Chapters

အရှေ့ဘက်ဒေသ သည် ဧကရာဇ်မင်း၏ အပိုင်ပင်

Vol. 10 Ch. 96

အရှေ့ဘက်ဒေသ သည် ဧကရာဇ်မင်း၏ အပိုင်ပင်

Vol. 10 Ch. 96

ကျားယွီကွမ်းမြို့ရှိ တည်းခိုခန်းတစ်ခုအတွင်း၌ ခန့်ညားထည်ဝါသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအုပ်စုတစ်စုမှာ တစ်ခန်းလုံး ပြည့်လုနီးပါး ရှိနေသည်။

သဲကန္တာရလေပြင်းများ တိုက်ခတ်ရာ ဤနယ်စပ်မြို့တွင် ထိုကဲ့သို့ အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားခြင်းက သူတို့သည် အလယ်ပိုင်းဒေသမှ သူဌေးသူကြွယ်များ သို့မဟုတ် နန်းတွင်းမှ အမှုထမ်း အရာရှိများ ဖြစ်ကြောင်း ထင်ရှားနေသည်။

"ကျန်းဟယ် ရဲ့ ကျင့်ကြံမှုအဆင့်က ဒီလောက်အထိ မြင့်မားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူ မာန်တက်နေတာလည်း မဆန်းပါဘူး"

ဟု ရဟန်းဝတ်ဖြင့် လူတစ်ဦးက ပြောလိုက်သည်။

ထိုသူသည် သာမန်ရဟန်း မဟုတ်ဘဲ နန်းတွင်း၏ အရာရှိကြီးတစ်ဦး ဖြစ်သည်။

"သခင်ကြီးယောင်၊ ကျန်းဟယ်က သခင်ကြီးကို သတင်းစကားပါးလိုက်ပါတယ်"

"သခင်ကြီးသာ ဒီကနေ ထွက်မသွားရင် သခင်ကြီးရဲ့ အရာရှိဦးထုပ်ကို ဂရုစိုက်ပါတဲ့"

ဟု ဗိုလ်ချုပ်တစ်ဦးက တုန်တုန်ရင်ရင်ဖြင့် အမှန်အတိုင်း ပြောပြလိုက်သည်။

ဤရဟန်းမှာ အခြားသူမဟုတ်၊ တောက်ယန် ဆိုသောသူပင်။

သူသည် အရှေ့ဘက်ဒေသကို တည်ထောင်သူများထဲမှ တစ်ဦးဖြစ်ပြီး ဧကရာဇ် ကျူတီ ၏ ယုံကြည်ရသူလည်း ဖြစ်သည်။

"ဟမ့်၊ မိန်းမစိုးတွေကများ ဘယ်လောက် အစွမ်းထက်နေလို့လဲ"

"ဒီရတနာကို ငါ ရအောင် ယူပြမယ်"

ဟု တောက်ယန်က အေးစက်စွာ ဆိုလိုက်သည်။

ထိုစဉ် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး တည်းခိုခန်းအတွင်း သဲဖုန်များ ဖုံးလွှမ်းသွား၏။

လူတိုင်း နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ထားကြစဉ် စားပွဲအောက်မှ သွေးနီရောင် အရည်များ စီးဆင်းလာပြီး သွေးညှီနံ့များ ဖုံးလွှမ်းသွားတော့သည်။

"သွေးတွေ"

ဗိုလ်ချုပ်က အော်ဟစ်လိုက်သည်။

လူအချို့မှာ စားပွဲပေါ်၌ပင် ပွဲချင်းပြီး သေဆုံးသွားကြခြင်းပင်။

"ဘယ်သူလဲ"

တောက်ယန်က ဒေါသတကြီး အော်ဟောက်လိုက်သည်။

"သခင်ကြီးယောင်၊နေကောင်းရဲ့လား"

တည်းခိုခန်း ထောင့်တစ်နေရာမှ အသံထွက်ပေါ်လာသည်။

လူတိုင်း ကြည့်လိုက်သောအခါ မုတ်ဆိတ်မရှိဘဲ အဖြူရောင် ဝတ်ဆင်ထားသော လူတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။

"ကျန်းဟယ်"

တောက်ယန် အံ့ဩသွားရသည်။

ကျန်းဟယ်၏ အစွမ်းမှာ သူထင်ထားသည်ထက် များစွာ သာလွန်နေသည်။

ကျန်းဟယ်က အေးဆေးစွာ ဝိုင်သောက်ရင်း

"ကျွန်တော် သခင်ကြီးကို သတိပေးပြီးသားပါ"

"ဒါပေမဲ့ သခင်ကြီးက အခြေအနေကို သဘောမပေါက်တော့ ကျွန်တော် ကိုယ်တိုင် လာခဲ့ရတာပေါ့"

ဟု ပြုံးလျက် ဆိုသည်။

တောက်ယန်၏ တပည့်များက ဓားချင်းယှဉ်ရန် ပြင်သော်လည်း တောက်ယန်က တားဆီးလိုက်သည်။ ကျန်းဟယ်က သူ၏ တပည့်များကို မည်သို့သတ်လိုက်သည်ကိုပင် သူ မမြင်လိုက်ရချေ။

တောက်ယန်က အရှေ့ဘက်ဒေသအနေဖြင့် ဧကရာဇ်၏ ယုံကြည်မှုကို ရရှိရန် ဤရတနာကို ရယူပြရမည်ဟု ဆိုသည်။

ကျန်းဟယ်ကလည်း

"ကောင်းပြီ၊ သခင်ကြီး နေချင်ရင်တော့ ဒီ ကျားယွီကွမ်းမှာ ခဏနေပါ"

"ရတနာတွေ့ရင် ကျွန်တော် သတင်းပို့ပါ့မယ်"

ဟု ဆိုကာ ပြန်ထွက်သွားသည်။

တောက်ယန်သည် ကျန်းဟယ်နှင့် သဘောတူညီမှုတစ်ခု ယူလိုက်ခြင်းပင်။

သူက ကျားယွီကွမ်းတွင် စစ်ဆေးရေးဂိတ်များ ချထားရန် အမိန့်ပေးလိုက်သည်။

"သဲကန္တာရထဲ ဝင်မယ့်သူတွေကို သေချာစစ်ဆေးပါ"

"အထူးသဖြင့် နတ်ဆိုးဂိုဏ်းဝင်တွေကို ပစ်မှတ်ထားပြီး ကျန်းဟယ်ကို ကူညီပေးရမယ်"

ဟု သူက ဆိုသည်။

ရက်အနည်းငယ်အကြာတွင် ကျားယွီကွမ်း၌ စစ်ဆေးရေးဂိတ်များကြောင့် အလွန်ရှုပ်ထွေးနေသည်။

နတ်ဆိုးဂိုဏ်းသားများကိုမူ မတရားသော အခွန်အခများ ကောက်ခံသဖြင့် ပဋိပက္ခများ ခဏခဏ ဖြစ်ပွားလျက် ရှိနေ​၏။

ထိုစဉ် အသူရာဂိုဏ်းချုပ် 'အသူရာ' ဦးဆောင်သော အဖွဲ့ မြို့ထဲသို့ ဝင်လာသည်။

"ဂိုဏ်းချုပ်၊ ညာလက်ရုံး အစောင့်အရှောက် ကျန်းခွေံ ဆီက သတင်းရပါတယ်"

"သူ သုံးရက်အတွင်း ကျားယွီကွမ်းကို ရောက်ပါလိမ့်မယ်"

ဟု သတင်းပို့လာသည်။

အသူရာဂိုဏ်းချုပ်မှာ ကျန်းခွေ့ ဝူတန်မှ လွတ်မြောက်လာခြင်းအတွက် ဝမ်းသာသော်လည်း၊ ဝူတန်ရှိ ပထမအဆင့်ထက် သာလွန်သော သူ​၏ လက်ထဲမှ သူ မည်သို့ လွတ်မြောက်လာသနည်း ဆိုသည်ကိုမူ သံသယဝင်နေမိလေတော့သည်။