မရမ်းရောင်စေ့ရောင် စည်းနှိပ်ခြင်း
Vol. 6 Ch. 60
မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် သူ၏နှုတ်ခမ်းကိုမဲ့ကာ လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ သူ့အနေဖြင့် သိုင်းဘိုးဘေးအဆင့်သို့ ရောက်ရှိရန် တစ်ဝက်အလိုသို့ ရောက်ရှိပြီးနောက်ပိုင်း မည်သည့် မှော်သားရဲနှင့်မျှ အင်အားချင်း မယှဉ်ခဲ့ရသေးပေ။ ယခုအခါ အခွင့်အရေးတစ်ခု ပေါ်လာပြီဖြစ်သဖြင့်သူ၏ ခြေလက်များကို အားပါးတရ အသုံးချချင်နေပြီ ဖြစ်သည်။
ထို့ပြင် မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း မျိုးနွယ်စုနှင့် နှင်းသားရဲ ကောင်းကင်မျောက်ဝံ တို့သည် ရှေးကပင် သွေးကြွေးရှိခဲ့ကြသော ရန်သူဟောင်းများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီကတည်းက ထိုမှော်သားရဲနှစ်မျိုး၏ ဘိုးဘေးများသည် အသေသတ်တိုက်ပွဲ ဆင်နွှဲခဲ့ဖူးသည်။ သို့သော်လည်း ယုတ္တိမရှိသည့် အချက်ကြောင့် မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် ဒေါသအမျက်ထွက်နေသော နှင်းသားရဲ ကောင်းကင်မျောက်ဝံကို ရှုံးနိမ့်ခဲ့ရဖူးသည်။
ထိုအချိန်မှစ၍ ထိုမျိုးနွယ်စုနှစ်ခုမှာ တစ်ဖက်နှင့်တစ်ဖက် ရန်စောင်ခဲ့ကြပြီး တစ်မျိုးမှာ မှော်သားရဲတောင်တန်းတွင် အခြေချကာ ကျန်တစ်မျိုးမှာ အလွန်အေးမြသော အရပ်ဒေသတွင် ခွဲခွာနေထိုင်ခဲ့ကြသည်။
ကျန်းချန်ကမူ ငြင်းဆန်ခြင်း မပြုခဲ့ပေ။ ခြင်္သေ့မင်းအနေနှင့် သူ၏စွမ်းအားကို စမ်းသပ်လိုနေမှတော့ ဤနှင်းသားရဲ ကောင်းကင်မျောက်ဝံကို သူ၏လက်ထဲသို့သာ လွှဲအပ်ပေးလိုက်ရမည်သာ။
"ဇီယန်... ငါတို့ အထဲဝင်ကြစို့"
"ကောင်းပါပြီ" ဇီယန် က တခစ်ခစ်ရယ်ကာ နှင်းသားရဲ ကောင်းကင်မျောက်ဝံ၏ ရှေ့မှနေ၍ တောင်ကြားအတွင်းသို့ ခုန်ပေါက်ဝင်ရောက်သွားတော့သည်။
သဘာဝအားဖြင့် နှင်းသားရဲ ကောင်းကင်မျောက်ဝံသည် ထိုကလေးမအား အလွယ်တကူ လွှတ်ပေးရန် ဆန္ဒမရှိပေ။ ရှေ့သို့ အဟုန်ပြင်းပြင်းနှင့် ပြေးထွက်မည်အပြုတွင် သူ၏ ခန္ဓာကိုယ်ပတ်လည်၌ ထူးခြားသော အတားအဆီးတစ်ခုက ဖြစ်ပေါ်လာပြီး သူ့ကို အသေအချာ ချုပ်နှောင်လိုက်သည်။
"ဒါက..." နှင်းသားရဲ ကောင်းကင်မျောက်ဝံ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူသည် ကောင်းကင်ထက်၌ ဝဲပျံနေသော သားရဲကြီးကို လှည့်ကြည့်ကာ "မင်းက... မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းပဲ" ဟု အော်လိုက်သည်။
မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည့် ကျယ်လောင်သော ရယ်မောသံက ချက်ချင်းထွက်ပေါ်လာသည်။ "မင်းတို့ နှင်းသားရဲ ကောင်းကင်မျောက်ဝံ မျိုးနွယ်စုရဲ့ စွမ်းအားကို ငါ စမ်းသပ်ချင်နေတာ ကြာပြီ။ မင်းက အဆင့်ငါး မှော်သားရဲ တစ်ကောင်ပဲ ဖြစ်ပေမဲ့ ဒီဘုရင်ကတော့ မင်းနဲ့ ကောင်းကောင်းကြီး တိုက်ခိုက်ချင်နေတုန်းပဲ"
သူ၏ကိုယ်ပေါ်မှ ခရမ်းရောင် မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး နောက်ဆုံးတွင်ကောင်းကင်ထက်သို့ ပစ်လွှတ်သော ခရမ်းရောင်မီးတိုင်ကြီးအဖြစ် ကူးပြောင်းသွားတော့သည်။
နှင်းသားရဲ ကောင်းကင်မျောက်ဝံ၏ မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး "တောက်... မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း... ငါသာ မင်းနဲ့ အဆင့်တူရင် မင်း ငါ့ကို မယှဉ်နိုင်ပါဘူး" ဟု အံကြိတ်ကာ ပြောလိုက်သည်။
ခြင်္သေ့မင်းက "သိုင်းလောကဆိုတာ ဒီလိုပဲ။ မင်းရဲ့ စွမ်းအားက နိမ့်ကျနေရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး" ဟု လှောင်ပြောင်လိုက်သည်။
ထိုစကားအဆုံးတွင် နှင်းသားရဲမှာ ဆွံ့အသွားသော်လည်း သူ၏ မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည် ကိုမူ အလုခံရန် အစီအစဉ်မရှိပေ။
သူတို့နှစ်ယောက် ချက်ချင်းပင် စတင်ခဲ့ပြီး အားကောင်းသော တုန်ခါမှုလှိုင်းများက တောင်တန်းကြီးတစ်ခုလုံးကို လွှမ်းသွားသည်။ နှင်းသားရဲမှာ ကျောက်နံရံနှင့် ပြင်းပြင်းထန်ထန် ဆောင့်မိကာ သွေးများ စီးကျလာသည်။
"ခွေးကောင်... ငါ မင်းကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ်"
နှင်းသားရဲသည် စကားများများပြောရန် စိတ်မဝင်စားနိုင်ပါ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသောအခါ ပြင်းထန်သော စွမ်းအားများ ချက်ချင်းထွက်ပေါ်လာပြီး သူ၏ခွန်အားသည် ကြယ်ငါးပွင့် သိုင်းဘုရင်အဆင့်သို့ တက်သွားတော့သည်။ သူ၏ခန္ဓာကိုယ်မှာလည်း ယခင်ကထက် ပိုမိုကြီးမားလာသည်။
မရမ်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းက နှာရှုံ့လိုက်ပြီး "ဒါက နှင်းသားရဲ ကောင်းကင်မျောက်ဝံရဲ့ မျိုးရိုးစွမ်းအားပဲ။ ကောင်းသားပဲ။ ငါ မင်းကို မရမ်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းရဲ့ စစ်မှန်တဲ့အစွမ်းကို ပြရမှာပေါ့"
"အဓိပ္ပာယ် လုံးဝမရှိဘူး။ အရင်တုန်းက မင်းရဲ့ဘိုးဘေက ငါတို့မျိုးရိုးဆီက သတ်တာကို ခံရတယ်။ ဒီနေ့မှာတော့ ငါ မရမ်းစေ့ရောင် အတောင်ပံခြင်္သေ့မင်းရဲ့ စွမ်းအားကို ပြမယ်"
"ဒီနေ့ မင်းကို မရမ်းရောင်စေ့ရောင် စည်းနှိပ်ခြင်း ဆိုတာက ဘာလဲဆိုတာ ပြပေးရတာပေါ့"
တခဏလေးအတွင်းမှာပင် ခရမ်းရောင်အလင်းတန်း လင်းလက်လာပြီး ခြင်္သေ့မင်း၏ ဟိန်းသံက တောင်တန်းတစ်ခွင်လုံး ပဲ့တင်ထပ်သွားလေသည်။
မှော်သားရဲများအားလုံးမှာ ရုတ်ရုတ်သဲသဲသံကို ကြားရသောအခါ ဤနေရာတွင် ခြင်္သေ့မင်း၏ သတ်ဖြတ််မှုကို ခံရမည်စိုးသဖြင့် သူတို့၏အမြီးများကို ဝှက်၍ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
ထိုအချိန်မှာပင် ခရမ်းရောင်မီးတိုင်ပေါ်လာသည်နှင့် နှင်းသားရဲ ကောင်းကင်မျောက်ဝံ၏အမူအရာမှာ သိသိသာ ပြောင်းသွားသည်။ " မင်း တကယ်ပဲ စည်းနှိပ်ခြင်းအတတ်ကိုတောင် တတ်ထားတာလား။ မင်းမှာ တိုက်ခိုက်ရေးကျင့်ဝတ်ဆိုတာ မရှိဘူးပဲ"
အပြင်ဘက်၌ တိုက်ပွဲမှာ အလှည့်အပြောင်းတို့နှင့် ပြည့်နှက်နေသည်။
ကျန်းချန်နှင့် ဇီယန်တို့မှာ နှင်းသားရဲ ကောင်းကင်မျောက်ဝံ၏ဂူအတွင်းသို့ တည်ငြိမ်စွာ ဆင်းလိုက်ကြသည်။ ဇီယန်က ဂူအတွင်း၌ မည်သည့်ပစ္စည်းမျှ မရှိနေသည်ကို ကြည့်ပြီး စဉ်းစားရခက်စွာဖြင့် "ဘာလို့ ဒီနေရာမှာ ဘာမှ မရှိနေရတာလဲ"
ကျန်းချန်ကမူ ဟိုဟိုဒီဒီကြည့်ရင်း ရယ်လိုက်ကာ"ဒီသားရဲက ဉာဏ်ကောင်းသားပဲ... ပစ္စည်းတွေကို ဘယ်လိုဖွက်ရမလဲဆိုတာတောင် သိတယ်"
ယပ်တောင်ကို ဝှေ့လိုက်ရာ ပေါင်းပင်များအားလုံး လွင့်ပါသွားကာ ဖုံးထားသော လျှို့ဝှက်တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။
ဇီယန်၏ မျက်လုံးများတောက်ပလာပြီးလျှင် "အစ်ကိုကြီး...မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်က အောက်မှာရှိတယ်။ သူ့ရဲ့ အနံ့ကို ငါ ရနေပြီ"
ထိုသို့ပြောရင်း ဇီယန်သည် ချက်ချင်းပင် ခုန်ဆင်းသွားတော့သည်။ မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်ကို စမ်းသပ်ကြည့်ရန် သူမသည် များစွာပေးဆပ်ခဲ့ရသည်။
ကျန်းချန် ခေါင်းခါလိုက်သည်။ ဒီမိန်းကလေး၏ လောဘကြီးမှုကို မပြောင်းလဲနိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် အောက်ဘက်တွင် အန္တရာယ်မရှိ၊ မဆင်မခြင်ခုန်ချခြင်းသည် ဉာဏ်ရှိသောလုပ်ရပ်မဟုတ်ပေ။
သူတို့နှစ်ဦးပြန်ပေါ်လာချိန်တွင် နှင်းသားရဲ ကောင်းကင်မျောက်ဝံ၏ ကျင့်ကြံရာနေရာအနီးသို့ ရောက်နေပြီဖြစ်သည်။
သူတို့၏မျက်လုံးနှင့် ဦးစွာနှုတ်ဆက်လိုက်ရသည်က နို့နှစ်ရောင် တောင်တစ်တောင်နှင့် တူသော အရာတစ်ခုပင်ဖြစ်သည်။ ထို့နောက် အထူဆုံးအပိုင်း၌ ထူးခြားသော အရည်များ ရှိနေသည်။
ကျန်းချန်သည် ပုလင်းထားသည့် ဘေးတွင် ချက်ချင်းပေါ်လာပြီး အတွင်းရှိ အဖြူရောင်နို့ရည်များကို ငေးကြည့်နေသည်။
အနံ့ခံရုံမျှဖြင့် ခြင်ဆီနှင့်အရိုးကို သန့်စင်ခြင်းအတွက် သက်တောင့်သက်သာဖြစ်စေပြီး တကယ့်ကို တမူထူးခြားသွားစေသည်။
ဇီယန်က နှုတ်ခမ်းကိုလျက်လိုက်ပြီးစိတ်မရှည်နိုင်သော ပုံစံဖြင့် အပြေးအလွှား ရောက်ရှိလာကာ "ကျန်းချန်အစ်ကိုကြီး၊ ဒါပဲလေ။ ရိုးတွင်းခြင်ဆီကို သန့်စင်ပေးပြီး အရိုးတည်ဆောက်ပုံ ကျစ်လျစ်စေတဲ့ မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်ရဲ့အာနိသင်က ကျင့်ကြံခြင်း လုပ်နေစဉ်အတွင်း မှော်သားရဲတွေကို လူသားအသွင် ပြောင်းလဲဖို့ ပိုပြီး လွယ်ကူစေတာပါ" ဟု ပြောလိုက်သည်။
ထို့နောက် ဇီယန်သည် သူမ၏ လိုတရ လက်စွပ်ထဲမှ ဆေးပုလင်း အတော်များများကို ထုတ်ယူလိုက်ပြီး အချို့ကို သိမ်းဆည်းရန် ပြင်ဆင်လေသည်။
"ဒီအရာတွေကလည်း တန်ဖိုးရှိတာ မှန်ပေမဲ့၊ ဒါတွေက မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်ရဲ့ စစ်မှန်တဲ့ အနှစ်သာရတော့ မဟုတ်သေးဘူး"
ကျန်းချန်သည် ရေကဲ့သို့ ကြည်လင်နေသော မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်ကို ကြည့်ရှုရင်း ခေါင်းခါလိုက်သည်။ ၎င်းအတွင်း၌ ရှိနေသော စွမ်းအင်များမှာ အားကောင်းသည်ဟု ဆိုနိုင်သော်လည်း စစ်မှန်သော သန့်စင်ရည်နှင့် နှိုင်းယှဉ်ပါလျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ကွာခြားလှပေသည်။
တစ်ခုခုလုပ်ဆောင်ရန် ပြင်ဆင်နေသော ဇီယန်မှာ ခေတ္တရပ်တန့်သွားပြီးနောက် နားမလည်နိုင်ဟန်ဖြင့် "အစ်ကိုကြီး... အဲဒါက ဘာကို ဆိုလိုတာလဲ၊ ဒီထက်ပိုပြီး တန်ဖိုးရှိတဲ့ အရာမျိုး ရှိသေးလို့လား" ဟု မေးမြန်းလိုက်သည်။
ကျန်းချန်၏ ခန္ဓာကိုယ်မှာ သဘာဝအလျှောက် အပေါ်သို့ လွင့်တက်သွားလေသည်။ သတ်မှတ်ထားသော နေရာသို့ ပျံသန်းရောက်ရှိသွားသောအခါ သူသည် ရပ်တန့်လိုက်ပြီးနောက် သူ၏ရှေ့မှ နို့နှစ်ရောင် တောင်တန်းကြီးကို ငေးကြည့်လိုက်သည်။
သူသည် သူ၏လက်ညှိုးကို မြှောက်လိုက်ပြီး အပေါ်အောက် လှုပ်ရှားလိုက်ရာ သူ၏ရှေ့ရှိ ကျောက်တောင်ကြီးပေါ်တွင် ပြီးပြည့်စုံသော အမှတ်အသားတစ်ခု ပြုလုပ်လိုက်သည်။
ထိုကျောက်တုံးကြီးကို ဖယ်ရှားလိုက်သောအခါ ပို၍သန့်စင်သော စွမ်းအားများ တစ်ဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာပြီး စူးရှတောက်ပသော အလင်းရောင်ကြောင့် ဇီယန်မှာ မျက်လုံးပင် ကောင်းကောင်းမဖွင့်နိုင်တော့ပေ။
"ဒါက..."
ဇီယန်သည်လည်း စိုးရိမ်တကြီးဖြင့် အပေါ်သို့ ပျံတက်လာသည်။ ကျောက်တောင်အတွင်းရှိ နို့နှစ်ရောင် အရည်များကို တွေ့မြင်လိုက်ရသောအခါ သူမ အလွန်အံ့အားသင့်သွားရသည်။ ဤနေရာရှိ မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်မှာ အတော်လေးစင်ကြယ်လှပြီး ၎င်းမှ ထွက်ပေါ်နေသော အငွေ့အသက် အနည်းငယ်မျှပင် အောက်ဘက်ရှိ အရည်များထက် များစွာ ပိုမိုအင်အားကြီးမားနေသည်။
"ဒါက အတိအကျဆိုရင် ဘာကြီးလဲ၊ ဒီစင်ကြယ်တဲ့ စွမ်းအင်တွေက အောက်က မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်ထက် ဆယ်ဆမက ပိုပြီး အားကောင်းနေတယ်"
"ဒါကမှ စစ်မှန်တဲ့ မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်ပဲ၊ အောက်ကဟာက ပင်မအစိတ်အပိုင်းကနေ စီးဆင်းသွားတာမျိုးပဲ ရှိတာ၊ ဟိုမှော်သားရဲတောင်မှ အပြင်ကို စီးထွက်လာတဲ့ အပိုင်းကိုပဲ သိတာလေ"
ကျန်းချန်က ရိုးရိုးရှင်းရှင်းစွာပင် ပြန်ဖြေပြီး ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ သို့သော် ဆေးဝါးများကို စုဆောင်းရာတွင် မျိုးတုန်းအောင် မလုပ်ဘဲ စုဆောင်းခြင်းက ကောင်းကျိုးချမ်းသာများကို ဆက်လက်ရရှိစေမည်ဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားသည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူသည် မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်၏ သုံးပုံနှစ်ပုံကိုသာ ယူခဲ့သည်။ နောင်နှစ်အနည်းငယ် ကြာသောအခါ ဆုံးရှုံးသွားသော သန့်စင်ရည်များမှာ ပြန်ပေါ်လာမည်ဖြစ်သောကြောင့် စိုးရိမ်စရာမရှိပေ။
ကျန်းချန်သည် သန့်စင်ရည်အချို့ကို ဇီယန်အား ကမ်းပေးရင်း "နောင်အနာဂတ်မှာ ဒီကို ထပ်လာဖို့ မလိုတော့ဘူး၊ ငါတို့ လိုချင်တာ ရပြီဆိုတော့ တခြားသူတွေရဲ့ အခွင့်အရေးကို လိုက်လုနေဖို့ မလိုတော့ဘူး" ဟု ပြောလိုက်သည်။
"နားလည်ပါပြီ"
ဇီယန်သည် တခစ်ခစ် ရယ်မောရင်း သန့်စင်ရည်ပုလင်းကို ပွေ့ပိုက်ကာ "နောက်ဆုံးတော့ ငါ စားလို့ရပြီပေါ့၊ ဟဲဟဲ... ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" ဟု ဆိုသည်။
ကျန်းချန်သည် ဖြတ်ထားသော ကျောက်တုံးကို မူလနေရာသို့ ပြန်ထည့်လိုက်သည်။ ဤသည်မှာ မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်က အခြားသူများ ငမ်းငမ်းတက်သောရန်မှ ကာကွယ်ရန် ကိုယ်တိုင် ဖန်တီးထားသော အကာအကွယ် တစ်ခုပင် ဖြစ်သည်။ သူ ဘယ်လို ဖျက်ဆီးနိုင်မှာလဲ။