← Chapters

မိန်းမတွေရဲ့ ပြဿနာလား၊

Vol. 8 Ch. 74

မိန်းမတွေရဲ့ ပြဿနာလား၊

Vol. 8 Ch. 74

ကျင့်ကြံခြင်းထက် ဘာမှ ပိုအရေးမကြီးဘူး

လင်ယန်ရွှယ် ကတော့ ရှောင်လင်ကျောင်းတော်ကြီးကို ဂရုမစိုက်သလို လင်ချွမ်ကိုသာ ပြုံးကြည့်နေခဲ့​၏။

နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသော ဤကျောင်းတော်ဟောင်းကြီးသည် ဂုဏ်သတင်းနှင့် ထိုက်တန်လှပေသည်။

လင်ချွမ်သည် ပိဋကတ်တိုက်ထဲသို့ ဝင်လိုက်သည်နှင့် ဒဏ္ဍာရီလာ 'တံမြက်လှည်းဘုန်းကြီး' အကြောင်းကို ရုတ်တရက် သတိရသွားသည်။

(TN note - တံမြက်လှည်းဘုန်းကြီး ဆိုတာ

နာမည်ကျော် စာရေးဆရာ ကျင့်ယုံ ရေးသားတဲ့ "နဂါးကိုးပါးကျိန်စာ" ဆိုတဲ့ ဝတ္ထုထဲက ဖြစ်ပါတယ်။ ရှောင်လင်ကျောင်းရဲ့ ကျမ်းစာဂိုဒေါင်မှာ နှစ်ပေါင်းများစွာ တံမြက်လှည်းပြီး သန့်ရှင်းရေးလုပ်နေတဲ့ အိုမင်းမစွမ်းပုံစံရှိတဲ့ ဘုန်းကြီးအိုတစ်ပါးပါ။

အပြင်ပန်းကြည့်ရင်တော့ သာမန်လူတစ်ယောက်လိုပဲ အေးအေးဆေးဆေး နေတတ်ပေမဲ့၊ တကယ်တမ်းမှာတော့ အလွန်ထူးချွန်တဲ့ အရည်အချင်းတွေ၊ မခန့်မှန်းနိုင်တဲ့ အစွမ်းအစတွေ ရှိနေခဲ့တာ ပုဂ္ဂိုလ်ဖြစ်နေတာပါ။)

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး တကယ်ရှိသလား။

တိုက်ခိုက်မည့်သူမရှိဘဲ ပြိုင်ဘက်ကင်း အထီးကျန်နေသော လင်ချွမ်အတွက် ထိုပုဂ္ဂိုလ်နှင့် တွေ့ဆုံရန် မျှော်လင့်ချက်မှာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းနေခြင်းပင်။

"အပေါ်တက်ကြည့်ရအောင်"

လင်ချွမ်​၏ ချောမောသော မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာသည်။

လင်ယန်ရွှယ်ကတော့ နားမလည်နိုင် ဖြစ်နေရသည်။

လင်ချွမ်တစ်ယောက် သူခိုးလုပ်ရတာကို ဒီလောက်အထိ စိတ်အားထက်သန်နေလိမ့်မည်ဟု သူမ မယုံနိုင်ပေ။

သူတို့နှစ်ဦးသည် ဟောင်းနွမ်းနေသော သစ်သားလှေကားများ၏ ကျွီကျွီကျွတ်ကျွတ် မြည်သံများနှင့်အတူ အပေါ်ဆုံးထပ်သို့ တက်လာခဲ့ကြသည်။

သို့သော် ထိုနေရာတွင် မည်သူမျှ မရှိပေ။

"ဘယ်သူမှ မရှိဘူးလား"

လင်ချွမ်က စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။

"ရှင်က တကယ်ပဲ တစ်ယောက်ယောက်ကို တွေ့ချင်နေတာလား"

ဟု လင်ယန်ရွှယ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

လင်ချွမ်သည် ပိဋကတ်တိုက်ထဲ ရောက်ကတည်းက တစ်ခုခုကို ရှာနေသလိုမျိုး ထူးထူးဆန်းဆန်း ဖြစ်နေသောကြောင့်ပင်။

သူသည် အပေါ်ဆုံးထပ်တွင် လှည့်ပတ်ကြည့်သော်လည်း တံမြက်လှည်းဘုန်းကြီးကို ရှာမတွေ့ခဲ့ပေ။

"ထားလိုက်ပါတော့၊ နှစ်ပေါင်း ရာချီကြာသွားပြီဆိုတော့ ရှိခဲ့ရင်တောင် အသက်ကြီးပြီး သေလောက်ပြီပေါ့"

ဟု သူ သက်ပြင်းချလိုက်မိသည်။

"တောက်! ဒီအပေါ်မှာ သိုင်းကျမ်းတစ်စောင်မှ မရှိဘူး၊ ဗုဒ္ဓကျမ်းစာတွေချည်းပဲ"

လင်ယန်ရွှယ်က မကျေမနပ် ညည်းတွားလိုက်သည်။

သူမ​၏ စကားကြောင့် လင်ချွမ် သတိပြန်ဝင်လာသည်။

အပေါ်ဆုံးထပ်မှာ သန့်ရှင်းနေပြီး အလယ်တည့်တည့်တွင် ထိုင်ခုံ တစ်ခု ချထားသည်ကို သတိထားမိလိုက်ပေ​၏။

ဗုဒ္ဓကျမ်းစာများသာ ထားရှိသော ဤနေရာကို နေ့တိုင်း သန့်ရှင်းရေး လုပ်နေခြင်းမှာ ထူးဆန်းနေသည်။

လင်ချွမ်သည် ထိုထိုင်ခုံကို အသာအယာ မကြည့်လိုက်ရာ အောက်တွင် "ဒေါက်" ခနဲ အသံထွက်လာသည်။

"အခေါင်းလား"

လင်ယန်ရွှယ် စိတ်လှုပ်ရှားသွားသည်။

လျှို့ဝှက်အခန်းများ ရှိနေခြင်းသည် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ ရှိနေသည်ဟု ဆိုလိုခြင်းပင်။

"ဘုန်း"

လင်ယန်ရွှယ်က လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သစ်သားပြားများ ပွင့်ထွက်သွားပြီး အတွင်းရှိ ပစ္စည်း ပေါ်လာသည်။

သို့သော် ၎င်းမှာ 'ယီကျင်ကျင်း ကျမ်း' မဟုတ်ဘဲ သံချေးတက်နေသော သော့တစ်ချောင်းသာ ဖြစ်နေ​၏။

(TN note - ယီကျင်ကျင်း ကျမ်း ဆိုတာ

ရှောင်လင်ကျောင်းက ဘုန်းကြီးတွေ ကျင့်ကြံတဲ့ 'ခန္ဓာကိုယ်ရဲ့ အကြော၊ အသားတွေကို ပိုမို သန်စွမ်းအောင် လေ့ကျင့်နိုင်တဲ့ ကျမ်းတစ်ခုပါ'

ဒီ ဝတ္ထုမှာ မပါပေမယ့် အစ်မက ဖတ်ရသူတွေ အဆင်ပြေအောင် googling လုပ်ထားတာပါ ^^)

ထိုသော့ကို ဖုံးကွယ်ထားပုံအရ ၎င်းသည် အလွန်အရေးကြီးသော နေရာတစ်ခုကို ဖွင့်နိုင်သည့်သော့ ဖြစ်ရမည်။

ထိုစဉ် ဝေးကွာသောနေရာမှ ခြေသံများ ကြားလိုက်ရပြီး ရှောင်လင်ကျောင်းတော်အတွင်း မီးရှူးမီးပန်းများ လင်းထိန်လာသည်။

"လျှို့ဝှက်အခန်းအောက်မှာ အချက်ပေးကိရိယာ တစ်ခု ရှိနေတာပဲ"

လင်ချွမ်က အသံနက်ကြီးဖြင့် ပြောလိုက်သည်။

သူသည် သော့ကို ဆွဲယူကာ လင်ယန်ရွှယ်နှင့်အတူ မှောင်ရိပ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

...

နောက်တစ်နေ့ မိုးလင်းသောအခါ ရှောင်လင်ရှိ သိုင်းသမားအားလုံး ပိဋကတ်တိုက် ဖောက်ထွင်းခံရကြောင်း သိသွားကြသော်လည်း ဘာပျောက်ဆုံးသွားသည်ကိုမူ ရှောင်လင်ဘက်က ဖုံးကွယ်ထားခဲ့ခြင်းပင်။

ဤသည်မှာ ထိုသော့၏ အရေးပါမှုကို ပို၍ သက်သေပြနေသကဲ့သို့ပင်။

လင်ချွမ်သည် သော့၏ အသုံးဝင်ပုံကို သိလိုသော်လည်း ဝူတန်အဖွဲ့နှင့်အတူ ပြန်ရမည်ဖြစ်သောကြောင့် လောလောဆယ် ဘေးဖယ်ထားလိုက်ရ​၏။

ဓားနတ်ဘုရား၏ အစီအစဉ်အရ ယွဲ့ချင်းရိုသည်လည်း ဝူတန်ဂိုဏ်းသို့ လိုက်ပါလာခဲ့သည်။

ငါးရက်ကြာ ခရီးနှင်ပြီးနောက် သူတို့ ဝူတန်တောင်သို့ ပြန်ရောက်လာကြသည်။

ယွဲ့ချင်းရိုမှာ အမျိုးသမီးဖြစ်သဖြင့် သူမကို ရှောင်းယောက် တောင်ထိပ်တွင် နေထိုင်ရန် စီစဉ်ပေးလိုက်သည်။

သို့သော် သူမ တောင်ထိပ်ပေါ်ရှိ ကျောက်ဘုရားကျောင်းထဲသို့ ခြေချလိုက်သည်နှင့် ဆုမေ့အာ နှင့် ကျန်းခွေ့ တို့၏ မိစ္ဆာအငွေ့အသက်ကို ချက်ချင်း အာရုံခံမိသွားတော့သည်။

"ဝူတန်ဂိုဏ်းက တကယ်ပဲ မိစ္ဆာတွေနဲ့ ပူးပေါင်းနေတာလား"

ယွဲ့ချင်းရိုက ဒေါသတကြီး အော်ဟစ်လိုက်ခြင်း။

ထိုနေရာတွင် လင်ယန်ရွှယ်လည်း ရှိနေသဖြင့် သူမ ပို၍ ဒေါသထွက်သွားသည်။

"နတ်ဆိုးဂိုဏ်းအကြောင်း မင်း ကြိုက်သလို ပြောနိုင်တယ်၊ ဒါပေမဲ့ လင်ချွမ်ကို စော်ကားမယ်ဆိုရင်တော့ မင်းရဲ့ ပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ်"

လင်ယန်ရွှယ်၏ အေးစက်လှသော ပထမအဆင့် အထွတ်အထိပ် အရှိန်အဝါကြောင့် ယွဲ့ချင်းရို တုန်လှုပ်သွားရသည်။

အကယ်၍ လင်ယန်ရွှယ်က သတ်မည်ဆိုလျှင် မည်သူမျှ တားနိုင်မည် မဟုတ်ပေ။

"အကြီးအကဲလင်၊ ကျွန်တော့်ရဲ့ ဘုရားကျောင်းအိုကြီးတော့ ခင်ဗျားတို့ရဲ့ စစ်တလင်း ဖြစ်တော့မှာပဲ"

ယင်ဟွိုက်ယွီ က သက်ပြင်းချကာ ဆိုလိုက်သည်။

ထိုအချိန်တွင် လင်ချွမ်ကတော့ နွားကျောင်းရင်း ဗုဒ္ဓလက်ဝါး သိုင်းကျမ်း ကို လေ့ကျင့်နေသည်။

"မိန်းမတွေရဲ့ ပြဿနာလား၊

ကျင့်ကြံခြင်းထက် ပိုအရေးကြီးမ နေဘူး"

All Chapters