ဆေးလုံးတွေ ပေါများလွန်း၍ သကြားလုံးလိုပဲ စားနေရခြင်း
Vol. 8 Ch. 75
ဗုဒ္ဓလက်ဝါးသိုင်းကျမ်း ဆိုသည်မှာ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော နတ်ဘုရားအဆင့် သိုင်းပညာတစ်ခုပင်။
၎င်းသည် ထိုက်ကျိ ထက်ပင် လေ့ကျင့်ရန် အဆင့်အတန်း ပိုမြင့်မားသည်။
ထိုက်ကျိသည် ကျန်းမာရေးအတွက်ပါ လေ့ကျင့်နိုင်သော်လည်း ဗုဒ္ဓလက်ဝါး သိုင်းကျမ်းမှာမူ သန့်စင်သော နည်းလမ်းဖြင့် သတ်ဖြတ်ခြင်း အတတ်ပညာပင်။
ရှောင်လင်ကျောင်းတော်တွင် နှစ်ပေါင်းရာချီအောင် ပါရမီရှင် မပေါ်ထွက်ခဲ့ခြင်းမှာလည်း ဤပညာရပ်၏ ခက်ခဲနက်နဲမှုကြောင့်ပင် ဖြစ်နိုင်ချေ များ၏။
ပိဋကတ်တိုက်မှာ တစ်ကြိမ် စနစ် ဝင်ရောက်ခဲ့ရုံနှင့် ဤပညာကို ရခဲ့ခြင်းဖြစ်သည်။
"စနစ်က ဆုပေးထားမှတော့ ငါမလေ့ကျင့်နိုင်စရာ အကြောင်းမရှိဘူး"
ဟု သူက တွေးမိသည်။
စိတ်ကို တည်ငြိမ်အောင်ထားကာ ဗုဒ္ဓလက်ဝါး သိုင်းကျမ်း၏ ကျင့်စဉ်များကို အာရုံဖော်လိုက်
သည်။
စုစုပေါင်း ၁၂ ကွက် ရှိပြီး ရှစ်ကွက်မြောက်မှာ လူသိများလှသည့် "ဗုဒ္ဓတစ်သောင်း စွမ်းအားဖြင့်ကန်တော့ခြင်း" ဖြစ်သည်။
နောက်ဆုံးအကွက်များမှာ ဟင်းလင်းပြင်ကိုပင် ရိုက်ခွဲနိုင်သည့် အစွမ်းရှိရာ ၎င်းမှာ သိုင်းပညာထက် မသေမျိုးကျင့်ကြံခြင်း နှင့် ပိုတူနေ၏။
"တကယ့်ကို သိုင်းပညာရဲ့ အဆုံးစွန်က မသေမျိုး အမတ ကျင့်ကြံခြင်းပဲ"
ဟု လင်ချွမ် ရေရွတ်လိုက်သည်။
သို့သော် ဤပညာကို အပြည့်အဝ တတ်မြောက်ရန်မှာ အထွတ်အထိပ် နယ်ပယ် သို့
အရင်ရောက်ရန် လိုအပ်သည်။
သူသည် ရှောင်လင်မှရလာသော ပန်းချီလိပ်ကို ထုတ်ကြည့်လိုက်ရာ "နယ်ပယ် " ကို ကျွမ်းကျင်ခြင်းသည် မသေမျိုးလမ်းစဉ်သို့ ခြေတစ်လှမ်း စလှမ်းခြင်းဖြစ်ကြောင်း သိလိုက်ရခြင်းပင်။
သို့သော် ထိုသို့ အဆင့်တက်ရန်မှာ အရင်းအမြစ် အမြောက်အမြား လိုအပ်သည်။
ပါရမီရှင် တစ်ဦးကို မွေးထုတ်ရန်မှာ ဂိုဏ်းကြီးတစ်ခု၏ ဘဏ္ဍာတိုက်ကိုပင် ပြောင်သလင်းခါသွားစေနိုင်၏။
ကံကောင်းသည်မှာ လင်ချွမ်တွင် ဆယ်နှစ်တိုင်တိုင် စုဆောင်းထားသော နတ်ဘုရားဆေးလုံး များစွာ ရှိနေခြင်းပင်။
လင်ချွမ်သည် သစ်ပင်အောက်တွင် ထိုင်ကာ ထိုဆေးလုံးများကို ပဲလှော်စားသလို တစ်ဆုပ်ပြီးတစ်ဆုပ် ပါးစပ်ထဲ ပစ်ထည့်နေသည်။
အကယ်၍ အခြားသူများ မြင်လျှင် သွေးအန်သွားပေလိမ့်မည်။
အကြောင်းမှာ ထိုဆေးတစ်လုံးသည် သာမန်အားဆေး ဆယ်လုံးနှင့် ညီမျှပြီး ဝူတန်ဂိုဏ်းတွင်ပင် အနည်းငယ်သာ ရှိသောကြောင့်ပင်။
လင်ချွမ်မှာ ဆေးလုံးတွေ များလွန်းသဖြင့် အဆင့်မတက်မချင်း သကြားလုံးစားသလို နေ့တိုင်း စားနေရ ပေသည်။
"လင်ချွမ်၊ အကြီးအကျယ် ပြဿနာတက်ပြီ"
ရုတ်တရက် ချန်အာကောတစ်ယောက် အမောတကော ပြေးဆင်းလာသည်။
"ဟယ်ဟွမ်းဂိုဏ်းက ဂိုဏ်းချုပ်လင်နဲ့ သခင်မလေးယွဲ့တို့ တိုက်နေကြပြီ"
လင်ချွမ် ပါးစပ်ထဲ ဆေးလုံးငုံလျက်သားနှင့် ကြောင်အသွားသည်။
ယွဲ့ချင်းရို က ဘာလို့ လင်ယန်ရွှယ်ကို သွားစိန်ခေါ်တာလဲ။
သူသည် ဆေးလုံးများကို သိမ်းကာ တောင်ပေါ်သို့ ချက်ချင်း လိုက်သွားတော့သည်။
...
ရှောင်းယောက် တောင်ထိပ်တွင်။
လင်ယန်ရွှယ်က ယွဲ့ချင်းရိုကို အေးစက်စွာ ပညာပေးနေသည်။
ယွဲ့ချင်းရိုမှာ သူမ၏ 'နဂါးဟိန်းသံဓား' ကို ထုတ်သုံးသော်လည်း လင်ယန်ရွှယ်၏ လက်ဝါးရိုက်ချက်အောက်တွင် ခံစစ်ချည်း ဖြစ်နေရခြင်းပင်။
ဘေးတွင်ကြည့်နေသော ယင်ဟွိုက်ယွီ မှာလည်း အားနာနေမိသည်။
လင်ယန်ရွှယ်သည် ယွဲ့ချင်းရို၏ ခန္ဓာကိုယ်ကိုသာမက စိတ်ဓာတ်ကိုပါ ချိုးနှိမ်ရန် ကြိုးစားနေခြင်း။
"ဒါလား ဓားနတ်ဘုရားရဲ့ တပည့် တကယ့်ကို သနားစရာပဲ"
လင်ယန်ရွှယ်က လှောင်ပြောင်လိုက်သည်။
"မင်းလို မိစ္ဆာမကို ငါ အသေခံပြီး တိုက်မယ်"
ယွဲ့ချင်းရိုက အော်ဟစ်ကာ သူမ၏ သွေးများကို နဂါးဟိန်းသံဓားပေါ်သို့ ထွေးထုတ်လိုက်သည်။
ဓားဆီမှ ကြောက်မက်ဖွယ် နဂါးဟိန်းသံ ထွက်ပေါ်လာပြီး ယွဲ့ချင်းရို၏ မျက်လုံးများ သွေးနီရောင် ပြောင်းသွားသည်။
သူမသည် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားပြီး 'သွေးဆာမှုနှင့် ရူးသွပ်နေသောဓား'ပညာကို ထုတ်သုံးလိုက်ခဲ့ပြီ။