြင်ကို ဂရုမစိုက်တော့ပေ။ ယွင်ယွင်သည် ယခုအခါ တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ရာ အရာရာကို သူမကသာ ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။

သူမ မဖြေရှင်းနိုင်သည့် ကိစ္စရပ်များကိုသာ သူက ဝင်ရောက်ကူညီပေးမည်ဖြစ်သည်။

ထိုစဉ် ယွင်လဲ့က မတ်တတ်ထရပ်ကာ လက်အုပ်ချီ ဂါရဝပြုရင်း "ဂိုဏ်းချုပ်ကြီးနဲ့ ဂိုဏ်းချုပ်ဟောင်းခင်ဗျာ၊ အကြီးအကဲ ဂူဟီဟာ ကျွန်တော်တို့ တိမ်တိုက်ဂိုဏ်းရဲ့ ဝါရင့်အကြီးအကဲတစ်ဦးဖြစ်သလို အဆင့် ၆ အဂ္ဂိရတ်ဆရာလည်း ဖြစ်ပါတယ်။ အခုလို လက်တစ်ဖက် ဆုံးရှုံးသွားရတာကတော့ တကယ့်ကို မတရားပါဘူး။" ဟု ပြောလိုက်သည်။

"ငါပြောတာကို မင်းတို့ နားမလည်ကြသေးဘူးလား။" ယွင်ယွင်က ဒေါသတကြီး အော်လိုက်ပြီး "ဘာလဲ၊ နင်တို့က အရှက်မရှိကြဘူးလား။ သခင်လေး ကျန်းချန်က ဘယ်သူလဲဆိုတာ သိရဲ့လား။ အဆင့်နိမ့် သိုင်းဘုရင်လေးတွေဖြစ်တဲ့ နင်တို့က ဘယ်လိုသတ္တိမျိုးနဲ့များ လက်မလျှော့နိုင် ဖြစ်နေရတာလဲ။"

ဤစကားကြောင့် ခန်းမအတွင်းရှိ လူတိုင်း၏ မျက်နှာများ ပြောင်းသွားကြသည်။ ဝါရင့်အကြီးအကဲ ယွင်လန် ပင်လျှင် အမှားတစ်ခုခု လုပ်မိထားသကဲ့သို့ ခေါင်းကို အောက်သို့ ငုံ့ထားလိုက်မိသည်။

ယွင်ယွင်၏ ပြာလဲ့သော မျက်ဝန်းအစုံတွင် ထိုသူများ၏ ခေါင်းမာနေသည့် ပုံစံများ ထင်ဟပ်နေသည်။ သူမ၏ ဂိုဏ်းချုပ်ရာထူးသာ မရှိပါလျှင် ဆင်ခြင်တုံတရားမဲ့သော ဆုံးဖြတ်ချက်တစ်ခုကြောင့် ဂိုဏ်းအပေါ် ကျရောက်လာမည့် ဒုက္ခအခက်အခဲကြီးကို သူတို့အား လက်တွေ့ပြချင်မိသည်။

"မြို့တော်နယ်နိမိတ်အတွင်း..."

"ရဲတင်းလှချည်လား"

လူတိုင်းက တိတ်ဆိတ်‌နေကြသည်။ အကြောင်းမှာ ယွင်ယွင်၏ ဤမျှလောက် ဒေါသထွက်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့်ပင် ဖြစ်သည်။ သူတို့ သိထားသည့် ဂိုဏ်းချုပ်နှင့် လုံးဝ ကွာခြားနေသောကြောင့် ဖြစ်သည်။

ယွင်ရှန်းက တည်ငြိမ်စွာဖြင့် "ငါ့ကို ကြည့်နေစရာမလိုဘူး။ ယွင်ယွင်က တိမ်တိုက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ သူ သဘောမတူရင် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်" ဟု ဆိုသည်။

"ပြီးတော့ ယွင်လန်… တကယ် အရေးကြီးတဲ့ ကိစ္စမဟုတ်ရင် ငါ့ကို လာမခေါ်နဲ့။ ငါ့မှာ မင်းတို့နဲ့ ကစားဖို့ အချိန်မရှိဘူး။"

ထိုသို့ ပြောပြီးနောက် ယွင်ရှန်းသည် ဖြည်းဖြည်းချင်းထရပ်ပြီး ဆေးဘုရင် ဂူဟီ၏ ဘေးမှ ဖြတ်သွားရင်း "တကယ်လို့ အကြီးအကဲ ဂူဟီသာ အဆင့် ၇ အဂ္ဂိရတ်ဆရာအဖြစ် တက်လှမ်းနိုင်မယ်ဆိုရင် ဂိုဏ်းချုပ်ဖြစ်တဲ့ ငါကိုယ်တိုင် ဒီကိစ္စကို ဖြေရှင်းပေးမယ်။ ဒါပေမဲ့... ဒီလောက်နှစ်တွေ အများကြီး ငါ မစောင့်နိုင်ဘူး" ဟု ပြောလေသည်။

အဖြူရောင် အလင်းတန်းတစ်ခုနှင့်အတူ တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ယွင်ရှန်းသည် ပျောက်ကွယ်သွားရာ တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲများမှာ ကြောင်စီစီဖြင့် ကျန်ရစ်ခဲ့သည်။

ယွင်ယွင်၏ အပြာရောင်ဝတ်ရုံလေးက လေမတိုက်ဘဲ တဖျတ်ဖျတ်လွင့်နေပြီး မတ်တတ်ရပ်ကာ ဖြည်းဖြည်းချင်း ရှေ့သို့ ခြေတစ်လှမ်းတိုး၍ "ဒီနေ့ကစပြီး ငါ့အမိန့်မရှိဘဲ ဒီကိစ္စကို ဘယ်သူမှ ပြောခွင့်မရှိဘူး။ တကယ်လို့ သခင်လေးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိလို့ကတော့ မင်းတို့အားလုံး ပေါင်းလိုက်ရင်တောင် သစ်ပင်ကြီးကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တွေထက် မပိုဘူးဆိုတာ မှတ်ထားပါ"

"မင်းတို့ သေတာက အရေးမကြီးပေမဲ့ တိမ်တိုက်ဂိုဏ်းရဲ့ အနာဂတ်နဲ့တော့ လောင်းကြေးမထပ်ကြပါနဲ့။"

"ဟုတ်ကဲ့ပါ"

အကြီးအကဲအားလုံး တစ်ပြိုက်နက် မတ်တတ်ရပ်ကာ လက်အုပ်ချီ ဦးညွှတ်လိုက်ကြသည်။ ဒါက သူတို့၏ နောက်ဆုံး နာခံခြင်းပင် ဖြစ်သည်။

"ဆရာ၊ ဘယ်ကို သွားမလို့လဲ။" နန်လန်ယန်ရန်က အပြေးအလွှား လာရောက်၍ မေးမြန်းသည်။

"သခင်လေးက ငါ ဂိုဏ်းကို ပြန်သွားတာကို မသိသေးဘူး။ အခုလို ရုတ်တရက်ကြီး ထွက်သွားရတာက မသင့်တော်ဘူးထင်လို့ မှော်သားရဲတောင်တန်းကို ငါ ပြန်သွားရဦးမယ်။ ယန်ရန်၊ ဂိုဏ်းကိုတော့ နင့်လက်ထဲ အပ်ခဲ့မယ်နော်။"

ယွင်ယွင်သည် နှုတ်ခမ်းစူကာ အဓိကခန်းမကြီးထဲမှ ထွက်ခွာသွားရာ အကြီးအကဲ ယွင်လန် မှာ ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်ကျန်ခဲ့သည်။ “ဂိုဏ်းချုပ်က ဘာဖြစ်သွားတာလဲ”

“အခြေအနေတွေက ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ ဒါက ငါ ထင်ထားတာနဲ့ လုံးဝ တခြားစီပဲ။”

ဆေးဘုရင် ဂူဟီသည် စိတ်ပျက်အားငယ်စွာဖြင့် မတ်တတ်ထရပ်လိုက်ပြီး ထွက်သွားသော ယွင်ယွင်၏ နောက်ကျောကို တမ်းတမ်းတတ ကြည့်ရင်း ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေတော့သည်။

ယွင်ယွင်သည် မှော်သားရဲတောင်တန်းသို့ ပြန်ရောက်သောအခါ မှော်သားရဲများ စုကာ အိမ်ဆောက်နေကြသည်ကို မြင်တွေ့ရသဖြင့် အလွန်အံ့အားသင့်သွားသည်။

"မိန်းကလေး ယွင်ယွင်၊ ရောက်လာပြီလား။" ကျန်းချန်သည် ဝါးတောထဲမှ ထွက်လာပြီး လေထဲတွင် ဝဲပျံနေသော ယွင်ယွင်ကို ကြည့်ကာ ပြုံးလိုက်သည်။

ယွင်ယွင်သည် မြေပေါ်သို့ သာသာယာယာ ဆင်းလိုက်ပြီး "ဆရာ ပြန်ရောက်နေပြီပဲ" ဟု နှုတ်ဆက်လိုက်သည်။

"အင်း၊ ဒီနေ့ပဲ ပြန်ရောက်တာပါ။" ကျန်းချန်က ရှက်သွေးဖြာနေသော ယွင်ယွင်ကို ကြည့်ကာ ပြုံးလိုက်သည်။ ရက်အနည်းငယ်အတွင်း သူမ၏ အတွင်းအားများက နောက်တစ်ဆင့် တက်လာသည်ကို တွေ့ရသည်။ နောက်ထပ်အဆင့်တစ်ခုသို့ ရောက်နိုင်ဖို့က သူမအတွက် သိပ်မခဲယဉ်းတော့။

ဘုရင်မကြီး မီဒူဆာသည် ယွင်ယွင်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူမသည်လည်း တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ယွင်ယွင်ကို မှတ်မိနေသည်မှာ အသေအချာပင် ဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် အစွမ်းထက်သော သိုင်းဧကရာဇ် များဖြစ်ကြရာ တစ်ဦးကိုတစ်ဦး ကောင်းစွာ သိကြသည်။ သိုင်းဧကရာဇ် အဆင့်သည် အနောက်မြောက်တိုက်ကြီးတစ်ခုလုံးတွင် အလွန်ရှားပါးပြီး သူတို့အချင်းချင်းလည်း တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ဖူးသူများ ဖြစ်ကြသည်။

"ဘုရင်မကြီး မီဒူဆာလား" ယွင်ယွင်က မျက်မှောင်ကြုတ်လိုက်မိသည်။ "သူက ဘာလို့ ဒီကို ရောက်နေတာလဲ။"

"ဘာဖြစ်လို့လဲ။ ဂိုဏ်းချုပ် ယွင်ယွင်က ငါ ဒီမှာရှိနေတာကို စိတ်အနှောင့်အယှက် ဖြစ်လို့လား"

ယွင်ယွင်သည် သခင်လေး ကျန်းချန်ကို ကြည့်လိုက်ရာ သူက ခေါင်းငြိမ့်ပြသဖြင့် မီဒူဆာနှင့် စကားဆက်ပြောနေလိုက်သည်။ သို့သော်လည်း မီဒူဆာထံမှ ထွက်ပေါ်နေသော သိုင်းဘိုးဘေးအဆင့်တစ်ဝက် အရှိန်အဝါကြောင့် ယွင်ယွင်၏ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်လာသည်။

လူသား သိုင်းဧကရာဇ် တစ်ဦးအနေဖြင့် မြွေလူမျိုးစုမှ သိုင်းဘိုးဘေး အဆင့် ပညာရှင်တစ်ဦး ထွက်ပေါ်လာမည်ကို သူမ မလိုလားပေ။

ညဉ့်နက်လာသောအခါ အခန်းများအားလုံး ဆောက်လုပ်ပြီးစီးလုနီးဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းချန်သည်လည်း တာဂိုသဲကန္တာရရှိ ကျောက်သဲမြို့မှ ဝယ်ယူလာသော အလှဆင်ပစ္စည်းများကို ထုတ်ယူကာ အခြားသူများနှင့်အတူ အခန်းထဲတွင် ပြင်ဆင်လိုက်သည်။

တစ်ခဏအတွင်းမှာပင် အရင်က တိတ်ဆိတ်ခြောက်ကပ်နေသော ခြံဝင်းလေးသည် ပွဲလမ်းသဘင် ကျင်းပသကဲ့သို့ အလွန်တရာ စည်ကားလှပသွားတော့သည်။ အခန်းဆယ်ခန်းရှိသည့်အနက် ကျန်းချန်သည် အဓိက အိပ်ခန်းမကြီးသို့ ပြောင်းရွှေ့၍နေလေသည်။ ထိုနေရာသည် လေဝင်လေထွက်ကောင်းပြီး ဆောင်းရာသီတွင် နွေးထွေးကာ နွေရာသီတွင် အေးမြသဖြင့် အလွန်ကောင်းသည့် နေရာဖြစ်သည်။

ယွင်ယွင်က "ဆရာ၊ ဒါတွေက ကျွန်မတို့အတွက် ပြင်ဆင်ပေးထားတာလား။" ဟု မေးသည်။

"ဒါပေါ့၊ မင်းတို့ကို အမြဲတမ်း အပြင်မှာပဲ အိပ်ခိုင်းလို့ မရဘူးလေ။"

သိုင်းဧကရာဇ် ပညာရှင်များသည် အချိန်အကြာကြီး အိပ်စက်ရန် မလိုသော်လည်း ကျင့်ကြံခြင်းအပေါ် စိတ်ပါဝင်စားမှု မလျော့စေရန် စွမ်းအားများကို ထိန်းသိမ်းဖို့ လိုအပ်ပေသည်။

အားလုံးအတွက် အဆင်ပြေအောင် စီစဉ်ပေးပြီးနောက် ကျန်းချန်သည် သဘာဝအလျောက် ဖြစ်ပေါ်နေသော လိုဏ်ဂူအတွင်းသို့ ဝင်ကာ ကြိုတင်ပြင်ဆင်ထားသော မီးတောက်ကျင့်စဉ်ကို ထုတ်ယူလိုက်သည်။

အထူးမီးတောက်များ၏ ထူးခြားသော သဘောသဘာဝကြောင့် အဆင်အခြင်မဲ့ ဝါးမျိုလိုက်ပါလျှင် ရွှေဧကရာဇ် ကောင်းကင်မီးတောက်က ကြာပန်းစိမ်း၀င်ရိုးမီးတောက် ကို တစ်ခဏချင်းမှာပင် ဝါးမျိုဖျက်ဆီးပစ်နိုင်ပြီး ကြိုးစားသမျှ အချည်းနှီး ဖြစ်သွားနိုင်သည်။

စစ်စတမ်သည်လည်း မီးတောက်ဓားကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံပြီးစီးသွားသဖြင့် ကျန်းချန်အတွက် အချိန်ကုန်သက်သာသွားစေသည်။

မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက် ကို ထုတ်လွှတ်လိုက်သည်နှင့် လိုဏ်ဂူအတွင်းရှိ စွမ်းအားများသည် ချက်ချင်းပင် တဟုန်ထိုး ထိုးထွက်လာရာ မရေမတွက်နိုင်သော မှော်သားရဲများမှာ ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။

သားရဲများသည် သဘာဝအရ မီးကို ကြောက်ကြပြီး အထူးမီးတောက် ဆိုသည်မှာ သူတို့အတွက် အိပ်မက်တောင် မမက်ရဲသော အရာပင် ဖြစ်သည်။

ဘုရင်မကြီး မီဒူဆာသည် ဟင်းလင်းပြင်တွင် ရပ်နေပြီး သူမ၏ ဆွဲဆောင်မှုရှိသည့် ကိုယ်လုံးကို အနည်းငယ် လှုပ်ရမ်းကာ အဝေးမှ တိုးထွက်လာသော မိုးပြာရောင် မီးတောက်များကို ကြည့်ရင်း "သူ အခုပဲ ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကို စုပ်ယူမို့ စီစဉ်နေတာလား" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ စွမ်းအားများ ပြင်းထန်လာသည်နှင့်အမျှ ကျန်းချန်သည်လည်း သူ၏ ရှေ့မှ ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကို ဖမ်းဆုပ်လိုက်သည်။

၎င်းသည် ဝါးမျိုခံရတော့မည်ကို သိသွားသည့်အလား မိုးပြာရောင် မီးတောက်များသည် ချက်ချင်းပင် အမျက်ဒေါသထွက်ကာ ပေါက်ကွဲလာပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးကြီးများကို ရစရာမရှိအောင် ဖျက်စီးပစ်လေသည်။

ဖုန်မှုန့်များ ဖုံးလွှမ်းနေသော လိုဏ်ဂူအတွင်းတွင် ကြာပန်းစိမ်း၀င်ရိုးမီးတောက်မှ ထွက်ပေါ်လာသော စွမ်းအင်များသည် ကျန်းချန်၏ တိုက်ခိုက်ရေး အနေအထားကို လုံးဝ မဖြိုခွဲနိုင်ပေ။

ကျန်းချန်သည် အထူးမီးတောက်၏ ဗဟိုချက်ရှိ မီးတောက်အမျှင်လေးကို ရှာတွေ့ပြီး အတင်းဆွဲထုတ်လိုက်သည်။ ကြာပန်းစိမ်း၀င်ရိုးမီးတောက်တစ်ခုက သိုင်းသူတော်စင် ပညာရှင်တစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး တုန်လှုပ်စေနိုင်ပါမည်နည်း။

All Chapters