Chapters

သဲကန္တာရအတွင်းမှ မငြိမ်မသက်မှုများ

Vol. 10 Ch. 93

သဲကန္တာရအတွင်းမှ မငြိမ်မသက်မှုများ

Vol. 10 Ch. 93

သဲကန္တာရတွင်။

ဤနေရာသည် တစ်ချိန်က အင်အားကြီးထွားလာခဲ့ရာ အရပ်ဒေသပင်။

ယွမ်မင်းဆက်သည် အလယ်ပိုင်းဒေသတွင် အခြေစိုက်ခဲ့သော်လည်း တာတာလူမျိုး များသည် သူတို့၏ ဇာတိမြေကို တစ်ခါမျှ မမေ့ခဲ့ကြချေ။

အတိတ်က သဲကန္တာရသည် လူသူကင်းမဲ့ပြီး မိုင်ပေါင်းရာချီ သွားသော်လည်း လူတစ်ယောက်မျှ မတွေ့နိုင်သော နေရာမျိုး ဖြစ်သည်။

သို့သော် ယခင်မင်းဆက်၏ ရတနာသတင်းများ ထွက်ပေါ်လာပြီးနောက်တွင်မူ သဲကန္တာရသည်လည်း လူတိုင်းသွားချင်ကြသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

သိုင်းလောကသားများမှာ မြှုပ်နှံထားသော ရတနာများကို ရှာဖွေရန် နေရာအနှံ့မှ ဝင်ရောက်လာကြခြင်းပင်။

ထိုသူများထဲတွင် ကျန်းဟယ် နှင့် ရဟန်းတစ်စုမှာ သဲကန္တာရထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာကြသည်။

ကျန်းဟယ်၏ လက်ထဲရှိ သိုးသားရေမြေပုံပေါ်တွင် သဲကန္တာရ၏ မြေမျက်နှာသွင်ပြင်နှင့် အမှတ်အသားပေါင်း ငါးရာ၊ ခြောက်ရာခန့်ကို တွေ့လိုက်ရသည်။

"ဒီလောက် အမှတ်အသားတွေ အများကြီးကို ကျွန်တော်တို့ လူတစ်ဒါဇင်လောက်နဲ့ ရှာဖို့ဆိုတာ မလွယ်ဘူး"

ဟု ကျဲ့ခုန်းက စိုးရိမ်တကြီး ပြောလာခြင်းပင်။

ကျန်းဟယ်က အေးဆေးပင် ရယ်မောရင်း -

"ကျွန်တော်က ကိုယ်တိုင်ရှာမယ်လို့ မပြောခဲ့ပါဘူး"

"ကိုယ်တော် ကျဲ့ခုန်း၊ ကျွန်တော့်ကို အကူအညီတစ်ခုလောက် ပေးပါ"

"တပည့်တွေကို သတင်းဖြန့်ခိုင်းလိုက်ပါ"

"ရှောင်လင်နဲ့ နန်းတွင်းက ရတနာတည်နေရာကို ရှာတွေ့သွားပြီ"

"စေတီပုထိုးရှိတဲ့ နေရာတိုင်းမှာ ရတနာတွေ မြှုပ်ထားတာလို့"

"အဲဒီအချိန်ကျရင် တစ်ယောက်ယောက်က ကျွန်တော်တို့အတွက် ကူရှာပေးပါလိမ့်မယ်"

ဟု ဆိုသည်။

သဲကန္တာရထဲတွင် မိုင်အနည်းငယ်ခြားတိုင်း စေတီတစ်ဆူ ရှိနေတတ်ရာ ကျန်းဟယ်၏ ဤပရိယာယ်မှာ အလွန်ပင် ပါးနပ်လှသည်။

...

ငါးရက်ခန့် ကြာပြီးနောက်။

အနောက်ဒေသနှင့် အလယ်ပိုင်းဒေသ သိုင်းလောကသားများမှာ ရူးသွပ်မတတ် ဖြစ်ကုန်ကြသည်။

လူတိုင်း သဲကန္တာရထဲသို့ အပြေးအလွှား သွားကြတော့သည်။

ဝူတန်တောင်တွင်လည်း ဂိုဏ်းချုပ်နှင့် အကြီးအကဲများ စုဝေးကာ ဆွေးနွေးနေကြသည်။

"ရှောင်လင်နဲ့ နန်းတွင်းက ရတနာတည်နေရာကို ရှာတွေ့သွားပြီလို့ သတင်းကြားတယ်"

"ဝူတန်အနေနဲ့ ပါဝင်သင့်၊ မသင့်ကို ဆုံးဖြတ်ပေးကြပါ"

ဟု ဆရာတော်က ဆိုသည်။

ရတနာများမှာ တိုင်းပြည်တစ်ခုကို တည်ထောင်နိုင်လောက်အောင် ကြွယ်ဝသဖြင့် မည်သည့်ဂိုဏ်းမှ လက်လွတ်မခံလိုကြပေ။

အထူးသဖြင့် ဝူတန်ဂိုဏ်းမှာလည်း နောက်ပိုင်းတွင် ငွေကြေးအင်အား လိုအပ်နေသဖြင့် ဤရတနာကိစ္စကို စိတ်ဝင်စားနေကြခြင်းပင်။

"အကြီးအကဲ ယင်သာ ဦးဆောင်မယ်ဆိုရင် အခွင့်အရေး ပိုများနိုင်တယ်"

"ဒါပေမဲ့ သူက တံခါးပိတ် ကျင့်ကြံနေတာ ဆိုတော့"

"လင်ချွမ်ကို လွှတ်ပြီး အခြေအနေကို စုံစမ်းခိုင်းထားတယ်"

ဟု လင်ရှောင်က ပြောလိုက်သည်။

ဆရာတော်မှာ လင်ချွမ်အပေါ် အမြဲအားနာစိတ် ရှိနေခဲ့၏။

လင်ချွမ်မှာ သိုင်းပညာပါရမီ မပါသဖြင့် နွားကျောင်းသားဘဝနှင့်သာ နေထိုင်နေရသည်ကို သူက နှမြောမိနေခဲ့သောကြောင့်ပင်။

ထိုအချိန်တွင် ရှောင်းယောက် တောင်ထိပ်၌ လင်ချွမ်သည် ကျောက်နန်းဆောင်ရှိ ကျောက်စားပွဲပေါ်သို့ ဆွမ်းအုပ်ကို တင်လိုက်သည်။

ထိုနေရာသည် နတ်ဆိုးဂိုဏ်းသားနှစ်ဦးဖြစ်သော စုမေ့အာ နှင့် ကျန်းခွေ့တို့ကို ဖမ်းဆီးထားသော နေရာပင်။

ယွဲ့ချင်းရိုက သူမ၏ ဓားကို သုတ်ရင်း -

"သတင်းတွေ ကြားပြီးပြီ။ ဘယ်တော့ သွားကြမှာလဲ"

ဟု မေးသည်။

"အခု သဲကန္တာရထဲမှာ တစ်လောကလုံးက ပညာရှင်တွေ စုနေကြတာ"

"မင်းရဲ့ အစွမ်းနဲ့ဆိုရင် မလုံလောက်သေးဘူး"

ဟု လင်ချွမ်က ခေါင်းခါပြလိုက်သည်။

ယွဲ့ချင်းရိုမှာ ဒုတိယအဆင့် သိုင်းသမားဖြစ်သော်လည်း သဲကန္တာရကဲ့သို့ အန္တရာယ်များသော နေရာအတွက် သူမ​၏ အစွမ်းနှင့် မလုံလောက်ပေ။

ယွဲ့ချင်းရိုမှာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားစဉ် လင်ချွမ်က သူမထံသို့ ခရမ်းရောင်ဆေးလုံးတစ်လုံး ကမ်းပေးလိုက်သည်။

"ဒါက ဘာလဲ"

သူမက သိချင်စိတ်ဖြင့် မေးသည်။

"ခရမ်းရောင်ကျောက်စိမ်းဆေးလုံး ပဲ"

"မင်း ဒီဆေးလုံးနဲ့ အဆင့်တက်သွားတဲ့နေ့ဟာ ငါတို့ သဲကန္တာရကို သွားမယ့်နေ့ပဲ"

ဟု လင်ချွမ်းက အေးဆေးစွာပင် ပြောလိုက်လေသည်။