← Chapters

ဖန်လောင်၏ ခါးသီးသော ညည်းတွားသံ

Vol. 5 Ch. 45

ဖန်လောင်၏ ခါးသီးသော ညည်းတွားသံ

Vol. 5 Ch. 45

ကျန်းချန်က "မိတ်ဟောင်းတစ်ယောက် ပြန်လာတော့မှာမို့လို့ ကျွန်တော်လည်း စောစောပြန်သင့်တာပေါ့။ ဒါနဲ့ ခင်ဗျားတို့ဆီမှာ ချယ်ရီသီးတွေရှိလား" ဟု မေးလိုက်သည်။

ချင်းရွှေက ချယ်ရီသီးစားရသည်ကို အလွန်ကြိုက်သူဖြစ်သဖြင့် သူ ဘာမှမပါဘဲ ပြန်သွားပါလျှင် ထိုမိန်းကလေးမှာ အတိတ်ကကိစ္စများကို ပြန်လည်တူးဆွကာ သူ့အား စောင်းငေါ့နေပေလိမ့်မည်။ ကျားမာနိုင်ငံတော်မှ ထွက်လာပြီးနောက် တစ်စုံတစ်ယောက်က သူ့နောက်သို့ တကောက်ကောက် လိုက်နေသည်ကို ကျန်းချန် အာရုံခံမိလိုက်သည်။ သူသည် ချက်ချင်း ပြုံးလိုက်မိသော်လည်း ဘာသံမှမထွက်ဘဲ ငြိမ်ငြိမ်လေးနေခဲ့သည်။ လူသူကင်းဝေးသည့် တောတောင်တစ်ခုသို့ ရောက်ရှိသွားမှသာ သူ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

"ဒီကိုရောက်နေပြီဆိုရင်လည်း ထွက်ခဲ့ပါတော့၊ သွေးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖန်လောင် "

အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ဖန်လောင်၏ မျက်လုံးမှာ ကျဉ်းမြောင်းသွားခဲ့သည်။ အသက်နှစ်ဆယ်အရွယ်မျှသာရှိသေးသည့် ဤလူငယ်က သူ့ကို ရှာတွေ့သွားလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ပေ။

သို့သော် ဖန်လောင်၏ အမူအရာမှာ ပိုမိုခက်ထန်လာခဲ့သည်။ ဤပုဂ္ဂိုလ်၏ အရည်အချင်းမှာ အလွန် မြင့်မားလှရာ အကယ်၍ ယခုချိန်တွင် အမြစ်ဖြတ်မချေမှုန်းနိုင်ခဲ့ပါလျှင် နောင်တစ်ချိန်တွင် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ဖန်လောင်သည် ဂုဏ်သိက္ခာရှိသော ခြေလှမ်းများဖြင့် လှမ်းကာ ထွက်ပေါ်လာပြီး သူ့ပတ်ပတ်လည်တွင် သွေးစုပ်လင်းနို့များ ရာပေါင်းများစွာ ဝဲပျံနေကြသည်။ သွေးဂိုဏ်း၏ ထိပ်သီးပညာရှင်များကလည်း ကျန်းချန်ကို ဝိုင်းရံထားလိုက်ကြသည်။ ဂိုဏ်းချုပ်က ဘာကြောင့် ဤမျှ ငယ်ရွယ်သော လူငယ်လေးတစ်ယောက်ကို တိုက်ခိုက်နေရသည်ကို သူတို့နားမလည်သော်လည်း ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်ဖြစ်သောကြောင့် ရှေ့တွင်ရှိနေသည့် လူငယ်ကို အပြတ်အသတ် ချေမှုန်းရန်သာ ပြင်ဆင်ထားကြသည်။

"ကောင်လေး... မင်း အသက်ရှင်ချင်သေးရင် ရွက်သုံးပင် ဝိညာဉ်မြက်စိမ်း ကိုသာ အလိုက်တသိ ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဒီဂိုဏ်းချုပ်က မင်းရဲ့ အလောင်းကို အကောင်းပကတိအတိုင်း ကျန်အောင် လုပ်ပေးမယ်။ ဒါက မင်းအတွက် အကောင်းဆုံး ရလဒ်ပဲ"

ရွက်သုံးပင် ဝိညာဉ်မြက်စိမ်း သည် ရိုးတွင်းခြင်ဆီကို သန့်စင်ပေးနိုင်ပြီး အရိုးများကို ခိုင်မာစေသည့် အာနိသင်ရှိသည်။ ဖန်လောင်၏ သားဖြစ်သူအတွက် ထိုပစ္စည်းကို အတော်လေး လိုအပ်နေခြင်းဖြစ်သည်။ အကယ်၍ ထိုမြက်စိမ်းကို အဆင့် (၆) အဂ္ဂိရတ်ဆရာ ဆေးဧကရာဇ်ထံ ပေးအပ်နိုင်ပါလျှင် သူအလိုရှိသော ဆေးလုံးကို ရရှိနိုင်ပေလိမ့်မည်။

ထို့ကြောင့်လည်း သူသည် ကျန်းချန်ကို ကျားမာနိုင်ငံတော်နှင့် ဝေးသည့် ဤနေရာတွင် သတ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ကျရှင်းထျန်းအနေဖြင့် ကျန်းချန်၏ အလောင်းကို တွေ့ခဲ့လျှင်ပင် သူ့ကို သံသယဝင်လိမ့်မည် မဟုတ်ဟု သူ တွေးထားသည်။

"ကောင်လေး... မင်းနာမည်ကို ပြောစမ်း။ ငါ့လက်နဲ့ သေရမယ့်သူဟာ နာမည်မရှိတဲ့သူ မဖြစ်စေချင်ဘူး"

"အကယ်ဒမီကျောင်းတော်ရဲ့ ကွန်ဖြူးရှပ်ပညာရှိ"

"ကွန်ဖြူးရှပ်ပညာရှိ ဟုတ်လား" ဖန်လောင်က မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းချန်က အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးသည်ကို မြင်သောအခါ သူက လှောင်ပြောင်လိုက်ပြီး "ကောင်လေး... မင်းကများ၊ မင်းက ပညာရှိ သူတော်စင်တစ်ယောက် ဖြစ်ထိုက်လို့လား။ ငါ့ကို ရယ်ရအောင်မလုပ်စမ်းပါနဲ့။ သူ့ကို သတ်လိုက်ကြစမ်း။ သူ့ကိုယ်သူ ကွန်ဖြူးရှပ်ပညာရှိလို့ ခေါ်ရအောင် ဘယ်လောက်တောင် အစွမ်းအစရှိလဲဆိုတာ ငါ မြင်ချင်သေးတယ်"

"ဟုတ်ကဲ့"

သွေးဂိုဏ်းမှ သိုင်းဘုရင် အဆင့်ရှိသူ အချို့က ယုတ်မာသော အပြုံးများဖြင့် ရယ်မောလိုက်ကြသည်။ သူတို့သည် အားနည်းသူများကို သတ်ဖြတ်ရသည်ကို အလွန်နှစ်သက်သူများ ဖြစ်ကြသည်။ ဤလူငယ်ကို သေစေချင်သော်လည်း မသေနိုင်သေးအောင် နှိပ်စက်ပြီး သူတို့က ကစားကြဦးမည်ဖြစ်သည်။

သို့သော်လည်း ထိုအခိုက်၌ပင် သွေးဂိုဏ်းမှ သိုင်းဘုရင်တစ်ဦး၏ မျက်ဝန်းမှာ သွေးရောင်လွှမ်းသွားခဲ့သည်။ သူသည် အလိုလို သူ့မျက်နှာကို ထိမိလိုက်ရာ ဘယ်အချိန်ကတည်းက ပန်းထွက်နေမှန်းမသိသော သွေးစက်များကို တွေ့လိုက်ရသည်။

ကျန်ရှိနေသူများမှာလည်း သူတို့ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းကြောင့် မှင်တက်သွားကြသည်။ "ဘာတွေဖြစ်နေတာလဲ။ သူတို့ ဘာအကြောင်းအရင်းမှမရှိဘဲ ဘာလို့ သွေးတွေ ထွက်နေရတာလဲ။"

သို့သော် အခြားသူများ မတုံ့ပြန်မီမှာပင် ထိုသိုင်းဘုရင်၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပေါက်ကွဲသွားပြီး ဘာအစအနမှ မကျန်တော့ဘဲ သွေးမြူများအဖြစ် ပြောင်းလဲသွားလေတော့သည်။

ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ယံ၌ တိမ်မည်းများ အုပ်ဆိုင်းလာပြီး မိုးသည်းထန်စွာ ရွာသွန်းလာသည်။

ကျန်းချန်က စက္ကူထီးကို ထုတ်ကာ ဆောင်းလိုက်ပြီး "မင်းတို့အားလုံး တခြားအစွမ်း မရှိတော့ဘူးဆိုရင် ငါ မင်းတို့ကို အိမ်ပြန်ပို့ပေးရလိမ့်မယ်" ဟု ပြောလိုက်သည်။

"စိတ်ကြီးဝင်နေတဲ့ အကောင်ပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် မျက်နှာပြောင်တိုက်လှချည်လား။ သူ့ကို သတ်လိုက်ကြ"

စူးစူးဝါးဝါး အသံ‌ဗလံများ ထွက်ပေါ်လာသည်။ ရှေ့သို့ ပြေးဝင်လာသော သိုင်းဘုရင်များသည် နှိပ်စက်လိုသည့်စိတ်ကို ဖျောက်ပစ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဤထူးဆန်းသော လူငယ်ကို အမြန်ဆုံး အမြစ်ဖြတ်ရန်သာ ကြိုးစားကြတော့သည်။

ကျန်းချန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်ပြီး "အသက်ရှင်နေရတာ မကောင်းဘူးလား" ဟု ညည်းတွားလိုက်သည်။

သူ့စကားသံအဆုံးမှာပင် ပတ်ဝန်းကျင်ရှိ ကြွေကျနေသော သစ်ရွက်ခြောက်များမှာ ထူးဆန်းစွာပင် လေထဲသို့ ပျံတက်လာပြီး မယုံနိုင်လောက်သော အရှိန်ဖြင့် ရှေ့သို့ တိုးဝင်လာသည်။

ဗုန်း ဗုန်း ဗုန်း...(ပေါက်ကွဲသံ)

ပေါက်ကွဲသံများနှင့်အတူ ရှေ့သို့ ပြေးဝင်လာသော ကျင့်ကြံသူများသည် လေထဲတွင် ထူးဆန်းသော ကိုယ်ဟန်အနေအထားများဖြင့် ရပ်နေပြီး တစ်ပြိုင်နက် ကျိုးပဲ့နေသော အရုပ်များကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဖန်လောင်မှာ ကြက်သေသေသွားသည်။ သူသည် သူ့မျက်စိရှေ့မှ မြင်ကွင်းကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ တစ်ဖက်လူမှာ ဘာလှုပ်ရှားမှုမှ မလုပ်၊ လက်တစ်ဖက်ကိုပင် မမြှောက်ခဲ့သော်လည်း သူတို့ သွေးဂိုဏ်းမှ သိုင်းဘုရင် အဆင့်ရှိသူ အများအပြားကို သတ်ပစ်နိုင်ခဲ့သည်။

"ဒါ... မင်း ဘယ်လိုလုပ်လိုက်တာလဲ"

ဖန်လောင်က ထိတ်လန့်တကြား အော်လိုက်သည်။ သူ့ထံသို့ ပြင်းထန်သော ဘေးကျပ်နံကျပ်အခြေအနေက ရိုက်ခတ်လာသည်။ ထိုအချိန်မှသာ သူ့ပတ်ဝန်းကျင်သည် ပြောင်းလဲသွားမှန်း သူ သဘောပေါက်လာတော့သည်။

ကောင်းကင်မှ ရွာကျနေသော မိုးရေစက်များသည်အချိန်ရပ်နေသကဲ့သို့ လေထဲတွင် တန့်နေသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ဖန်လောင်မှာ အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။ သူသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ပြီး ပျာပျာသလဲ ဦးညွှတ်ကာ "ကျွန်တော် မှားပါပြီ၊ ကွန်ဖြူးရှပ်ပညာရှိကြီးခင်ဗျာ... ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ချမ်းသာပေးပါ" ဟု အသနားခံတော့သည်။

ကျန်းချန်က သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ တိတ်ဆိတ်စွာပင် အဝေးသို့ လျှောက်လှမ်းသွားခဲ့သည်။ ပတ်ဝန်းကျင်တွင်လည်း မိုးများ ဆက်လက် ရွာသွန်းနေသည်။ တစ်ဖက်လူက သူ့ကို လွှတ်လိုက်ပြီဟု ထင်ကာ ဖန်လောင်မှာ သက်ပြင်းချလိုက်မိသည်။ သို့သော်လည်း အကြောင်းအရင်းအချို့က သူ့ခန္ဓာကိုယ်က နွေးနေသည်ဟု ခံစားရသည်။

ထိုအခါမှသာ သူ့ခန္ဓာကိုယ်သည် ထူးထူးဆန်းဆန်း ယူကြုံးမရဖြစ်အောင် ပျက်စီးနေသည်ကို သူ သတိထားမိတော့သည်။

နာကျင်မှုကြောင့် အော်ဟစ်ရန် အချိန်မရလိုက်ခင်မှာပင် ရွာကျနေသော မိုးရေများအောက်တွင် သူ၏ ခန္ဓာကိုယ်ကို မှုန်ဝါးဝါးသာ မြင်ရတော့သည်။ ထို့ပြင်သူ၏ နှလုံးသားမှာ အထိုးခံလိုက်ရပြီး မြေပေါ်သို့ ဘုတ်ခနဲ လဲကျသွားကာ မိုးရေများ သူ့အပေါ်ကျနေသည်ကိုသာ ခံနေရတော့သည်။

မိုးရေများအောက်တွင် ဖန်လောင်၏ ရုပ်အလောင်းမှာ သွေးဂိုဏ်း၏ ဂိုဏ်းချုပ်ဟုပင် မပြောနိုင်လောက်အောင် ပျက်စီးသွားခဲ့ပြီဖြစ်သည်။

ကျန်းချန်သည် လက်ကလေး လှုပ်ရှားလိုက်ရုံဖြင့် ဖန်လောင်နှင့် အခြားသူများ၏ လိုတရလက်စွပ်များ သူ့လက်ထဲသို့ ရောက်ရှိလာသည်။ အရေးကြီးသော ပစ္စည်းများကို ထုတ်ယူပြီးနောက် ကျန်ရှိသည့် အရာများကို ရေကန်ထဲသို့ ပစ်ချလိုက်သည်။ နောင်တစ်ချိန်တွင် ကံထူးသူတစ်ယောက်ယောက်က ထိုအရာများကို တွေ့ရှိခဲ့ပါလျှင် ၎င်းမှာ ထိုသူအတွက် ကံကောင်းခြင်းတစ်ခု ဖြစ်လာပေလိမ့်မည် ဖြစ်သည်။

"ရေစက်လေးတွေက ကျောက်တုံးကိုတောင် ပဲ့ကြွေစေနိုင်တယ်၊ ရေစက်တစ်စက်ရဲ့ စွမ်းအားကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့"

အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ကျန်းချန် ပြန်လည်ပေါ်လာသည့် နေရာသည် မှော်သားရဲတောင်တန်း၏ အရှေ့မြောက်ဘက်ရှိ မက်မွန်တောင် သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချိုင်လင်းနှင့် အခြားသူများသည် လှုပ်ကုလားထိုင်များပေါ်တွင် ထိုင်ကာ ကျန်းချန်၏ အတိတ်က အကြောင်းများကို ပြောရင်း ရယ်မောနေကြသည်။ အကြောင်းအရာများ နက်နဲလာသည့်အခါတွင်တော့ သူမတို့မှာ မျက်ရည်များပင် ကျလာရသည်။

"ဘာတွေ ပြောနေကြတာလဲ၊ ဒီလောက်တောင် ပျော်နေကြတာ"

ကျန်းချန်က သူတို့ ရယ်မောစကားပြောနေသည်ကို မြင်သောအခါ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။

ချင်းရွှေက မျက်မှောင်ကြုတ်ကာ "လက်ဗလာနဲ့ ပြန်လာတာလား" ဟု မေးလိုက်သည်။

"ဘယ်ဟုတ်မလဲ"

ကျန်းချန်က သူမတို့၏ အကျင့်ကို ကောင်းစွာသိသဖြင့် လိုတရလက်စွပ်ထဲမှ အရသာရှိသော စားစရာများ ဖြစ်သည့် ဆီးသီးယို၊ စတော်ဘယ်ရီနှင့် ချယ်ရီသီးများကို ထုတ်ပေးလိုက်သည်။

ချင်းရွှေ၏ မျက်လုံး ဝင်းလက်သွားသည်။ သူမသည် ချယ်ရီသီးတစ်လုံးကို ကောက်ယူကာ သူမ၏ နီမြန်းသော နှုတ်ခမ်းများကြားသို့ ထည့်လိုက်ပြီး "အနည်းဆုံးတော့ ရှင့်မှာ အသိတရား ရှိသေးတာပဲ" ဟု ပြုံးလျက် ပြောလိုက်သည်။

ကျန်းချန်က ကုလားထိုင်တစ်ခုပေါ်တွင် ဝင်ထိုင်လိုက်ရာ ရှောင်ရီရှန်က သူ့အတွက် လက်ဖက်ရည်ပူပူတစ်ခွက် ငှဲ့ပေးသည်။ အပြင်ဘက်တွင် မိုးရွာနေသေးသောကြောင့် လက်ဖက်ရည်ပူပူတစ်ခွက်က ခန္ဓာကိုယ်ကို နွေးထွေးစေရန် အကောင်းဆုံးပင် ဖြစ်သည်။

"ကျေးဇူးပဲ"

ကျန်းချန်က ပြန်ပြောလိုက်ပြီး ဆေးဖက်ဝင်ပစ္စည်းအချို့ကို ထုတ်ယူကာ ချိုင်လင်းကို ကြည့်လျက် - "ငါ အတားအဆီးဖြတ်ဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို စုဆောင်းပြီးပြီ။ နောက်ထပ် နှစ်မျိုးပဲ လိုတော့တယ်၊ ဒါကြောင့် သိပ်ပြီး စိတ်မပူပါနဲ့ဦး" ဟု ပြောလိုက်သည်။

ချိုင်လင်းက ခေါင်းညိတ်ကာ "ကျေးဇူးတင်ပါတယ်" ဟု ဆိုသည်။

"ဒါက ဘာမှမဟုတ်ပါဘူး။ အရင်ကတည်းက ငါ မင်းကို ကတိပေးခဲ့တာပဲ၊ ဒါပေမဲ့ မင်းကသာ ငါ့ကို မယုံခဲ့တာ" ဟု ကျန်းချန်က လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ပြောလိုက်သည်။

ချိုင်လင်းက သူမ၏ နှုတ်ခမ်းကို မဲ့လိုက်သည်။ ကျန်းချန်က သိုင်းဘုရင်အဆင့်မှာ ရှိစဉ်ကတည်းက သူမကို သိုင်းဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် ဆေးလုံးကို ဖော်စပ်ပေးမည်ဟု ပြောခဲ့ဖူးသော်လည်း မီဒူဆာမှာ ထိုစကားများကို အဓိပ္ပာယ်မရှိဟု မှတ်ယူကာ မယုံကြည်ခဲ့ပေ။

ယခု ပြန်စဉ်းစားကြည့်လျှင် သူမ အများကြီး အထင်မှားခဲ့မိသည်။

ကျန်ရှိနေသော ဆေးဖက်ဝင်ပစ္စည်း နှစ်မျိုးမှာ ရှာဖွေရန် ခက်‌ခဲပေမဲ့ ယင်းတို့ကို ဘယ်နေရာ၌ ရှာရမည်ဆိုသည်ကို သူ သိရှိထားသည်။

ထိုနေရာမှာ နာမည်ဆိုးဖြင့်ကျော်ကြားလှသော အမှောင်ထုလွှမ်းနယ်မြေပင် ဖြစ်သည်။ ထိုနေရာတွင် အစွမ်းထက်သော ပညာရှင်များ အမြဲတစေ စုဝေးနေတတ်ကြပြီး ငွေကြေးအတွက်ဆိုလျှင် ထိုဆေးဖက်ဝင်အပင်များကို လေလံတင်ရောင်းချပေလိမ့်မည်။

အကယ်၍ နောင်တွင် အခွင့်အရေးရပါက သူသည် အမှောင်ထုလွှမ်းနယ်မြေ သို့ သွားရောက်ရှာဖွေရင်း ကမ္ဘာအနှံ့ သွားလာရန် စိတ်ကူးထားလေသည်။

ကျန်းချန်က သူ့ခါးတွင် ချိတ်ထားသော ဝိုင်ဘူးကို ယူကာ တစ်ငုံ သောက်လိုက်ပြီး "ချင်းရွှေ... မင်း နောက်ထပ် ဘယ်ကို သွားဖို့ စီစဉ်ထားလဲ။ မင်း ဒီနေရာမှာပဲ တစ်သက်လုံး နေသွားမှာတော့ မဟုတ်ဘူးမလား"

All Chapters