← Chapters

သိုင်းလောကထဲက လူသည် မိမိကံကြမ္မာကို မိမိ မပိုင်စိုးနိုင်ချေ

Vol. 9 Ch. 86

သိုင်းလောကထဲက လူသည် မိမိကံကြမ္မာကို မိမိ မပိုင်စိုးနိုင်ချေ

Vol. 9 Ch. 86

ဝူတန်တောင်၏ အေးချမ်းမှုမှာ တစ်စက္ကန့်အတွင်း ပျက်စီးသွားခဲ့ရ​၏။

နှလုံးသားမဲ့သီလရှင်၏ ရုတ်တရက် ဒေါသပေါက်ကွဲမှုကြောင့် ဝူတန်ဂိုဏ်းအပေါ် သက်ရောက်လာသည့် ဖိအားမှာ လင်ယန်ရွှယ် ပေးခဲ့သည့် ဖိအားထက် မလျော့ပေ။

သို့သော် လင်ယန်ရွှယ်နှင့် မတူသည်မှာ နှလုံးသားမဲ့သီလရှင်သည် နာမည်နှင့်လိုက်အောင်ပင် တကယ်နှလုံးသားမဲ့သူပင်။

သူမသည် ကိုယ်ကျင့်တရား သို့မဟုတ် လူမှုကျင့်ဝတ်များကို အလေးမထားဘဲ သူမကို စိတ်ဆိုးအောင်လုပ်သူမှန်သမျှမှာ သူမဓား၏ သားကောင် ဖြစ်သွားရမည်သာ။

ဝူတန်ကျောင်းထိုင်ဆရာတော်ပင် လွတ်ငြိမ်းခွင့် မရခဲ့ချေ။

ယခုအချိန်တွင် ဝူတန်ဂိုဏ်း၌ အားကိုးစရာ လူတစ်ယောက်သာ ရှိတော့သည်။

ထိုသူမှာ ချန်အာကော ပင်။

ရှောင်းယောက် တောင်ထိပ်တွင် အလျင်စလို ခြေသံများကြောင့် ကျောက်နန်းဆောင်၏ အေးချမ်းမှု ပျက်ပြားသွားရသည်။

ဝူတန်တပည့်တစ်စုမှာ ထိတ်လန့်တကြား ပြေးဝင်လာကြသောကြောင့်ပင်။

"အကြီးအကဲယင်၊ ဒုက္ခကြီးကြီး ရောက်နေပြီ"

"နှလုံးသားမဲ့သီလရှင်က လူသတ်တော့မယ်"

ယင်ဟွိုက်ယွီမှာ သတင်းကြားရသည်နှင့် နဖူးကို ပွတ်ရင်း သက်ပြင်းချလိုက်သည်။

"ဒီရက်ပိုင်းမှာ တကယ်ပဲ အေးအေးဆေးဆေး မနေရပါလား"

သူသည် သီလရှင်ကျူချင်း၏ နာမည်ဆိုးကို ကြားဖူးသည်မှာ ကြာပြီဖြစ်သည်။

သူတို့နှစ်ဦးမှာ အသက်တူသော်လည်း ထိုသီလရှင်၏ ပါရမီက သူ့ထက် အဆပေါင်းများစွာ သာလွန်သည်။

သူသည် လင်ချွမ်၏ အကူအညီဖြင့်သာ ပထမအဆင့် အထက်တန်းသို့ ရောက်ခဲ့ခြင်းဖြစ်သော်လည်း သူမမှာမူ လွန်ခဲ့သော နှစ်များစွာကတည်းက ပထမအဆင့် သို့ရောက်ခဲ့သူပင်။

ယင်ဟွိုက်ယွီသည် ချန်အာကောကို မျက်စိတစ်မှိတ်ပြလိုက်သည်။ ဤအခြေအနေတွင် လင်ချွမ်ကို အကူအညီတောင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ချန်အာကောသည်လည်း လင်ချွမ်​၏ ဒိုင်းလွှားဖြစ်ရသည်ကို ကျင့်သားရနေခဲ့ပြီ။

ချန်အာကောသည် တောင်အောက်သို့ အမြန်ပြေးဆင်းသွားသည်။

ရင်းနှီးနေသော မြက်ခင်းပြင်၊ ရင်းနှီးနေသော သစ်ပင်ကြီးအောက်တွင် လင်ချွမ်မှာ ဝါးပုလွေမှုတ်လျက် အေးအေးဆေးဆေး နားနေသည်။

ဝူတန်တောင်ပေါ်မှ တင်းမာသော တိုက်ပွဲနှင့် လင်ချွမ်ရှိရာ နေရာမှာ ကမ္ဘာခြားနေသကဲ့သို့ပင်။

လင်ချွမ်သည် အေးချမ်းမှုကိုသာ လိုလားသော်လည်း သိုင်းလောကထဲ ရောက်နေသရွေ့ သူသည် မိမိကံကြမ္မာကို မိမိ မပိုင်တော့ပေ။

လင်ချွမ်သည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

အလင်းတန်းနှစ်ခု ဖြာထွက်သွားသကဲ့သို့ပင်။

"ဒါက မင်းအပေါ်ကို ဝိညာဉ်ကူးပြောင်းခြင်းအတတ်သုံးတာ တတိယအကြိမ်ပဲ"

"ဒီအတတ်က လူ့ခန္ဓာကိုယ်ကို အရမ်းထိခိုက်စေတယ်"

"မင်းရဲ့ ဆဋ္ဌမအဆင့်သိုင်းသမား ခန္ဓာကိုယ်က အကန့်အသတ်ကို ရောက်နေပြီ"

"ဒီတစ်ခါပြီးရင် နောက်ထပ် ငါ မသုံးတော့ဘူး"

ဟု လင်ချွမ်က ဆိုသည်။

ချန်အာကော ခေါင်းညိတ်ပြပြီးနောက် နတ်ဘုရားတစ်ပါးကဲ့သို့ တောင်ထိပ်ပေါ်သို့ ပျံသန်းသွားတော့သည်။

"ဝုန်း!"

ရွှေတောင်ထိပ်ပေါ်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

တာယွဲ့ ထိုက်ဟယ်နန်းဆောင်မှာ ပြိုကျသွားရခြင်းပင်။

"နှလုံးသားမဲ့သီလရှင်... မင်း တကယ်ကို လွန်လွန်းလှပြီ"

ကျောင်းထိုင်ဆရာတော်က ဒေါသတကြီး အော်ဟစ်နေသည်။

သူတို့မှာ မယှဉ်နိုင်သဖြင့် ဆဲရုံသာ တတ်နိုင်​၏။

"မောက်မာလှချည်လား! တောက်ရွှမ် မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်"

သီလရှင်က ပို၍ ဒေါသထွက်သွားသည်။

(TN note - တောက်ရွှမ် ဆိုတာ ဝူတန်ဂိုဏ်းချုပ် ဆရာတော်ရဲ့ အမည်ပါ)

သူမက လက်တစ်ချက် ဝေ့ရုံဖြင့် နန်းဆောင်တစ်ခုလုံး ပျက်စီးသွားရသည်။

အကြီးအကဲလင်ရှောင် နှင့် တပည့်များမှာလည်း သူမ၏ တစ်ကွက်တည်းသော လက်ချက်ဖြင့် ပြိုကွဲသွားပြီး အားလုံး ဒဏ်ရာအပြင်းအထန် ရကုန်ကြသည်။

"မင်းက ပထမအဆင့် ကျင့်ကြံသူဆိုပြီး လုံးဝ ယုတ္တိမရှိတာတွေ လုပ်နေတာပဲ"

"ဝူတန်ကို အနိုင်ကျင့်ရလွယ်တယ်လို့ မထင်နဲ့"

"ချန်အာကော ရောက်လာရင် မင်း ပေးဆပ်ရလိမ့်မယ်"

ဆရာတော်က အံကြိတ်ကာ ပြောလိုက်ခြင်းပင်။

"အော်... ဝူတန်ရဲ့ ပါရမီရှင်ဆိုတဲ့ကောင်လား"

"အဲဒီ ချန်အာကော ဆိုတဲ့ ကောင်စုတ်လေးကို ငါ ကိုယ်တိုင် ဒုက္ခိတဖြစ်အောင် လုပ်ပြမယ်"

"ဒါမှ ဝူတန်က ဘာအားကိုးစရာ ကျန်ဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့"

နှလုံးသားမဲ့ သီလရှင်က မထီမဲ့မြင် ပြုလိုက်ခြင်းပင်။

သူမအတွက်တော့ အာကောမှာ နာမည်ကြီးပြီး အရည်အချင်း ဘာမှမရှိသည့် လူငယ်လေးတစ်ဦးသာ ဖြစ်မည်ဟု တွက်ဆထားပုံပင်။

"တောက်... ထိုက်ဟယ်နန်းဆောင် ပျက်စီးသွားပြီ"

"ငါ ချောချောမွေ့မွေ့ စနစ်ဝင်လို့ ရပါဦးမလား မသိဘူး"

သုသာန်တမျှ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် တစ်ကိုယ်တည်း ရေရွတ်သံတစ်ခု ထွက်ပေါ်လာသည်။

ဆရာတော်နှင့် အခြားသူများမှာ ထိုအသံကြောင့် ဝမ်းသာသွားကြသည်။

အပျက်အစီးများပေါ်တွင် လူငယ်လေးတစ်ဦးမှာ ပျက်စီးသွားသော နန်းဆောင်ကိုကြည့်ကာ ခေါင်းခါနေသည်။

"မင်းက ချန်အာကောလား"

နှလုံးသားမဲ့သီလရှင် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ချန်အာကောကို သေချာကြည့်ပြီးနောက် သူသည် ပထမအဆင့် သိုင်းသမားမှန်း သိလိုက်သော်လည်း ဒဏ္ဍာရီထဲကအတိုင်း အထွတ်အထိပ် အဆင့်ဟုတ်မဟုတ်ကိုမူ တိုက်ကြည့်မှ သိမည်ဟု ဆုံးဖြတ်လိုက်သည်။

"တောက်ရွှမ်... သေချာကြည့်ထား"

"ငါ အခုပဲ ဒီကောင်စုတ်ကို ဒုက္ခိတဖြစ်အောင် လုပ်ပြီး ငါ့တပည့်အတွက် လက်စားချေပြမယ်"

All Chapters