← Chapters

ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင် မီတဲလ် ယဲ့ဖေး

Vol. 4 Ch. 40

ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင် မီတဲလ် ယဲ့ဖေး

Vol. 4 Ch. 40

ဤအခြေအနေကို မြင်ရသည့်အခါ မီတဲလ်ထန်ရှန်းက ရွှေခရမ်းရောင်ကတ် တစ်ခုကို အလျင်အမြန် ထုတ်ယူကာ ကျန်းချန်ထံ ကမ်းပေးလိုက်ရင်း ဤသို့ ပြောလိုက်သည်။

“သခင်လေး... ဒါကတော့ ကျွန်တော့်ရဲ့ မီတဲလ်လေလံအိမ်မှာ အဖိုးတန်ဆုံးဖြစ်တဲ့ ရွှေခရမ်းရောင်ကတ်ပဲ ဖြစ်ပါတယ်။ လေလံပွဲတစ်လျှောက်မှာ ဒီကတ်ကို ပိုင်ဆိုင်ထားသူမှာ သုံးဦးပဲ ရှိပါတယ်။ ဒီကတ်ရှိရုံနဲ့ ဆေးဘက်ဝင်ပစ္စည်းအားလုံးကို သုံးဆယ်ရာခိုင်နှုန်း လျှော့စျေးနဲ့ ရရှိမှာပါ”

“ဒါ့အပြင် ဒီကတ်ထဲမှာ ရွှေဒင်္ဂါးပြား ဆယ်သန်း ထည့်သွင်းထားပါတယ်၊ မီတဲလ်မိသားစုနဲ့ ဆက်နွှယ်နေတဲ့ ဘယ်ငွေလဲလှယ်ရေးဌာနမှာမဆို ထုတ်ယူနိုင်ပါတယ်”

မီတဲလ်မိသားစုတစ်ခုလုံးတွင် ဤရွှေခရမ်းရောင်ကတ်ကို ပိုင်ဆိုင်ထားသူများမှာ ထန်ရှန်းကိုယ်တိုင်၊ မိသားစု၏ ဝါရင့်အကြီးအကဲနှင့် ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်းတို့သာ ဖြစ်ကြသည်။ ၎င်းအပြင် သိုင်းဘုရင်အဆင့် (သို့မဟုတ်) ထိုထက် မြင့်မားသော အဆင့်ရှိသူများသာလျှင် ဤကတ်ကို ပိုင်ဆိုင်ခွင့်ရှိသဖြင့် ဤကတ်သည် မည်မျှအဖိုးတန်ကြောင်း သိသာထင်ရှားလှသည်။

ကျန်းချန်က ကျေးဇူးတင်စကားဆိုရင်း “ကျေးဇူးတင်ပါတယ် မျိုးနွယ်စုအကြီးအကဲ ထန်ရှန်း၊ ကျွန်တော်က သူတစ်ပါးအပေါ် အကြွေးတင်ရတာကို မနှစ်သက်တဲ့အတွက် ငွေကြေးကိစ္စကိုတော့ ခဏမေ့ထားလိုက်ပါ၊ ဒါပေမဲ့ မီတဲလ်မိသားစုအနေနဲ့ တစ်ခုခု လိုအပ်တာရှိရင် မှော်သားရဲတောင်တန်း အရှေ့မြောက်ဘက်မှာရှိတဲ့ မက်မွန်တောင်ကို လာရောက်နိုင်ပါတယ်” ဟု ပြန်လည်ပြောကြားခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ထန်ရှန်းသည် အလွန်အမင်း ဝမ်းသာအားရဖြစ်သွားကာ ဂါရဝပြုလိုက်သည်။ ရွှေဒင်္ဂါး ဆယ်သန်းသည် မီတဲလ်မိသားစု၏ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရရှိခဲ့သော စုစုပေါင်းဝင်ငွေ ဖြစ်သော်လည်း ကွန်ဖြူးရှပ်ပညာရှိနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်မည်ဆိုပါက သန်းတစ်ရာပင်ဖြစ်စေ အဆုံးရှုံးခံရန် အသင့်ရှိနေသည်။

ကွမ်ဖြူးရှပ်ပညာရှိက ထိုကတ်ကို မလိုချင်သော်လည်း ပေးကမ်းနေသည်ကို ငြင်းဆန်ရန် မတတ်နိုင် ဖြစ်နေချေသည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် အဆင့် (၅) နဂါးအရှိန်အဝါဆေးလုံး တစ်လုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်ပြီး “ကျွန်တော် လောလောဆယ် ငွေနည်းနည်း လိုနေလို့ ဒီနဂါးအရှိန်အဝါဆေးလုံးက လေလံပွဲမှာ စျေးကောင်းရနိုင်မယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။

ဤဆေးလုံးသည် အသုံးပြုသူအား အချိန်တိုအတွင်း အလွန်အမင်း အစွမ်းထက်သော ခွန်အားကို ပေးစွမ်းနိုင်သည်။ ထိုခွန်အားက ဒိုချီစွမ်းအင် မြင့်တက်လာခြင်းနှင့် မသက်ဆိုင်ဘဲ စင်ကြယ်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားသာ ဖြစ်သည်။ ထို့ကြောင့် ဤနဂါးအရှိန်အဝါဆေးလုံးသည် ခွန်အားကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သည့် ဆေးလုံးအမျိုးအစားထဲတွင် ပါဝင်သည်။

မီတဲလ်ထန်ရှန်းသည် အနံ့ပြင်းစွာထွက်နေသည့် နဂါးအရှိန်အဝါဆေးလုံးကို ကြည့်ရင်း မျက်လုံးများ တောက်ပလာကာ အတော်လေး ထိတ်လန့်သွားခဲ့ရသည်။

“ဒီလောက်ထိ သန့်စင်တဲ့ ဆေးလုံးမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး၊ အရင်ကလည်း ဒီဆေးလုံးမျိုးကို တွေ့ဖူးပေမဲ့ သခင်လေးရဲ့ ဆေးလုံးနဲ့ နှိုင်းယှဉ်ရင် အရင်က ဆေးလုံးတွေဟာ အမှိုက်တွေလိုပါပဲ”

“ဒီဆေးလုံးက ဘယ်လောက်ထိ စျေးရနိုင်မလဲ” ကျန်းချန်က ခပ်တိုးတိုး မေးလိုက်သည်။

ထန်ရှန်းက အသေအချာ စဉ်းစားပြီးနောက် “ဒီနဂါးအရှိန်အဝါဆေးလုံးက အစွမ်းထက်ပြီး အဆင့်အတန်း အမြင့်ဆုံးပါပဲ၊ ဒါကြောင့် အနည်းဆုံး ရွှေဒင်္ဂါး တစ်သန်းကနေ စပြီး လေလံတင်လို့ရနိုင်ပါတယ်၊ ကနဦးစျေးနှုန်းက နည်းနေပေမဲ့ ကျွန်တော် သတင်းလွှင့်လိုက်တာနဲ့ သိုင်းဘုရင်တွေ ဒါမှမဟုတ် သိုင်းဧကရာဇ် အဆင့်ရှိတဲ့ ပညာရှင်တွေတောင် လာပြီး လေလံဆွဲကြမှာ အသေအချာပါပဲ” ဟု ပြန်ဖြေလိုက်သည်။

ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်းသည်လည်း လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း “ဒီနဂါးအရှိန်အဝါဆေးလုံးကြောင့် ဒီတစ်ကြိမ် လေလံပွဲကတော့ တစ်လောကလုံးကို တုန်လှုပ်သွားစေမှာပဲ” ဟု မှတ်ချက်ပြုသည်။

ကျန်းမအင်ပါယာတွင် အဆင့် (၆) အဂ္ဂိရတ်ဆရာ ရှိသော်လည်း နဂါးအရှိန်အဝါဆေးလုံးသည် လူတစ်ဦး၏ ခွန်အားကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သဖြင့် ဖော်စပ်ရန် ခက်ခဲသော အဆင့် (၅) ဆေးလုံးများထဲတွင် အပါအဝင်ဖြစ်သည်။ အဆင့် (၅) အဂ္ဂိရတ်ဆရာတစ်ဦးပင်လျှင် ဖော်စပ်ရာတွင် ကျရှုံးနိုင်ခြေ များပြားလှသည်။ ကျန်းချန် ထုတ်ယူလိုက်သော ဆေးလုံးမှာမူ မည်သည့် အညစ်အကြေးမျှ မရှိဘဲ သန့်စင်လွန်းလှသဖြင့် ပထမထပ်မှပင် ဆေးရနံ့ကို ရရှိနိုင်သည်အထိ တန်ဖိုးကြီးမားလှသည်။

“ဒါဆိုရင်တော့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ”

ထန်ရှန်းက လက်ခုပ်တီးလိုက်သောအခါ တံခါး ဖြည်းညင်းစွာ ပွင့်လာပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသော အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။

ထိုအမျိုးသမီး၏ လှပသော မျက်နှာထက်တွင် ပြုံးယောင်သန်းနေကာ အနီရောင်တောက်တောက် ဘရိုကိတ်ဝတ်ရုံကို ကျပ်ကျပ်ထုတ်ထုတ် ဝတ်ဆင်ထားသဖြင့် ဆွဲဆောင်မှုအပြည့် ရှိနေသည်။

လက်ရာမြောက်စွာ ချုပ်လုပ်ထားသော ထိုဝတ်ရုံက အမျိုးသမီး၏ သွယ်လျလှပသော ကိုယ်လုံးကိုယ်ထည် အချိုးအစားကို အထင်အရှား ပေါ်လွင်နေလေသည်။

ဝတ်ရုံအောက်မှ မြင်တွေ့နေရသော ဖြူဖွေးသွယ်လျသည့် ခြေတံရှည်များမှာ ကြည့်ရှုသူကို ရင်ဖိုစေပြီး ငွေရောင်ခါးစည်းသည်လည်း သူ၏ သွယ်လျသော ခါးကို ဖိထားပြီး သူ၏ကောက်ကြောင်းကို ပိုမိုထင်ရှားစေသည်။

သူမ၏ ရှည်လျားကျဉ်းမြောင်းသော သမင်မျက်လုံးဖြင့် စိုက်ကြည့်လိုက်မည်ဆိုပါက မည်သည့်အမျိုးသားမဆို မိမိအိတ်ကပ်ထဲမှ ရွှေဒင်္ဂါးများကို ထုတ်ယူကာ မလိုအပ်သော တန်ဖိုးကြီးပစ္စည်းများကို အလိုလို ဝယ်ယူမိသွားနိုင်သည်။

မီတဲလ် ထန်ရှန်းက မိတ်ဆက်ပေးလိုက်သည်။ “ပညာရှိ ကျန်းချန်... ဒါကတော့ ကျွန်တော်ရဲ့ မြေးမလေး မီတဲလ်ယဲ့ဖေး ဖြစ်ပါတယ်၊ သူမက ဒီလေလံအိမ်ရဲ့ တာဝန်ခံတစ်ဦးဖြစ်သလို ဒီညရဲ့ လေလံတင်သူလည်း ဖြစ်ပါတယ်”

“ယဲ့ဖေး... ဘာလို့ ကွန်ဖြူးရှပ်ပညာရှိကို မြန်မြန် ဂါရဝမပြုတာလဲ”ဟု ထန်ရှန်းက အလျင်အမြန် တိုက်တွန်းလိုက်သည်။ ကျန်းချန်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းမှာ ပညာရှိရာ မရောက်ပေ။

“ယဲ့ဖေးက ကွန်ဖြူးရှပ်ပညာရှိကို ဂါရဝပြုပါတယ်ရှင်” ယဲ့ဖေးသည် ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့် ဂါရဝပြုရင်း သူမ၏ အနီရောင်နှုတ်ခမ်းလေးကို စေ့ကာ “သခင်လေးရဲ့ ဂုဏ်သတင်းကို ကြားဖူးနားဝ ရှိခဲ့ပါတယ်၊ ပညာရှိဆိုတော့ သက်ကြီးရွယ်အိုတစ်ဦးလို့ ထင်ထားခဲ့တာ၊ အခုလို ငယ်ရွယ်ချောမောတဲ့သူ ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး” ဟု ပြောလိုက်သည်။

ကျန်းချန်သည်လည်း ဤအမျိုးသမီးကို မှတ်မိနေသည်။ သူမက နောင်တစ်ချိန်တွင် မီတဲလ်မိသားစု၏ အကြီးအကဲ ဖြစ်လာမည့်သူဖြစ်ပြီး ကျင့်ကြံခြင်းတွင် ပါရမီမပါသော်လည်း စီးပွားရေးတွင်မူ အလွန်ထူးချွန်သူ ဖြစ်သည်။

ယဲ့ဖေးသည် အမြဲပြုံးနေတတ်သော်လည်း သူမက မာနကြီးသူဖြစ်ကာ ယောင်္ကျားများကိုလည်း မနှစ်မြို့သူဖြစ်သည်။

ထို့အပြင် မီတဲလ်မိသားစု၏ ထိပ်တန်းလေလံတင်ရောင်းချသူဖြစ်သည့် ယဲ့ဖေးသည် ထက်မြက်သော အမြင်ရှိပြီး သာမန်လူများသတိမထားမိသည့် အချက်အလက်များကို သတိပြုမိပြီး တခြားသူများ၏ ရုပ်ဖျက်ထားသည်ကိုလည်း အလွယ်တကူ သိရှိနိုင်သူဖြစ်သည်။

သူသည် ဉာဏ်ထက်မြက်၊ လိမ္မာပါးနပ်ပြီး လူ့သ‌ဘောသဘာဝကိုလည်း နက်နက်ရှိုင်းရှိုင်း နားလည်ထားသူ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူမက မရေမတွက်နိုင်လောက်သော ယောင်္ကျားများကို ကြွေကျသွားအောင် လုပ်နိုင်စွမ်းရှိသူဖြစ်သည်။

“မိန်းက‌လေး ယဲ့ဖေး ... မင်းက ချီးမွမ်းလွန်းနေပါပြီ၊ ကွန်ဖြူးရှပ်ပညာရှိ ဆိုတာကလည်း လူတွေခေါ်ကြတဲ့ ဘွဲ့ အမည်နာမတစ်ခုပါ”

ထန်ရှန်းက ဆေးသေတ္တာကို ကမ်းပေးရင်း “ယဲ့ဖေး... ဒီနဂါးအရှိန်အဝါဆေးလုံးတွေကို ယူသွားလိုက်၊ ပြီးတော့ ကျန်းမအင်ပါယာ တစ်ခုလုံးကို သတင်းလွှင့်လိုက်ပါ၊ ဒီညမှာ ထိပ်တန်း အဆင့် (၅) ရှိတဲ့ နဂါးအရှိန်အဝါဆေးလုံးကို လေလံတင်မယ်လို့ပေါ့၊ မီတဲလ်မိသားစုရဲ့ နာမည်နဲ့ ကြေညာလိုက်ပါ၊ အာနိသင်မရှိရင် ဆယ်ဆပြန်ပေးမယ်လို့ပါ ထည့်ပြောလိုက်”

ယဲ့ဖေးက ခေါင်းငြိမ့်ပြကာ ဤဆေးလုံးက ကွန်ဖြူးရှပ်ပညာရှိ၏ ပစ္စည်းဖြစ်ကြောင်း သိသဖြင့်"နားလည်ပါပြီ။ အခုချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်" ဟု ဆိုကာ ထွက်ခွာသွားသည်။

ချောမောလှပသော မိန်းမပျို ယဲ့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်းချန်၏အကြည့်များသည် သူမဆီမှ တခြားနေရာသို့ ပြောင်းကြည့်လိုက်သည်။

"ဟေ့ ဒီကောင်တွေ"

..................................

ထိုညတွင် ကျန်းမအင်ပါယာ၏ သိုင်းဘုရင်နှင့် သိုင်းဧကရာဇ် အဆင့်ရှိသူ အားလုံးနီးပါး ရောက်ရှိလာကြသည်။ နဂါးအရှိန်အဝါဆေးလုံးသည် ထူးထူးခြားခြား ဆွဲဆောင်မှုမရှိသော်လည်း ကွန်ဖြူးရှပ်ပညာရှိ ဤနေရာသို့ ရောက်နေသည်ဟူသော သတင်းက သူတို့ကို ပိုမိုတုန်လှုပ်စေခဲ့သည်။

ကျားမာအင်ပါယာ၏ အစောင့်အရှောက်ဖြစ်သူ ကျားရှင်းထျန်းလည်း မလာရောက်ဘဲ မနေနိုင် ဖြစ်ခဲ့ရသည်။ သူသည် မီတဲလ်မိသားစု၏ အစည်းအဝေးခန်းမသို့ ချက်ချင်းသွားရောက်ကာ ကွန်ဖြူးရှပ်ပညာရှိကို ဂါရဝပြုရန် ကြိုးပမ်းခဲ့သည်။

သို့သော် မီတဲလ်ထန်ရှန်းက “စိတ်မရှိပါနဲ့ အကြီးအကဲကျား... ကွန်ဖြူးရှပ်ပညာရှိက အနားယူနေတဲ့အတွက် ဘယ်သူ့ကိုမှ တွေ့မှာမဟုတ်ပါဘူး” ဟု တားမြစ်လိုက်သည်။

ကျားရှင်းထျန်း၏ နှုတ်ခမ်းကို မဲ့လိုက်သည်။ ထိပ်သီးသိုင်းဧကရာဇ် ပညာရှင်တစ်ဦးဖြစ်သော သူသည်ပင် သိုင်းဘုရင်တစ်ဦး၏ တားမြစ်ခြင်းကို ခံလိုက်ရသော်လည်း ဒေါသထွက်ရန် စိတ်ကူး မရှိခဲ့ပေ။

“အနားယူနေတယ်ဆိုရင်တော့ ကျွန်တော် ဒီမှာပဲ ခဏစောင့်နေပါ့မယ်၊ လေလံပွဲစဖို့ တစ်နာရီလောက် လိုသေးတာဆိုတော့ အကြာကြီး အနားယူနေမှာ မဟုတ်ဘူးလို့ ထင်ပါတယ်”

ကျရှင်းထျန်း၏ အမူအရာကို ကြည့်ပြီး ထန်ရှန်းသည် စိတ်ထဲမှ ရယ်မောမိသည်။ ကွန်ဖြူးရှပ်ပညာရှိ၏ ဂုဏ်သတင်းမှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။ ကြယ်ကိုးပွင့် သိုင်းဧကရာဇ်အဆင့်ရှိသူပင် ဤမျှအထိ ရိုကျိုးနေရသည်။

ဒါက တကယ့်ကို အံ့အားသင့်စရာပဲဖြစ်သည်။

All Chapters