← Chapters

သွေးဂိုဏ်း၏ ဂိုဏ်းချုပ် ဖန်လောင်

Vol. 5 Ch. 44

သွေးဂိုဏ်း၏ ဂိုဏ်းချုပ် ဖန်လောင်

Vol. 5 Ch. 44

ယာဖေးသည် သီးသန့်ခန်း နံပါတ်တစ်ရှိ မိသားစုအကြီးအကဲထံသို့ အံ့အားသင့်စွာ လှမ်းကြည့်လိုက်ပြီးနောက် ထန်ရှန်းက လေလံပွဲကို ဆက်လုပ်ရန် ချက်ချင်းပင် ခေါင်းညိတ်အချက်ပြလိုက်လေသည်။

"ကျုပ် ရွှေဒင်္ဂါးပြား ငါးသန်း ပေးမယ်"

ရုတ်တရက် ထွက်ပေါ်လာသော လေလံဆွဲမှုကြောင့် တက်ရောက်လာသူတိုင်းမှာ ဆွံ့အသွားကြပြီး မျက်နှာတိုင်းတွင် ထိတ်လန့်တုန်လှုပ်မှုများ အထင်းသား ပေါ်လာသည်။ ဤမျှ‌လောက် များပြားလှသည့် ရွှေဒင်္ဂါး ငါးသန်းအထိ လေလံဆွဲလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

"ဒီလူရဲ့ အိမ်မှာ ရွှေတွင်းရှိနေတာလား ။ ဒီ မြေကြီးအဆင့် သိုင်းပညာကတော့ ချမ်းသာကြွယ်ဝပြီး အာဏာရှိတဲ့သူတွေရဲ့ လက်ထဲကိုပဲ ထပ်ရောက်သွားဦးမှာပဲ"

"အရမ်း ချမ်းသာလွန်းတယ်။ ငါတို့ မယှဉ်နိုင်ဘူး"

ဤသို့ ကြွယ်ဝမှုမျိုးသည် အမှောင်ထုလွှမ်းနယ်မြေတွင် ရှားပါးလှသည်မဟုတ်ပေ ။ အမှန်စင်စစ် ဖန်လောင် ပိုင်ဆိုင်သော စုစုပေါင်း ရွှေဒင်္ဂါးပမာဏမှာ ကျားမာနိုင်ငံတော်၏ အစောင့်အရှောက် ကျားရှင်းထျန်းနှင့်ပင် ယှဉ်နိုင်သော ပမာဏဖြစ်သည်။

ဖန်လောင်က ပခုံးတွန့်လိုက်သည် ။ ဤမျှ မြင့်မားလှသော လေလံဈေးကြောင့် လူအများစုမှာ ဆွံ့အသွားကြရပြီး လက်လျှော့ရန်သာ ဆုံးဖြတ်လိုက်ကြသည် ။ မြေကြီးအဆင့် သိုင်းပညာတစ်ခုအတွက် ထိုမျှများပြားလှသော ငွေကြေးကို သူတို့ မတတ်နိုင်ကြပေ။

ရေခဲဧကရာဇ်က တည်ငြိမ်စွာဖြင့် "ဒီလောက်တောင် အလွန်အကျွံဖြစ်နေမှတော့ ကျုပ်လည်း အပျော်သဘောနဲ့ လိုက်မယ်။ ရွှေဒင်္ဂါးပြား ငါးသန်း နှစ်သိန်း"

ဖန်လောင်သည် လှည့်ကြည့်လိုက်ကာ အနားရှိ ရေခဲဧကရာဇ်ကို ကြည့်ပြီး လေသံနှိမ့်ကာ ပြောလိုက်သည် ။ "ဒါ ကျားမာနိုင်ငံတော်ရဲ့ ထိပ်သီးပညာရှင် ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ကျော်ကြားလှတဲ့ ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်း ကိုး ။ ခင်ဗျား အသက်ရှင်နေသေးလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး"

"မင်းတောင် မသေသေးတာပဲ ၊ ကျုပ်ကလည်း သေချာပေါက် အသက်ရှင်နေရမှာပေါ့ "

ဟိုင်ပေါ်တုန်းသည် လွယ်လွယ်ကူကူ တစ်ဖက်လူကို အလျှော့ပေးမည့်သူ မဟုတ်ပေ။ သူ၏ ပွင့်လင်းပြတ်သားသော စရိုက်က အမျိုးသမီးများစွာ၏ အထင်ကြီးလေးစားမှုကို ရရှိစေသည် ။

"ရွှေဒင်္ဂါး ရှစ်သန်း"

"ရှစ်သန်း တစ်သိန်း"

"ရွှေဒင်္ဂါး ရှစ်သန်း နှစ်သိန်း"

ဤမျှ မတန်မဆ‌ဈေးပေးသည်က လူတိုင်းစဥ်းစားထားသည့်ပမာဏထက်ပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည် ။ ဤသည်မှာ ပညာရှင်ကြီးများ၏ လောကပေလော။

ဖန်လောင်က အေးစက်စွာ သရော်လိုက်ပြီး "ဘာလဲ ၊ ခင်ဗျားက ကျုပ်ရဲ့ သွေးဂိုဏ်းကို ယှဉ်ဖို့ ကြံစည်နေတာလား ။ ခင်ဗျားတို့ ကိုယ့်အရည်အချင်းကိုယ် ပြန်ကြည့်ပါဦး ။ အမှောင်ထုလွှမ်းနယ်မြေမှာ ငါတို့ သွေးဂိုဏ်းဆိုတာ ထိပ်သီးဆယ်ခုစာရင်းဝင် အင်အားစုတစ်ခုပဲ ၊ ပြီးတော့ ရေတွက်လို့မရတဲ့ ရွှေဒင်္ဂါးတွေလည်း ငါတို့ဆီမှာ ရှိတယ် ။"

"ခင်ဗျားတို့အတွက် ဘာက ကောင်းမလဲဆိုတာ သိရင် အခုပဲ ရပ်လိုက်ပါ ၊ မဟုတ်ရင်တော့ ခင်ဗျားတို့ဆီ ဘေးဒုက္ခတွေပဲ ရောက်လာလိမ့်မယ် ။"

ထိုသို့သော ခြိမ်းခြောက်မှုအောက်တွင် သိုင်းဘုရင်အဆင့် ပညာရှင် အများစုမှာ လက်လျှော့ရန် ရွေးချယ်လိုက်ကြသည်က များသည်။ သွေးဂိုဏ်း၏ အင်အားမှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းလှပြီး အမှား အနည်းငယ် ရှိရုံဖြင့် မိမိတို့ မျိုးနွယ်စုတစ်ခုလုံး အမြစ်ပြတ် ချေမှုန်းခံရနိုင်သည်။ ထိုသို့သော ဖိအားပေးမှုအောက်တွင် သူတို့သည် ကပ်ရောဂါတစ်ခုကဲ့သို့ ရှောင်လွှဲရန်သာ တတ်နိုင်ကြသည်။ သို့မဟုတ်ပါလျှင် အကျိုးဆက်မှာ မှန်း၍မရနိုင်လောက်အောင် ကြောက်စရာကောင်းပေလိမ့်မည်။

ကျရှင်းထျန်းသည် ဒေါသဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး "ဖန်လောင် ၊ မင်းကတော့ အတော့်ကို ရဲတင်းလွန်းတာပဲ။ ကြယ်လေးပွင့် သိုင်းဧကရာဇ် အဆင့်လေးပဲ ရှိသေးတဲ့ မင်းက ငါ့ရဲ့ ကျားမာနိုင်ငံတော်မှာ လာပြီး မောက်မာပြနေတာလား။ ငါ့ကို အနိုင်ကျင့်ရလွယ်တဲ့သူလို့ တကယ်ပဲ ထင်နေတာလား ။"

"မဟုတ်ပါဘူး ၊ မဟုတ်ပါဘူး ။"

ဖန်လောင်က မကြောက်မရွံ့ ပြန်ပြောလိုက်သည် ။ "ကျုပ် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး ။ နောက်ပြီး မကြာသေးခင်တုန်းက ဆေးဧကရာဇ်က ကျုပ်အပေါ်မှာ ကျေးဇူးကြွေးတစ်ခု တင်ထားဖူးတယ် ။ ကျုပ်မှာ အခက်အခဲရှိရင် သူကူညီပေးမယ်လို့ ပြောထားတာရှိတယ်။"

လူအပင် ထိုခြိမ်းခြောက်မှု၏ ဆိုလိုရင်းကို နားလည်နိုင်ပေသည် ။

ဒါပေမဲ့ ကျရှင်းထျန်းမှာ အတော်လေး ဒေါသထွက်နေသဖြင့် သွားကြိတ်ကာ ရွှေဒင်္ဂါး ဆယ်သန်းအထိ ချက်ချင်းပင် လေလံတိုးမြှင့်လိုက်ရာ ကျေနပ်အားရနေသော ဖန်လောင်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည် ။

ကျားမာနိုင်ငံတော်၏ ထိပ်သီးပညာရှင် ဆယ်ဦးမှာ စည်းလုံးစွာဖြင့် သွေးဂိုဏ်း၏ ဂိုဏ်းချုပ် ဖန်လောင်ကို ရန်သူအဖြစ် သတ်မှတ်ကာ ပူးပေါင်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

ထိုအချက်ကပင် ဖန်လောင်ကို မခံမရပ် ဖြစ်စေသည် ။ အမှောင်ထုလွှမ်းနယ်မြေမှ အင်အားစုကို ဆန့်ကျင်နိုင်သည့် ဤလူများက မည်သူမို့လို့ ထိုမျှလောက် ရဲတင်းရသနည်း။ ။

သို့သော်လည်း တစ်ဖက်တွင် လူအင်အား သာလွန်နေသည့်အတွက် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် ဖန်လောင်သည် သူ၏ ဒေါသကို ထိန်းချုပ်လိုက်သည်။

နောင်တစ်ချိန်တွင် ထိုသူများကို သင့်လျော်သော အဖိုးအခအား ပေးဆပ်ခိုင်းမည်ဟု သူ တွေးလိုက်သည် ။

သူတို့အား အသားစိပ်စိပ်မွှန်းခံရသည့် ဝေဒနာကို သေချာပေါက် ခံစားရစေမည်။

ဖန်လောင်၏ ယခုတစ်ခေါက် ခရီးစဉ်မှာ အတော်လေး အလျင်စလို ဖြစ်ခဲ့သည် ။ ကျားမာနိုင်ငံတော်နှင့် အနီးတစ်နေရာတွင် ရှိနေသဖြင့် ထိုမြေကြီးအဆင့် သိုင်းပညာ လေလံပွဲအကြောင်း ကြားသိခဲ့ရသဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည် ။ လက်ရှိတွင် သူ၏ လက်ထဲ၌ ရွှေဒင်္ဂါး ဆယ်သန်းသာ အသင့်ရှိနေသည် ။

ဤကဲ့သို့ အခြေအနေမျိုးသာ ဖြစ်မည်ကို သိရှိခဲ့ပါလျှင် သူသည် ဒင်္ဂါးပြားများစွာ ယူလာခဲ့မည်ဖြစ်သည် ။

ဖန်လောင်က လေသံနှိမ့်ကာ ပြောလိုက်သည်။ "ကျားမာနိုင်ငံတော်ရဲ့ အစောင့်အရှောက် ကျရှင်းထျန်း ဆိုတဲ့အတိုင်း ခင်ဗျားရဲ့နောက်ခံက တကယ့်ကို ကြီးကျယ်ခမ်းနားပါတယ်။ ကျုပ် ခင်ဗျားကို အလျှော့ပေးလိုက်ပါ့မယ်"

ပြိုင်ဘက်က ဈေး ထပ်မတိုးတော့ကြောင်း ကြားသိရသည်နှင့် ယာဖေးသည် မြေကြီးအဆင့် သိုင်းပညာ၏ ပိုင်ဆိုင်မှုကို အလျင်အမြန်ပင် ကြေညာလိုက်သည်။ ဤနည်းအားဖြင့် ထိုလူယုတ်မာအဖိုးကြီး ဆက်၍ လေလံဆွဲမည်ကို သူမ စိုးရိမ်စရာ မလိုတော့ပေ။

"ဒီလေလံပွဲကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ ။ ကျေးဇူးပြုပြီး မီတဲလ် လေလံအိမ်ကနေ စနစ်တကျ ထွက်ခွာပေးကြပါ ။"

ဖန်လောင်သည် ခုံပေါ်တွင် ခြေထောက်ချိတ်ထိုင်နေပြီး ထွက်ခွာမည့် အရိပ်အယောင် လုံးဝ မရှိပေ ။ သူက ချက်ချင်းပင် ပြောလိုက်သည်။ "အဖိုးကြီး ကျ၊ ခင်ဗျားက ကျုပ်ကို ဒီကနေ လက်ဗလာနဲ့တော့ အိမ်ပြန်ခိုင်းမှာ မဟုတ်ဘူးမလား"

"ဘာကို ဆိုလိုတာလဲ။ မင်း ခိုးဖို့ ကြံစည်နေတာလား" ကျရှင်းထျန်းက အေးစက်စက် အသံဖြင့် ပြန်မေးလိုက်သည်။

"အဲဒါ မလိုပါဘူး။ စောစောက လက်ရန်းပေါ်မှာ ရွက်သုံးပင် ဝိညာဉ်မြက်စိမ်း တစ်ခုကို ကျုပ် မြင်လိုက်တယ် ။ အဲဒါကို ကျုပ်ဆီ လွှဲပေးနိုင်မလား သိချင်လို့ပါ ။"

ထိုစကားကို ကြားသောအခါ ကျားရှင်းထျန်းက ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်သည် ။ "ဖန်လောင်က တကယ့်ကို ရိုင်းပျလွန်းလှတယ်။ သခင်လေး၏ ပစ္စည်းကိုတောင် လုဖို့ ရဲတင်းလွန်းတယ်။ သူ့အသက် ရှည်နေတယ်လို့များ ထင်နေလားမသိ။"

"စိတ်မကောင်းပါဘူး။ ဂိုဏ်းချုပ် ဖန်လောင်၊ ဒီ ရွက်သုံးပင် ဝိညာဉ်မြက်စိမ်းက သခင်လေး ကျန်းချန် ပိုင်ဆိုင်သွားပါပြီ။ ကျုပ်တို့ ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိပါဘူး"

ထိုစကားကို ကြားသောအခါ သွေးဂိုဏ်း၏ ဂိုဏ်းချုပ် ဖန်လောင်သည် ပိုက်ဆံ ရေတွက်နေသည့် ကျန်းချန်ထံသို့ အကြည့်လွှဲလိုက်ပြီး ချက်ချင်းပင် ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားကာ ပြောလိုက်သည်။ "ညီလေး ၊ ဒီရွက်သုံးပင် ဝိညာဉ်မြက်စိမ်းကို ကျုပ်ကို ပေးနိုင်မလား။ ကျုပ် မူလဈေးရဲ့ နှစ်ဆ ပေးပါ့မယ်။ ဘယ်လိုလဲ အဆင်ပြေမလား"

ကျန်းချန်သည် ခေါင်းပင် မဖော်ဘဲ ပြောလိုက်သည်။ "စိတ်မဝင်စားဘူး ။ သွေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဒါကို ကြိုက်တယ်ဆိုရင် မှော်သားရဲတောင်တန်းထဲမှာ ကိုယ့်ဘာသာကိုယ် သွားရှာချည်"

"မင်း ဘာပြောလိုက်တာလဲ ။" ဖန်လောင်သည် ဒေါသကြောင့် သွားများကို တင်းတင်းကြိတ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ဟိုင်ပေါ်တုန်းက သူ့ကို တားဆီးလိုက်သည် ။ "ဒီမှာ အဖိုးကြီး၊ မင်း သူ့ကို ထိချင်တယ်ဆိုရင် မင်းမှာ အဲဒီ အရည်အချင်း မရှိသေးဘူး"

ဤနေရာတွင် ပညာရှင်များစွာ ရှိနေကြောင်း ဖန်လောင် ကောင်းစွာ သိရှိသည် ။ အကယ်၍ သူ ဆက်နေပါက ကျားမာနိုင်ငံတော်၏ သိုင်းဧကရာဇ်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရနိုင်သည် ။ အမှောင်ထုလွှမ်းနယ်မြေမှ ဆေးဧကရာဇ်၏ အင်အားအချို့ ရှိသော်လည်း ကျားမာနိုင်ငံတော်တွင်မူ သူသည် အားနည်းနေသေးသည်။

အကယ်၍ တစ်ဖက်လူများက သူ့ကို သတ်ရန် ဆုံးဖြတ်လိုက်ပါက ဆေးဧကရာဇ်ကိုယ်တိုင် လာရောက်လျှင်ပင် အချည်းနှီး ဖြစ်ပေလိမ့်မည် ။

ဖန်လောင်သည် သူ၏ ရင်ထဲမှ ဒေါသကို ထိန်းချုပ်လိုက်ရပြီး ချက်ချင်းပင် သူ၏ လက်အောက်ငယ်သား အချို့နှင့်အတူ ထွက်ခွာသွားတော့သည်။

ဟိုင်ပေါ်တုန်းက သူ၏ လက်ထဲရှိ ရေခဲလှံကို ပြန်လည် သိမ်းဆည်းလိုက်ပြီး "ဒီလို ရှက်ရကောင်းမှန်းမသိတဲ့ လူယုတ်မာတွေက ကျားမာနိုင်ငံတော်မှာ လာပြီး ရမ်းကားချင်နေကြတာပဲ။"

"ဟား ဟား၊ ဟိုင်ပေါ်တုန်း၊ ခင်ဗျား ဝင်ရောက် စွက်ဖက်လိမ့်မယ်လို့ ကျုပ် မထင်ထားဘူး"

ကျရှင်းထျန်းက ရယ်မောရင်း ရှေ့သို့ လျှောက်လာသည်။ သူသည် ရေခဲဧကရာဇ်၏ အကျင့်ကို ကောင်းစွာ သိသည်။ ပုံမှန်ဆို သူသည် ကျားမာနိုင်ငံတော်၏ လုံခြုံရေးကို ဂရုစိုက်လေ့မရှိဘဲ သူ့နည်းသူ့ဟန် လုပ်တတ်သူဖြစ်သည်။

ယခုတစ်ကြိမ်တွင် သူ ဝင်ရောက် ကူညီခဲ့ခြင်းက ရေခဲဧကရာဇ် ပြောင်းလဲသွားပြီဟု လူအများအား ခံစားရစေသည်။

ဟိုင်ပေါ်တုန်းက ခပ်အေးအေးပင် ပြောလိုက်သည် ။ "ကျုပ်က ဒီလူကို မီတဲလ်လေလံအိမ်မှာ မသေစေချင်လို့ပါ ။ မဟုတ်ရင် သတင်းပျံ့သွားတဲ့အခါ မီတဲလ်လေလံအိမ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားလိမ့်မယ်"

ထိုအခြေအနေကို ကြားလိုက်ရသောအခါ ကျရှင်းထျန်းသည် ထပ်မံ ပြောဆိုရန် ခက်ခဲသွားသည် ။ သူသည် သူ၏ အကြည့်ကို ကွန်ဖြူးရှပ်ပညာရှိ သခင်လေး ကျန်းချန်ထံသို့ ပို့လိုက်ပြီး လက်အုပ်ချီ ဂါရဝပြုကာ ပြောလိုက်သည် ။ "ဆရာကြီး ၊ ဆရာကြီး ဝယ်ယူခဲ့တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေအတွက် ကျားမာနိုင်ငံတော်ကပဲ ကျခံပေးပါရစေ။ ဒါကို

မိတ်ဆွေတစ်ယောက်ရဲ့ လက်ဆောင်အဖြစ် သတ်မှတ်ပေးပါ "

"မိတ်ဆွေဆိုတာ အဆင်ပြေပေမယ့် ကျေးဇူးတင်ဖို့တော့ မလိုပါဘူး" ကျန်းချန်သည် ရွက်သုံးပင် ဝိညာဉ်မြက်စိမ်းအတွက် ငွေပေးချေပြီးနောက် ပြောလိုက်သည်။ "ကျုပ်က တစ်ဖက်လူအပေါ် ကျေးဇူးတင်နေရတာကို မကြိုက်ဘူး ။ နောင်တစ်ချိန်မှာ ခင်ဗျားတို့ တစ်ခုခု လိုအပ်လာရင် ကျုပ်ကို လာရှာနိုင်ပါတယ်"

ကျရှင်းထျန်းသည် သက်ပြင်းသာ ချနိုင်ပြီး ဘာမှ ထပ်မပြောတော့ပေ။ သူသည် သခင်လေး၏ အကျင့်ကို နားလည်သည်။ ရွှေဒင်္ဂါးများကို မည်မျှပင် ပုံပေးထားပါစေ၊ သူသည် တစ်ပြားတစ်ချပ်မှ ယူမည့်သူ မဟုတ်ပေ။

ဤသည်မှာ ကွန်ဖြူးရှပ်ပညာရှိ သခင်လေး၏ စိတ်သဘောထားပင်ဖြစ်သည်။

"ကဲ အားလုံးပဲ၊ လေလံပွဲ ပြီးဆုံးသွားပါပြီ။ ကျုပ် ရှာနေတဲ့ ဆေးဖက်ဝင် ပစ္စည်း အများစုကိုလည်း ရပြီဆိုတော့ ကျုပ် ကျားမာနိုင်ငံတော်မှာ ဆက်နေမှာ မဟုတ်တော့ပါဘူး"

"ဟေ" စုဝေးနေသော ပညာရှင်များမှာ ကြောင်ကြည့်နေကြပြီး "မကြာခင် ထွက်သွားတော့မှာလား" ဟု အလောသုံးဆယ် မေးမြန်းကြ‌လေသည်။

All Chapters