← Chapters

ကျုပ် ခင်ဗျားကိုရော ၊ ခင်ဗျားရဲ့ စိတ်ဝိညာဉ် ပစ္စည်းကိုပါ ဖျက်ဆီးပစ်မယ်

Vol. 15 Ch. 214

ကျုပ် ခင်ဗျားကိုရော ၊ ခင်ဗျားရဲ့ စိတ်ဝိညာဉ် ပစ္စည်းကိုပါ ဖျက်ဆီးပစ်မယ်

Vol. 15 Ch. 214

*ကျုပ် ခင်ဗျား အသက်ကို နုတ်ယူမယ်*

ယဲ့ဖန်၏ စကားကြောင့် ဖျောင်ကျင်းတျောင်၏ မျက်နှာက ပို၍ ရက်စက်ဟန် ပေါက်လာသည်။

"ဘယ်လောက်တောင် ကလိမ်ကကျစ်ကျတတ်တဲ့ ပမွှားလေးလဲ၊ ဒီနေ့ ဘယ်သူ့အသက် နုတ်ယူခံရမလဲ ကြည့်ကြသေးတာပေါ့ကွာ"

ထိုသို့ပြောပြီး ဖျောင်ကျင်းတျောင်က ရုတ်တရက် သူ၏ အသက်ခြွေတူအား ယဲ့ဖန်ထံသို့ အားမာန်အပြည့်နှင့် ဝှေ့ရမ်းလိုက်သည်။

အသံထက်မြန်သော နှုန်းနှင့်အတူ အသက်ခြွေတူက ယဲ့ဖန်ထံသို့ လှစ်ခနဲ ဝင်ရောက်လာသည်။

ထိုစဉ် အရိုးအေးစိမ့်မတတ် ကြမ်းကြုတ်လှသော ချီဓာတ်က ယဲ့ဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဝိုင်းရံလာ၏။

ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ချီဓာတ်နှင့် ရင်ဆိုင်ရပါက ဆရာသခင်အဆင့်မှ သိုင်းပညာရှင်များပင် ကြောက်လန့်စိတ်ကြောင့် သတိလစ်သွားလောက်သည်။

ထို့အတူ တိုက်ပွဲအား ကြည့်နေသည့် သူများအားလုံး ထိတ်လန့်စိတ်များဖြင့် ဖုံးလွှမ်းလာသည်။

"သခင်လေး၊ ခင်ဗျားရဲ့ စိတ်ဝိညာဉ် ပစ္စည်းကို မြန်မြန် ထုတ်သုံးလိုက်ပါ"

အသက်ခြွေတူကို ခုခံနိုင်သည့် တစ်ခုတည်းသော အရာက နောက်ထပ် စိတ်ဝိညာဉ် ပစ္စည်းသာ ရှိသည်ကို ကြည့်နေသည့်သူများ သိကြလေသည်။

သို့သော် ယဲ့ဖန်က ဆရာသခင် တစ်ပိုင်းအဆင့်သာ ရှိသေးသည့်အတွက် သူ့မှာ စိတ်ဝိညာဉ် ပစ္စည်းမရှိမှာကို သူတို့အားလုံး စိုးရိမ်မိကြသည်။

ဟွာရှ သိုင်းပညာရှင်တိုင်း၏ နှလုံးခုန်သံများက အမိုးထိအောင်‌ ပေါက်ထွက်မတတ် အခုန်မြန်နေကာ နဖူးမှလည်း ချွေးဒီးဒီးကျနေသည်။

ထိုစဉ် ယဲ့ဖန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အသက်ခြွေတူအား သူ့လက်သီးဖြင့် ခုခံတားဆီးလိုက်သည်။

….

စင်အောက်မှ ကြည့်နေသူများ၏ မျက်နှာများက မည်းလိုက်၊ ပြာလိုက်နှင့် ဖြစ်နေကြသည်။

*သူ့…သူ့မှာ စိတ်ဝိညာဉ် ပစ္စည်းမရှိပါလား*

ယဲ့ဖန်၌ စိတ်ဝိညာဉ်ပစ္စည်း မရှိသောကြောင့် ဖျောင်ကျင်းတျောင်၏ တိုက်ကွက်ကို သူ့လက်သီးဖြင့်သာ ခုခံသည်ဟု သူတို့ ယုံကြည်သွားကြသည်။

သို့သော် ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာနှင့် အတူတူပင် ဖြစ်သည်။

"သူတော့ သွားပြီပဲ၊ လူငယ်လေး ဒီတိုက်ကွက်ကနေ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

မဟာဆရာသခင် ကျန့်က နောင်တရဟန်ဖြင့် သက်ပြင်းချ၍ ကြမ်းပြင်ကို ဖနောင့်နှင့် ပေါက်မိသွားသည်။

ပိုင်ဟူသည်လည်း အသက်ရှူရပ်မတတ် ဖြစ်နေကာ ဝမ်းနည်းပက်လက် ဖြစ်နေပုံရသည်။

ပိုင်ယီသည်လည်း ထိုနည်းပူပင်၊ ထိတ်လန့်မှုနှင့် ဝမ်းနည်းစိတ် တို့ကြောင့် သူမ သတိလစ် မေ့မျောမတတ် ဖြစ်နေသည်။

သူတို့ မျက်လုံးကို မှိတ်ကာ ယဲ့ဖန်၏ ဝမ်းနည်းစရာ သေဆုံးမှုကို စောင့်မျှော်နေ လိုက်ကြသည်။

တစ်ဘက်တွင်တော့ ဖျောင်ကျင်းတျောင်က အထင်သေးစိတ်တို့ဖြင့် ပြည့်နှက်နေသည်။

သူ့မျက်လုံးထဲတွင် ယဲ့ဖန်က အရူးတစ်ကောင်သာ ဖြစ်သည်။

"မင်းက ပမွှားကောင် သာသာပါပဲကွာ၊ မင်းက ဘယ်လိုပဲ ထူးဆန်းနေပါစေ သေရမှာပဲ"

ဖျောင်ကျင်းတျောင်က သူ၏ ထိုးနှက်ချက်တွင် ပို၍ အားထည့်လိုက်သည်။

ဝုန်း!

ဝုန်းခနဲ ပေါက်ကွဲသံ နှင့်အတူ အသက်ခြွေတူက ယဲ့ဖန်၏ သံမဏိလက်သီးနှင့် ချက်ချင်း ထိပ်တိုက် တွေ့သွားသည်။

ဒုန်း!

ကမ္ဘာတုန်လှုပ်လောက်သည့် ပေါက်ကွဲသံကို ကြားလိုက်ရပြီးနောက် စင်အောက်မှ ဧည့်သည်များ အားလုံး ချက်ချင်း တုန်လှုပ်သွားကြသည်။

ကြီးစွာသော သနားစိတ်တို့ဖြင့် သူတို့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ကြသည်။

သို့သော် သူတို့ မျက်လုံးဖွင့်ပြီးသည်နှင့် သူတို့၏ သနားစိတ်ဝင်နေသော မျက်နှာများက ချက်ချင်း တောင့်ခနဲ ဖြစ်သွားကြသည်။

မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်ဖြစ်နေကြသည်။

ယဲ့ဖန်က စင်မြင့်ပေါ်၌ ရပ်နေဆဲ ဖြစ်ကာ သူ့လက်သီးမှ ချင်းချင်းနီနေသော သွေးများက တတောက်တောက် စီးကျနေသည်။

သူ့ရှေ့တွင်တော့ ဖျောင်ကျင်းတျောင်က မယုံသင်္ကာဟန်ဖြင့် မြေကြီးပေါ် လဲကျနေသည်။

သူ၏ အသက်ခြွေတူအား အလွန် ထိတ်လန့်သွားသည့် ဟန်ဖြင့် ကြည့်နေမိသည်။ သူ့တူ၏ ထိပ်ပိုင်းတွင် အက်ရာ အကြီးစားတစ်ခု ဖြစ်ပေါ်လို့နေ၏။

"မဟုတ်ဘူး…မဖြစ်နိုင်ဘူး"

ဖျောင်ကျင်းတျောင် ယူကြုံးမရဟန်ဖြင့် အော်ဟစ်လိုက်မိသည်။ ထို့နောက် သူက ယဲ့ဖန်၏ သွေးများနှင့် သံမဏိ လက်သီးအား စူးစိုက်ကြည့်ကာ မေးလိုက်မိသည်။

"ဘယ်လို…ဘယ်လိုလုပ်ပြီး မင်းရဲ့ လက်သီးက ငါ့စိတ်ဝိညာဉ် ပစ္စည်းကို ဖျက်ဆီးနိုင်ရတာလဲ"

ခန်းမထဲမှ လူတိုင်း မှင်တက်သွားကြသည်။

သို့သော် ယဲ့ဖန်က အခြားသူများ၏ အံ့အားသင့်နေသော အကြည့်များကို အာရုံမစိုက်ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ဒေါသနှင့် ပြောလာသည်။

"ကျုပ်က ခင်ဗျားကိုရော၊ ခင်ဗျားရဲ့ စိတ်ဝိညာဉ် ပစ္စည်းကိုပါ ဖျက်ဆီးပစ်မှာ"

ထို့နောက် ယဲ့ဖန်က ကြမ်းပြင်ကို ခြေဆောင့်နင်း၍ ဖျောင်ကျင်းတျောင်ထံသို့ ရက်စက်သော ကျားတစ်ကောင်ကဲ့သို့ ပြေးဝင်သွားသည်။

သူ၏ သံမဏိလက်သီးက ဖျောင်ကျင်းတျောင်ထံသို့ ပြင်းထန်စွာ ကျရောက်လာသည်။

"သေစမ်း"

ဖျောင်ကျင်းတျောင်က သုန်မှုန်နေသော မျက်နှာနှင့် ရေရွတ်လိုက်မိသည်။ သူ၏ အသက်ခြွေတူအား အတင်းအကြပ် သုံး၍ ယဲ့ဖန်၏ လက်သီးချက်များကို ခုခံနေသည်။

ဒုန်း! ဒုန်း! ဒုန်း!

ယဲ့ဖန်က အသက်ခြွေတူအား အပြင်းအထန် ထပ်ခါထပ်ခါ ထိုးနှက်နေသည်။

ဝုန်းခနဲ အသံနှင့်အတူ တူပေါ်၌ ဒုတိယမြောက် အက်ရာ ပေါ်လာသည်။

ထို့နောက် တတိယမြောက် အက်ရာ ပေါ်လာသည်။

…..

ထို့နောက် ငါးခုမြောက်….

….

ဆယ်ခုမြောက်။

နောက်ထပ် အကြိမ်နှစ်ဆယ်ခန့် ထိပ်တိုက် ရင်ဆိုင်ပြီးနောက် အသက်ခြွေတူ၌ အက်ရာ အခု နှစ်ဆယ်ခန့် ပေါ်လာနေပြီ ဖြစ်သည်။

အံ့ဩဖွယ် ကောင်းသော မြင်ကွင်းကို ကြည့်ပြီး ခန်းမထဲမှ လူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ထိုစဉ် ယဲ့ဖန်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် နောက်ဆုံး လက်သီးချက်အား ထုတ်သုံး၍ ကြုံးဝါးလိုက်သည်။

"ပျက်စီးစမ်း"

ဝုန်း!

ဝုန်းခနဲ အသံနှင့်အတူ အသက်ခြွေတူသည် ပေါက်ကွဲကာ တစ်စစီ ဖြစ်သွားလေ တော့သည်။

ကြည့်နေသူများ အံ့ဩသွားကြသည်။

ဖျောင်ကျင်းတျောင်သည် သူ၏ အသက်ခြွေတူ တစ်စစီဖြစ်သည်အထိ ထိုးနှက်ခံ လိုက်ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

"လူထူးလူဆန်း၊ သူက…သူက လူထူးလူဆန်းပဲ"

ဖျောင်ကျင်းတျောင် ထိတ်လန့်ကာ အော်ဟစ်လိုက်မိသည်။ သူ တွေဝေနေတုန်း ယဲ့ဖန်က ထပ်မံ၍ ကြွေးကြော်လာသည်။

"ကျိုးစမ်း…ကျိုးစမ်း…ကျိုးစမ်း"

ထို့အတူ ယဲ့ဖန်၏ သံမဏိ လက်သီးချက်များက ဖျောင်ကျင်းတျောင်၏ ကိုယ်ပေါ်သို့ ဆက်တိုက် ကျဆင်းလာကာ ကမ္ဘာတုန်လောက်သည်အထိ တအုန်းအုန်း မြည်သံများ ဖြစ်ပေါ်လာသည်။

ဒုန်း!

ယဲ့ဖန်၏ လက်သီးချက်က ဖျောင်ကျင်းတျောင်၏ ပခုံးပေါ်သို့ ကျရောက်ကာ ထုနှက်ခံထားရသည့် အသားဖတ်ကြီးကဲ့သို့ ဖြစ်သွားလေသည်။

သူ့လက်မောင်း ပြီးနောက် သူ့ပခုံးက ပြုတ်ထွက်သွားကာ သွေးများ ပန်းထွက်လာသည်။

ထို့နောက် သူ့ပေါင်များ၊ ရင်ဘတ်နှင့် ခြေဖဝါး…

ဖျောင်ကျင်းတျောင်သည် တစ္ဆေတစ်ကောင်၏ အငမ်းမရ ဝါးမျိုခြင်းအား ခံနေရသကဲ့သို့ အလွန် ထိတ်လန့် ကြောက်ရွံ့နေသော မျက်နှာဖြင့် နာကျင်စွာ ဟစ်အော်နေမိသည်၊

အဆုံးတွင် လေထုထဲ သွေးနံ့များဖြင့် ပြည့်နှက်လာပြီး သူ့ဦးခေါင်းက ကြမ်းပြင်ပေါ် လိမ့်ကျလာသည်။

ဖျောင်ကျင်းတျောင် တစ်စစီ ဆုတ်ဖြဲခံလိုက်ရလေပြီ။ သေဆုံးသွားချိန်တွင် သူ့မျက်လုံး၌ ကြီးစွာသော တုန်လှုပ်မှုနှင့် မျှော်လင့်ချက် ပျက်သုဉ်းဟန်များ ပါဝင်နေသည်။

ယဲ့ဖန်က သူ၏ အသက်ခြွေတူအား တစ်စစီဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိသလို ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပညာရှင်အားလည်း သတ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပါ။

ခန်းမတစ်ခုလုံး တိတ်ဆိတ်လို့နေ၏။

ဟွာရှ သိုင်းပညာရှင်တိုင်း သွေးနံ့ရောနေသော လေထုအား ရှူရှိုက်တိုင်း ကိုယ့်နှလုံးခုန်သံကို ကိုယ် ပြန်ကြားရလုနီးပါး ဖြစ်နေသကဲ့သို့ ခံစားနေကြရသည်.

*သေပြီ…သူသေသွားပြီ*

ကိုရီးယားနိုင်ငံတွင် ကြောက်မက်ဖွယ် အကောင်းဆုံး ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပညာရှင်ကား အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ထိုးနှက်ခံလိုက်ရကာ ဦးခေါင်းသာ ကျန်ရှိတော့သတဲ့လား။

မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။

ကြည့်နေသူများ ဖျောင်ကျင်းတျောင်၏ ဦးခေါင်းအား ကြောက်လန့်တကြား ကြည့်ရင်း ကတုန်ကယင် ဖြစ်နေကြသည်။

သူတို့ အိပ်မက်ကမ္ဘာထဲ ရောက်နေသည်ဟု ထင်မှတ်မှားနေကြသည်။ မည်သူမျှ ကိုယ်မြင်နေရသည်များကို မယုံနိုင်သလို ဖြစ်နေကြသည်။

*စိတ်ဝိညာဉ် ပစ္စည်းကို လက်သီးနဲ့ ချိုးဖျက်ပစ်လိုက်တယ်*

*ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပညာရှင်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ထိုးလိုက်တယ်*

*ဒါ…. ဒါတွေကို ဆရာသခင် တစ်ပိုင်းအဆင့် ပညာရှင် လုပ်လိုက်တာမှ ဟုတ်ရဲ့လား*

လူတိုင်းက ယဲ့ဖန်အား တမေ့တမော ငေးကြည့်မိနေကြသည်။

တောက်! တောက်!

ရဲရဲနီနေသော သွေးများက ယဲ့ဖန်၏ လက်သီးများ တစက်စက် စီးကျနေ၏။ သူ့ပုံစံက နာကျင်မှုအား မခံစားရသော လူသက်လက်နက်ကြီးလိုပင်။

အခြားသူများ၏ အပြုအမူအား အရေးမစိုက်ဘဲ သူက မှန်ဗီရိုထံသို့ သွားကာ စိတ်ဝိညာဉ်အားဖြည့် ဆေးပင်အား ကောက်ယူလိုက်သည်။

ထို့နောက် ယဲ့ဖန်က စင်မြင့်ပေါ်မှ ချက်ချင်း ထွက်သွားတော့သည်။

သူ ထွက်လာသည့် လမ်းတစ်လျှောက်တွင် ဟွာရှ သိုင်းပညာရှင်များက သူ့အတွက် လမ်းဖယ်ပေးကြပြီး သူတို့က သူ့အား ဘုရားသခင်ကဲ့သို့ အလွန် လေးစားကြည်ညိုသည့် အကြည့်များဖြင့် ကြည့်နေကြသည်။

"သွားကြစို့"

ယဲ့ဖန်က ပိုင်ယီ၊ မာစတာရွှယ်နှင့် ရွှယ်ထောင်တို့အား ပြောပြီး ခန်းမတံခါးဆီသို့ ဘာမှမဖြစ်ခဲ့သလို ပုံမှန်အတိုင်း လျှောက်သွားသည်။

ထိုအခါမှ မာစတာရွှယ်တို့ သုံးယောက်သား အဖြစ်အပျက်အား ပြန်သတိပြုမိပြီး တုန်လှုပ်သွားကြသည်။ သူ့နောက်သို့ သူတို့ ထိတ်လန့်တကြားနှင့် လိုက်ပါသွားကြသည်။

ယဲ့ဖန် ခန်းမထဲမှ ထွက်သွားသည့်အခါမှ ကျန် ဟွာရှ သိုင်းပညာရှင်များ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိကြသည်။

"သေပြီ၊ ဖျောင်ကျင်းတျောင် သေသွားပြီ …. ဖျောင်ကျိုးယိုလည်း သေသွားပြီ" ဟု ကွမ်ဖေးက အလွန် တုန်လှုပ်နေသော မျက်နှာထားဖြင့် အော်ဟစ်နေမိသည်။

"သူတော့ သွားပြီ၊ အဲ့ကောင်တော့ ပြဿနာ အကြီးကြီး တက်တော့မယ်၊ အဲ့ခွေးမသားလေး သတ်လိုက်တာက…."

သို့သော် ကွမ်ဖေး စကားမဆုံးခင် ဖြောက်ဖြောက် မြည်သံကြောင့် တောင့်ခနဲ ဖြစ်သွားရသည်။

တစ်ခဏမျှ ကြာသော် ကျန်ရှိနေသော သိုင်းပညာရှင်များ၏ အကြည့်များ အောက်မှာပင် သူ့တစ်ကိုယ်လုံး၌ အက်ရာများ ဖြစ်ပေါ်လာသည်။

ထို့နောက် ဖောက်ခနဲ အသံနှင့်အတူ ကွမ်ဖေးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားကာ လေထုထဲ မျောပါကာ ပျောက်ကွယ်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဤမြင်ကွင်းကြောင့် ခန်းမထဲ ရှိနေသည့် ဟွာရှ သိုင်းပညာရှင်တိုင်း သေမတတ် ကြောက်ရွံ့သွားကြသည်။

All Chapters