အပိုင်း(၁၆၈)-ဒေါ်လေးငယ်အား ရှောင်ရှားခြင်း
Vol. 002 Ch. 168
သူတို့အုပ်စုသည် မြင်းစီးပြီးအရှိန်မြင့်လိုက်ရာ နေမဝင်ခင်တွင် သုံးနွေဦးမြို့တော်သို့ အလောတကြီးရောက်ရှိကြလေသည်။
ဖက်တီးကျူနှင့် ကျန်သောသူများသည် ခမ်းနားကြီးကျယ်သော နန်းမြင့်မြို့တော်အား တွေ့သည်နှင့် တစ်ယောက်ပြီးတစ်ယောက် အံ့သြနေတော့သည် “မြို့တံတိုင်းက တကယ်မြင့်တာပဲ၊ ဒုံချန်းနိုင်ငံက တံတိုင်းက ဒါနဲ့ယှဉ်ရင် တော်တော်အားနည်းတာပဲ” ဖက်တီးကျူသည် အံ့အားသင့်စွာပြောလေသည်။
“ဒီတံတိုင်းက…… မီတာ ၁၀၀လောက်မြင့်တာလား” ဝေကျိရွှီသည် တံတိုင်းထပ်သို့ ခေါင်းမော့ကာ စစ်ဆေးကြည့်နေသည်။
“အဲလောက် ဖြစ်လောက်တယ်” ရှီမာယူယူသည်လည်း ထိုအမြင့်လောက်ရှိသော တံတိုင်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ သူတို့ အရင်ကမြင်ဖူးသော တခြားတံတိုင်းများသည် အခုတံတိုင်းနှင့် ယှဉ်ရင် ဘာမှမဟုတ်ပေ။
ဝူရန်ဖေနှင့် ဘေဂုံထန်သည်သာ တည်ငြိမ်နေလေသည်။ သူတို့ဒီလိုမျိုးအတွေ့အကြုံသည် ပထမဆုံးအကြိမ်မဟုတ်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ “တကယ်တော့ဟုတ်တယ်၊ ကျန်တဲ့တံတိုင်းတွေကလည်း ဒီလောက်အမြင့်ပဲ” ဘိုင်ယွန်ရွှီပြောလိုက်သည် “ဘာလို့လဲဆိုတော့ သုံးနွေဦးမြို့တော်က ဆိုဖီယာတောင်တန်းနဲ့နီးတယ်၊ ပြီးတော့ ဝိညာဉ်သားရဲရေစီးကြောင်းလည်း နှစ်တိုင်းလိုလိုမှာပေါ်လာတယ်လေ၊ အဲဒါကြောင့်တံတိုင်းကို မြင့်မြင့်နဲ့ထူထူဆောက်ထားတာ”
“သားရဲရေစီးကြောင်းဟုတ်လား၊ ဟိန်းသံလေးပြောတဲ့ သားရဲရွှေ့ပြောင်းတဲ့ကိစ္စလား” ဖက်တီးကျူမေးလိုက်သည်။
“ဒီလိုအချိန်လောက်ဆို ဖြစ်တတ်တယ်” ဘိုင်ယွန်ရွှီသည် ခေါင်းရမ်းကာပြောလိုက်သည် “ပြီးခဲတဲ့ သားရဲရေစီးကြောင်းကပုံမှန်ပဲ၊ ဟုတ်မလားတော့မသိသေးဘူး၊ ဒီတစ်ခါ သားရဲရေစီးကြောင်းက ဆိုဖီယာတောင်တန်းတင်မဟုတ်ဘူး၊ အပြင်ကိုပါရောက်လာနိုင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဦးလေးကို သတင်းပေးရမယ်၊ အဲဒါမှ သူပြင်ဆင်လို့ရမှာ”
“မြို့တော်ကို မြန်မြန်သွားရအောင်” လီကီပြောလိုက်သည်။
ဂိတ်စောင့်များသည် ဂိတ်တံခါးပိတ်တော့မည်ဖြစ်၍ မြို့အတွင်းသို့ ဝင်မည့်သူများ မြန်မြန်ဝင်ရန် အော်နေကြသည်ကို ရှီမာယူယူမြင်လိုက်ရသည်။ ထို့ကြောင့် သူတို့အုပ်စုသည် အလောတကြီးဝင်လိုက်ကြသည် “သခင်လေး”
ရှီမာယူယူနှင့် တခြားသူများ မြို့တော်သို့ဝင်ချိန်တွင် အစေခံလူတစ်ယောက်ပေါ်လာကာ ဘိုင်ယွန်ရွှီ ရှေ့သို့ အလောတကြီးရောက်လာပြီး သူ့ကားဖက်ကာ ငိုတော့သည်။
“လီစီလား အိမ်စောင့်အဖြစ် တာဝန်ယူထားတယမဟုတ်လား၊ ဘာလို့ဒီမှာရှိနေတာလဲ” ဘိုင်ယွန်ရွှီသည် လီစီအား တွန်းထုတ်ရန် ကြိုးစားသော်လည်း သူသည် တင်းကျပ်စွာဖက်ထားသည်။
“သခင်လေး နောက်ဆုံးတော့ပြန်လာပြီလား၊ သခင်လေးပြန်မလာရင် လီစီရဲ့ တင်ပါးကတော့ အရိုက်ခံရလို့ အညိုမည်းစွဲတော့မှာပဲ” လီစီသည် ဘိုင်ယွန်ရွှီအား ဖက်ကာ ကျယ်လောင်စွာအော်လိုက်သည်။
“ဘာဖြစ်လို့လဲ၊ ငါ့အဒေါ်အပြစ်ပေးတာ ခံရပြန်ပြီလား” ဘိုင်ယွန်ရွှီမေးလိုက်သည်။
“သခင်မက သခင်လေးဆိုဖီယာတောင်တန်းသွားတာ သိတာနဲ့ သခင်လေးကို ဒီမှနေ့တိုင်းစောင့်ဖို့ အမိန့်ပေးထားတယ်၊ သခင်လေးသာပြန်မလာရင် ကျွန်တော် ထမင်းစားလို့မရဘူး၊ ရွှတ်ရွှတ် သခင်လေးကို မစောင့်နိုင်ရင် ကျွန်တော့်တင်ပါး သွေးထွက်အောင် ရိုက်မယ်လို့လည်း ပြောတယ်” လီစီငိုတော့သည် “သခင်လေး ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ကျွန်တော်နဲ့လိုက်ရမယ်၊ အဲလိုမဟုတ်ရင် သခင်မကြီးက ကျွန်တော့်ကို ချမ်းသာပေးမှာမဟုတ်ဘူး”
“ငါ ဆိုဖီယာတောင်တန်းကိုသွားတာ ဒေါ်လေးငယ်က ဘယ်လိုသိလဲမသိဘူး” ဘိုင်ယွန်ရွှီသည် လီစီ အားလုံးဖွင့်ပြောရန် ကြိုးစားကြည့်သည်။ ရှီမာယူယူသည် လီစီ၏ ပုံသဏ္ဌာန်ကိုသာ သတိပြုမိသည်။ သူသည် မျက်နှာဖြူကာ ရင့်ကျက်မှုမရှိပေ။ သူသည် သူတို့နှင့် သက်တူရွယ်တူရှိလောက်သည် “သခင်လေး တုံးတာလား ဘာလား သခင်လေးက ဖြတ်လမ်းတည်ဆောက်မှုကိုသုံးဖို့ ဒီလာမှာတော့ သခင်မကြီးက မသိပဲဘယ်နေမလဲ” လီစီသည် နှာရည်များကို သုတ်ကာ ပြောလေသည် “သခင်လေး တစ်လှမ်းလှမ်းတာနဲ့ သခင်မကြီးက နောက်တစ်လှမ်းကို သိနေပြီ၊ အဲတော့ ကျွန်တော့်ကို သခင်လေးကို ဒီမှာနေ့တိုင်း လာစောင့်ခိုင်းတာပဲ၊ ကျွန်တော် သခင်လေးကို နှစ်လလုံးစောင့်ခဲ့တာ၊ နောက်ဆုံးတော့ပြန်လာပြီ ရွှတ် ရွှတ်၊ သခင်လေး ဒီတစ်ခါ ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ မဟုတ်ရင် ကျွန်တော်အိမ်ကထွက်ပြေးမှာ”
ရှီမာယူယူသည် လီစီ၏ စကားလုံးများကိုကြားသည်။ သူနှင့် ဘိုင်ယွန်ရွှီကြားက ဆက်ဆံရေးကိုကြည့်ရာ သူသည် သေးငယ်သော အစေခံရာထူးကို ထိန်းမထားနိုင်သည့်ပုံပေါ်သည်။
ဘိုင်ယွန်ရွှီသည် လီစီ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည် “သနားစရာကောင်းလိုက်တဲ့ ကလေး ဒီတစ်ခါ ငါ ဦးလေးနဲ့ အဒေါ်ကို လာရှာတာ ထပ်ပြီးထွက်မပြေးပါဘူး”
“တကယ်လား” လီစီသည် တောက်ပသော မျက်လုံးများဖြင့် ခေါင်းမော့လာသည်။
“သွားရအောင် ဦးလေးကို ပြောစရာတွေရှိတယ်” ဘိုင်ယွန်ရွှီပြောလိုက်သည်။
“ဟုတ် သွားရအောင်” လီစီသည် မရှိနေသော မျက်ရည်များကို သုတ်ကာ လှည့်ပြီး ခေါင်းမော့ကာ ထွက်သွားလေသည်။
ထိုသုံးနွေဦးမြို့တော်နှင့် ဆားမြိုု့တို့သည် တူညီသော တောင်အစွန်မြို့များဖြစ်ကြသည်။ သို့သော် မြို့တော်အကျယ်အဝန်းမှာ မတူညီကြပေ။ ဆားမြို့တော်၏ တစ်ဝက်လောက်သာရှိမည်။ သူတို့သည် ဒေါင့်ဆီသို့လျှောက်လာကြရာ ထိုနေရာတွင် ဝိညာဉ်ရထားလုံးအသံတချို့အား ကြားလိုက်ရသည်။ လီစီ ခေါ်ဆောင်လာသော လူများအားတွေ့သည်နှင့် လှည်းမှူးများသည် ခုန်ဆင်းလိုက်ကြသည်။
“သခင်လေးကို နှှုတ်ဆက်ပါတယ်”
လှည်းမှူးသည် ဘိုင်ယွန်ရွှီအား အလေးပြုကာ အော်လိုက်သည်။ ဘိုင်ယွန်ရွှီသည် ထိုသားရဲလှည်းများအား တွေ့သည်နှင့် ပြောလိုက်သည် “ဒေါ်လေးက ဒါတွေပါပြင်ထားတာပဲ၊ ဒီလိုဆိုမှတော့ ဦးလေးလီ ကျွန်တော်တို့မောင်းသွားတာပေါ့”
ဘိုင်ယွန်ရွှီနှင့် လီလီသည် ပထမလှည်းတွင်စီးကာ ရှီမာယူယူနှင့် တခြားသူများသည် ဒုတိယလှည်း၊ ကျန်သောကြေးစားအုပ်စုများသည် နောက်တွင်ရှိသော လှည်းများတွင် စီးလာကြလေသည်။
သားရဲလှည်းများသည် လျင်မြန်စွာပင် ကဆုန်ပေါက်ပြေးလေသည်။ ရှီမာယူယူနှင့် ကျန်သောသူများသည် လိုက်ကာအား မ,ပြီးကြည့်ရာ သူတို့သည် လမ်းအလွတ်တွင် အရှိန်ဖြင့်ပြေးနေသည်ကို သိလိုက်ရသည်။ လူအုပ်သည် လမ်းနှစ်ဖက်တွင် သွားလာနေရာ လမ်းမကြီးတွင် လမ်းလျှောက်သည့်သူ မရှိပေ။
ထိုသည်မှာ သူမအရင်ဘဝက ကားလမ်းမဘေးမှ လျှောက်လမ်းနှင့်တူသည်။
သားရဲလှည်းသည် တစ်နာရီခွဲလောက် သွားပြီးနောက်တွင် ရပ်တန့်လိုက်သည်။ ရှီမာယူယူနှင့် ကျန်သောသူများသည် ဆင်းလိုက်ရာ ခမ်းနားထည်ဝါသော အိမ်ကြီးကိုတွေ့လိုက်ရသည်။
“ဒါက မြို့တော်ရဲ့ ပင်မအိမ်တော်လား၊ ဒုံချန်းတိုင်းပြည်က အင်ပါယာနန်းတော်ထက် မကြီးဘူးလား” ဖက်တီးကျူသည် ပင်မအိမ်တော်အားမြင်သည်နှင့် တအံ့တသြပြောလေသည်။
ဘိုင်ယွန်ရွှီသည် လျှောက်လာကာ ပြောလိုက်သည် “ဒါက အရင်ဘုရင်ခံက ဆာက်ထားတာ၊ င့ါဦးလေးနဲ့ အဒေါ်နဲ့က ငှားထားတာ အထဲက အပြင်လောက် မသနားဘူး”
“သခင်လေး ဝင်ရအောင်လေ၊ သခင်မကြီးနဲ့ တခြားသူတွေက မျှော်နေပြီ” လီစီပြောလေသည်။
“သွားရအောင်” ဘိုင်ယွန်ရွှီသည် ကျန်သောသူများကို ပြောလိုက်လေသည်။
ဝင်ရာတွင် ရှီမာယူယူနှင့် တခြားသူများသည် အထဲရှိ ပြင်ဆင်မှုသည် ရိုးရှင်းသည်ကို သတိထားမိလိုက်သည်။ အပြင်နှင့် ယှဉ်လျှင် လုံးဝကွာခြားသည်။ အပြင်တွင် ထူးခြားကာ အထဲတွင် ရိုးရှင်းသလိုနှင့် မရိုးရှင်းပေ။
ဖြတ်သွားသော လူများသည် ဘိုင်ယွန်ရွှီအား အလေးပြုကြသည်။ ဘိုင်ယွန်ရွှီသည် ပြုံးကာ အားလုံးအား ပြန်နှုတ်ဆက်သည်။ ထိုအပြုအမူသည် သူသည် ထိုဆီမှ လူများနှင့် ရင်းနှီးသည့်ပုံပေါ်သည်။
လီစီသည် ဘိုင်ယွန်ရွှီ၊ လီကီနှင့် ရှီမာယူယူနှင့် အုပ်စုအား ဧည့်ခန်းသို့ခေါ်သွားလေသည်၊ တခြားသော အစေခံများသည် ကြေးစားအုပ်စုအား နားနေခန်းသို့ခေါ်သွားလေသည်။
“သခင်လေး ဒီမှာခဏစောင့်ပါ၊ သခင်ကြီးနဲ့ သခင်မကြီးက ခဏနေလာပါလိမ့်မယ်” လီစီသည် ဘေးတွင် ရှိသော အစေခံများအားကြည့်လိုက်ရာ သူတို့သည် ချက်ချင်းပင်ထွက်သွားကြလေသည်။
တစ်ဖက်ခန်းမှ အစေခံများသည် သူတို့အား လက်ဖက်ရည်ဖြင့် ဧည့်ခံသည်။ ရှီမာယူယူသည် ဧည့်ခန်းမှ ပြင်ဆင်မှုကို ကြည့်နေသည်။ လိုအပ်သော စားပွဲနှင့် ထိုင်ခုံများမှလွဲ၍ အခန်းထောင့်နှစ်ခုတွင် ကျောက်ပန်းပုနှစ်ခုရှိရာ အလယ်ခုံအထက်တွင် ကျောက်ပြားချိတ်ဆွဲထားသည်။ ထိုကျောက်ပြားပေါ်တွင် မြို့သားများ၏ ကြိုးစားသည်ဟု အခေါ်ရှိသော စကားလုံးများကို ထွင်းထားသည်။
ရှီမာယူယူသည် ခေါင်းငုံ့ကာ ရယ်လိုက်သည်။ မြို့သားများ၏ ကြိုးစားမှု… ထိုသည်မှာ သူမ အရင်က ဘုရင်ကို ထိုကဲ့သို့လုပ်ခဲ့ဖူးသည်။
“ကောင်းတယ်၊ ကောင်စုတ်လေး မင်းဒီကဖြတ်သွားပြီး ဒေါ်လေးကိုတောင် လာမတွေ့ဘူး၊ မင်းငါ့ကို လေးစားရဲ့လား မဟုတ်ရင် ဒေါ်လေးကို မတွေ့ချင်တော့တာလား၊ အသည်းနှလုံးမရှိတဲ့ ကောင်စုတ်လေး” လတ်ဆတ်ကာ စူးရှသော အမျိုးသမီးတစ်ယောက်အသံသည် ထွက်ပေါ်လာကာ အထဲမှ အလောကြီးသော ပုံရိပ်ထွက်လာသည်။ ဘိုင်ယွန်ရွှီသည် ထိုင်နေရာမှ ထခုန်လိုက်သည်။ ဘိုင်ယွန်ရွှီသည် ထိုအသံကြားသည်နှင့် ခုံမှ ခုန်လိုက်ကာ သူမသည် လေထဲတွင် ခုန်လိုက်သည်။
စွန်းလီလီသည် ဘိုင်ယွန်ရွှီပြေးလာသည်ကို မြင်သောအခါ လက်နှစ်ဖက်အား နောက်ပစ်ကာ သူ့အား အပြစ်တင်တော့သည် “ရွှတ် ရွှတ် ရွှီရွှီလေးက ငါ့ကို ပုန်းချင်သေးတယ်၊ သူ့ကို မဖက်ချင်ဘူး၊ ရွှတ် ရွှတ် ဒေါ်လေး စိတ်မကောင်းဘူး ရွှတ် ရွှတ်…”
သူမသည် အားလုံးရှေ့တွင် မိချောင်းမျက်ရည်လောက်ကျလေသည်။ ဘိုင်ယွန်ရွှီသည် သူမ ထိုကဲ့သို့ ထပ်မံပြုမူသည်ကို တွေ့သောအခါ မျက်ဖြူလှန်ကာ ပြောလိုက်သည် “ဒေါ်လေး ဒီလိုမလုပ်နဲ့ ဒီမှာ ဧည့်သည်တွေရှိတယ်”
“ဧည့်သည် ရှိရှိ မရှိရှိ ဂရုမစိုက်ဘူး၊ မင်းငါ့ကို မဖက်တော့ဘူးလား” စွန်းလီလီသည် သူမအား ဖက်ရန်လက်လျော့ထားသော ဘိုင်ယွန်ရွှီအား မြင်လိုက်သည်။