ယီယန်ကျီသေဆုံးသွား၍ လူတိုင်းတုန်လှုပ်သွားကြခြင်း
Vol. 11 Ch. 102
ထိုစကားသံအဆုံး၌
“ဝုန်း—“
အလွန်ဖျက်အားပြင်းသော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာကာ ယီယန်ကျီအား ပြေးပေါက်ပိတ်သွားစေ၏။ထိုအခါ ယွီယန်ကျိသည် မလွှဲသာမရှောင်သာ တိုက်ခိုက်မှုကို လက်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာတုန်လှုပ်သွားကာ သူ့ပတ်ပတ်လည်ရှိ ယင်ယန် ကြေးမုံက အားလှိုင်းများထုတ်လွှတ်နေကာ ဓားစွမ်းအင်စီးကြောင်းများကို ချေဖျက်ပစ်လိုက်၏။
“ကောင်လေး မင်းကို ငါ ယွီယန်ကျီ အပိုင်းပိုင်းဆွဲဖြဲပစ်မယ်”
ယွီယန်ကျီသည် အံကိုကြိတ်ထားရင်း ဂျိချန်းဖန် ကိုကြည့်ကာ သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာထွက်ပေါ်လာသည်။သူသည် ဤနေ့တွင် မည်မျှပင်ပေးဆပ်ရပါချေ ဂျိချန်းဖန် ကိုအသေသတ်ရမည်ဟု ဆုံးဖြတ်ထားပြီးပင်ဖြစ်၏။
သို့သော် ဂျိချန်းဖန် ကထိုအမူအရာကို မကြောက်ရုံတင်မက စိန်ခေါ်လိုက်သေးသည်။
“ လာလေ သတ်နိုင်ရင် သတ်လိုက်”
ထို့နောက်သူသည် ဓားနှစ်လက်ကို ဓားအိမ်မှဆွဲထုတ်ကာပြောလိုက်သည်
“ခင်ဗျား ကို သတ်ဖို့ နဂါးသတ်ဓား နဲ့ အမှောင်ဆီးနှင်းဓား တို့နဲ့တင် လုံလောက် ပြီ”
တစ်ချိန်တည်းမှာပင်၊ သူသည် အမှောင်ဆီးနှင်းဓားကို ထုတ်လိုက်၏။
“ရွှမ်း—“
ဂျိချန်းဖန် ၏ ဓားထိန်းချုပ်မှု နည်းစနစ်၏ အောက်တွင် အမှောင်ဆီးနှင်းဓား သည် ပတ်ဝန်းကျင် ကောင်းကင်ယံတွင် ဆက်တိုက် လူးလွန့်နေကာ ပြင်းထန်သော ဓားအရှိန်အဝါများထုတ်လွှတ်နေသည်။ထို့နောက်
ဂျိချန်းဖန်သည် နဂါးသတ်ဓား ကို ကိုင်လိုက်ကာ
သူသည် မဆိုင်းမတွ ယွီယန်ကျီ ဆီသို့ခုတ်ချလိုက်သည်။
ထိုအခါ
ယွီယန်ကျီ သည် အခြား ရွေးချယ်စရာ မရှိဘဲ ယင်နှင့်ယန် ကြေးမုံ ကို ဆင့်ခေါ်ကာ မှော်ရတနာ ကို အသုံးပြု၍ အမှောင်ဆီးနှင်း နတ်ဓား ၏ တိုက်ခိုက်မှုများကို ခုခံနေရကာ သူ၏ ရှေ့တွင်လည်း နဂါးသတ်ဓား ကို ကိုင်ဆောင်ထားသော ဂျိချန်ဖန် လည်း ရှိနေသည်...
ဤအခိုက်အတန့်တွင်၊
ယွီယန်ကျီ သည် တိုက်ရိုက်ထောင်ချောက်ထဲသို့ကျရောက်သွားခဲ့၏။
သူသည် မိုရွှဲ့ နတ်ဓား ၏ နှောင့်ယှက်မှုကို ရင်ဆိုင်ရုံသာမက
အစွမ်းထက်သော ဂျိချန်ဖန် ကိုလည်း ရင်ဆိုင်ရနေသေးသည်။
“ မင်း.. မင်း ငါ့ကိုဒီလို အနိုင်ကျင့်ရဲတာလား ” ယွီယန်ကျီ သည် ဒေါသဖြင့် သူ့မျက်နှာတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ်နီရဲနေသည်။
“အနိုင်ကျင့်တာလား မဟုတ်ဘူး…မဟုတ်ဘူး ကျွန်တော် က ခင်ဗျား ကို သတ် တော့မှာ”
ဂျိချန်းဖန်သည် အေးစက်စွာပြောကာ စိတ်ထဲတွင်တွေးလိုက်သည် မတတ်နိုင်ပါချေ။ ယွီယန်ကျီ သည် နတ်ဆိုးဂိုဏ်းချုပ်များထဲတွင် အားအနည်းဆုံးဖြစ်နေသည်ပင်မဟုတ်လော။
ဂျီချန်ဖုန်း ကျယ်လောင်စွာ “ ဒီနေ့က ခင်ဗျားရဲ့သေနေ့ပဲ “ ဟူ၍ပြောလိုက်သည်။
“ရွှစ်—“
စကားများ ထွက်ပေါ်သည်နှင့် တပြိုင်နက်
ပြင်းထန်သော ဓားဆန္ဒ ပေါက်ကွဲထွက်လာကာ
နဂါးသတ်ဓား သည် ဓားအရှိန်အဝါများဖြင့်ပြည့်နှက်လာကာ ခုတ်ချလိုက်လေ၏။
အနီးနားရှိ ကျင်းယွမ် တပည့်များ လည်း ဓားစွမ်းအင်လှိုင်းများ၏အကျိုးသက်ရောက်မှု ကိုခံလိုက်ရကာ
အလျင်အမြန် နောက်သို့ ဆုတ်ခွာ၍ သူတို့အားလုံးက ကောင်းကင်ယံရှိ ဂျိချန်းဖန်ကို ကို တုန်လှုပ်စွာ စိုက်ကြည့်နေကြသည်။
“ဟူး အကိုကြီးဂျိရဲ့ ဓားကွက်က ကြောက်ဖို့ကောင်းတယ်”
“ဟုတ်တယ် ၊ ယွီယန်ကျိက ထောက်ချောက်ထဲရောက်နေပြီ ဘာအမှားအယွင်းမှမရှိဘူးဆိုရင် သူ ဒီနေ့သေရမှာပဲ”
ပပတ်ဝန်းကျင်မှတပည့်များသည် အမှန်ပင်ဆွေးနွေးလိုက်ကြသည်။ အဘယ်ကြောင့်နည်းဟု မေးလျင် အဖြေမှာ ဂျိချန်းဖန်၏ ဓားဆန္ဒသည် ယွီယန်ကျီကို ခုတ်ချလိုက်ချိန်တွင် ဘေးမှ နတ်ဆိုးဂိုဏ်းတပည့်များကိုပါ သတ်ဖြတ်လိုက်သကဲ့သို့ဖြစ်သွားခြင်းပင်ဖြစ်၏ဟု ဖြေရပေမည်။
ထို့ပြင် ဂျိချန်းဖန်သည် အနီးနားရှိ ကျင်းယွမ်ဂိုဏ်း တပည့်များ အပေါ် ထိခိုက်မှု အနည်းငယ်သာ ဖြစ်ပေါ်စေရန်လည်း ထိန်းချုပ်ထားခဲ့၏။
“ရွှစ်—“
တောက်ရွှမ် သည် ရေကီရင် ပေါ်တွင် ရပ်လျက်၊ ကျူရှန်းဓား ကို ကိုင်ထားသည်။
သူသည် ရေခဲနှလုံး ဆုဒြာ ကို ဆက်တိုက် လည်ပတ်နေပြီး ကျူရှန်းဓား အတွင်းရှိ ပြင်းထန်သော မကောင်းဆိုးဝါး ချီ ကို ခုခံရန်အတွက် မိမိကိုယ်ကို အချိန်တိုင်း ဗလာစိတ် အခြေအနေတွင် တည်ငြိမ်အောင်ထား၏။
“အဆိပ်နတ်ဘုရား ၊ တာအိုမိတ်ဆွေဘာလို့ ဒီလောက် အလျင်စလို ထွက်သွားရတာလဲ”
“ဒီ နိမ့်ကျတဲ့ တာအိုကျင့်ကြံသူ ဆီက နောက်ထပ် ဓားချက် တစ်ချက်ကို ကျေးဇူးပြုပြီး ခံယူပါဦး”
တောက်ရွှမ်း ပြက်ရယ်ပြုဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏ အစိမ်းရင့်ရောင်ဝတ်ရုံ ဆက်တိုက် လွင့်ပျံနေကာ သူ၏ ပုံမှန် ကြင်နာတတ်သော မျက်လုံးများ သည် ယခုအခါ ပြင်းထန်သော သတ်လိုစိတ် များဖြင့် ပြည့်နှက်နေသည်။
“ဗုံး—“
တောက်ရွှမ်း၏ ဓားစိတ်ဆန္ဒ သည် ဖျက်ဆီးခြင်းစွမ်းအင်များ ဖြင့် ပြည့်နှက်နေကာ ၎င်းသည် အစွမ်းထက်သော ဓားအရှိန်အဝါ ဖြင့် ပြည့်နေကာ အဆုံးမဲ့ သတ်လိုစိတ် များကို သယ်ဆောင်လာ၏။
ဤမြင်ကွင်းကို မြင်သောအခါ ဝမ်ရင်ဝမ် သည် အလွန် ထိတ်လန့် သွားသည်။
သူသည် ယခင်က ဖူလုံ ဒယ်အိုး ကို အသုံးပြု၍ ကွေ့နျူ ၏ သွေးနှင့် ချီစွမ်းအင် အများစုကို ထုတ်ယူကာမှ တောက်ရွှမ် ၏ ဓားချက်ကို မသေရုံတမယ် တားဆီးနိုင်ခဲ့သည်။ ယခု...
သူသာ ကွေ့နျူ ၏ သွေးနှင့် ချီစွမ်းအင် ကို ထပ်မံ ထုတ်ယူပါက
သူသည် ဤ ဓားချက် ကို ဆက်လက် တားဆီးနိုင်သော်လည်း ကွေ့နျူ သည် အင်အား ကုန်ခန်းမှု ကြောင့် သေဆုံးသွားနိုင်သည်။
“ဘယ်လိုလုပ်ရမလဲ!”
ဝမ်ရင်ဝမ် သည် စိတ်နှစ်ခွဖြစ်သွားနေ၏။ ကွေ့နျူ သည် သူ၏ ကြီးမားသော အစီအစဉ် အတွက် အရေးပါ သည်၊ ထို့ကြောင့် ဤနေရာတွင် အလဟဿ မဖြုန်း ချင်ပေ။
“ရွှစ်—“
ထိုအချိန်တွင်
ဟဲ့ဟွမ်ဂိုဏ်း ၏ တမန်တော် နတ်မိမယ် သုံးပါးရုတ်တရက် ထွက်ပေါ်လာသည်။
သူမတို့၏ မျက်နှာသည် အလွန် ဆွဲဆောင်မှု ရှိသော်လည်း ယခုအချိန်တွင် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
သူမတို့သည် သွယ်လျသော လက်များ ဖြင့် စည်းတံဆိပ်လက်ဟန်များ ကို အလျင်အမြန် ပြုလုပ်ကာ ဟဲ့ဟွမ်ဂိုဏ်း ၏ ထူးခြားသော နည်းစနစ် တစ်ခုကို လျင်မြန်စွာ ထုတ်ဖော်လိုက်ပြီး၊ သူမ၏ မှော်စွမ်းအား နှင့် အသက်သွေး အများစုကို အသုံးပြု၍ အဆိပ်နတ်ဘုရား နှင့် ဝမ်ရင်ဝမ် တို့ကို ထို ဓားချက်အား ကူညီ တားဆီးပေးလိုက်သည်။
အကယ်၍ဤနေရာတွင် တစ်စုံတစ်ယောက် သေဆုံးသွားပါက၊ သူတို့၏ နတ်ဆိုးဂိုဏ်းမဟာမိတ်များ သည် လုံးဝ ပျက်သုဉ်း သွားနိုင်သည်။
သူမတို့က မထွက်ပြေးနိုင်ခြင်းတော့ မဟုတ်ပေ။
ပြဿနာက ဟဲ့ဟွမ်ဂိုဏ်း ၏ထိပ်တန်း တပည့်များ အများစု ပါလာ၍ သူမတို့ထွက်ပြေးသွားလျှင် တပည့်များသေဆုံးသွားမည်ပင်။
သူတို့သည် ဟဲ့ဟွမ်ဂိုဏ်း ရဲ့ အနာဂတ် ဖြစ်၏။ထို့ကြောင့် ကယ်ကိုကယ်ဆယ်ရပေမည်။
“ဖူး—“
နတ်မိမယ် သုံးဖော် သည် အသက်သွေး တစ်ပွက်စီ ကို ရုတ်တရက် အန်ထုတ်လိုက်၏။ထိုအခါ သူမ၏ ရှေ့တွင် သွေးဒိုင်းကာ တစ်ခု ရုတ်တရက် ပေါ်လာပြီး အလွန် အံ့အားသင့်ဖွယ် အရှိန်အဝါ ကို ထုတ်လွှတ်ကာ တောက်ရွှမ် ထုတ်လွှတ်လိုက်သော ခုနစ်ရောင်ခြယ် ဓားစွမ်းအား ကို တိုက်ရိုက် တားဆီးလိုက်သည်...
“မြန်မြန် သွား!”
ဟူ၍ပြောကာ နတ်မိမယ် သုံးဖော်သည်လည်း ထွက်ပြေးသွား၏။
ကျန်တာကတော့ အဆိပ်နတ်ဘုရား နဲ့ တခြားသူတွေရဲ့ အပေါ်မှာ မူတည်ပါတော့သည်။
တစ်ချိန်တည်းမှာပင်
ပတ်ဝန်းကျင်ရှိ နတ်ဆိုးဂိုဏ်း တပည့်များ တစ်ဦးပြီးတစ်ဦး ဆုတ်ခွာသွားကြသည်။
“ အော်မိတော်ဖော်”
“ဒီ ဘုန်းကြီး က ဒကာလေးတို့ကို နောက်ဘဝမှာ အမြင်မှန်ရအောင် ဆုတောင်းပေးပါတယ် “
ဘုန်းတော်ကြီး ပူဟုန် ၏ ကြင်နာတတ်သော မျက်နှာ တွင် သတ်လိုစိတ် များ ပေါ်လာကာ သူသည် နတ်ဆိုးဂိုဏ်း အကြီးအကဲ တစ်ဦးကို အတင်းအကျပ် သတ်ဖြတ် လိုက်သည်။
သူက ထျန်ယင် ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော် ဖြစ်သည်။ထို့ကြောင့်သူ၏ခွန်အားသည် နတ်ဆိုးဂိုဏ်းချုပ်နှင့်ပင်ယှဉ်နိုင်ကာ အကြီးအကဲတစ်ကို သတ်ဖြတ်ရခြင်းသည်ထမင်းစားရေသောက်သကဲ့သို့သာရှိသည်ပင်။
“ဝုန်း—“
ထိုအချိန်တွင် ပုံမှန်မဟုတ်သော အရာ တစ်ခု ဖြစ်ပျက်ခဲ့သည်။
ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ တစ္ဆေနှင့် နတ်ဘုရားများ ငိုကြွေးစေသော ကြောက်မက်ဖွယ် ဓားဆန္ဒတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
လူတိုင်းကြည့်လိုက်ကြသောအခါ ဝတ်ရုံဖြူဝတ် လူငယ်တစ်ယောက်သည် ကောင်းကင်ပေါ်သို့တက်ကာ ဓားကျင့်စဉ်၏ သိဒ္ဒိတင် စာပိုဒ်ကိုရေရွတ်လိုက်ကာ ဓားချက်ကို မြေပြင်ပေါ်သို့ပိုင်းချလိုက၏။
“ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မှန်သော တရားလမ်းစဉ် ၊ နတ်ဘုရားများကို သတ်ရန်မရှာ နတ်ဆိုးနှင့် မိစ္ဆာများကိုသာသတ်ရန်ရှာသည်”
“ဝှမ်း” စကားဆုံးသည် နှင့် ဓားရောင်တစ်ချက်နှင့်အတူ ယွီယန်ကျိသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
သက်ရှည်နတ်ဆိုးခန်းမ၏ ခေါင်းဆောင်ဖြစ်သော ယွီယန်ကျီတစ်ယောက် သေဆုံးသွားပြီဖြစ်၏။