← Chapters

ချန်အာကော၏ ဆုံးဖြတ်ချက်

Vol. 9 Ch. 88

ချန်အာကော၏ ဆုံးဖြတ်ချက်

Vol. 9 Ch. 88

နှလုံးသားမဲ့သီလရှင်သည် သူမ၏ ဂုဏ်သိက္ခာကို ဘေးချိတ်ကာ အလျှော့ပေးလိုက်လျောခဲ့ပြီးဖြစ်ရာ ချန်အာကောက ဤသို့ ပြတ်ပြတ်သားသား ငြင်းဆိုလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အတိတ်မှာဆိုလျှင် သူမသည် ဒေါသတကြီး ဓားချင်းယှဉ်တိုက်မိမည် ဖြစ်သော်လည်း ယခုမူ ချန်အာကော​၏ အစွမ်းကို ကိုယ်တိုင်မြင်တွေ့ထားပြီးဖြစ်ရာ သူမထက် အဆပေါင်းများစွာ သာလွန်နေမှန်း သိရှိနေသဖြင့် မိုက်ရူးရဲမဆန်ရဲတော့ပေ။

"နှလုံးသားမဲ့သီလရှင်၊ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တယ်လို့ ထင်နေတာလား"

"ဒါမှမဟုတ် အော်မေ့ဂိုဏ်းက အရမ်းအင်အားကြီးတယ်လို့ ထင်နေတာလား"

ချန်အာကော်က မထီမဲ့မြင် ပြုလျက် ဆက်ပြောသည်။

"ခင်ဗျားက ကျွန်တော့်ရဲ့ ဝူတန်တပည့်တွေကို ဒဏ်ရာရအောင်လုပ်တယ်"

"ဝူတန်ရဲ့ ထိုက်ဟယ်ဟယ်နန်းဆောင်ကို ဖျက်ဆီးတယ်"

"ဒီအကြွေးကို မဆပ်ဘဲနဲ့တော့ ဝူတန်တောင်ပေါ်ကနေ ဆင်းဖို့ မစဉ်းစားနဲ့"

ဤစကားကြောင့် ဝူတန်တပည့်များမှာ အားတက်ကာ ကြွေးကြော်ကြတော့သည်။

ကျောင်းထိုင်ဆရာတော်နှင့် အကြီးအကဲများလည်း ဝူတန်တွင် ချန်အာကောကဲ့သို့ အားကိုးရသူ ရှိနေခြင်းကို ဝမ်းမြောက်မိကြသည်။

ဤစကားများမှာ ချန်အာကော​၏ နှုတ်မှ ထွက်လာခြင်း ဖြစ်သော်လည်း အမှန်စင်စစ် လင်ချွမ်၏ ဆန္ဒသာ ဖြစ်သည်။

လင်ချွမ်သည် အေးချမ်းမှုကို မြတ်နိုးသူဖြစ်သော်လည်း သူသည် သူရဲဘောကြောင်သူ မဟုတ်ပေ။

အစစ်အမှန် အင်အားရှိမှသာ အေးချမ်းမှုကို ထိန်းသိမ်းနိုင်မည်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။

"ဒါပေမဲ့ ဝူတန်တောင်ခြေမှာ သေဆုံးသွားတဲ့ ကျွန်မရဲ့ အော်မေ့တပည့်တွေအတွက်ကော ဘယ်လိုတာဝန်ယူမှာလဲ"

"လျိုဟွမ်းယင်ကလည်း ဝူတန်တောင်ပေါ်ကနေ နှစ်ခါတောင် အဖမ်းခံရတာ"

"ဝူတန်မှာ တာဝန်မရှိဘူးလား"

သီလရှင်က မကျေမနပ် ပြန်ပြောသည်။

သူမသည် အမြဲတမ်း လက်သီးဖြင့်သာ စကားပြောလေ့ရှိသူ ဖြစ်သော်လည်း ချန်အာကောရှေ့တွင်မူ သူမ၏ မာန်မာနများ ပျောက်ကွယ်နေရသည်။

"တာဝန်"

ချန်အာကောက လှောင်ရယ်လိုက်သည်။

"အော်မေ့က ဝူတန်ကို အခကြေးငွေပေးပြီး တပည့်တွေကို စောင့်ရှောက်ခိုင်းထားလို့လား"

"ဒါမှမဟုတ် အော်မေ့က ဝူတန်ရဲ့ လက်အောက်ခံလား"

"ဘာမှမဟုတ်ရင် ဝူတန်က ဘာလို့ ခင်ဗျားတပည့်တွေကို စောင့်ရှောက်ပေးရမှာလဲ၊မကျေနပ်ရင် ထပ်တိုက်မလား"

ချန်အာကောက တိုက်ခိုက်ရန် လက်အင်္ကျီကို လိပ်တင်လိုက်ရာ သီလရှင်မှာ ကြောက်လန့်တကြား မျက်နှာဖြူလျော့သွားပြီး

"ကောင်းပြီ... မင်းနိုင်တယ်"

"ဒါပေမဲ့ ဒီကိစ္စက မပြီးသေးဘူး"

"လျိုဟွမ်းယင် အော်မေ့ကို ပြန်မရောက်မချင်း ဝူတန်မှာ အေးချမ်းတဲ့ရက် ရှိစေရမှာမဟုတ်ဘူး"

ဟု ကြုံးဝါးကာ တပည့်နှစ်ဦးနှင့်အတူ အမြန်ဆုံး ဆုတ်ခွာသွားတော့သည်။

ဝူတန်တပည့်များမှာလည်း

"သွားစမ်း... အဖွားအိုကြီး"

"ငါတို့ ဝူတန်က အော်မေ့ကို ကြောက်မယ် ထင်နေလား"

ဟု အော်ဟစ်ဆဲဆိုကာ စိတ်ထဲရှိသမျှ ထုတ်ပြောကြကုန်​၏။

ကျောင်းထိုင်ဆရာတော်နှင့် အကြီးအကဲများက ချန်အာကောကို ဝိုင်းရံကာ ချီးကျူးဂုဏ်ပြုကြတော့သည်။

"အာကော၊ မင်းရှိနေလို့သာ ငါတို့ ဒီအဖွားကြီးရဲ့ အနိုင်ကျင့်တာကို မခံရတာ"

"မင်းက ဝူတန်ရဲ့ ရတနာပဲ" ဟု ဖားကြ၊ မြှောက်ပင့်ကြသည်။

သို့သော် ချန်အာကော​၏ မျက်လုံးများက ခေတ္တမျှ အရောင်မှိန်သွားသည်ကို မည်သူမျှ သတိမပြုမိလိုက်ကြပေ။

သူသည် လင်ချွမ်​၏ စွမ်းအားကို ငှားရမ်းသုံးစွဲနေရခြင်းဖြစ်ရာ ၎င်း၏ ကန့်သတ်ချက်ကို သိရှိထားသည်။

သူသည် ကျောင်းထိုင်ဆရာတော်ထံတွင်

"ဆရာတော်နှင့် အကြီးအကဲတို့ခင်ဗျာ၊ အာကောအနေနဲ့ သိုင်းလောကထဲမှာ အတွေ့အကြုံယူဖို့အတွက် တောင်အောက်ကို နှစ်အနည်းငယ်လောက် ဆင်းခွင့်ပြုပါ!" ဟု တောင်းဆိုလိုက်သည်။

သူသည် လင်ချွမ်အပေါ် ဝူတန်ဂိုဏ်းက အလွန်အမင်း မှီခိုနေခြင်းကို လျှော့ချလိုသဖြင့် ဤကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းပင်။

ဆရာတော်ကလည်း တုံ့ဆိုင်းမနေဘဲ "ကောင်းပြီ၊ တောင်ပေါ်မှာပဲ အမြဲနေနေရင်လည်း တိုးတက်မှာမဟုတ်ဘူး။ မင်းသွားချင်ရင် သွားနိုင်ပါတယ်"

ဟု ခွင့်ပြုလိုက်သည်။

ချန်အာကောသည် ရှောင်းယောက် တောင်ထိပ်သို့ ပြန်လာပြီး ယင်ဟွိုက်ယွီကို အကြောင်းကြားရာ ယင်ဟွိုက်ယွီကလည်း တားဆီးခြင်းမရှိဘဲ

"သိုင်းလောကထဲမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"

"မင်းရဲ့ အထောက်အထား ပုံစံ အမှန်ကို ဘယ်သူ့ကိုမှ အသိမပေးနဲ့"

ဟု မှာကြားလိုက်သည်။

နာရီဝက်ခန့်အကြာတွင် ယင်ဟွိုက်ယွီသည် တောင်အောက်ရှိ သစ်ပင်ကြီးဆီသို့ တစ်ကိုယ်တည်း ရောက်လာသည်။

လင်ချွမ်က ပုလွေမှုတ်ခြင်းကို ရပ်လိုက်ပြီး

"သူတို့ သွားကြပြီလား" ဟု မေးရာ

"အင်း"

ယင်ဟွိုက်ယွီက စိတ်မကောင်းစွာ ခေါင်းညိတ်သည်။

လင်ချွမ်က သူ့အတွက် ပြင်ဆင်ထားသော အရက်အိုးကို ကမ်းပေးရင်း

"စိတ်အေးအေးထားပါ၊ချန်အာကောရဲ့ အစွမ်းက သိုင်းလောကမှာ မဆိုးပါဘူး"

"ပြီးတော့ ဝိညာဉ်ကူးပြောင်းခြင်းအတတ်ကို မဖျက်သိမ်းခင်မှာ ငါ သူ့ကို 'နဝမမြောက် ယန် နတ်ဘုရားကျင့်စဉ်'ကို သင်ပေးလိုက်တယ်"

ဟု ဆိုသည်။

ယင်ဟွိုက်ယွီမှာ ဆွံ့အသွားပြီး

"နေဦး၊ အကြီးအကဲလင်၊ ခုနက ဘာပြောလိုက်တာလဲ"

"နဝမမြောက် ယန် နတ်ဘုရားကျင့်စဉ် ဟုတ်လား"

All Chapters