တုံ့ဆိုင်း တွေဝေနေသော သိုင်းလောက
Vol. 8 Ch. 72
ရှောင်ဇီတောင်ခြေ၌။
လင်ယန်ရွှယ်သည် သူမ အပင်ပန်းခံရယူထားသော ရှောင်လင်ရတနာ သစ်သားသေတ္တာလေးကို ကိုင်ထားသည်။
လင်ချွမ်ကတော့ သတိမေ့နေသည့် ယွဲ့ချင်းရိုကို မြေပြင်ပေါ်တွင် အသာအယာ ချထားပေးလိုက်သည်။
သူတို့နှစ်ဦး၏ အကြည့်များမှာ သေတ္တာကလေးဆီသို့ သဘာဝအလျောက် ကျရောက်သွားကြ၏။
"မင်း ဘာလို့ ရှောင်လင်နောက်ဖေးတောင်ကို ရောက်နေတာလဲ"
လင်ချွမ်းက မေးလိုက်ခြင်းပင်။
ငါးရက်တိုင်တိုင် ပျောက်နေပြီးမှ ရုတ်တရက် ထိုနေရာတွင် ပေါ်လာခြင်းမှာ အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းနေခြင်း။
"တခြားသူသာ ဒီလိုမေးရင် နှုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ်မိမှာပဲ။ ဒါပေမဲ့ ရှင်ဖြစ်နေလို့ ဘာမှ ဖုံးကွယ်မထားပါဘူး"
လင်ယန်ရွှယ်က မျက်နှာဖုံးကို ချွတ်လိုက်ပြီး ညင်သာစွာ ပြုံးပြလိုက်သည်။
သူမ၏ အလှမှာ မည်သည့်ယောင်္ကျားကိုမဆို အရည်ပျော်သွားစေနိုင်သည်။
ဟယ်ဟွမ်းဂိုဏ်း၏ မြူဆွယ်သည့်ပညာကို မသုံးဘဲနှင့်ပင် သူမ၏ မျက်နှာကလေးက အမျိုးသားထုကြီးကို ဖမ်းစားနိုင်စွမ်း ရှိနေသည်မှာ အမှန်ပင်။
သို့သော် လင်ချွမ်ကတော့ မည်သို့မျှ မတုန်လှုပ်ပေ။
လင်ချွမ် တည်ငြိမ်နေသည်ကို မြင်သောအခါ လင်ယန်ရွှယ်က နှုတ်ခမ်းလေးစူကာ ဆက်ပြောသည်။
"တကယ်တော့ အလယ်ပိုင်းဒေသကို မလာခင်ကတည်းက ရှောင်လင် လျှို့ဝှက် ရတနာအကြောင်း ကြားဖူးပြီးသားပါ"
"ရှင်က ဓားနတ်ဘုရား ရဲ့ တပည့်ကို ခေါ်လာတာဆိုတော့ ရှင်လည်း ဓားနတ်ဘုရားဆီကနေ ရတနာအကြောင်း သိတာ မဟုတ်လား"
"အမှန်အတိုင်း ပြောရရင် ဒီရတနာသတင်းက အနောက်ဒေသကနေ စလာတာ"
"ဓားနတ်ဘုရားက အနောက်ဒေသ နတ်ဆိုးဂိုဏ်းတွေနဲ့ ခဏခဏ အဆက်အသွယ်ရှိတော့ သူ သိနေတာ မဆန်းပါဘူး"
လင်ယန်ရွှယ်သည် အလွန်ပင် ရိုးသားသော မျက်လုံးများဖြင့် ရှင်းပြနေသည်။
အကယ်၍ သူမ လိမ်နေခြင်း ဖြစ်လျှင်လည်း သူမ၏ သရုပ်ဆောင်မှုမှာ ထူးချွန်ဆု ပေးရလောက်အောင်ပင် ကောင်းမွန်လှခြင်းပင်။
"အင်း၊ မင်းကို ငါ ယုံတယ်"
လင်ချွမ်က ခေါင်းညိတ်လိုက်သော်လည်း သူ၏ အမူအရာမှာ တည်ကြည်နေဆဲပင်။
ဓားနတ်ဘုရား ပြောတာ မှန်လျှင် ဤသေတ္တာထဲတွင် ရှောင်လင်၏ မသေမျိုးကျင့်ကြံသူတစ်ဦး ချန်ထားခဲ့သော သိုင်းပညာ အမြင့်ဆုံး လျှို့ဝှက်ချက် ရှိနေပေလိမ့်မည်။
"ဒါ ရှင့်အတွက်"
ရုတ်တရက် လင်ယန်ရွှယ်က သေတ္တာလေးကို ကမ်းပေးလိုက်သဖြင့် လင်ချွမ် မှင်တက်သွားရသည်။
"မင်း ဒါကို မလိုချင်ဘူးလား"
သူက နားမလည်နိုင်စွာ မေးလိုက်ခြင်းပင်။
သူမသည် ဟယ်ဟွမ်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ရာ ဤရတနာ၏ တန်ဖိုးကို သိမှာ အသေအချာပင်။
ဒါကို ဘာကြောင့် အလွယ်တကူ ပေးလိုက်ရတာလဲ။
"ဓားနတ်ဘုရား အဆင့်တက်နိုင်တာ ရှင့်ကြောင့်ဆိုတာ လူတွေ သိကြတယ်။ ရှင်ရှိနေမှတော့ ဒီရတနာက ကျွန်မအတွက် အပိုပဲပေါ့"
"ဒီအခွင့်အရေးကို သုံးပြီး ရှင်နဲ့ မိတ်ဆွေဖွဲ့ထားတာက ဟယ်ဟွမ်းဂိုဏ်းအတွက် ပိုအသုံးဝင်လိမ့်မယ်" လင်ယန်ရွှယ်က ချိုသာစွာ ပြုံးပြလိုက်သည်။
သူမသည် ရှောင်လင်ရတနာကို သုံး၍ လင်ချွမ်ကဲ့သို့ ပညာရှင်ကြီးကို လာဘ်ထိုးလိုက်ခြင်းပင်။
သူမကို အထင်သေး၍ မရပေ။
"ငါက မင်းရဲ့ မျက်နှာသာပေးမှုကို လက်ခံမယ်လို့ ဘာလို့ ထင်နေတာလဲ"
လင်ချွမ်က အေးစက်စွာ တုံ့ပြန်လိုက်သော်လည်း လင်ယန်ရွှယ်က အနားသို့ တိုးကပ်လာကာ သူမ၏ အမွှေးနံ့သာများဖြင့် မြူဆွယ်ရန် ကြိုးစားပြန်သည်။
"အသုံးမကျတဲ့ အတတ်တွေကို သိမ်းထားစမ်း၊ ငါ့ကို လာမမြူဆွယ်နဲ့"
လင်ချွမ်က ဟောက်လိုက်ပြီး သူမကို တွန်းထုတ်လိုက်သည်။
လင်ယန်ရွှယ်သည် စကားပြောနေရင်း သူမ၏ မြူဆွယ်ခြင်းပညာကို သုံးနေခြင်းဖြစ်ရာ လင်ချွမ်က ချက်ချင်း သိလိုက်ခြင်း ဖြစ်သည်။
"တောက်! လူပျိုကြီးက တကယ် အလိုက်မသိတာပဲ"
လင်ယန်ရွှယ်က မကျေမနပ် ရေရွတ်လိုက်ပြီး မြေပြင်ပေါ်က ယွဲ့ချင်းရိုကို လက်ဝါးနှင့် ဖြတ်ရိုက်လိုက်သည်။
"ဘာလုပ်တာလဲ"
လင်ချွမ်က မျက်မှောင်ကြုတ်ကာ မေးသည်။
"ရှင် မသိဘူးလား"
လင်ယန်ရွှယ်က ရယ်မောကာ ပြောသည်။
"ယွဲ့ချင်းရို နိုးနေတာ ကြာပြီ၊ သူက အိပ်ချင်ယောင်ဆောင်နေတာ။ အခု ကျွန်မ သူမကို တကယ် သတိမေ့သွားအောင် လုပ်ပေးလိုက်တာလေ၊ ကျေးဇူးတင်ဖို့ မလိုပါဘူး"
လင်ချွမ် မျက်လုံးလှန်ကြည့်မိလိုက်၏။
ထို့နောက် သူသည် သေတ္တာကို အသာအယာ ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ပန်းချီလိပ်တစ်ခုကိုသာ တွေ့လိုက်ရ၏။
"ဘာလို့ အဝတ်စုတ် ပန်းချီလိပ် တစ်ခုတည်း ရှိတာလဲ"
လင်ယန်ရွှယ်က နားမလည်စွာ မေးသည်။
လင်ချွမ် ပန်းချီလိပ်ကို ဖြန့်ကြည့်လိုက်သောအခါ ကျင့်ကြံမှု နယ်ပယ်များကို အသေးစိတ် ရေးဆွဲထားသည်ကို တွေ့ရသည်။
နဝမအဆင့်မှသည် ပထမအဆင့်၊ ထို့နောက် မသေမျိုးနယ်ပယ်နှင့် သိုင်းဧကရာဇ်အဆင့်အထိ အလွန်အသေးစိတ်လှခြင်းပင်။
ပထမအဆင့်မှ အထွတ်အထိပ်နယ်ပယ်သို့ ကူးပြောင်းသည့် အဆင့်ကို "နယ်ပယ်"
ဟု ခေါ်ကြောင်းလည်း ဖော်ပြထားသည်။
"ဒါ ရှင် ကျွန်မအပေါ် သုံးလိုက်တဲ့ ပညာလား"
လင်ချွမ်က မဖြေဘဲ အတွေးထဲ နစ်ဝင်နေ၏။
နယ်ပယ်ဆိုသည်မှာ အထွတ်အထိပ်သို့ ကူးပြောင်းခြင်းသာ ဖြစ်ပြီး လူတစ်ဦးချင်းစီ၏ အခြေအနေအလိုက် ပိုင်ဆိုင်သည့် နယ်ပယ်ချင်း မတူညီကြပေ။
ဒါက အဆင့်မြင့် ကျင့်ကြံခြင်း တစ်ခုနှင့် တူနေ၏။
ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ နယ်ပယ်၏ အတိုင်းအတာမှာလည်း ပိုမိုကျယ်ပြန့်လာမည်။
"ရှောင်လင်ကျောင်းထိုင်ဆရာတော် ကျန့်ခုန်းက ကျင့်ကြံမှုအဆင့်တွေအကြောင်း ဒီလောက် သိနေတာ မဆန်းတော့ဘူး"
"ရှောင်လင်မှာ ဒီကျင့်စဉ်ကို ကူးပြီး သိမ်းထားတာတွေ ရှိနေမှာ သေချာတယ်"
လင်ချွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ရှောင်လင်သည် သိုင်းပညာ၏ ရှေ့ဆက်နယ်ပယ်များကို သိထားသော်လည်း မည်သည့်ဂိုဏ်းကိုမျှ မမျှဝေဘဲ တစ်ဂိုဏ်းတည်းသာ စွဲကိုင်ထားခဲ့ကြသည်။
ဤသည်မှာ သိုင်းလောကကို တိုးတက်မှု နောက်ကျနေစေခြင်းပင်။
"ဒါက နားလည်ရ အရမ်းခက်တာပဲ"
လင်ယန်ရွှယ်က ဇဝေဇဝါ ဖြစ်သွား၏။
လင်ချွမ်ကဲ့သို့ တစ်ချက်ကြည့်ရုံဖြင့် သူမ နားမလည်နိုင်ပေ။
"ဒီပန်းချီလိပ်က မင်းနဲ့ မကိုက်ဘူး။ မင်း အဆင့်တက်ချင်ရင် ငါ ကူညီပေးမယ်"
လင်ချွမ်က အေးဆေးစွာပင် ပြောလိုက်သည်။
နတ်ဆိုးဂိုဏ်းဝင် ဖြစ်သော်လည်း လင်ယန်ရွှယ်မှာ ဗီဇအရ ဆိုးသွမ်းသူ မဟုတ်ကြောင်း သူ သတိပြုမိလာခြင်း ကြောင့်ပင်။
ရှောင်လင်ကျောင်းတော်သည် သိုင်းလောက အားနည်းလာသည်ကို သိလျက်နှင့် အဆင့်မြင့်ကျင့်ကြံမှုများကို ဖုံးကွယ်ထားခဲ့သည်။ အားလုံးက ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်နေကြသဖြင့် လင်ချွမ်လည်း အားနာနေစရာ မလိုတော့ပေ။
"ဒီည ငါ ရှောင်လင်ရဲ့ ပိဋကတ်တိုက် ကို သွားမယ်"
"အဲဒီက ဘုန်းကြီးအိုတွေ ဘာလျှို့ဝှက်ချက်တွေ ဖုံးထားသေးလဲဆိုတာ ငါ သွားကြည့်ရမယ်"