← Chapters

ဆယ်ကွက်အတွင်း မင်းကိုသေချာပေါက်သတ်ပြမယ်

Vol. 11 Ch. 101

ဆယ်ကွက်အတွင်း မင်းကိုသေချာပေါက်သတ်ပြမယ်

Vol. 11 Ch. 101

"ဝှီး—"

ခဏတာမျှ ယုကျင်းခန်းမ အတွင်းရှိ လေထုသည် တိတ်ဆိတ်ကာသွား၏။

နှစ်ဖက်လုံးက မျက်နှာချင်းဆိုင် ရပ်နေသော်လည်း မည်သူမျှ ဦးစွာ တိုက်ခိုက်ခြင်း မပြုခဲ့ကြပေ။

"သတ်!"

"ဖောက်ထွက်ကြ ၊သွေးမြေကျပါစေ ရအောင်ဖောက်ထွက်ကြ"

သက်ရှည်ခန်းမ မှ ယွီယန်ကျီ သည် ရုတ်တရက် အော်ဟစ်ကာ

ချက်ချင်း ဂျီချန်ဖန် ကို တိုက်ခိုက်လိုက်သည်။

ဂျိချန်းဖန်က ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူပြုံး၍နောက်သို့တစ်လှမ်း ဆုတ်လိုက်သည် ထိုအခါဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ အလွန်ကြီးမားသော သတ္တဝါ တစ်ကောင်သည် ရေကန် ထဲမှ ခုန်ထွက်လာ၏— ထိုနတ်သားရဲသတ္တဝါကြီးသည် ကျင်းယွမ်ဂိုဏ်း၏ အစောင့်‌အရှောက် ဝိဉာဏ်သားရဲ ရေကီရင် (ရေချီလင်) ပင်ဖြစ်ပေသည်။

“ရွှီး”

ရေကီရင်၏ ပါးစပ်ထဲမှ ရေချီစွမ်းအင် အလင်းတန်းတစ်ခုထွက်ပေါ်လာကာ ထိုစွမ်းအင်သည် ယွီယန်ကျီ ကိုပြင်းထန်သောအားတစ်ခုဖြင့်တွန်းထုတ်ခံရသကဲ့သို့ဖြစ်စေကာ လွင့်ထွက်‌သွားစေသည်။

“ဝှစ်”

ထို့နောက် ယုကျင်းခန်းမထဲတွင် ထိုင်နေခဲ့သော တောက်ရွှမ်းသည် ချက်ချင်းပင် ရေကီရင်(ရေချီလင်) ပေါ်သို့ရောက်ရှိလာ၏။ ထို့နောက် တောက်ရွှမ်းသည် ရေခဲနှလုံးသားဆုဒြာ ကျင့်စဉ်ကို လှည့်ပတ်ကာ သူ၏စိတ်ကိုငြိမ်သက်စေလိုက်သည်။ထို့နောက်

" ဂျိချန်းဖန် ဓားပေးတော့ "

ထိုစကားကို ကြားသောအခါ ဂျိချန်းဖန်သည် လျင်မြန်စွာ ကျူရှန်းဓားကို ပစ်ပေးလိုက်ကာ ပြောလိုက်၏။

"ခေါင်းဆောင်ကြီး ဓားကိုဖမ်းလိုက်ပါ "

ဂျိချန်းဖန်၏ အသံအဆုံးသတ်သွားသည်နှင့် သူနောက်ကို ခြေနှစ်လှမ်းခန့်ဆုတ်လိုက်ကာ ခါးမှ နတ်ဓားနှစ်စင်း ကို ဆွဲထုတ်လိုက်သည်။

"ဝှမ်း—"

စူးရှကာတောက်ပနေသော ဓားရောင်နှစ်ခု ထွက်ပေါ်လာကာ အင်မတန်မှပြင်းထန်လှသော ဓားစိတ်ဆန္ဒ သည်လည်း ထိုးတက်သွားကာ ကောင်းကင်မှတိမ်များကိုပင် လွင့်စဉ်သွားစေ၏။

ထိုအရာများအားလုံးသည် ခဏအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ဖြစ်ရပ်ကကြာသည်ဟုထင်ရသော်လည်း သိုင်းပညာရှင်များအတွက်မူ ထိုခဏတာ သည်လည်း သိုင်းကွက်ပေါင်းများစွာထုတ်သုံးခွင့်ရစေသော အခွင့်အရေးရစေသည်ပင်။ ထိုခဏအတွင်း ကျင်းယွမ်ဂိုဏ်းမှအကြီးအကဲများသည်လည်း ချက်ချင်းတုန့်ပြန်ကာ တိုက်ခိုက်လိုက်ကြသည်။

ဓားနှစ်လက်ကို တစ်ဖက် တစ်ချောင်းကိုင်ထားသော ဂျိချန်းဖန်သည်လည်း ယွီယန်ကျီ ကို မဆိုင်းမတွ တိုက်ခိုက်လိုက်၏။

"ကောင်လေး ၊ မင်းဘယ်လိုတောင်လုပ်ရဲတာလဲ "

ယွီယန်ကျီ၏ အမူအရာ မည်းမှောင်သွားကာပြောလိုက်သည်။

သူ ကဲ့သို့ နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းချုပ်တစ်ဦးသည် ဂျူနီယာ တပည့်လေးတစ်ဦးထံမှ တားဆီးခြင်းကိုခံရသည်လော ဟုတွေးကာဒေါသများထွက်လာ၏။

"ဝှီး—"

ယွီယန်ကျီသည် ချက်ချင်းပင် သူ၏မှော်လက်နက်ဖြစ်သော ယင်ယန်ကြေးမုံကို ထုတ်လိုက်ကာ ဂျိချန်းဖန်ကို တစ်ချက်တည်းနှင့်အသေသတ်ရန် ရည်ရွယ်လိုက်၏

"ဝှီး~~"

ဂျိချန်းဖန် ၏ အမူအရာသည် တစိုးတစ်မျှ ပြောင်းလဲခြင်းမရှိဘဲ

ဓား ကွက်ကိုထုတ်ဖော်လိုက်သည်။ထိုအခါ

တောက်ပသော ဓားရောင် ချက်ချင်း ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့သော ဓားစိတ်ဆန္ဒများသည် ကောင်းကင်သို့ ထိုးတက်သွားကာ ယွီယန်ကျီ ထံသို့ချက်ချင်းတိုက်ခိုက်လိုက်သည်။

ယခုတစ်ကြိမ်တွင်မှ ဂျိချန်းဖန်သည် နတ်ဆိုးဂိုဏ်းချုပ်အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးနှင့် တိုက်ခိုက်ဖူးခြင်းဖြစ်သည်ပင်။ ယွီယန်ကျီ သည်နတ်ဆိုးဂိုဏ်းချုပ်များထဲတွင် ခွန်အားအနိမ့်ဆုံးဖြစ်သော်လည်း ရှန်ကျင်းအထွတ်ထိပ်အဆင့်နှင့်နီးစပ်နေပြီဖြစ်၏။ ထိုကဲ့သို့သော အဆင့်၏ခွန်အား သည် အားမနည်းလှချေ။

ဂျိချန်းဖန်၏ လက်ရှိ ခွန်အား ဖြင့် သူသည် ယွီယန်ကျီ ကို မနိုင်လျှင်တောင်မျှ မရှုံးနိမ့်နိုင်ပေ။ လက်ရှိ ဂျိချန်းဖန် သည် ရှန်ကျင်းထိပ်သီးအဆင့်များနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီဖြစ်သည်။

"ဝုန်း ဗုန်း—"

ဓားရောင် သည် ယင်နှင့်ယန် ကြေးမုံ နှင့် တိုက်မိသောအခါ အလွန်အင်အားပြင်းထန်လှသော ချီ လှိုင်းတစ်ခုက ပတ်ဝန်းကျင်ကိုရိုက်ခတ်သွား၏။

ထိုပြင်းထန်လှသော ချီ လှိုင်းကြောင့် လူတိုင်း တိုက်ခိုက် နေသည်များကို ရပ်လျက်ကြည့်လိုက်ကြသည်။

နတ်ဆိုးဂိုဏ်းမှ လူအများအပြားသည်လည်းဂျိချန်းဖန် ကိုကြည့်လိုက်ကာ ထိတ်လန့်သွားကြကာတွေးလိုက်ကြသည်။ ဂျိချန်းဖန် သည် နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းချုပ်တစ်ဦးကိုပင်လျှင် ယှဉ်၍ တိုက်ခိုက်နိုင်သည်လော။

"အစ်ကိုဂျိ က အံ့သြစရာပဲ"

"သတ်ကြ"

"အစ်ကိုကြီး နောက်ကို လိုက်ပြီး ရန်သူကို သတ်ကြ"

ကျင်းယွမ်ဂိုဏ်းမှ တပည့်များသည်လည်း ဂျိချန်းဖန် ကြောင့်အားတက်လာကြကာ နတ်ဆိုးဂိုဏ်းတပည့်များကို အားတက်သရော သုတ်သင်လိုက်ကြသည်။

"ရွှီး-ဝုန်း"

ယုကျင်းခန်းမ အတွင်းတွင်လည်း တိုက်ပွဲမှ ထွက်ပေါ်လာသော မှော်လက်နက်များမှ အလင်းရောင်ကြောင့် အလင်းရောင်စုံတောက်ပနေကြ၏။

ကျင်းယွမ်၏ တပည့်များထဲတွင် ဂျိချန်းဖန်မှအပ အထင်ရှားဆုံးမှာ ဂရန်းမာစတာ ရွှယ်ယွဲ့ ၏တပည့် လုရွှယ်ချီပင်ဖြစ်သည်။

“ဝှီး” အ‌ပြာရောင် ဓားအလင်းတစ်ချက်လက်သွားကာ လုရွှယ်ချီသည် ထျန်းယာဓားကိုကိုင်မြောက်ကာ မိုးကြိုးထိန်းချုပ် ဓားသိုင်း(မိုးကြိုးဓားသိုင်း) ကိုအသက်သွင်းလိုက်သည်။ထိုနောက်

လုရွှယ်ချီသည် လေဟာနယ်ပေါ်၌ ခြေလှမ်းချလိုက်ကာ ကောင်းကင်ကိုးထပ်မှ မိုးကြိုးများကို ဆင့်ခေါ်၍ နတ်ဆိုးလမ်းစဉ် တပည့်များ‌အပေါ်သို့ ပိုင်းချလိုက်၏။

"ဟားဟားဟားဟားဟား"

တောက်ရွှမ်း သည် လုရွှယ်ချီကိုကြည့်ကာ ကျေနပ်စွာ ရယ်မော လိုက်သည်။

သူသည် ရေကီရင်(ချီလင်) ပေါ်တွင် ရပ်လျက် အဆိပ်နတ်ဘုရားကိုကြည့်ကာ အေးစက်စွာပြောလိုက်၏-

"လွန်ခဲ့တဲ့ နှစ်သုံးရာက ငါတို့ကျင်းယွမ်ဘိုးဘေး ချင်းယီအင်မော်တယ် က ကျူရှင်းဓားကိုင်ပြီး မင်းတို့ နတ်ဆိုးဂိုဏ်းတွေကို နှစ် ၁၀၀ လောက်အင်အားနည်း‌အောင်လုပ်ခဲ့တယ် ၊ အခု ငါဘိုးဘေးရဲ့ လမ်းစဉ်အတိုင်း မင်းတို့ နတ်ဆိုးဂိုဏ်းကို နှစ်ပေါင်း ၁၀၀ နလန်မထူနိုင်အောင်လုပ်ပစ်မယ်”

“ကျင်းယွမ်ဂိုဏ်း ထာဝရတည်တံ့ပါစေ”

နောက်‌ဆုံးစကားကို တောက်ရွှမ်းက အော်ဟစ်လုမတတ် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ထို့နောက်

"ဝှီး—"

ကျူရှန်းဓားမှ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ

တောက်ရွှမ်း သည် လေထဲသို့ ဖြည်းညင်းစွာ တက်သွား၏။ သူက အဆိပ်နတ်ဘုရား ကို လေပေါ်မှနေ၍ ငုံ့ကြည့်လိုက်ကာ ကျူရှင်းဓားကိုမြှောက်လိုက်ပြီး ခုတ်ချလိုက်ည်။

"ဝုန်း "

ကျူရှင်းဓားမှ အရောင်ခုနစ်ခုပါသော ဓားဆန္ဒတစ်ခုကထွက်လာပြီး အဆိပ်တစ်သောင်း ဂိုဏ်းမှတပည့်များအပေါ်သို့ ပိုင်းချလိုက်၏။ သူသည် အဆိပ်နတ်ဘုရားအစား အဆိပ်တစ်သောင်းဂိုဏ်း မှ တပည့်များအားလုံးကို သတ်ပစ်ရန်ရည်ရွယ်ခဲ့သည်။

ဤမြင်ကွင်းကို မြင်သောအခါ အဆိပ်နတ်ဘုရား အော်ဟစ်ကာပြောလိုက်၏ -

“တောက်ရွှမ်း ခွေးသား မင်း အရှက်မရှိဘူးလား “

သူသည်ထိုကဲ့သို့ပြောနေစဉ်ပင် တပည့်များရှေ့၌ ချက်ချင်းပေါ်လာပြီး ဓား ခုတ်ချက်ကို တားဆီးလိုက်သည်။

"ဖူးး—"

တားဆီးလိုက်သည်နှင့်တစ်ပြိုင်နက် အဆိပ်နတ်ဘုရား၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တကြားပြောလိုက်၏

“ တောက်ရွှမ်း ၊မင်း…မင်း တိုင်ကျင်းအဆင့်ရောက်သွားပြီလား “

သူ၏အသံထွက်ပေါ်လာသည်နှင့် နတ်ဆိုးလမ်းစဉ်မှ အကြီးအကဲများ နတ်ဆိုးဂိုဏ်းချုပ်များက ကြောက်ရွံ့စွာကြည့်လိုက်ကြသည်။ တောက်ရွှမ်းသည် တိုင်ကျင်း အဆင့်သို့ လှို့ဝှက်ကာ တက်နိုင်ခဲ့သည်ကို အံ့ဩနေကြသည်ပင်။

"အဆိပ်နတ်ဘုရား၊ သေလိုက်စမ်း"

တောက်ရွှမ်း၏ မျက်လုံးများအေးစက်သွားကာ ကျူရှင်းဓားဖြင့်ပိုင်းချလိုက်သောအခါ ခုနစ်ရောင်ခြယ် ဓားဆန္ဒတစ်ခုက အဆိပ်နတ်ဘုရားထံသို့ ရောက်ရှိလာ၏။

"ဝှစ်—"

ထိုအခိုက်အတန့်တွင် သရဲဘုရင် ဝမ်ရိန်ဝမ်သည် အဆိပ်နတ်ဘုရားရှေ့မှကာလိုက်ကာ ဖူလုံကြေးဒယ်စောက်ကို အသက်သွင်းလိုက်ကာ သွေးနံရံအကာအကွယ်တစ်ခုကို ဖွင့်လိုက်သည်-

"ဝုန်း"

သွေးနံရံသည်လည်း ကြာကြာ ခံနိုင်ပဲ ဖြည်းဖြည်းအက်အွဲလာသည်။ဝမ်ရန်ရိန်ကလည်း အဆိပ်တစ်သောင်းတောင်ကြားဘိုးဘေးကိုကယ်ရခြင်းသည် ထိုအဆိပ်နတ်ဘုရားသေဆုံးသွားလျင် သူတို့အားလုံးလွတ်မြောက်ရန်ခက်ခဲသွားမည်ဖြစ်သောကြောင့်ပင်။

ထို့နောက် ဝမ်ရိန်ဝမ် က အအော်ပြောလိုက်သည်

”ဆုတ်ခွာကြမယ်၊ ဆုတ်ကြ”

ထိုအခါ ယွီယန်ကျိ သည်လည်း ထွက်ပြေးမည်ပြု၏။သို့သော် သူခန်းဝ အပေါက်ဝသို့မရောင်မည်ပင် ဓားရောင်တစ်ခု ဝင်းလက်သွားပြီး ဝတ်ရုံဖြူဝတ်ကောင်လေး တစ်ယောက်ပေါ်လာကာပြောလိုက်သည်။

“မပြေးနဲ့ ၊ ငါမင်းကို ဆယ်ကွက်အတွင်းသတ်ပြမယ်”

All Chapters