← Chapters

သော့နှင့်ပတ်သက်သော အမှန်တရား

Vol. 8 Ch. 77

သော့နှင့်ပတ်သက်သော အမှန်တရား

Vol. 8 Ch. 77

"ဂိုဏ်းချုပ်က အလယ်ပိုင်းဒေသကနေ ခေါ်လာတဲ့ မိန်းကလေးလား"

"မင်းရဲ့ ဝတ်စုံနဲ့ သိုင်းကွက်တွေကို ကြည့်ရတာ... မင်းက အော်မေ့ဂိုဏ်း တပည့်ပဲ"

အတွေ့အကြုံရင့်လှသော အကြီးအကဲသည် ခေတ္တမျှ အကဲခတ်ပြီးနောက် တစ်ဖက်လူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း ခွဲခြားသိမြင်နိုင်ခြင်းပင်။

"ဟုတ်တယ်"

"ငါ့နာမည် လျိုဟွမ်းယင်"

"သူတော်စင်ဂိုဏ်းက တပည့်တစ်ယောက်ပဲ၊ သေစမ်း... မိစ္ဆာမတွေ"

လျိုဟွမ်းယင်သည် ဖရိုဖရဲဖြစ်နေသော ပုံစံဖြင့် ဒေါသတကြီး အော်ဟစ်နေသည်။

လင်ယန်ရွှယ် က သူမကို ဟယ်ဟွမ်းဂိုဏ်း သို့ ခေါ်ဆောင်လာပြီးနောက် အကျဉ်းချထားခဲ့ခြင်းပင်။

လင်ယန်ရွှယ်နှင့် လင်ချွမ်တို့က သူမ၏ ဂိုဏ်းတူမောင်နှမများကို သတ်ဖြတ်ခဲ့သည်ကို သူမ မမေ့နိုင်ဘဲ လက်စားချေရန်သာ ကြိုးစားနေတော့သည်။

မူလက လင်ယန်ရွှယ်သည် သူမ၏ အကြောကိုပိတ်ထားခဲ့သော်လည်း လျိုဟွမ်းယင်မှာ 'နဝမမြောက်ယင်ကျမ်း' ကို လေ့ကျင့်ထားသူဖြစ်ရာ အကြောပြန်ဖွင့်နည်းကို သိရှိပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းပင်။

သို့သော် သူမသည် အတွင်းခန်းဆောင်မှ လွတ်မြောက်လာခဲ့သော်လည်း ဟယ်ဟွမ်းဂိုဏ်း​၏ တပည့်ထောင်ပေါင်းများစွာနှင့် ရင်ဆိုင်နေရဆဲပင်။

"ဂိုဏ်းချုပ်က အော်မေ့တပည့်ကို လျှို့ဝှက်လက်ခံထားတာကိုး။ ဖမ်းကြစမ်း"

အကြီးအကဲ၏ အမိန့်ကြောင့် တပည့်များ ဝိုင်းလာကြရာ လျိုဟွမ်းယင်က လျှပ်စီးကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်ပြီး လူ ၁၀ ဦးကို ချက်ချင်း သတ်ဖြတ်လိုက်သည်။

"တတိယအဆင့် အလယ်တန်း သိုင်းသမားပဲ"

"ဒီအော်မေ့တပည့်ရဲ့ ကျင့်ကြံမှုက တော်တော်မြင့်တာပဲ"

အကြီးအကဲမှာ အံ့ဩသွားသော်လည်း သူမကိုယ်တိုင် ရှေ့ထွက်လာသောအခါတွင်မူ လျိုဟွမ်းယင်မှာ ယှဉ်နိုင်စွမ်း မရှိတော့ပေ။

အကြီးအကဲသည် လျိုဟွမ်းယင်ကို တစ်ကွက်တည်းဖြင့် ဖမ်းဆီးလိုက်ပြီး ဂိုဏ်းချုပ်နှင့် တွေ့ရန် ခေါ်ဆောင်သွားခိုင်းသည်။

သို့သော် ဂိုဏ်းချုပ် လင်ယန်ရွှယ်မှာ ဂိုဏ်းထဲတွင် မရှိတော့ဘဲ ခိုးထွက်သွားကြောင်း သိလိုက်ရသောအခါ အားလုံး မျက်နှာပျက်ကုန်ကြသည်။

"ဒါ ဝူတန်ဂိုဏ်း လက်ချက်ပဲ ဖြစ်ရမယ်"

"သူတို့က ဆုမေ့အာ ကို ဓားစာခံလုပ်ပြီး ဂိုဏ်းချုပ်ကို ခြိမ်းခြောက်နေတာပဲ"

"ဂိုဏ်းချုပ် တစ်ခုခုဖြစ်ရင် ငါတို့ ဟယ်ဟွမ်းဂိုဏ်းက ဝူတန်ကို အမြစ်ပြတ်အောင် ချေမှုန်းပစ်မယ်"

ထိုအကြီးအကဲသည် ဒေါသတကြီးဖြင့် အခြားအကြီးအကဲများကို ဆင့်ခေါ်ကာ လျိုဟွမ်းယင်ကို ခေါ်ဆောင်လျက် ဓားစာခံလဲလှယ်ရန် အလယ်ပိုင်းဒေသရှိ ဝူတန်ဂိုဏ်းသို့ စစ်ချီရန် ဆုံးဖြတ်လိုက်ကြတော့သည်။

...

ရှောင်လင်ကျောင်းတော်တွင်။

ဒဏ်ရာမှ ပြန်လည်သက်သာလာသော ကျန့်ခုန်း သည် ပိဋကတ်တိုက် ဖောက်ထွင်းခံရကြောင်း သိလိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားသည်။

သူသည် ဂိုဏ်းပေါင်းစုံကို ဆက်သွယ်ကာ နတ်ဆိုးဂိုဏ်းကို နှိမ်နင်းရန် အကြောင်းပြချက်ဖြင့် အနောက်ဒေသသို့ စစ်ချီရန် ပြင်ဆင်တော့သည်။

သို့သော် မည်သည့်ဂိုဏ်းကမျှ အလွယ်တကူ သဘောမတူကြဘဲ တွန့်ဆုတ်နေကြ​၏။

"ဆရာတော် ကျန့်ခုန်း... အခုလို ဂိုဏ်းတွေကြား ရန်တိုက်ပေးနေတာက လူအများ လက်ခံမှာ မဟုတ်ဘူးနော်"

ဟု တာအိုဘုန်းကြီးအိုတစ်ပါးက သတိပေးသည်။

ရှောင်လင်က ရတနာတစ်ခု ပျောက်ဆုံးသွားသည်ဟု သတင်းထွက်နေသော်လည်း အဘယ်ကြောင့် ဤမျှအထိ အစွန်းရောက်နေရသနည်းဟု လူတိုင်း နားမလည်နိုင် ဖြစ်နေကြသည်။

"ငါက ဂိုဏ်းတွေရဲ့ အတွေးကို မသိတာ မဟုတ်ပါဘူး"

"ဒါပေမဲ့ အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ၊ အချိန်မရှိတော့ဘူး"

"အဲဒီအရာသာ နတ်ဆိုးဂိုဏ်းလက်ထဲ ရောက်သွားရင် သိုင်းလောကအတွက် ကပ်ဘေးပဲ"

ကျန့်ခုန်းက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်ရာ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ အပြည့်ပင်။

"ဆရာတော်... ရှောင်လင်က ဘာရတနာ ပျောက်သွားတာလဲ၊ ရှင်းရှင်းလင်းလင်း ပြောပြပါဦး"

ဟု တာအိုဘုန်းကြီးက ထပ်မံတောင်းဆိုရာ ကျန့်ခုန်းက သက်ပြင်းချလျက် အမှန်တရားကို ဖွင့်ဟလိုက်ရတော့သည်။

"လွန်ခဲ့တဲ့ အနှစ် ၃၀ က ကောင်းကင်ဘုံကို ကျော်လွန်တဲ့ အစွမ်းရှိတဲ့ နတ်ဆိုးဂိုဏ်းက ယဲ့ဝူရှဲ့ကို မှတ်မိကြသေးလား"

ထိုအမည်ကို ကြားလိုက်ရုံနှင့် လူအိုကြီးများအားလုံး တုန်လှုပ်သွားကြသည်။

ယဲ့ဝူရှဲ့သည် ထိုစဉ်က သိုင်းလောကတစ်ခုလုံးကို သွေးချောင်းစီးစေခဲ့သူပင်။

"ရှောင်လင်က ပျောက်သွားတဲ့သော့က ယဲ့ဝူရှဲ့နဲ့ ပတ်သက်နေတာလား"

"ဟုတ်တယ်"

ကျန့်ခုန်းက အသံတိုးတိုးဖြင့် ဆိုသည်။

"ယဲ့ဝူရှဲ့က ရှောင်လင်ကျောင်းမှာ အကျဉ်းချခံထားရတာ"

"ပိဋကတ်တိုက်က ခိုးသွားတဲ့သော့က ယဲ့ဝူရှဲ့ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော သော့ပဲ"

ဤစကားကြောင့် လူအုပ်ကြီးကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

ယဲ့ဝူရှဲ့သာ လွတ်မြောက်သွားပါက အလယ်ပိုင်းဒေသအတွက် နောက်ထပ် ကပ်ဘေးတစ်ခု ဆိုက်ရောက်လာပေတော့မည်။

"ယဲ့ဝူရှဲ့က ဒီလောက် အန္တရာယ်များနေတာကို ရှောက်လင်က ဘာလို့ သူ့ကို သတ်မပစ်တာလဲ"

"သော့ပျောက်သွားတာက သူ့ကို ကယ်ဖို့ တစ်ခုတည်းသောနည်းလမ်းဆိုရင် ဘာလို့ အဲဒီသော့ကို ဒီလောက်ကြာအောင် သိမ်းထားရတာလဲ"

မေးခွန်းများစွာ ထွက်ပေါ်လာပြီးနောက် လူတိုင်း အမှန်တရားကို ရိပ်မိသွားကြပြန်​၏။

"ဆရာတော် ကျန့်ခုန်း... ဘုန်းကြီးတွေရဲ့ ကရုဏာတရားကို အကြောင်းပြမနေပါနဲ့တော့"

"ရှောင်လင်က မလုပ်ရဲတာကို ကျွန်ုပ်တို့ လုပ်ပေးမယ်"

"နတ်ဆိုးဂိုဏ်းနဲ့ တိုက်နေမယ့်အစား ယဲ့ဝူရှဲ့ကို အခုချက်ချင်း သတ်ပစ်လိုက်တာက ပိုမကောင်းဘူးလား"

All Chapters