← Chapters

ကောင်းကင်မီးတောက် လေ့ကျင့်ရေးမျှော်စင်

Vol. 6 Ch. 53

ကောင်းကင်မီးတောက် လေ့ကျင့်ရေးမျှော်စင်

Vol. 6 Ch. 53

ရှောင်ရှန်းအာက သူမ၏ နှုတ်ခမ်းနုနုအစုံကို စူထားရင်း "ဆရာ... အမှန်အတိုင်း ပြောရရင် ရှန်းအာ အခုတစ်ခေါက် လာရတဲ့ အကြောင်းရင်းက... ဆရာ့ဆီမှာ ရှိနေတဲ့ တိုရှီရှေးဟောင်းဧကရာဇ် ကျောက်စိမ်းကို ပြန်လည်တောင်းခံဖို့ပါပဲ" ဟု ဆိုလိုက်သည်။

"ဆရာ... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့" ကျန်းချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်ကို မြင်သောအခါ ရှောင်ရှန်းအာက သူမ၏ စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားသည်ဟု ထင်မှတ်ကာ "ဆရာ ဘာကိုပဲ အလိုရှိပါစေ... ဆရာ့စိတ်ကျေနပ်မှု ရဖို့အတွက် ရှန်းအာ တတ်နိုင်သမျှ အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်" ဟု အလျင်အမြန် ဖြည့်စွက်ပြောကြားလိုက်သည်။

ကျန်းချန်က ထိုမေးခွန်းကို ချက်ချင်း ပြန်မဖြေဘဲ ခါးမှာ ချိတ်ထားသော ဝိုင်ဘူးကို ပေါ့ပေါ့ပါးပါးပင် ကောက်ကိုင်လိုက်ရာ သူ၏ နှုတ်ခမ်းထက်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လွင်နေသည်။

ဝိုင်တစ်ငုံ သောက်လိုက်ပြီးနောက် သူက "မက်မွန်ပွင့်ဝိုင်က မွှေးပြီး ချိုတယ်။ လည်ချောင်းထဲမှာ ချောချောမွေ့မွေ့ စီးဆင်းသွားတယ်၊ ပြင်းပြတဲ့ အပူရှိန်မျိုးလည်း မရှိဘူး။ လက်ဖက်ရည်ကတော့ ပူနွေးပြီးတော့ ပြေပြေလေး ရှိတယ်ပေါ့။ မိန်းကလေးရှန်းအာ... ဒီကိစ္စကို နောက်တစ်ခါ ထပ်မပြောပါနဲ့တော့" ဟု အေးအေးလူလူ ဆိုလိုက်သည်။

ရှောင်ရှန်းအာက သူမ၏ အောက်နှုတ်ခမ်းကို ဖိကိုက်ထားရင်း "ရှန်းအာ နားလည်ပါတယ်၊ ဒါပေမဲ့ တိုရှီရှေးဟောင်းဧကရာဇ် ကျောက်စိမ်းဆိုတာ ရှေးဟောင်းမိသားစုကြီး ရှစ်စုရဲ့ အဖိုးတန်ရတနာတစ်ခုပါ။ ဒါ့အပြင် ဆရာ့ဆီမှာက တစ်ခုတည်း ရှိနေတာဆိုတော့ ဆရာ့အတွက် သိမ်းထားရလောက်အောင်လည်း အသုံးမဝင်သလို စွန့်ပစ်ဖို့အတွက်လည်း တန်ဖိုးမနည်းလှဘူး မဟုတ်လား" ဟု ဆိုသည်။

ကျန်းချန်က လက်ကို ဝှေ့ကာ ငြင်းလိုက်သည်။ ဤသည်မှာ သူမနှင့် မသက်ဆိုင်သည့် ကိစ္စပင် ဖြစ်သည်။ အနာဂတ်တွင် အခြား ကျောက်စိမ်းအပိုင်းအစများကို ရယူရန် အခွင့်အရေးများစွာ ရှိနေသေးရာ သူအနေဖြင့် လက်ငင်းရရှိမည့် အကျိုးအမြတ်အနည်းငယ်၌ အာရုံမစိုက်နိုင်ပေ။

လေပြေအေးတစ်ခု ဝေ့ဝဲတိုက်ခတ်သွားရာ ရှောင်ရှန်းအာက သူမ၏ နားတွင် ဝဲကျနေသော အနက်‌ရောင်ဆံနွယ်လေးကို လက်ဖြင့် သပ်တင်လိုက်ရင်း တစ်စုံတစ်ရာကို ထပ်မံတောင်းဆိုရန် ခက်ခဲနေသကဲ့သို့ ခံစားလိုက်ရသည်။

ရှေးမျိုးနွယ်စုမှ အကြီးအကဲများသာလျှင် ကျန်းချန်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ပေလိမ့်မည်။ သို့သော် ရှောင်ရှန်းအာအနေဖြင့် ထိုရှေးမျိုးနွယ်စု အကြီးအကဲများကို အနောက်မြောက်တိုက်ကြီးဆီသို့ လုံးဝ မလာစေချင်ပေ။

ထိုအဖိုးကြီးများ၏ စရိုက်က ထူးဆန်းလွန်းလှသည်။ သူမ သိထားသလောက်ဆိုရင် ထိုအုပ်စုသည် ကျောက်စိမ်းကို ရရန်အတွက် ဘယ်လိုနည်းလမ်းဖြင့်မဆို ကြိုးစားကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ အကယ်၍ တိုက်ပွဲတစ်ခုသာ ဖြစ်ပွားခဲ့လျှင် မျိုးနွယ်စုအတွက်လည်း ကောင်းကျိုးရှိလိမ့်မည် မဟုတ်ပါ။

ကွန်ဖြူးရှပ်ပညာရှိ ကျန်းချန်သည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ တိုးတက်မှုက မိမိတို့မျိုးနွယ်စုထက် သာလွန်သွားရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။ အကယ်၍ သူ့ကို အပြတ်မရှင်းနိုင်ခဲ့ပါလျှင် ရှေးမျိုးနွယ်စုအတွက် ကြီးမားသော ဘေးဒုက္ခတစ်ခု ကျရောက်လာနိုင်ပေသည်။

ကျန်းချန်က ဘယ်ဘက်လက်တွင် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ညာဘက်လက်တွင် ဝိုင်ဘူးကို လှုပ်ယမ်းကာ အေးဆေး တည်ငြိမ်သော ပုံစံကိုထိန်းထားသည်။ ခံစားချက်များ နက်ရှိုင်းလာသောအခါ ဝိုင်သောက်ရင်း ပျော်ပျော်ပါးပါးနေခြင်းက သဘာဝကျလှသည်။

နေဝင်ဆည်းဆာ အချိန်သို့ရောက်သောအခါ အဝေးရှိ တောင်တန်းကြီးများမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေသည်။

ကျန်းချန်က ကိုယ်လက်များကို ဆန့်လိုက်ရင်း စိမ်းလန်းသော တောင်တန်းကြီးများ၏ နောက်ဆုံးလက်ကျန် နေရောင်ခြည်ကို ငေးကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်ပြီး "မိန်းကလေးရှန်းအာ... မင်း ဒီမှာ ထိုင်နေတာ တစ်နေကုန်ထိုင်နေတာ။ ပြန်ဖို့ အစီအစဉ် မရှိဘူးလား" ဟု မေးလိုက်သည်။

"ဆရာ... ကျွန်မ..."

ရှောင်ရှန်းအာက မတ်တပ်ရပ်လိုက်သည်။ "တိုရှီရှေးဟောင်းဧကရာဇ် ကျောက်စိမ်းဆိုတာက ဗြဟ္မာဦးခေါင်းလိုပါပဲ။ ကိုင်ထားရင် အန္တရာယ်များတဲ့ ရတနာတစ်ခုပါ။ ဆရာက အလဲအလှယ်လုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း ရှန်းအာက ဇွတ်အတင်း မတောင်းဆိုတော့ပါဘူး၊ မိသားစုထဲက ကျွမ်းကျင်သူတွေကိုလည်း အသိပေးမှာ မဟုတ်ပါဘူး"

"ဒါပေမဲ့ ဆရာ့အနေနဲ့ ဒီလျှို့ဝှက်ချက်ကို လျှို့ဝှက်ထားနိုင်ဖို့ ရှန်းအာ မျှော်လင့်ပါတယ်။ မဟုတ်ရင် ကျွန်မတို့ ရှေးမျိုးနွယ်စုက ဘာမှမလုပ်ရင်တောင် တခြားမိသားစုတွေက ဒီအခွင့်အရေးကို အရယူသွားကြပါလိမ့်မယ်" ဟု ပြောလိုက်သည်။

ကျန်းချန်က တိတ်ဆိတ်စွာပင် လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး "မိန်းကလေးရှန်းအာက တကယ့်ကို ဘုရားလောင်းစိတ် ရှိတာပဲ။ ငါ့ရဲ့ စွမ်းအား အထွတ်အထိပ်ကို မရောက်မချင်း ဒါကို ထုတ်မပြောဘူးလို့ ကတိပေးပါတယ်" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ မင်းရဲ့ ကိုယ်ရံတော်က..."

"ဆရာ စိတ်ချပါ၊ အဘိုးလင်က နှုတ်လုံပါတယ်၊ သူ ဘာမှ ပြောမှာ မဟုတ်ပါဘူး" ဟု ရှောင်ရှန်းအာက အဘိုးလင်၏ စာရိတ္တကို အလျင်အမြန်ပင် အာမခံလိုက်သည်။ သူမ၏ ခွင့်ပြုချက်မရှိဘဲ သူ အသတ်ခံရလျှင်ပင် စကားတစ်လုံးမျှ ထွက်လာမည် မဟုတ်ပေ။

ကျန်းချန်က ခေါင်းညိတ်ပြလိုက်သော်လည်း သံသယတော့ ရှိနေဆဲပင်။ 'လူတစ်‌ယောက်ရဲ့နှလုံးသားကို ရဖို့ဆိုတာက သူ့ရဲ့အစာအိမ်က အဓိကပဲ' ဆိုသည့် စကားအတိုင်း တစ်စုံတစ်ရာသော အခြေအနေတစ်ခုအတွက် အားလုံးကို ဖွင့်ပြောမလားဆိုတာ မည်သူမျှ မသိနိုင်ပေ။

သူမ၏ ပန်းတိုင် အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ရှောင်ရှန်းအာက လက်နှစ်ဖက်ကို စုကာ ဦးညွှတ်လိုက်ရင်း "ဆရာ... ဒီနေ့ကိစ္စဘယ်သူ့ကိုမှ မပြောမိပါစေနဲ့" ဟု ဆိုသည်။

"ဟား ဟား... စိတ်အေးအေးထားပါ၊ ငါ တစ်လုံးမှ မဟပါဘူး"

ရှောင်ရှန်းအာက ခေါင်းညိတ်ပြပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာမှ ပျောက်ကွယ်သွားရာ နုပျိုသော ရနံ့တစ်ခုသာ ကျန်ရစ်ခဲ့သည်။

ကျန်းချန်က ထွက်ခွာသွားသော ရှောင်ရှန်းအာ၏ ပုံရိပ်ကို ကြည့်ကာ "ရှေးမျိုးနွယ်စုရဲ့ အင်အားအကောင်းဆုံး မျိုးရိုးပိုင်ရှင်ပီသပါပေတယ်၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းဝိညာဉ်အဆင့်ကို ရောက်နေပြီပဲ။ အကယ်၍ သူမရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကိုသာ အသုံးပြုလိုက်ရင် သိုင်းဘုရင်အဆင့်တစ်ယောက်ကိုတောင် ယှဉ်နိုင်စွမ်း ရှိမှာပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက သမ်းလိုက်ရင်း "သခင်... ကျွန်တော်တို့ ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းအားလုံးနီးပါးကို စုဆောင်းပြီးပါပြီ။ ကောင်းကင်မီးတောက်ကို ဘယ်တော့ သွားယူကြမှာလဲ" ဟု မေးလိုက်သည်။

"မလောပါနဲ့ဦး"

ကျန်းချန်က ဝါရင့်အကြီးအကဲ စူးချန်ရဲ့ ပြင်ဆင်မှုတွေ ပြီးသွားရင် ငါတို့စုဆောင်းထားတာနဲ့အတူ အဲ့တာကို ယူကြတာပေါ့" ဟု ပြန်ဖြေလိုက်သည်။

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက ခေါင်းညိတ်လိုက်သည်။ သူ့သခင်က လူသားများကို မေတ္တာတရားဖြင့် သိမ်းသွင်းသည့် နည်းလမ်းကို အလေးစားဆုံးပင် ဖြစ်သည်။ အကယ်၍ အခြားသူသာဆိုလျှင် သူတစ်ပါး၏ စိတ်ခံစားချက်ကို ဂရုမစိုက်ဘဲ အတင်းအဓမ္မ လုယူကြမည်မှာ သေချာသည်။

သို့သော် သူ့သခင်ကတော့ မတူပေ။ ကွန်ဖြူးရှပ်ပညာရှိ အဖြစ် ဂုဏ်ပြုခံရသူပီပီ သူ၏ ကရုဏာတရားနှင့် တရားမျှတမှုက ကောင်းကင်ကဲ့သို့ မြင့်မားပြီး မြေကြီးကဲ့သို့ ကျယ်ပြောလှသည်။ သူသည် မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း၏ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်း သက်တမ်းတစ်လျှောက် တွေ့ဖူးသမျှထဲတွင် အထက်မြက်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ကျားနန် အကယ်ဒမီ၏ အတွင်းကျောင်းမှ တပည့်များအားလုံးကို အကြီးအကဲများက နှင်ထုတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မီးတောက် လေ့ကျင့်ရေးမျှော်စင်အတွင်း ကျင့်ကြံနေသူများကိုလည်း ခေါ်ထုတ်သွားသည်။ ကောင်းကင်မီးတောက် ပေါ်လာသည့်အခါ သက်ရှိအားလုံး ပျက်စီးသွားနိုင်သည့်အတွက် အကယ်ဒမီကျောင်းအနေဖြင့် တပည့်အားလုံးကို အတွင်းကျောင်းမှ ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။

ဝါရင့်အကြီးအကဲ စူးချန်နှင့် ဒုကျောင်းအုပ် ဟူချန်တို့က ကောင်းကင်မီးတောက် လေ့ကျင့်ရေးမျှော်စင်ကို ကြည့်ရင်း သူတို့၏ မျက်နှာများမှာ အနည်းငယ် တည်ကြည်လေးနက်နေသည်။

"ဝါရင့်အကြီးအကဲ... အကြီးအကဲ ချန်ပိုင် နှစ်ယောက်က ဒီကို မလာတော့ဘူးလား"

စူးချန်က "အကြီးအကဲနှစ်ယောက်က မနေ့ကတင် ငါးရောင်ခြယ် ကောင်းကင်ထစ်ချုန်း သိုင်းဝိဇ္ဇာဆေးလုံးကို သောက်လိုက်ကြလို့ အခု ဆိတ်ငြိမ်ရာမှာ ကျင့်ကြံနေကြတယ်၊ အကယ်ဒမီရဲ့ ကိစ္စအဝဝကို ငါတို့ဆီ လွှဲထားခဲ့တယ်" ဟု ပြန်ဖြေလိုက်သည်။

"ဒါ့အပြင် သူတို့က ဆရာတစ်ယောက်ကို တစ်ခုခု အလိုရှိတာနဲ့ ငါတို့ တတ်နိုင်သမျှ အစွမ်းကုန် ဖြည့်ဆည်းပေးရမယ်လို့လည်း မှာသွားတယ်" ဟု ဆိုသည်။

ထိုစကားကို ကြားသောအခါ ဒုကျောင်းအုပ် ဟူချန်လည်း ခေါင်းညိတ်လိုက်သည်။ အကယ်၍ ထိုအကြီးအကဲနှစ်ဦးသာ ကျင့်စဉ်အောင်မြင်၍ ထွက်လာခဲ့ပါက အကယ်ဒမီတွင် သိုင်းဝိဇ္ဇာ အဆင့် ကျွမ်းကျင်သူ နှစ်ဦး ထပ်တိုးလာမည်ဖြစ်သည်။ ထိုအခါ အမှောင်ထုလွှမ်းနယ်မြေတွင် ကျားနန် အကယ်ဒမီကို စိန်ခေါ်နိုင်သူ ရှားပါးသွားပေလိမ့်မည်။

"ကောင်းကင်မီးတောက်က ငါတို့ ဘာလုပ်တော့မလဲဆိုတာကို သိနေပုံရတယ်၊ စပြီး ခုခံနေပြီ။ အကြီးအကဲ အားလုံးကို ချက်ချင်းလာခဲ့ဖို့ အကြောင်းကြားပြီး အချုပ်အနှောင်ကို ဖွင့်ကြမယ်။

"ပြီးတော့ ဆရာ့ကိုလည်း သွားပြီး ပင့်လိုက်ပါ"

"မလိုတော့ဘူး၊ ငါ ရောက်နေပြီ"

ထိုအသံ ဆုံးသွားသည်နှင့် ကျန်းချန်နှင့် မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းတို့က သူတို့ရှေ့တွင် ချက်ချင်း ပေါ်လာတော့သည်။

ကျန်းချန်က ခေါင်းမော့လိုက်ပြီး သူ၏ ရှေ့ရှိ ကောင်းကင်မီးတောက် လေ့ကျင့်ရေးမျှော်စင်ကို ကြည့်လိုက်သည်။ မျှော်စင်အတွင်းရှိ စွမ်းအင်များကို အာရုံခံကြည့်ပြီးနောက် သူက ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်လိုက်သည်။ ကျားနန် အကယ်ဒမီသည် အမှောင်ထုလွှမ်းနယ်မြေတွင် ဂုဏ်သတင်းတစ်ခုတည်းဖြင့် ရပ်တည်နေခြင်း မဟုတ်ပေ။

အဓိက အကြောင်းရင်းမှာ အကယ်ဒမီ၏ တပည့်များသည် တိုက်ခိုက်ရေးဒိုချီ တိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့ခြင်းနှင့် ကျောင်းပြီးသွားသော စီနီယာ ကျောင်းသားဟောင်းများ၏ ထောက်ပံ့မှုကြောင့် ကျားနန် အကယ်ဒမီသည် တိုက်ကြီးပေါ်တွင် အကျော်ကြားဆုံး အကယ်ဒမီများထဲမှ တစ်ခု ဖြစ်လာခြင်း ဖြစ်သည်။

ကောင်းကင်မီးလျှံ လေ့ကျင့်ရေးမျှော်စင်ကို ကျောင်းအုပ်ကြီး မန်တျန်းချီက ဖိနှိပ်ထားပြီး အောက်တွင် နှလုံးသည်းကြွေမီးတောက်ကို စည်းပိတ်ထားခြင်း ဖြစ်သည်။ အစပိုင်းတွင် သူကိုယ်တိုင် ထိုမီးတောက်ကို မဖျက်နိုင်ခဲ့သဖြင့် အချိန်တန်မှ ပြန်လည် ထုတ်ယူရန် ရည်ရွယ်ခဲ့သည်။ သို့သော် သူ မသိခဲ့သည်မှာ ထိုနှလုံးသည်းကြွေမီးတောက်၏အောက်တွင် နောက်ထပ် သေးငယ်သော နှလုံးသည်းကြွေမီးတောက် တစ်ခု ရှိနေသေးခြင်းပင် ဖြစ်သည်။

"ကျွန်‌တော်တို့ ကွန်ဖြူးရှပ်ပညာရှိ ဆရာ့ကို ဂါရဝပြုပါတယ်"

စူးချန်နှင့် ဟူချန်တို့က တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။

"ကိစ္စမရှိပါဘူး၊ ကျားနန် အကယ်ဒမီရဲ့ အတွင်းကျောင်း တပည့်တွေအားလုံးကို ဘေးကင်းရာ ပို့ပြီးပြီလား"

စူးချန်က "ဟုတ်ကဲ့ပါ သခင်လေး၊ အတွင်းကျောင်း တပည့်တွေအားလုံး မျှော်စင်ရဲ့ ပတ်ဝန်းကျင် မိုင်အတော်များများအထိ ရွှေ့ပြောင်းပေးပြီးပါပြီ။ အကယ်ဒမီရဲ့ အကြီးအကဲတွေလည်း သတင်းရရှိထားပြီး မကြာခင် ဒီကို ရောက်လာကြပါလိမ့်မယ်" ဟု ပြန်ဖြေသည်။

"ကောင်းပြီ၊ မင်းတို့ လုပ်ထားတဲ့ စည်းကို ဖျက်ပြီးတာနဲ့ ကျန်တာအားလုံးကို ငါ့ပဲ လွှဲထားလိုက်ပါ"

ကျန်းချန်က မျှော်စင်ထက်ရှိ စည်းပိတ်ထားသည့် ကောင်းကင်မီးတောက် လေ့ကျင့်ရေးမျှော်စင်ကို ကြည့်လိုက်သည်။ အကယ်၍ သူကိုယ်တိုင် ထိုတံဆိပ်ကို ဖျက်ဆီးလိုက်မည်ဆိုလျှင် ကောင်းကင်မီးတောက် လေ့ကျင့်ရေးမျှော်စင်ပါ ပြိုကျသွားနိုင်သောကြောင့် ဖြစ်သည်။

တပ်မက်မှုနှင့်အတူ ရူးသွပ်ခြင်းတို့ လည်ပတ်နေသောကမ္ဘာကြီးမှာ...

အထိအတွေ့သာမက လိုအင်ဆန္ဒ၊ ကာကွယ်မှု၊ စွဲလမ်းမှုနှင့် ပျော်ရွှင်မှုတို့နှင့် တည်ဆောက်ထားသော နှောင်ကြိုးတစ်ခုသာဖြစ်လေသည်။

All Chapters