← Chapters

အလှည့်အပြောင်း တစ်ခု

Vol. 9 Ch. 82

အလှည့်အပြောင်း တစ်ခု

Vol. 9 Ch. 82

ဟယ်ဟွမ်းဂိုဏ်း အကြီးအကဲ သေဆုံးသွားခြင်းမှာ အမှန်တရား ဖြစ်သွားခဲ့လေပြီ။

ဂုဏ်သိက္ခာကြီးမားသော ပထမအဆင့် သိုင်းသမားတစ်ဦးဖြစ်သော်လည်း သူမသည် အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ပေ။

တစ်ကွက်တည်း... ချန်အာကော​၏ ဓားအရှိန်အဝါ တစ်ချက်တည်းဖြင့်ပင် သူမ အသက်ပျောက်ခဲ့ရသည်။

ဝူတန်တပည့်များ အံ့အားသင့်နေကြစဉ် ဟယ်ဟွမ်းဂိုဏ်းသားများ ခံစားလိုက်ရသည်မှာ ကြောက်ရွံ့မှုပင်။

"ပြေးကြ! မပြေးရင် သေဖို့ပဲ စောင့်နေကြရတော့မှာလား"

ဟယ်ဟွမ်းတပည့်များ တွန့်ဆုတ်မနေတော့ဘဲ အသက်လုကာ ထွက်ပြေးကြတော့သည်။

"လိုက်ကြ"

ဝူတန်ကျောင်းထိုင်ဆရာတော်က သတိဝင်လာပြီး အမိန့်ပေးလိုက်ခြင်းပင်။

ခေါင်းဆောင်မရှိတော့သော နတ်ဆိုးဂိုဏ်းသားများကို အမြစ်ပြတ်ချေမှုန်းရန် အကောင်းဆုံး အခွင့်အရေးပင်။

ဝူတန်တောင်တစ်ခုလုံးတွင် တိုက်ပွဲခေါ်သံများ ပဲ့တင်ထပ်သွားပြီး တပည့်များစွာမှာ မိစ္ဆာများကို နှိမ်နင်းရန် တောင်အောက်သို့ အပြေးအလွှား ဆင်းသွားကြသည်။

ထိုအချိန်တွင် ယင်ဟွိုက်ယွီသည် ချန်အာကော(လင်ချွမ်) ထံ ဆင်းသက်လာပြီး လျိုဟွမ်းယင်ကို ကြည့်ကာ စကားစရန် ကြိုးစားသည်။

"ပြန်ရောက်မှ ပြောကြတာပေါ့"

ချန်အာကောက အေးစက်စွာ ပြောလိုက်သည်။

သူတို့ ရှောင်းယောက် တောင်ထိပ်သို့ ပြန်ရောက်သောအခါ ချန်အာကောက လျိုဟွမ်းယင်ကို လက်ဝါးဖြင့်ရိုက်ကာ သတိမေ့သွားအောင် ထပ်မံလုပ်လိုက်သည်။

ခေတ္တအကြာတွင် လင်ချွမ် သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အပြင်သို့ ထွက်လာသည်။

ယွဲ့ချင်းရို ကလည်း သူ့အနားတွင် ပါလာခဲ့​၏။

"အော်မေ့ဂိုဏ်းက လျိုဟွမ်းယင်လား"

ယွဲ့ချင်းရိုက အံ့ဩသွားသည်။

လျိုဟွမ်းယင်သည် အော်မေ့ဂိုဏ်း၏ နှစ်ပေါင်းတစ်ရာအတွင်း အထူးချွန်ဆုံး တပည့်ဖြစ်ရာ သိုင်းလောကတွင် အလွန်နာမည်ကြီးသည်။

ယင်ဟွိုက်ယွီက လင်ချွမ်ကို ဂါရဝပြုရင်း

"အကြီးအကဲလင်... လျိုဟွမ်းယင်ကို ဘယ်လိုစီမံဖို့ စိတ်ကူးထားလဲ"

"သူမကို အော်မေ့ဂိုဏ်းဆီ ပြန်ပို့ပေးရင် ဝူတန်နဲ့ အော်မေ့ကြားက နားလည်မှုလွဲတာတွေ ပြေလည်သွားနိုင်ပါတယ်"

ဟု အကြံပေးသည်။

သူသည် ဝူတန်ဂိုဏ်း၏ အကျိုးကို အမှန်တကယ် ရှေးရှုသူပင်။

"မပို့ဘူး"

လင်ချွမ်က လက်ကာပြလိုက်သည်။

သူမကို ပြန်လွှတ်ပေးရမည်မှာ ကျီစားနေခြင်းလော၊ အော်မေ့တပည့် ၂၀ ကျော်ကို သူ သတ်ခဲ့သည့်လျှို့ဝှက်ချက်ကို လျိုဟွမ်းယင်က သိနေသောကြောင့်ပင်။

ထို့ကြောင့် သူမကို အလယ်ပိုင်းဒေသတွင် အသက်ရှင်ခွင့်ပေးရန်မှာ လုံးဝမဖြစ်နိုင်ပေ။

သို့သော် လူအများရှေ့တွင် သတ်ရန်မှာလည်း ခက်ခဲနေသဖြင့် လင်ချွမ် စိတ်ရှုပ်နေရသည်။

"တကယ့်ကို အလုပ်ရှုပ်တာပဲ"

လင်ချွမ်က အတွေးထဲတွင် သက်ပြင်းချလိုက်သည်။

...

ဝူတန်တောင်ခြေတွင်။

ဟယ်ဟွမ်းတပည့်များသည် အိမ်ခြေမဲ့ခွေးများကဲ့သို့ ထွက်ပြေးနေကြပြီး ဝူတန်တပည့်များကလည်း မနားတမ်း လိုက်လံသတ်ဖြတ်နေကြသည်။

လမ်းတစ်လျှောက်တွင် နတ်ဆိုးဂိုဏ်းသား ဒါဇင်နှင့်ချီ သေဆုံးကုန်သည်။ ဝူတန်တပည့် လင်ရှောင် ဦးဆောင်သောအဖွဲ့သည် ကျန်ရှိနေသော ဟယ်ဟွမ်း တပည့် ၂၀၀ ခန့်ကို ဝိုင်းရံထားနိုင်ခဲ့သည်။

"တောက်! အသေခံ တိုက်ကြမယ်ဟေ့"

ဟယ်ဟွမ်းတပည့်များမှာ ထွက်ပြေးရန် လမ်းမရှိတော့သဖြင့် သေတွင်းထဲမှ ရုန်းကန်သည့် အားမာန်ဖြင့် ပြန်လည်တိုက်ခိုက်ရန် ပြင်ကြသည်။

ဝူတန်တပည့်များမှာမူ အနည်းငယ် ထိတ်လန့်သွားကြသည်။

ထိုစဉ် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး မွှေးပျံ့သော ရနံ့တစ်ခု ပျံ့လွင့်လာခဲ့​၏။

အနက်ရောင် ဝတ်စုံဖြင့် မိန်းကလေးတစ်ဦး မြေပြင်ပေါ်သို့ ဆင်းသက်လာရာ ခြေလှမ်း ၁၀ လှမ်းအတွင်း နှင်းခဲများ ဖုံးလွှမ်းသွားသကဲ့သို့ အေးစက်သွားသည်။

သူမ၏ မျက်နှာတွင် မျက်နှာဖုံးတစ်ခု တပ်ထားသော်လည်း အလွန်လှပသော မိန်းကလေးဖြစ်ကြောင်း သိသာနေ​၏။

"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ် ရောက်လာပြီ"

ဟယ်ဟွမ်းတပည့်များ ဝမ်းသာအားရ ငိုကြွေးကြတော့သည်။

"ဟယ်ဟွမ်းဂိုဏ်းချုပ် လင်ယန်ရွှယ်"

လင်ရှောင်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

အသက် ၂၈ နှစ်နှင့် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ခဲ့သော ဤအမျိုးသမီး၏ နာမည်မှာ သိုင်းလောကတွင် မကြားဖူးသူ မရှိ။

"ဟား၊ အကြီးအကဲလင်၊ ကျွန်မ ဝူတန်နဲ့ ရန်ဖြစ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး"

"အခု ဟယ်ဟွမ်းရဲ့ အကြီးအကဲလည်း သေပြီဆိုတော့ ကျွန်မတို့ကြားက ကိစ္စတွေကို အဆုံးသတ်ကြရအောင်"

လင်ယန်ရွှယ်က ခပ်အေးအေး ပြုံးလိုက်သည်။

လင်ချွမ်ကြောင့်သာ သူမက ယဉ်ယဉ်ကျေးကျေး ပြောနေခြင်းပင်။

ပထမအဆင့် တစ်ဦးအဖို့ ဤဝူတန်တပည့်များမှာ ပုရွက်ဆိတ်များသာသာ။

"ဒါက... အဲဒီလောက် မလွယ်ကူဘူး ထင်တယ်"

လင်ရှောင်က ခပ်နွမ်းနွမ်း ပြုံးလိုက်သည်။

သူသည် လင်ယန်ရွှယ်၏ အစွမ်းကို မသိသဖြင့် ဘာလုပ်ရမှန်း ဝေခွဲမရ ဖြစ်နေ​၏။

"ဒါဆို အကြီးအကဲလင်က ကျွန်မနဲ့ ယှဉ်ချင်တာလား"

လင်ယန်ရွှယ်က မထီမဲ့မြင် ပြုလိုက်သည်။

လင်ရှောင်မှာ တတိယအဆင့် သိုင်းသမားသာ ဖြစ်ရာ သူမအတွက်တော့ ဘာမှမဟုတ်ပေ။

"အကြီးအကဲလင်က ဆုံးဖြတ်ချက် မချနိုင်ဘူးဆိုရင် ကျွန်မပဲ ဆုံးဖြတ်ပေးမယ်"

လင်ယန်ရွှယ်က အသံကို နိမ့်လိုက်ပြီး

"ဟယ်ဟွမ်းဂိုဏ်းဝင်များ ငါ့အမိန့်ကို နာခံကြ! ဒီဝူတန်ဂိုဏ်းသားတွေကို ဖမ်းကြစမ်း"

"အထူးသဖြင့် လင်ရှောင်ကို အရှင်ဖမ်းခဲ့"

ဝူတန်တပည့်များ အလွန်အမင်း ထိတ်လန့်သွားကြသည်။

"ဆက်တိုက်ကြမယ်"

"စစ်ကူလာတဲ့အထိ တောင့်ခံထားရမယ်"

လင်ရှောင်က အလန့်တကြား အော်ဟစ်လိုက်သည်။

အနိုင်ရတော့မည်ဟု ထင်ထားသော ဝူတန်တပည့်များမှာ ယခုအခါ ပြန်လည်အဖမ်းခံရမည့် အခြေအနေသို့ ပြန်ရောက်သွားရတော့​၏။

All Chapters