ပွင့်ဖတ်ကြွေလွင့် ပြာအဖြစ်သို့ ရောက်ရှိခြင်း
Vol. 4 Ch. 37
"ငါ့အထင်မမှားဘူးဆိုရင် ဒီရွှေချည်မျှင်တွေဟာ အထူးမီးတောက်စာရင်းရဲ့ အဆင့် (၄) နေရာမှာရှိတဲ့ ရွှေဧကရာဇ် ကောင်းကင်မီးတောက်ကနေ ထွက်လာတဲ့ စွမ်းအင်တွေပဲ ဖြစ်ရမယ်။"
ဤအချိန်တွင် ရှောင်ယန်၏ မျက်နှာအမူအရာက ဖုန်းမှ တတိယမြောက် အီမိုဂျီကဲ့သို့ အံ့အားသင့်ကာ ကြက်သေသေသွားခဲ့ရသည်။
သူ့အတွက် ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကို တွေ့ရတာတောင် ယုံကြည်ရခက်နေပြီဖြစ်သော်လည်း ‘အခုတော့ အဆင့် ၄ ရှိတဲ့ ရွှေဧကရာဇ် ကောင်းကင်မီးတောက်တဲ့လား။ ဒါကိုသာ တခြားသူတွေကို ပြောပြရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး’ လို့ သူ တွေးမိလိုက်သည်။
"ဆရာ..." ရှောင်ယန်က အံ့အားသင့်စွာဖြင့် လွှတ်ခနဲ ခေါ်လိုက်မိသည်။ "ဒါဆို ဒီလူက အရင်တုန်းက ဆရာ့လောက် သန်မာတယ် မဟုတ်လား... ဒါ တကယ်ကို ကြောက်စရာပဲ..."
ယောင်ချန်က ခေါင်းခါလိုက်သည်။ "သူက အဲ့ထက်သာတယ်။ ငါ အထွတ်အထိပ်အချိန်မှာတောင် ထိပ်သီး ထူးခြားမီးတောက် ငါးမျိုးကို ထိတွေ့ဖို့ ငါ မဝံ့ရဲခဲ့ဘူး။"
"အခုရှေ့တွင် မြင်နေရတဲ့ ရွှေဧကရာဇ် ကောင်းကင်မီးတောက်ဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ဘူး။"
"ဒီလို အနောက်မြောက်တိုက်လိုငယ်လေးထဲမှာ ဒီလိုမျိုး ဖွက်ထားတဲ့ ကမ္ဘာကြီးတစ်ခု ရှိနေလိမ့်မယ်လို့ ငါ မထင်ဘူး။ 'တောနက်ထဲမှာ ကျားနဲ့ ကျားသစ်တွေ ပုန်းနေပြီး၊ လယ်ကွင်းထဲမှာတော့ ယူနီကွန်းတွေ မြှုပ်ထားတယ်' ဆိုတဲ့ စကားအတိုင်းပါပဲလား။"
"ဒါဆို ဆရာ... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ?"
ယောင်ချန်က "အရင်ဆုံး ဒီသားရဲတောင်တန်းကနေ ထွက်သွားကြရအောင်။ ဒီစွမ်းအင်က ငါ မင်းကိုသင်ပေးထားတဲ့ မီးတောက်ကျင့်စဉ်နဲ့ အတော်လေး တူနေတယ်။ ဒါပေမဲ့ အသေအချာ မစစ်ဆေးရသေးဘဲနဲ့တော့ ငါ အတပ်မပြောနိုင်သေးဘူး" ဟု ဆိုလိုက်သည်။
ရှောင်ယန်ကတော့ ဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးချင်နေပြီ ဖြစ်သည်။ ဒီမှာနေပြီး အသေခံဖို့ အစီအစဉ်မရှိပေ။ တစ်ဖက်လူက သိပ်ကိုသန်မာလွန်းတာကြောင့် တစ်ချက်ရိုက်ရုံနှင့်တင် သူက ပိုင်မုန့်(အဆာပြေမုန့်)အဖြစ် ပြောင်းလဲသွားဖွယ်ရှိသည်။
ထို့အပြင် သူက ဒီအထူးမီးတောက်ကို ရရှိရန်အတွက် အရည်အချင်းမပြည့်မီသေးတာကြောင့် အပိုမတွေးတော့ဘဲ အသက်ရှင်ရုံသာ မျှော်လင့်တော့သည်။
တစ်ဖက်မှာတော့ ကျန်းချန်၏ အခြေအနေက လုံးဝပြီးဆုံးသွားပြီဖြစ်သည်။ ဂူထဲမှ ထွက်လာသည့်အခါ ကောင်းကင်တွင် ပြင်းထန်သည့်စွမ်းအင်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
မီဒူဆာနဲ့ယွင်ယွင်တို့သည် တစ်ချိန်တည်းမှာပဲ အနားကို ရောက်လာကြတယ်။
"ဘာတွေဖြစ်သွားတာလဲ၊ မင်း အထူးမီးတောက်ကို ဝါးမျိုလိုက်တာ ဘာလို့ ဒီလောက်တောင် လှုပ်ခတ်သွားရတာလဲ"
ချိုင်လင်းက မျက်မှောင်ကြုတ်ရင်း "မင်းသာ သေသွားရင် ငါ သိုင်းဘိုးဘေးအဆင့်ကို ဘယ်လိုရောက်နိုင်မှာလဲ?" ဟု မေးလိုက်သည်။
ကျန်းချန်က "စိတ်မပူပါနဲ့၊ ကြာပန်းစိမ်း၀င်ရိုးမီးတောက်က ငါ့ကိုထိန်းချုပ်နိုင်လောက်တဲ့အထိ အရည်အချင်းမရှိသေးပါဘူး" ဟု ပြန်ပြောလိုက်သည်။
သူက ပြောပြောဆိုဆိုနှင့် ကျန်းချန်၏ ဘယ်နှင့် ညာလက်ထဲတွင် မတူညီသည့် မီးတောက်နှစ်မျိုး တစ်ပြိုင်တည်း ပေါ်ထွက်လာခဲ့ပြီး အမျိုးသမီးနှစ်ယောက်ဟာ အံ့အားသင့်လွန်းလို့ မှင်တက်မိသွားကြသည်။ "သခင်လေး ကျန်းချန်က တကယ်ပဲ မတူညီတဲ့ အထူးမီးတောက် နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားတာလား။"
"ဒါဟာ လူသားတစ်ယောက် ရောက်ရှိနိုင်တဲ့ အကန့်အသတ် ဟုတ်ရဲ့လား။"
"မတူညီတဲ့ အထူးမီးတောက် နှစ်မျိုးလား။ အဂ္ဂိရတ်ဆရာ တစ်ယောက်ဟာ ခန္ဓာကိုယ်ထဲမှာ ထူးခြားမီးတောက် တစ်မျိုးပဲ ရှိနိုင်တယ်လို့ ပြောကြတာ မဟုတ်ဘူးလား"
"ဒါက သာမန်လူတွေအတွက်ပဲလေ၊ သူတို့မှာတော့ တစ်မျိုးပဲ ရှိနိုင်တာပေါ့။ ဒါပေမဲ့ ငါ့အတွက်တော့ များလေ ကောင်းလေပဲ။"
ကျန်းချန်က ပခုံးတွန့်လိုက်ရင်း အထူးမီးတောက်တွေကို ခန္ဓာကိုယ်ထဲ ပြန်သိမ်းလိုက်ပြီး ခေါက်ယပ်တောင်ကို ထုတ်ကာ အသာအယာ ယပ်ခတ်လိုက်သည်။
"လူကြီးမင်းတို့ရေ... အချိန်က ညဉ့်နက်နေပြီ။ အခုလို လရောင်ညရဲ့ လှပတဲ့ရှုခင်းနဲ့ ပန်းပွင့်လေးတွေက ဝေဆာနေတဲ့ အလှကို အခုမှ မခံစားရင် နောင် မြင်ရဖို့ မရှိတော့ဘူး။"
ကျန်းချန်က ပြုံးကာ ညာခြေကို အာကာသဟင်းလင်းပြင်သို့ နင်းလိုက်ပြီး မက်မွန်ပင်များရှိသည့် တောင်ကုန်းပေါ်ကို ချက်ချင်း ရောက်ရှိသွားသည်။ သူ့ခေါက်ယပ်တောင်ကို ဝှေ့ယမ်းလိုက်သည့်အခါမှာတော့ မက်မွန်ပွင့်ဖတ်လေးများက ကောင်းကင်ယံမှာ လွတ်လပ်စွာ လွင့်ပျံလာလေတော့သည်။
"ယပ်တောင်ကို ဓားအဖြစ်အသုံးပြုခြင်းက အဆုံးမရှိသော အစီအစဉ်ကျနမှုကို ဖြစ်စေတယ်၊ ဒါက သခင်လေးရဲ့ အစွမ်းလား သခင်လေး?"
ပွင့်ဖတ်လေးများက လေထဲတွင် ကခုန်နေကြပြီး ပြည့်စုံလှပသည့် ပန်းချီကားတစ်ချပ်ကို ဖန်တီးပေးနေသယောင် ရှိနေသည်။
"ပွင့်ဖတ်တွေ ကြွေလွင့်သွားသော်လည်း ဒီနည်းစနစ်ကျနမှုက ဘယ်တော့မှ ပျောက်ကွယ်မှာ မဟုတ်ဘူး။"ဟု ဆိုကာ ကျန်းချန်က ခါးမှာချိတ်ထားသည့် အရက်ဘူးကိုယူကာ မော့သောက်လိုက်သည်။
မက်မွန်ပွင့်များက စိမ်းလန်းသည့် တောင်ကုန်းကို ဖုံးလွှမ်းသွားသည့်အခါမှာတော့ အရင်က ရှိခဲ့သည့် ဓားရိပ်တို့လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။
"ပွင့်ဖတ်တွေ ကြွေကျသွားပေမဲ့ ဒါက နောက်ထပ် မက်မွန်သီးတွေ သီးလာဖို့အတွက်ပဲ။ နောက်ထပ် လဝက်လောက်နေရင် ဒီနေရာဟာ အရင်လိုပဲ ပြန်လှပလာဦးမှာပါ။"
ယွင်ယွင်က ကြွေကျလာသည့် သစ်ရွက်တစ်ရွက်ကို အသာအယာ ဖမ်းဆွဲလိုက်သည်။ နှလုံးသားထဲတွင်တော့ သူမခင်ပွန်း၏ကိစ္စအပေါ် စိတ်ဝင်စားမှု ပိုမိုပြည့်နှက်လာခဲ့သည်။
ယပ်တောင်ကို ဓားအဖြစ် အသုံးပြုပြီး သစ်ပင်၏အမြစ်နှင့် ပင်စည်တို့ကို မထိခိုက်စေဘဲ မက်မွန်ပွင့်များကို လေထဲလွင့်ပျံစေသည်ဆိုတာက... "ဒါကို လုပ်ဆောင်နိုင်ဖို့ ဘယ်လောက်တောင် စေ့စပ်သေချာတဲ့ စွမ်းအားထိန်းချုပ်မှုမျိုး လိုအပ်လိမ့်မလဲ။"
ကျန်းချန်က ဝါးတောထဲ မတ်မတ်ထိုင်လိုက်ရင်း ဘေးကို လှည့်ကြည့်ကာ "မိန်းကလေးတို့... ငါ အခုပဲ ပြောလိုက်တာကို မကြားကြဘူးလား?"
သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တောင်ပေါ်သို့ ပြန်တက်လာကာ စားပွဲပေါ်ရှိ ဝိုင်တွေကို မော့သောက်လိုက်ကြသည်။
"အိမ်နဲ့ မိုင်ပေါင်း သောင်းချီဝေးတဲ့ အရပ်ရှိ အရက်ပြင်းပြင်း ဝိုင်တစ်ခွက်... ယန်ရန်ရဲ့ ကမ္ပည်းစာကလည်း မထွင်းရသေး၊ ပြန်ဖို့ အစီအစဉ်လည်း မရှိ။ ဝါးပုလွေသံက လွမ်းမောဖွယ် ထွက်ပေါ်နေပြီး မြေပြင်ပေါ်မှာတော့ နှင်းတွေ ဖုံးလွှမ်းလို့... စစ်သူကြီးရဲ့ ဆံပင်ဖြူတွေနဲ့ စစ်သည်တော်တွေရဲ့ မျက်ရည်တွေကြောင့် ဘယ်သူမှ မအိပ်စက်နိုင်ကြ။ ။"
ကျန်းချန်က စိတ်ထဲကနေ သက်ပြင်းချလိုက်ရင်း တောက်ပနေသည့် ကြယ်တွေကို မော့ကြည့်ကာ အသာအယာ မေးလိုက်တယ်၊ "ယွင်အာ... မင်းတပည့်ရဲ့ သုံးနှစ်စာချုပ် ပြည့်ဖို့ အချိန် ဘယ်လောက် လိုသေးလဲ"
ယွင်ယွင်က "နှစ်နှစ်" ဟု ပြန်ဖြေလိုက်သည်။
"နှစ်နှစ်... ဟဲဟဲ၊ ဒါက စိတ်ဝင်စားစရာပဲ။" ကျန်းချန်က သူ့လက်တွေကို ခေါင်းနောက်မှာ ထားလိုက်ရင်း "ငါက ကမ္ဘာကြီးကို ပတ်နေတဲ့ ခရီးသွားတစ်ယောက်ပါ၊ နောက်လည်း ငါ့ရဲ့ ခရီးစဉ်တွေကို ဆက်ဦးမယ်" ဟု ပြောလိုက်သည်။
"သခင်လေး... ထွက်သွားတော့မလို့လား?" ယွင်ယွင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။
"စာအုပ်ပေါင်း ထောင်ချီဖတ်တာက တောင်တန်းတွေပေါ်မှာ လမ်းလျှောက်တာလောက် မကောင်းပါဘူး။" ကျန်းချန်က ပခုံးတွန့်ရင်း "တစ်ခါတလေကျရင် ခြေဖဝါးအောက်က လမ်းကို ရှင်းရှင်းလင်းလင်း မြင်ရမှသာ ကိုယ့်ရဲ့ အားနည်းချက်တွေကို သိနိုင်မှာ၊ စာအုပ်ထဲက ဇာတ်ကောင်တွေလိုပေါ့" ဟု ဆိုလိုက်သည်။
ကျန်းချန်က စာအုပ်ကို ဖတ်ရင်း သူ့၏အတွေးများကို ပြောပြလိုက်သည်။ "ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ငါ မကြာခင် ပြန်လာခဲ့ပါ့မယ်။"
"ဒါဆိုရင် ငါလည်း မင်းနောက်ကို လိုက်ခဲ့မယ်။" ဟု ဘုရင်မကြီး မီဒူဆာက လက်ပိုက်ရင်း စိတ်ဝင်တစားပြောလိုက်သည်။ "မင်း ငါ့ကို သိုင်းဘိုးဘေးအဆင့် ရောက်အောင် လုပ်ပေးမယ်ဆိုတဲ့ ဆန္ဒကို မဖြည့်ဆည်းပေးရသေးဘူးလေ။"
ကျန်းချန်က နဖူးကို အသာအယာ ပွတ်လိုက်ရင်း "နောက်ရက်အနည်းငယ်အတွင်း မင်းအတွက် ဆေးလုံးတွေ ဖော်စပ်ပေးပါ့မယ်။ ငါ့မှာ ဟိုင်ပေါ်တုန်း ရဲ့ ပြန်လည်အသက်သွင်းခရမ်းရောင်ဆေးလုံး လည်း ရှိသေးတယ်" လို့ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ တခြားနေရာတွေကို မသွားခင် ဒီမှာ နောက်ထပ် ခြောက်လလောက် ရှိနေဦးမှာပါ။"
ကျန်းချန်က ယွင်ယွင်၏ပခုံးကို အသာအယာ ပုတ်လိုက်သည်။ သူ့မှာ အချိန်တွေ အများကြီး ရှိနေသေးသလို စနစ်၏တာဝန်တွေကိုလည်း စောင့်ရသေးသည်။
ဒါမှ ဘယ်နေရာကို ခရီးသွားရမလဲဆိုတာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
နောက်တစ်နေ့ မိုးသောက်ချိန်မှာတော့ ကြက်တွန်သံ ထွက်ပေါ်လာသည်။
ကျင့်ကြံနေတဲ့ ကျန်းချန်သည် မျက်လုံးကို အသာအယာ ဖွင့်လိုက်ပြီး လေပူတွေကို မှုတ်ထုတ်လိုက်သည်။ တစ်ညလုံး ကျင့်ကြံပြီးနောက်မှာတော့ သူဟာ ကြယ်နှစ်ပွင့် သိုင်းသူတော်စင်အဆင့်ကို ရောက်ရှိရန် အတော်လေး နီးစပ်သွားပြီဖြစ်သည်။
စစ်စတမ်၏ဒက်ရှ်ဘုတ်ကို ဖွင့်ကြည့်လိုက်သည့်အခါမှာတော့ သူ၏ အချက်အလက်များ ပေါ်လာခဲ့သည်။
အမည် - ကျန်းချန်
အသက် - ၂၁ နှစ်
အဆင့် - ကြယ်နှစ်ပွင့် သိုင်းသူတော်စင်အဆင့် တိုက်ခိုက်ရေးအတတ်ပညာ - သုံးထောင်သော ပုံရိပ်ယောင်များ (မြေကြီးအဆင့် အလယ်အလတ်)၊ နတ်ဘုရားသတ်လက်ဝါး (မြေကြီးအဆင့် အမြင့်)၊ မိုးပြာရောင်ကြာပန်း ဓားရိပ် (ကောင်းကင်ဘုံအဆင့် အခြေခံ) ကျင့်ကြံခြင်းအတတ်ပညာ - မီးတောက်ကျင့်စဉ် (မြေကြီးအဆင့် အမြင့်) ရတနာများ - ရေတွက်လို့ မရနိုင်အောင် များပြားသည်
【အတွေ့အကြုံစွမ်းရည် - ၃၅/၁၀၀】
ကျန်းချန်က အညောင်းအညာပြေ ဆန့်လိုက်သည်။ သိုင်းသူတော်စင်အဆင့်ကို ရောက်ပြီးသည့်အခါမှာတော့ သူသည် အိပ်စက်ရန် မလိုတော့ဘဲ ကျင့်ကြံခြင်းကနေတစ်ဆင့် ကုန်ဆုံးသွားသည့် စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်ပြီ ဖြစ်သည်။
ဘုရင်မကြီး မီဒူဆာကတော့ နိုးနေပြီဖြစ်ပြီး ခြံဝင်းထဲ ရပ်ကာ ကြက်စာကို ကျွေးနေခဲ့သည်။ သို့သော် သူမ၏ အသံမှာ မည်သည့်ခံစားချက်မှ ရှိမနေပေ။
"မင်း နိုးလာပြီပဲ။ ဆေးဖော်စပ်ရမဲ့ အချိန်ရောက်ပြီ။"
"မင်း သိုင်းဘိုးဘေးအဆင့်ကို တက်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို အကုန်မစုဆောင်းရသေးဘူးလေ၊ ဒါကြောင့် အခုလောလောဆယ် ဖော်စပ်လို့ မရသေးဘူး။"
ဒါကို ကြားလိုက်ရသည့်အခါမှာတော့ ဘုရင်မကြီး မီဒူဆာက မျက်မှောင်ကြုတ်လိုက်ရင်း "မင်း ငါ့ကို နောက်ထပ်လှည့်စားနေပြန်ပြီလား" ဟု မေးလိုက်သည်။
"ငါက တစ်နှစ်အတွင်းလို့ ပြောခဲ့တာလေ၊ ဒီရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတာ မင်းရဲ့ စွမ်းအားတွေကို ချက်ချင်း ပြန်ပေးမယ်လို့ မပြောခဲ့ပါဘူး... မင်း ငါ့ရဲ့ သွေးကို ထပ်စမ်းကြည့်ချင်လို့လား?"
"မင်း...!"
ဘုရင်မကြီး မီဒူဆာက သူမလက်ထဲရှိ ဆန်များကို မြေကြီးပေါ် ပစ်ချလိုက်ပြီး ဒေါသတကြီးနှင့် ခြေဆောင့်လိုက်သည်။ "ကောင်းပြီလေ၊ မင်း ကတိအတိုင်း လုပ်နိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်။ ဒါဆိုရင်တော့ အရင်တုန်းက ကိစ္စတွေကို ငါ ခွင့်လွှတ်ပေးနိုင်တယ်။"
"ငါ ပြောသားပဲ၊ အရင်တုန်းက ကိစ္စတွေကို ပြန်ပြန်ပြီး မပြောဖို့လေ။"
ကျန်းချန်က ခြံဝင်းထဲက ရေစည်ကို လှမ်းကြည့်ရင်း "ဒါက တကယ်ပဲ မတော်တဆ ဖြစ်သွားခဲ့တာပါ။ ဘုရင်မကြီးက ဒီလိုပဲ ဆက်ပြီး ပြောနေဦးမယ်ဆိုရင်တော့ ငါ့မှာ အဲဒီနည်းလမ်းကို သုံးဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး" ဟု ဆိုလိုက်သည်။
"ဘယ်နည်းလမ်းလဲ?" ဘုရင်မကြီး မီဒူဆာက မကောင်းသည့်ခံစားချက်ကို ခံစားလိုက်ရသည် "မင်း ငါ့ကို သတ်ပစ်ဖို့ ကြံနေတာလား?"
"အဲဒီလို လုပ်စရာ မလိုပါဘူး။" ကျန်းချန်က လက်ကို ခါယမ်းရင်း အရှုံးပေးသယောင် ဟန်ဆောင်ကာ "မင်းသာ သိုင်းဘိုးဘေးအဆင့်ကို ရောက်ချင်တယ်ဆိုရင် ငါက အစင်ကြယ်ဆုံး နည်းလမ်းကိုပဲ သုံးရတော့မှာပဒ..."
"ဟင်" ချိုင်လင်းရဲ့ နှုတ်ခမ်း အနည်းငယ် ဟသွားခဲ့သည်။
"လာ... ငါ့လည်ပင်းကိုပဲ ကိုက်လိုက်တော့။"
ချိုင်လင်း - "....."