Chapters

အဖိုးမဖြတ်နိုင်သော (ဇီကျင်း ယုရုံ) ခရမ်းရောင်ကျောက်စိမ်းဆေးလုံး

Vol. 10 Ch. 91

အဖိုးမဖြတ်နိုင်သော (ဇီကျင်း ယုရုံ) ခရမ်းရောင်ကျောက်စိမ်းဆေးလုံး

Vol. 10 Ch. 91

ယင်ဟွိုက်ယွီ တံခါးပိတ် ကျင့်ကြံနေသည်ဟူသော သတင်းကို ဂိုဏ်းချုပ်နှင့် အကြီးအကဲများသာ သိကြသော်လည်း၊ ချက်ချင်းဆိုသလိုပင် ဝူတန်တောင်ကို ပိတ်ထားမည်ဖြစ်ကြောင်း ဂိုဏ်းချုပ်က ကြေညာလိုက်သည်။

ဝူတန်ဂိုဏ်းသည် ဧည့်သည်လက်ခံခြင်းကို ငြင်းဆန်လိုက်ပြီး လောကကြီးနှင့် ခေတ္တအဆက်အသွယ် ဖြတ်တောက်လိုက်သကဲ့သို့ပင်။

သိုင်းလောကသားများက "ဝူတန်က နတ်ဆိုးဂိုဏ်းကို ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတာပဲ" ဟုတစ်မျိုး၊ "ချန်အာကောမရှိရင် ဝူတန်က အစွမ်းမရှိတော့ဘူး" ဟုတစ်ဖုံ အမျိုးမျိုး ကဲ့ရဲ့နေကြသော်လည်း ဝူတန်ဂိုဏ်းကမူ ဂရုမစိုက်ပေ။

တပည့်များကိုလည်း စားနပ်ရိက္ခာဝယ်ရန်မှလွဲ၍ တောင်အောက်ဆင်းခွင့် မပြုတော့ချေ။

လင်ချွမ်တစ်ဦးတည်းသာ နွားကျောင်းရင်း တောင်အောက်သို့ ဆင်းခွင့် ရခဲ့​၏။

သစ်ပင်အိုကြီးအောက်တွင် လင်ချွမ်သည် ခရမ်းရောင်ဆေးလုံးတစ်လုံးကို လက်ထဲ၌ လှည့်ကစားနေသည်။

ဤဆေးလုံးမှာ 'ကောင်းကင်ကျောက်စိမ်းရည်' နှင့် မတူဘဲ ယနေ့ ဇီရှောင်နန်းဆောင်၌ စနစ် ဝင်ခဲ့ရာမှ ရရှိခဲ့ခြင်းပင်။

"ခရမ်းရောင်ကျောက်စိမ်းဆေးလုံး၊ ဒါက ကောင်းကင်ကျောက်စိမ်းရည်ထက် ဝိညာဉ်စွမ်းအင် ဆယ်ဆ ပိုများတာပဲ"

"ငါ့ရဲ့ ကျင့်ကြံရေး အဆင့်မြင့်မားလာတာနဲ့အမျှ ရတဲ့ပစ္စည်းတွေကလည်း ပိုကောင်းလာတာပဲ"

ဟု လင်ချွမ်က ရေရွတ်လိုက်သည်။

ဝူတန်ဂိုဏ်း၏ ဆေးဖော်ဆောင်များတွင် ကောင်းကင်ကျောက်စိမ်းရည်ပင် အလွန်ရှားပါးလှရာ ဤခရမ်းရောင်ကျောက်စိမ်းဆေးလုံးမှာ ဝူတန်တွင် မရှိနိုင်သလို သိုင်းလောကတစ်ခုလုံး၌ပင် အလွန်တန်ဖိုးကြီးမားသည်မှာ အသိအသာပင်။

"အကြီးအကဲလင်"

ယင်ဟွိုက်ယွီ ရောက်ရှိလာပြီး လင်ချွမ်​၏ လက်ထဲမှ ဆေးလုံးကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားရသည်။

"အကြီးအကဲ၊ ဒါက ခရမ်းရောင်ကျောက်စိမ်းဆေးလုံး မဟုတ်လား"

"မင်း ဒါကို သိတာလား"

လင်ချွမ်က မေးလိုက်သည်။

"မြင်ဖူးပေမဲ့ တစ်ခါမှ မစားဖူးပါဘူး"

ယင်ဟွိုက်ယွီက တံတွေးမြိုချရင်း သက်ပြင်းချလိုက်မိသည်။

"မြို့တော်က နန်းတွင်းဆေးကုသဆောင်မှာ တစ်ခါ မြင်ဖူးခဲ့တာပါ"

"ဒီဆေးလုံးကို ပထမအဆင့် ဆေးပညာရှင် ဆယ်ယောက်ပေါင်းပြီး ဖော်စပ်ရတာလို့ ကြားဖူးပါတယ်"

"ဒါက သက်တမ်းကိုလည်း ရှည်စေနိုင်ပြီး တစ်လောကလုံးမှာ ဧကရာဇ်မင်းတစ်ဦးတည်းပဲ သုံးစွဲခွင့်ရှိတာပါ"

"ရှောင်လင်ကျောင်းတော်မှာတောင် ဒါမျိုးကို ဖော်စပ်နိုင်တဲ့ ငွေကြေးအင်အား မရှိပါဘူး"

လင်ချွမ်က ဤဆေးလုံး၏ တန်ဖိုးကို သိလိုသဖြင့် မေးမြန်းရာ ယင်ဟွိုက်ယွီက

"ဒါက ဈေးကွက်ထဲမှာ ရှိမှာ မဟုတ်ပါဘူး"

"မှောင်ခို ဈေးကွက် မှာဆိုရင်တောင် ရွှေပြား တစ်သိန်း (၁၀၀,၀၀၀) အောက်မလျော့နိုင် ပါဘူး"

ဟု ပြောလိုက်၏။

အမှန်စင်စစ် ယင်းမှာ အလွန်နည်းပါးသော ခန့်မှန်းချက်သာဖြစ်ပြီး အစစ်အမှန်တန်ဖိုးမှာ အနည်းဆုံး ရွှေပြား ငါးသိန်းခန့် ရှိနိုင်သည်။

"အင်း၊ သိပြီ"

"ရော့ မင်းကို ပေးမယ်"

လင်ချွမ်က ဆေးလုံးကို ယင်ဟွိုက်ယွီထံ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။

ယင်ဟွိုက်ယွီမှာ အဖိုးတန်ဆေးလုံး မြေပေါ်ကျမည်စိုး၍ အသည်းအသန် လှမ်းဖမ်းလိုက်ရ၏။

"အကြီးအကဲရဲ့ ကြီးမားတဲ့ ကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲ မသိတော့ပါဘူး"

ဟု စိတ်လှုပ်ရှားစွာ ပြောရှာသည်။

"ရပါတယ်၊ဆေးကတစ်လုံးတည်းပါ"

"မင်း ကျင့်ကြံဖို့ ပြင်နေတာ မဟုတ်လား"

"ဒါကိုသုံးပြီး အထွတ်အထိပ်အဆင့် ကို တက်လှမ်းနိုင်အောင် လုပ်ပေါ့ "

"နောက်ရက်တွေကျရင် နောက်ထပ် နည်းနည်းထပ် ပေးဦးမယ်"

ဟု လင်ချွမ်က ဆိုလိုက်သည်။

ယင်ဟွိုက်ယွီက ယွဲ့ချင်းရို အကြောင်းကိုလည်း သတိပေးဖို့ မမေ့ချေ။

"အကြီးအကဲ၊ ယွဲ့ချင်းရိုက သူမရဲ့ဆရာ ဓားနတ်ဘုရားကို ရှာဖို့ အနောက်ဒေသကို သွားချင်နေတယ်"

"သူမက ယုံကြည်မှုလွန်ကဲပြီး လမ်းပျောက်တတ်တဲ့ အကျင့်ရှိတော့ တစ်ယောက်တည်း ထွက်သွားမှာ စိုးရိမ်မိတယ်"

လင်ချွမ်က ပျင်းရိစွာဖြင့် ပြန်ပြောလိုက်သည်။

"သူမကို သွားမတားပါနဲ့"

"အနောက်ဒေသကို တစ်နေ့ကျရင် ငါတို့ သွားရမှာပဲ"

"ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ ရတနာရှာနေတဲ့ လူတွေကြားထဲမှာ သွားပြီး မြေစာပင် ဖြဟ်စရာ မလိုသေးဘူး"

"အချိန်တန်ရင် ငါတို့ သွားကြတာပေါ့"

သိုင်းလောကတွင် လင်ချွမ်မှလွဲ၍ ထိုရတနာကို စောင့်ကြပ်နေသည့် လျှို့ဝှက် ကျင့်ကြံဆင့် မြင့်သူကို ယှဉ်နိုင်မည့်သူ ရှိလိမ့်မည်မဟုတ်ပေ။