← Chapters

ကျားနန်အကယ်ဒမီ‌ကျောင်း၏ အမှတ်တံဆိပ်

Vol. 5 Ch. 47

ကျားနန်အကယ်ဒမီ‌ကျောင်း၏ အမှတ်တံဆိပ်

Vol. 5 Ch. 47

လတစ်ဝက်ခန့် ခရီးနှင်ပြီးနောက်တွင် ကျန်းချန်သည် နောက်ဆုံးတွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသော အနောက်မြောက်တိုက်ကြီး၏ အမှောင်ထုလွှမ်းနယ်မြေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဤနေရာသည် ၎င်း၏ ထူးခြားလှသော မြေမျက်နှာသွင်ပြင်အ‌နေအထားကြောင့် တိုက်ကြီးတစ်တိုက်လုံးတွင် အရှုပ်ထွေးဆုံး နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

နိုင်ငံအသီးသီးမှ ထွက်ပြေးလာကြသော ကျွမ်းကျင်သူ များသည် ဤနေရာတွင် စုဝေးမိကြပြီး အဆိုးရွားဆုံးသော စည်းမျဉ်းများကို ထူထောင်ထားကြသည်။

အမှောင်ထုလွှမ်းနယ်မြေတွင် မည်သည့်ဥပဒေမျှ မရှိချေ။ တစ်ခုတည်းသော ဥပဒေမှာ "တောတွင်းဥပဒေ" သာ ဖြစ်သည်။ တစ်နည်းဆိုရလျှင် အားကြီးသူက အားနည်းသူကို အနိုင်ယူစတမ်းဖြစ်ပြီး အားနည်းသူတို့အတွက် ရှင်သန်ခွင့်ဟူသည် ဤနေရာ၌ လုံးဝမရှိပါ။

မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက သူ၏ နှုတ်ခမ်းကို သပ်ရင်း "သခင်... ကျွန်တော် တစ်ခုခု စားလို့ရမလား" ဟု မေးလိုက်သည်။

ကျန်းချန်သည် သူတို့၏ အောက်ဘက်၌ အပြင်းအထန် တိုက်ခိုက်နေကြသော အမှောင်ထုလွှမ်းနယ်မြေမှ ကျွမ်းကျင်သူများကို တစ်ချက်ကြည့်လိုက်သည်။ သွေးဂိုဏ်း၏ ဂိုဏ်းချုပ် ဖန်လောင် အသတ်ခံရပြီးကတည်းက သွေးဂိုဏ်းက ထိန်းချုပ်ထားသော နေဝင်ဆည်းဆာမြို့တော်သည် ပြိုကွဲသွားခဲ့ပြီး မရေမတွက်နိုင်လှသော ကျွမ်းကျင်သူများမှာ ဤအကျိုးအမြတ်များလှသည့် နယ်မြေကို သိမ်းပိုက်ရန် အလုအယက် ကြိုးစားနေကြခြင်း ဖြစ်သည်။

ဤအခြင်းအရာက ရက်စက်ကြမ်းကြုတ်လှသော အမှောင်ထုလွှမ်းနယ်မြေကို ပို၍ သွေးစွန်းစေပြီး ပိုမို ကြောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်နေသကဲ့သို့ ရှိ နေသည်။

ကျန်းချန်က အေးစက်စွာဖြင့် "ဒီနေရာက ညစ်ညမ်းနေပြီ။ ငါတို့ ဒီကနေ ထွက်သွားကြစို့။ ငါတို့ ဒီနယ်မြေထဲမှာရှိတဲ့ ဆေးဖက်ဝင်အပင်တွေကို ရှာဖို့ပဲ လိုတယ်" ဟု ပြောလိုက်သည်။

မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းမှာ အသားစားလိုစိတ် ပြင်းပြနေသော်လည်း သူ၏သခင်က ခွင့်မပြုသဖြင့် ဤလူသားများကို တိုက်ခိုက်ခြင်း မပြုဝံ့ချေ။ သို့မဟုတ်ပါက ထိုလူသားအားလုံးကို တစ်လုပ်တည်း မျိုချလိုက်မည်မှာ အသေအချာပင် ဖြစ်သည်။

အမှောင်ထုလွှမ်းနယ်မြေမှာ အလွန်တရာ ကျယ်ပြောလှသဖြင့် လိုချင်သော ဆေးပင်များကို ရှာဖွေရန်မှာ မလွယ်ကူလှပါ။ လေလံအိမ်များတွင် ရှာဖွေခြင်း သို့မဟုတ် အဂ္ဂိရတ်ဆရာတစ်ဦးကို ရှာဖွေခြင်းမှာ အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

အမှောင်ထုလွှမ်းနယ်မြေရှိ အဂ္ဂိရတ်ဆရာများသည် အရင်းအမြစ် ပေါများသူများဖြစ်သဖြင့် ၎င်းတို့ထံတွင် ထူးခြားသော ဆေးဖက်ဝင် ပစ္စည်းများ ရှိနေနိုင်သည်။ ထို့ကြောင့် ကျန်းချန်သည် ကျားနန်အကယ်ဒမီကျောင်းသို့ သွားရန် ဆုံးဖြတ်လိုက်သည်။

ကျားနန်အကယ်ဒမီကျောင်းသည် ဒိုချီတိုက်ကြီးပေါ်တွင် နာမည်ကျော်ကြားလှသော ပညာသင်ကျောင်းဖြစ်ပြီး နက်နဲလှသော အမွေအနှစ်များ ပ်ိုင်ဆိုင်ထားသည်။ သိုင်းဘိုးဘေးအဆင့် ကျွမ်းကျင်သူများစွာ ထွက်ပေါ်ရာနေရာလည်း ဖြစ်သည်။ ယင်း‌ကျောင်း၏ ကျောင်းအုပ်ကြီးမှာ သူတော်စင်တစ်ဝက်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

လူအများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် လူသားအသွင်သို့ ပြောင်းလဲလိုက်ပြီး သူ၏သခင်နောက်မှ လိုက်ပါလာသည်။

"သခင်... ရှေ့မှာရှိတာ ငြိမ်းချမ်းရေးမြို့လေးပဲ၊ ဒါပေမဲ့ ဒီနယ်မြေရဲ့ မိုင်တစ်ရာအတွင်း ပျံသန်းတာကို တားမြစ်ထားတယ်လို့ ကြားဖူးတယ်၊ မဟုတ်ရင် တိုက်ခိုက်ခံရလိမ့်မယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။ မလှမ်းမကမ်းတွင် ခန့်ညားထည်ဝါလှသော တောင်နှစ်လုံးကြား၌ တည်ရှိနေသည့် မြို့လေးကို မြင်နေရပြီ ဖြစ်သည်။ ထိုမြို့မှာ ငြိမ်းချမ်းရေးမြို့လေးပင် ဖြစ်သည်။ သူသည် ထိုလူများကို မကြောက်သော်လည်း ဤနေရာ၌ သွေးချောင်းစီးအောင် သတ်ဖြတ်ရန် မလိုဟု ယူဆသည်။

ထို့အပြင် ကျားနန်အကယ်ဒမီကျောင်း၏ ကျောင်းအုပ်ကြီး မန်ထျန်းချီနှင့်လည်း အကြိမ်အနည်းငယ် တွေ့ဖူးပြီးသားဖြစ်သဖြင့် ကျားနန်အကယ်ဒမီကျောင်းမှ လူများကို သတ်ဖြတ်ရန် ဆန္ဒမရှိချေ။

မြို့ငယ်လေး၏အဝင်တွင် အမှောင်ထုလွှမ်းနယ်မြေမှ ကျွမ်းကျင်သူများ စုဝေးနေကြသည်။ သူတို့အားလုံးသည် တိုက်ပွဲအရိပ်အယောင်ကို ဖုံးကွယ်ထားကြပြီး စည်းစနစ်တကျ တန်းစီရပ်နေကြသည်။

မြို့၏ ဘယ်ဘက်ခြမ်း မနီးမဝေးတွင်မူ မြင့်မားလှသော သစ်ပင်ကြီးတစ်ပင် ရှိနေသည်။

ထိုအပင်ကြီးမှာ မည်းနက်နေပြီး သစ်ကိုင်းသစ်ခက်များက အရပ်မျက်နှာအားလုံးကို ဖြန့်ကျက်နေသည်က အန္တရာယ်ပြုမည့်ဟန် ပေါ်နေသည်။ နေဝင်ဆည်းဆာအောက်တွင် ထိုအပင်ကြီးက အေးစိမ့်စိမ့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သစ်ကိုင်းများပေါ်တွင်မူ လူသေအလောင်းအချို့ကို ချိတ်ဆွဲထားသည်။ ထိုအလောင်းများသည် လေအဝေ့တွင် ယိမ်းထိုးနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော တကျိကျိ အသံများကို ပေးစွမ်းနေသည်။

"အားလုံးပဲ၊ ငြိမ်းချမ်းရေးမြို့လေးထဲကို ဝင်ဖို့အတွက် ငါတို့အကယ်ဒမီကျောင်းက အထူးဖော်စပ်ထားတဲ့ 'သတ်ဖြတ်လိုစိတ် ဆေးလုံး' ကို သောက်ရမယ်၊ မြို့ထဲမှာ သတ်ဖြတ်လိုစိတ် ရှိလာတာနဲ့ မင်းတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အလင်းတွေ ထွက်လာလိမ့်မယ်၊ အဲ့ဒီအခါကျရင် ငါတို့ရဲ့ ဖမ်းဆီးခြင်းကို ခံရလိမ့်မယ်"

"မြို့ထဲက ပြန်မထွက်ခင် ဖြေ‌ဆေးထုတ်ပေးတဲ့ နေရာမှာ အဆိပ်ဖြေဆေးကို လာထုတ်ကြ"

စကားပြောနေသူမှာ ကျားနန်အကယ်ဒမီကျောင်းမှ သိုင်းအရှင်အဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး လူများအား ဆေးလုံးသောက်ရန် စီစဉ်ပေးနေသည်။

ထိုအချိန်တွင် ထိုသိုင်းအရှင်သည် ခန့်ညားလှသော ကျန်းချန်ကို မြင်တွေ့သွားပြီး ရှေ့သို့ တိုးလာကာ "လူကြီးမင်း... ဒါက..." ဟု မေးလိုက်သည်။

"ငါက အကယ်ဒမီကျောင်းရဲ့ ကွန်ဖြူးရှပ်ပညာရှိ ကျန်းချန်ပါ။ ကျားနန်အကယ်ဒမီကျောင်းကို သွားချင်လို့ပါ"

ဤစကားကို ကြားသောအခါ ဘေးနားရှိ ကျားနန်အကယ်ဒမီကျောင်းမှ တပည့်များက စူးစမ်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သိုင်းအရှင်က မျက်မှောင်ကြုတ်လိုက်ပြီး "လူကြီးမင်း... အကယ်ဒမီကျောင်းကို သွားချင်တာလား။ ဖိတ်စာ ရှိပါသလား" ဟု မေးမြန်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ပြင်ပလူများအနေဖြင့် ဖိတ်စာ သို့မဟုတ် အခြားသော အထောက်အထားများ ပြသနိုင်မှသာ အကယ်ဒမီကျောင်းအတွင်းသို့ ဝင်ခွင့်ရခြင်း ဖြစ်သည်။

ကျန်းချန်သည် ၎င်း၏ လိုတရ လက်စွပ်အတွင်းမှ အမှတ်တံဆိပ်တစ်ခုကို ထုတ်လိုက်သည်။ ထိုအမှတ်တံဆိပ်ကို မြင်လိုက်ရသည့် ခဏတွင် သိုင်းအရှင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်ကာ "စီနီယာကို ဂါရဝပြုပါတယ်" ဟု ရိုသေစွာ ပြောလိုက်သည်။

ထိုအမှတ်တံဆိပ်မှာ အဖိုးတန် ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ၎င်းပေါ်တွင် 'ကျားနန်အကယ်ဒမီ‌ကျောင်း' ဟူ၍ စာလုံးကြီး လေးလုံးဖြင့်

ထွင်းထုထားသည်။

သိုင်းအရှင် အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဤအရာမှာ အဘယ်သို့သော အရာဖြစ်သည်ကို သူ ကောင်းစွာ သိသည်။ ဤအမှတ်တံဆိပ်သည် ကျောင်းအုပ်ကြီး၏ အာဏာကို ကိုယ်စားပြုပြီး သိုင်းဘိုးဘေးအဆင့်နှင့် အထက် ကျွမ်းကျင်သူများသာ ကိုင်ဆောင်နိုင်ခြင်း ဖြစ်သည်။

ဤအမှတ်တံဆိပ်ကို မြင်ရခြင်းမှာ ဝါရင့်အကြီးအကဲကို မြင်တွေ့ရသည်နှင့် အတူတူပင် ဖြစ်သဖြင့် အကယ်ဒမီကျောင်းမှ တပည့်များမှာ ဒူးထောက် အလေးပြုရမည် ဖြစ်သည်။

အခြားသူများမှာလည်း ထိုအခြင်းအရာကို မြင်သောအခါ မရိုမသေ မပြုဝံ့ကြဘဲ မြေပေါ် ဒူးထောက်လိုက်ကြသည်။ ဤမျှ ငယ်ရွယ်သောသူမှာ ထိုကဲ့သို့သော အမှတ်တံဆိပ်ကို မည်သို့ ရရှိထားသနည်းဟု သိချင်မိကြသည်။

ဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။

"စီနီယာ... ခဏလောက် စောင့်ပေးပါ၊ ဂျူနီယာအနေနဲ့ စီနီယာကို အကယ်ဒမီကျောင်းဆီ ပို့ဆောင်ပေးဖို့ 'စစ်သင်္ဘော' တစ်စီး ချက်ချင်း ပြင်ဆင်ပေးပါ့မယ်။ ခုနက ကျွန်တော် ရိုင်းပျခဲ့တာကို ခွင့်လွှတ်ပေးပါ စီနီယာ"

"ကျေးဇူးတင်ပါတယ်"

ကျန်းချန်က ပြန်လည် တုံ့ပြန်လိုက်ပြီးနောက် ထိုသိုင်းအရှင်၏ အနောက်မှနေ၍ စစ်သင်္ဘောဆီသို့ လိုက်ပါသွားခဲ့သည်။ ဤစစ်သင်္ဘောများကို ကျားနန်အကယ်ဒမီကျောင်း၏ ပင်မကျောင်းခွဲမှ ကျွမ်းကျင်သူများသာ အသုံးပြုနိုင်သည်။

၎င်းမှာ အကယ်ဒမီသို့ သွားရန် အမြန်ဆုံး လမ်းကြောင်းလည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျားနန်အကယ်ဒမီ ကျောင်းမှာ အမှောင်ထုလွှမ်းနယ်မြေအတွင်းရှိ တောင်ကြားတစ်ခုတွင် တည်ရှိပြီး ပတ်ပတ်လည်၌ အဆင့်ခြောက်အဆင့်ရှိသည့် သားရဲများ ကျက်စားရာ တောအုပ်ကြီးများ ရှိနေသောကြောင့် ဖြစ်သည်။ စစ်သင်္ဘောများကို ကျောင်းသားများ၏ ဘေးကင်းလုံခြုံမှုအတွက် တည်ဆောက်ထားခြင်း ဖြစ်သည်။

မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက စူးစမ်းလိုစိတ်ဖြင့် "သခင်... ကျားနန်အကယ်ဒမီကျောင်းရဲ့ အမှတ်တံဆိပ်ကို ဘယ်တုန်းက ရခဲ့တာလဲ" ဟု မေးလိုက်သည်။

"တော်တော်ကြာပါပြီ။ သူတို့ရဲ့ ကျောင်းအုပ်ကြီး မန်ထျန်းချီနဲ့ မထင်မှတ်ဘဲ ဆုံခဲ့တုန်းက သူပေးခဲ့တာလေ"

ကျန်းချန်က ဝိုင်တစ်ငုံ သောက်လိုက်ပြီး "ဒါကို သုံးဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ကံကြမ္မာက တကယ်ကို ဆန်းကြယ်တာပဲ" ဟု ပြောလိုက်သည်။

မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက ၎င်း၏သခင်ကို ချီးကျူးသည့်အနေဖြင့် လက်မထောင်ပြလိုက်သည်။ သူ၏သခင်မှာ ကျားနန်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးကိုပင် သိကျွမ်းသည်မှာ အံ့ဩစရာပင်။ အလယ်ပိုင်းတိုက်ကြီးမှ ကျွမ်းကျင်သူများကိုပါ သိများသိနေမလားဟု သူ တွေးတောနေမိသည်။

ရှေ့မှ ဦးဆောင်သွားသော သိုင်းအရှင်က ဦးညွှတ်ရင်း "စီနီယာ... ဒါက ကျွန်တော်တို့ အကယ်ဒမီကျောင်းရဲ့ သီးသန့်စစ်သင်္ဘောပါ။ သင်္ဘောပေါ်တက်ပြီးရင် အကယ်ဒမီ ဌာနချုပ်ကို တန်းသွားလို့ရပါပြီ။ အကယ်ဒမီ‌ကျောင်းက အကြီးအကဲတွေကိုလည်း စီနီယာကို လာကြိုဖို့ အကြောင်းကြားထားပြီးပါပြီ" ဟု ပြောသည်။

"မင်း တော်တော်လေး ဒုက္ခများသွားပြီ"

"စီနီယာ...အားနာစရာ မလိုပါဘူး။ အကယ်ဒမီကျောင်းရဲ့ အမှတ်တံဆိပ် ရှိနေမှတော့ စီနီယာဟာ သိုင်းဘိုးဘေးအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေမှာ အသေအချာပါပဲ။ ကျွန်တော့်အနေနဲ့ ဒီဘဝမှာ သိုင်းဘိုးဘေးတစ်ယောက်နဲ့ စကားပြောခွင့်ရတာဟာ တကယ်ကို တန်ဖိုးရှိလှပါတယ်"

ထိုသို့ ချီးကျူးစကားများကို ကြားသောအခါ ကျန်းချန် အနည်းငယ် ရှက်သွားရသည်။ သူသည် ထိုသူ၏ ပခုံးကို ပုတ်လိုက်ပြီးနောက် မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းနှင့်အတူ စစ်သင်္ဘောပေါ်သို့ တက်လိုက်သည်။

စစ်သင်္ဘောကြီး စတင်ထွက်ခွာလာသည်နှင့်အမျှ ကျန်းချန်နှင့် ခြင်္သေ့မင်းတို့၏ ပုံရိပ်မှာ လူတိုင်း၏ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ကျားနန်အကယ်ဒမီကျောင်းမှ သိုင်းအရှင်မှာ သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း "ဒီစီနီယာက ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး" ဟု လေးနက်စွာ ပြောလိုက်သည်။

"ခေါင်းဆောင်... ဒီစီနီယာရဲ့ အဆင့်က တကယ်ပဲ သိုင်းဘိုးဘေး လား။ ဒါမှမဟုတ် သိုင်းသူတော်စင်များလား"

ဘေးမှ ညီနောင်များကလည်း အံ့အားသင့်စွာ မေးမြန်းကြသည်။ ထိုစီနီယာမှာ အသက်နှစ်ဆယ်ကျော်သာ ရှိဦးမည် ထင်ရသော်လည်း သိုင်းဘိုးဘေး သို့မဟုတ် သိုင်းသူတော်စင် အဆင့်သို့ ရောက်နေသည်မှာ မယုံနိုင်စရာပင်။

သိုင်းအရှင်က လေးနက်သော အကြည့်များဖြင့် "ကျားနန်အကယ်ဒမီကျောင်းတစ်ခုလုံးမှာ ဝါရင့်အကြီးအကဲကလွဲရင် ကျန်တဲ့သူတွေမှာ ဒီလို အဆင့်အမြင့်ဆုံး အမှတ်တံဆိပ် မရှိကြဘူး။ သူတို့ရဲ့ အစွမ်းက သိုင်းဘိုးဘေး အထက်မှာ ရှိနေမှာ အသေအချာပဲ... ဒါမှမဟုတ် ပိုမြင့်တဲ့ အဆင့်မှာတောင် ရှိနိုင်တယ်" ဟု ဆိုလိုက်လေသည်။

All Chapters