အစွမ်းထက်သော်လည်း သတိလွန်ကဲခြင်း
Vol. 8 Ch. 78
ရှောင်လင်ကျောင်းတော်၏ လုပ်ရပ်အပေါ် သံသယရှိသူများစွာ ရှိနေခဲ့ ပေပြီ။
ရှောင်လင်၏ 'ကရုဏာတရား' ဟုဆိုကာ နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို အသက်ချမ်းသာပေးထားခြင်းမှာ လူအများအတွက် နားလည်ရခက်လှသည်။
ယဲ့ဝူရှဲ့ကို အသက်ချမ်းသာပေးမည့်အစား တစ်ချက်တည်းနှင့် အပြတ်သတ်လိုက်ခြင်းက ပို၍ စိတ်ချရပေလိမ့်မည်။
ထို့ပြင် ယခုအခါ သူ့ကိုကယ်တင်နိုင်မည့်သော့မှာလည်း ပျောက်ဆုံးသွားပြီဖြစ်ရာ သူ့ကိုသတ်ပစ်လိုက်ခြင်းမှာ အသင့်တော်ဆုံးသော အဖြေဖြစ်နေသည်။
"အမှန်အတိုင်း ပြောရရင် အားလုံးပဲ"
ကျန့်ခုန်းက သက်ပြင်းချရင်း
"ရှောင်လင်က ယဲ့ဝူရှဲ့ကို အကျဉ်းချထားတာဟာ ကရုဏာတရားကြောင့် မဟုတ်ပါဘူး"
"လူအနည်းငယ်ကို စတေးပြီး လောကကြီးကို ကယ်တင်နိုင်မယ်ဆိုရင် ရှောင်လင်က ဘယ်တော့မှ တွန့်ဆုတ်မှာ မဟုတ်ပါဘူး"
ဤစကားကြောင့် သိုင်းသမားများမှာ စိတ်ဝင်တစား ဖြစ်သွားကြသည်။
ကျန့်ခုန်းက ဆက်လက်ရှင်းပြသည်မှာ
"ယဲ့ဝူရှဲ့ဆီမှာ ရှေးမင်းဆက်တွေရဲ့ လျှို့ဝှက်ရတနာ သိုက်မြုပ်ထားတဲ့နေရာ ရှိပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ လုံးလုံး ရှောင်လင်နဲ့ နန်းတော်ဘက်က ဒီမိစ္ဆာဆီကနေ အမှန်တရားကို သိရဖို့ ကြိုးစားခဲ့ကြတာပါ"
"ဒါပေမဲ့ ယဲ့ဝူရှဲ့ကလည်း လျှို့ဝှက်ချက်ကို ပြောလိုက်တာနဲ့ သူသေရမှာကို သိနေတော့ အခုထိ အခြေအနေက တင်းမာနေတုန်းပဲ"
ရှေးမင်းဆက်ရတနာသိုက်အကြောင်းမှာ သိုင်းလောကတွင် ကောလာဟလအဖြစ် ရှိခဲ့ဖူးသော်လည်း ယခုအခါ နန်းတော်ကပါ ပတ်သက်နေသဖြင့် ယဲ့ဝူရှဲ့ကို သတ်ရန်ကိစ္စမှာ ရှောင်လင်တစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့် မရတော့ပေ။
အကယ်၍ နတ်ဆိုးဂိုဏ်းကသာ ယဲ့ဝူရှဲ့ကို ကယ်တင်သွားနိုင်ပါက အနှစ် ၃၀ က သွေးချောင်းစီးခဲ့သော သမိုင်းဆိုးကြီး ပြန်လည်ဖြစ်ပွားပေလိမ့်မည်။
...
မဟာဝီရခန်းမဆောင် အပြင်ဘက်တွင်။
ယောင်္ကျားတစ်ဦးနှင့် မိန်းမတစ်ဦးမှာ တံခါးဝတွင် ရဲတင်းစွာ ရပ်နေကြခြင်းပင်။
ခန်းမအတွင်းမှ စကားသံများအားလုံးကို သူတို့ ကြားနေရသည်။
ထို့နောက် မည်သူမျှ သတိမထားမိခင်မှာပင် သူတို့နှစ်ဦး ပျောက်ကွယ်သွားပြီး အနောက်ဘက်ဆောင်သို့ ရောက်သွားကြသည်။
"ဝူတန်တပည့် ဖြစ်ရတာ တော်တော် တော့အသုံးဝင်သားပဲ"
လင်ယန်ရွှယ်က သက်သောင့်သက်သာ ထိုင်ရင်း ဆိုသည်။
လင်ချွမ်ကတော့ ကျန့်ခုန်း၏ စကားများကို ပြန်လည်သုံးသပ်နေသည်။
"ငါတို့ မတော်တဆ ရလာတဲ့သော့က တကယ့်ရတနာသော့ ဖြစ်နေတာပဲ"
"ဒါ သိုင်းဝတ္ထုတွေထဲက ဇာတ်လမ်းအတိုင်းပဲ မဟုတ်လား"
လင်ချွမ်က ခပ်ရယ်ရယ် ဆိုလိုက်သည်။
သို့သော် သူကဲ့သို့ သိုင်းပညာရှင်တစ်ဦးအတွက် ငွေကြေးထက် အဆင့်မြင့်သိုင်းကျမ်းများကသာ ပို၍ အသုံးဝင်ပေ၏။
"ဘာတွေ တွေးနေတာလဲ"
လင်ယန်ရွှယ်က စူးစမ်းစွာ မေးလိုက်သည်။
လင်ချွမ်းက သံသော့ဟောင်းကို ထုတ်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
"ငါ စဉ်းစားနေတာက... ယဲ့ဝူရှဲ့ကို ငါတို့ပဲ သတ်ပစ်လိုက်ရင် မကောင်းဘူးလား? ဒီရတနာသိုက်က သိုင်းလောကကို သွေးချောင်းစီးစေမှာပဲ"
"အကယ်၍ နတ်ဆိုးဂိုဏ်းကသာ ဒါကို ရသွားရင်"
သူက စကားကို တစ်ဝက်နှင့် ရပ်လိုက်ပြီး လင်ယန်ရွှယ်ကို ကြည့်လိုက်သည်။
သူမသည်လည်း နတ်ဆိုးဂိုဏ်းဝင်တစ်ဦး ဖြစ်နေသည်ကို သူ သတိရသွားခြင်းပင်။
"မင်း ဒီမှာနေနေတာ ယဲ့ဝူရှဲ့ကို ကယ်ဖို့ပဲ မဟုတ်လား?"
"အင်း... ရှင် ခန့်မှန်းတာ မှန်ပါတယ်"
"ယဲ့ဝူရှဲ့ ဘယ်မှာရှိတယ်ဆိုတာကိုလည်း ကျွန်မ သိတယ်"
လင်ယန်ရွှယ်က ဝန်ခံလိုက်သည်။
"ဒါပေမဲ့ ဒီအကျဉ်းထောင်သော့က ပိဋကတ်တိုက်ထဲမှာ ဝှက်ထားလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး"
သူမသည် သနားစရာကောင်းသော မျက်လုံးများဖြင့် လင်ချွမ်ကို ကြည့်ကာ
"ကျွန်မတို့ သူ့ကို သွားကယ်ကြမလား၊ သူ့ဆီမှာ ရတနာသိုက် ရှိတယ်လေ"
"မကယ်ဘူး၊ ငါ ငြင်းတယ်"
လင်ချွမ်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဘာလို့လဲ၊ ရှင့်ကို တိုင်းပြည်တစ်ခုစာ ကြွယ်ဝစေမယ့် ရတနာတွေကို မလိုချင်ဘူးလား"
"တောက်! ငါက နွားကျောင်းသားတစ်ယောက်ပဲ၊ အဲဒီလောက် ငွေတွေ ဘာလုပ်ဖို့လဲ"
လင်ချွမ်က မျက်မှောင်ကြုတ်ရင်း ပြောသည်။
"ငွေထက်စာရင် ယဲ့ဝူရှဲ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ငါ ပိုစိတ်ဝင်စားတယ်"
"သူက ကျန့်ခုန်းပြောသလို တကယ် အစွမ်းထက်တယ်ဆိုရင် အထွတ်အထိပ် ကျင့်ကြံသူ အဆင့်ပဲ ဖြစ်ရမယ်"
လင်ချွမ်သည် အလွန်သတိကြီးသူ ဖြစ်သော်လည်း အစွမ်းထက်ရန်လည်း ဆာလောင်နေသူပင်။
သူသည် ဓားနတ်ဘုရားကိုပင် သူ၏ပြိုင်ဘက်အဖြစ် လေ့ကျင့်ပေးခဲ့သေးသည်။ အကယ်၍ ယဲ့ဝူရှဲ့ကဲ့သို့ ကျင့်ကြံသူနှင့် ယှဉ်ပြိုင်နိုင်ပါက သူ၏ အဆင့်မှာ ပို၍ တိုးတက်လာပေလိမ့်မည်။
အင်အားကြီးမားခြင်းကသာ သူ၏ အသက်ရှည်မှုကို အာမခံနိုင်မည်ဟု သူ ယုံကြည်သည်။
"ဒီည ငါတို့ အကျဉ်းထောင်ကို သွားကြမယ်"
"ဘယ်လိုပဲဖြစ်ဖြစ် သူက အချုပ်အနှောင်ခံထားရတာဆိုတော့ သူ့အစွမ်းကုန် ထုတ်နိုင်မှာ မဟုတ်ဘူး"
"သူနဲ့ တိုက်ရင် ငါနိုင်ဖို့ သေချာတယ်"