← Chapters

နှလုံးသည်းကြွေမီးတောက်

Vol. 6 Ch. 54

နှလုံးသည်းကြွေမီးတောက်

Vol. 6 Ch. 54

တစ်ခဏအတွင်းမှာပင် ကျားနန်အကယ်ဒမီကျောင်းမှ သိုင်းဘုရင်နှင့် သိုင်းဧကရာဇ်အဆင့် ပညာရှင်များသည် ဤနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြပြီး ကျန်းချန်ကို ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။

“ကွန်ဖြူးရှပ်ပညာရှိ ဆရာကို ဂါရဝပြုပါတယ်ခင်ဗျာ”

ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး “အားလုံးပဲ၊ ကျန်တာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်” ဟု မိန့်လိုက်သည်။

ဝါရင့်အကြီးအကဲ စူးချန်သည် ရှေ့ဆုံးမှ ပျံတက်သွားပြီး “အကြီးအကဲများအားလုံး၊ ငါ့နောက်ကို လိုက်ခဲ့ကြ။ စည်းပိတ်တာကို ဖျက်ပြီးတော့ ထူးခြားဆန်းကြယ်မီးတောက်ကို လွှတ်ပေးကြစို့” ဟု ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ဝါရင့်အကြီးအကဲ၏ အမိန့်တော်အတိုင်း အကြီးအကဲအားလုံးသည် ကောင်းကင်မီးတောက်လေ့ကျင့်ရေးမျှော်စင်၏ ပတ်ပတ်လည်တွင် တစ်ပြိုင်နက်တည်း ပေါ်လာကြသည်။ စူးချန်၏ ခေါင်းညိတ်ပြရင်း သူတို့သည် လက်ဖဝါးများကို ပြင်းထန်စွာ ဝှေ့ယမ်းကာ လေမုန်တိုင်းကို စုစည်း၍ ကောင်းကင်မီးတောက်လေ့ကျင့်ရေးမျှော်စင် တည်ရှိရာဆီသို့ ပစ်လွှတ်လိုက်ကြသည်။

ဝါရင့်အကြီးအကဲ စူးချန်သည်လည်း ထိုနည်းတူပင် ပစ်လွှတ်လိုက်သည်။ သိုင်းဘိုးဘေးတစ်ယောက်၏ စွမ်းအားမှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏ ဒိုချီစွမ်းအင်များ စီးဝင်သွားသည်နှင့်အမျှ ကောင်းကင်ယံတွင် ထူးခြားသော ဖြစ်စဉ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

သွေးရောင်လွှမ်းနေသော တိမ်တိုက်များသည် ကျားနန်အကယ်ဒမီကျောင်း၏ ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုမြင်ကွင်းကို ကျောင်းသားအားလုံး မြင်တွေ့နေရသော်လည်း ဘာ‌တွေဖြစ်ပျက်နေသည်ကိုမူ မည်သူမျှ မသိရှိကြပေ။

ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ ချစ်ချစ်တောက်ပူလှသော ချော်ရည်များသည် ပတ်ဝန်းကျင်ရှိ တောက်လောင်နေသော မီးတောက်များအားလုံးကို လောင်ကျွမ်းစေသည်။ ပြင်းထန်လှသော ဖိအားများသည် သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသောကြောင့် ပတ်ဝန်းကျင်ရှိ အကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ဤသားရဲက ဤမျှလောက်အထိ အင်အားကြီးမားလာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ သူတို့သာ ဤသားရဲကို မလွှတ်ပေးခဲ့ရင်တောင်မှ မကြာမီတွင်ဤသားရဲသည် စည်းက်ို ချိုးဖျက်ကာ ကောင်းကင်မီးတောက်လေ့ကျင့်ရေးမျှော်စင်အပြင်ဘက်သို့ အတင်းအကျပ် ထွက်လာတော့မည့် ပုံစံမျိုး ဖြစ်နေသည်။

သိုင်းဘိုးဘေးတစ်ယောက်ဖြစ်သော စူးချန်ပင်လျှင် အံကြိတ်၍ အားတင်းထားရသည်။ “ဒီသားရဲရဲ့ စွမ်းအားက ဒီအဆင့်အထိ ရောက်နေပြီလား။ အားလုံးပဲ၊ မင်းတို့ရဲ့ စွမ်းအားကို အပြည့်ထုတ်သုံးကြ။ အကယ်ဒမီကျောင်းရဲ့ အပြင်ဘက်ကို သူ ခြေတစ်လှမ်းတောင် မလှမ်းနိုင်စေရဘူး”

“နားလည်ပါပြီ”

အကြီးအကဲအားလုံးမှာ အစွမ်းကုန် တိုက်ခိုက်ကြသော်လည်း ထိုသားရဲမှာ အားနည်းသွားခြင်းမရှိဘဲ တိုက်ပွဲကြာလေလေ ပို၍ အင်အားကြီးမားလာလေလေ ဖြစ်နေသည်။

ဝါရင့်အကြီးအကဲ စူးချန်၏ မျက်နှာမှာ ပို၍ ခက်ထန်လာသည်။ သူ၏ လက်ချောင်းမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံနှင့် ပေါင်းစပ်သွားသည်။

သူက ချက်ချင်းပင် အော်လိုက်သည်။ “တစ်ကိုယ်တော် အကြီးအကဲများအားလုံး ကောင်းကင်မီးတောက်လေ့ကျင့်ရေးမျှော်စင်ဆီကို အမြန်ဆုံး လာခဲ့ကြပါ။ အမြန်လုပ်ကြ”

ချက်ချင်းဆိုသလိုပင် ကျားနန်အကယ်ဒမီကျောင်းမှ တစ်ကိုယ်တော် သိုင်းဘုရင်နှင့် သိုင်းဧကရာဇ်အဆင့် ပညာရှင်များသည် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြပြီး ဘာကိုမျှ မစဉ်းစားတော့ဘဲ ဤနေရာဆီသို့ အလျင်အမြန် ရောက်ရှိလာကြသည်။

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက “သခင် ကျွန်တော်တို့ အခုထိ ဘာမှ မလှုပ်ရှားသေးဘူးလား” ဟု မေးလိုက်သည်။

ကျန်းချန်သည် သူ၏လက်ထဲရှိ ခေါက်ယပ်တောင်ကို အသာအယာ ခတ်လိုက်ပြီး “အချိန်မတန်သေးဘူး။ နှလုံးသည်းကြွေမီးတောက်က တကယ်တမ်း ပေါ်မလာသေးဘူး။ ငါသာ လှုပ်ရှားလိုက်ရင် ဒီကောင်က ချော်ရည်တွေရဲ့ အောက်ခြေထဲကို ပြန်ဝင်သွားလိမ့်မယ်” ဟု အေးအေးဆေးဆေးပင် ပြောလိုက်သည်။

အကယ်၍ နှလုံးသည်းကြွေမီးတောက်သာ ထိုနေရာသို့ ပြန်ဝင်သွားပါက ၎င်းကို ဖမ်းဆီးရန်မှာ မခက်ခဲသော်လည်း အချိန်အတော်ကြာပေလိမ့်မည်။ ထို့ကြောင့် ဤသားရဲကိုယ်တိုင် ထောင်ချောက်ထဲသို့ တိုးဝင်လာမည့်အချိန်ကို စောင့်နေခြင်းက ပို၍ ကောင်းလှပေသည်။

ထူးခြားမီးတောက်စာရင်းတွင် အဆင့် (၁၄) ရှိသော ဤမီးတောက်ကို စားသုံးပြီး သန့်စင်နိုင်သော မည်သူမဆို သူ၏ ဒိုချီစွမ်းအင်များကို ထိုမီးတောက်ဖြင့် အမြဲမပြတ် သန့်စင်ပေးရမည်ဖြစ်သောကြောင့် ၎င်းကို “ကျင့်ကြံခြင်းဆိုင်ရာ လိမ်လည်မှု ကိရိယာ” ဟုပင် ခေါ်ဆိုကြသည်။

“နှလုံးသားကနေ မီးတောက် မွေးဖွားလာပြီး ဒိုချီ နှင့် အရိုးတွေကိုလည်း ပိုမိုကြံ့ခိုင်သန်မာစေတယ်။ ကျင့်ကြံခြင်းကို မြန်ဆန်စေတဲ့ ဒီထူးခြားဆန်းကြယ်မီးတောက်ကို ဘယ်သူမှ လက်လွှတ်မခံနိုင်မှာမဟုတ်ဘူး”

ကျန်းချန်၏ အကြည့်များသည် အဆက်မပြတ် ရုန်းကန်နေရသော နှလုံးသည်းကြွေမီးတောက် ဆီတွင် သာ စူးစိုက်နေသည်။

နှလုံးသည်းကြွေမီးတောက်ကို အောင်မြင်စွာ သန့်စင်ပြီးပါက ခန္ဓာကိုယ်အတွင်း၌ နှလုံးမီးတောက်တစ်ခု အမြဲတမ်း ဖြစ်ပေါ်နေမည်ဖြစ်သည်။ ထိုနှလုံးမီးတောက်သည် မည်သည့် ထိန်းချုပ်မှုမှ မလိုအပ်ဘဲ ခန္ဓာကိုယ်အတွင်းရှိ ဒိုချီစွမ်းအင်များကို နေ့ညမပြတ်၊ အချိန်တိုင်းတွင် သန့်စင်ပေးနေမည်ဖြစ်သည်။

၎င်းမှာ ခန္ဓာကိုယ်ကို အချိန်ပြည့် ကျင့်ကြံနေသည့် အခြေအနေမျိုးဖြစ်ပြီး ထိုသို့ ကျင့်ကြံခြင်းမှာ သာမန်ကျင့်ကြံခြင်းထက်ပင် ပို၍ ထိရောက်မှုရှိသည်။ ထိုသို့သော ကျင့်ကြံမှုမျိုးသည် သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်ပေသည်။

နှလုံးသည်းကြွေမီးတောက်သည် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် အသုံးမဝင်တော့သော်လည်း အခြားသူများ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးရန်အတွက်မူ အသုံးပြုနိုင်ပါသေးသည်။

ထို့ပြင် ၎င်းကို စားသုံးပြီးပါက “မီးတောက်ကျင့်စဉ်” သည် ကောင်းကင်ဘုံအဆင့်သို့ အောင်မြင်စွာ တိုးတက်ပြောင်းလဲသွားမည်ဖြစ်သည်။

ကျားနန်အကယ်ဒမီကျောင်းမှ တစ်ကိုယ်တည်းကျင့်ကြံနေသော အကြီးအကဲများအားလုံး ဤနေရာသို့ ရောက်ရှိလာကြသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့အားလုံး အံ့အားသင့်ကာ မှင်တက်သွားကြပြီး ဝါရင့်အကြီးအကဲက တကယ်ပင် ဤသားရဲကို လွှတ်ပေးတော့မည်ဖြစ်ကြောင်း သိရှိသွားကြသည်။

စူးချန်က လေသံတိုးတိုးဖြင့် “အကြီးအကဲများအားလုံး၊ အစီအစဉ်အတိုင်း နေရာယူကြ။ သူ့ကို အပြင်ကို ဆွဲထုတ်ကြ။ ချော်ရည်တွေထဲကို ပြန်ဝင်မသွားစေနဲ့” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့"

အကြီးအကဲအားလုံး ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ စွမ်းအင်များကို မျှော်စင်ထဲသို့ ထည့်သွင်းလိုက်ကြရာ ယခင်က ပွင့်နေသော ကောင်းကင်မီးတောက်လေ့ကျင့်ရေးမျှော်စင်မှာ ချက်ချင်းပင် ပြန်ပိတ်သွားသည်။

နှလုံးသည်းကြွေမီးတောက်၏ မျက်လုံးသည် ရုတ်တရက် မှေးသွားသည်။ ၎င်းသည် ချက်ချင်း လှည့်ကာ ဝါရင့်အကြီးအကဲ စူးချန်ကို စေ့စေ့ကြည့်ပြီး မည်သည့်လှည့်ကွက်ကို သုံးနေသနည်းဟု စဉ်းစားနေသည့် ပုံစံမျိုး ဖြစ်နေသည်။ ကျားနန်အကယ်ဒမီကျောင်း၏ အပြင်ဘက်တွင်မူ။

သိုင်းဧကရာဇ်အဆင့် ပညာရှင်များသည်လည်း ဤနေရာသို့ ရောက်ရှိနေကြသည်။ ပြင်းထန်လှသော ထိုစွမ်းအားများကို ခံစားမိပြီးနောက် ဆေးဧကရာဇ် ဟန်ဖုန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။

“အတွင်း အကယ်ဒမီကျောင်းထဲက ထူးခြားဆန်းကြယ်မီးတောက်က လုံးဝကို ပေါက်ကွဲထွက်လာပြီပဲ”

ထိုစကားကို ကြားသောအခါ သူ၏နောက်ကွယ်ရှိ အမှောင်ထုလွှမ်းနယ်မြေမှ သိုင်းဧကရာဇ်အများအပြားက “ဆေးဧကရာဇ်ကြီး ဒီလို ရတနာမျိုးကို ရရှိတော့မှာဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်” ဟု မြှောက်ပင့် ပြောဆိုလိုက်ကြသည်။

“အားလုံး မြန်မြန်လုပ်ကြ။ ငါ သူ့ကို တွေ့ချင်လှပြီ”

ဟန်ဖုန်းက နှုတ်ခမ်းကို အသာအယာ မဲ့လိုက်သည်။ ကောင်းကင်ဘုံက သူ့ကို ကူညီနေသလိုပင်။ သို့သော်လည်း သူတို့သည် သတိထားသည့်အနေဖြင့် အကယ်ဒမီကျောင်းထဲသို့ တိတ်တဆိတ်သာ ခိုးဝင်ခဲ့ကြသည်။

မကြာသေးမီက ပေါ်ပေါက်ခဲ့သော အဆင့်ရှစ်ဆေးလုံး၏ အရှိန်အဝါကြောင့် သူသည် ထိတ်လန့်နေဆဲပင် ဖြစ်သည်။ အကယ်၍ သိုင်းဝိဇ္ဇာအဆင့် သို့မဟုတ် ထိုထက်မြင့်သော ပညာရှင်တစ်ဦးသာ ကျားနန်အကယ်ဒမီတွင် တကယ်ရှိနေပါက သူသည် ဤမီးတောက်ကို လက်လွှတ်ရမည်ဖြစ်ပြီး ဆက်လက်လုယူရန် ကြိုးစားတော့မည်မဟုတ်ပေ။

ထိုသို့ စဉ်းစားရင်း ဟန်ဖုန်းသည် သူ၏နောက်ကွယ်ရှိ လူများကိုလည်း သူ၏အမိန့်မပါဘဲ မည်သူ့ကိုမျှ မတိုက်ခိုက်ရန် သတိပေးထားသည်။ သို့မဟုတ်ပါက ကျားနန်အကယ်ဒမီကျောင်း၏ ပြင်းထန်သော လက်စားချေမှုကို ခံရပေလိမ့်မည်။

သူသည် တကယ်တမ်းတွင် အဆင့်ရှစ်ဆေးလုံးကို ဖော်စပ်ခဲ့သူကိုလည်း သိချင်နေသေးသည်။

ယခုအချိန်တွင် ထူးခြားဆန်းကြယ်မီးတောက်မှာ လုံးဝကို ပေါက်ကွဲထွက်မတတ်ပြင်းထန်နေပြီဖြစ်သည်။ နှလုံးသည်းကြွေမီးတောက်မှ ထွက်ပေါ်လာသော စွမ်းအားမှာ ကမ္ဘာပျက်မတတ် ပြင်းထန်နေသောကြောင့် ဝါရင့်အကြီးအကဲ စူးချန်နှင့် အခြားသူများ၏ မျက်နှာမှာ ပို၍ စိုးရိမ်လာသည်။

ကျန်းချန်သည် အခွင့်အရေးကို အမိအရယူကာ “အားလုံးပဲ၊ နောက်ဆုတ်ကြ” ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

စူးချန်က ခေါင်းညိတ်လိုက်ပြီး “အကြီးအကဲများအားလုံး အမိန့်ကို နာခံကြ။ ချက်ချင်းပဲ စွမ်းအင်တွေကို ရုပ်သိမ်းပြီး နောက်ကို ဆုတ်ကြ” ဟု အော်ပြောလိုက်သည်။

ဝါရင့်အကြီးအကဲ၏ အမိန့်အရ ကျားနန်အကယ်ဒမီမှ ပညာရှင်အားလုံးသည် သူတို့၏ ဒိုချီစွမ်းအင်များကို တစ်ပြိုင်နက်တည်း ရုပ်သိမ်းလိုက်ကြပြီး မီတာတစ်ရာအကွာသို့ ဆုတ်ကာ နှလုံးသည်းကြွေမီးတောက်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် နှလုံးသည်းကြွေမီးတောက်သည်လည်း သူ့ဆီသို့ လျှောက်လှမ်းလာသော လူသားပညာရှင်ကို သတိပြုမိသွားပြီး ၎င်း၏မျက်နှာတွင် စူးရှသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဤလူသားဆီမှ ရရှိနေသော အရှိန်အဝါသည် သူ့နှင့် အလွန် ရင်းနှီးနေသည်ဟု ခံစားရသည်။ ရုတ်တရက် ၎င်း၏ မျက်လုံးများသည် တစ်ခုခုကို သိရှိသွားသည့်အလား မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာတွင် လောဘရိပ်များနှင့် ဖုံးလွှမ်းသွားသည်။ ကျန်းချန်တွင်လည်း ထူးခြားဆန်းကြယ်မီးတောက် ရှိနေသည်ကို သိရှိသွားခြင်းပင် ဖြစ်သည်။

ကျန်းချန်က ပြုံးလိုက်ပြီး “ဒါက ငါ ထင်ထားသလိုပါပဲ။ မင်းကို နောက်ထပ် ဆယ်နှစ်လောက်သာ အချိန်ပေးလိုက်ရင် စူးချန်တောင် မင်းရဲ့ ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။

ဟိန်းသံနှင့်အတူ နှလုံးသည်းကြွေမီးတောက်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ အရာအားလုံးကို ဝါးမြိုနိုင်သော ၎င်း၏ ပါးစပ်ကြီးမှာ ကျန်းချန်၏ ခန္ဓာကိုယ်ဆီသို့ ချက်ချင်းပင် ဦးတည်လာသည်။

“သခင်လေး၊ သတိထားပါ။ ဒီသားရဲက သူ့ရဲ့ စွမ်းအားအားလုံးကို စုစည်းထားတာပါ”

စူးချန်နှင့် အကြီးအကဲများမှာ စိုးရိမ်တကြီး ဖြစ်နေကြသည်။

သို့သော်လည်း ကွန်ဖြူးရှပ်ပညာရှိ ကျန်းချန်ကမူ တုန်လှုပ်ခြောက်ခြားမရှိ‌ချေ။ သူက သူ၏ အင်္ကျီလက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး လက်ချောင်းကို သာမန်ကာလျှံကာပင် ထုတ်လိုက်သည်။ သို့သော် ထိုလက်ချောင်းမှ သေးငယ်လှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းဖြတ်သန်းသွားရာ အာကာသဟင်းလင်းပြင်မှာ တုန်ခါသွားကာ အမည်းရောင် ခြေရာတစ်ခု ကျန်ရစ်ခဲ့သည်။

နှလုံးသည်းကြွေမီးတောက်မှာ ကောင်းကင်ဘုံမှ ဒဏ်ခတ်ခြင်းကို ခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် ဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာပြီး လူတိုင်း အံ့အားသင့်သွားကြသည်။ ကွန်ဖြူးရှပ်ပညာရှိ သခင်လေးက ဤသားရဲကို ဤမျှအလွယ်တက နှိမ်နင်းနိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပါ။

All Chapters